
နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး ICC   ၂၀၁၈-၁၉ အစီရင်ခံစာကို ၇၄  
ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ၂၆ ကြိမ်မြောက်  
မျက်နှာစုံညီအစည်းအဝေးမှာ ဒီလ ၄ ရက်နေ့က ဆွေးနွေးတဲ့အခါ ကုလသမဂ္ဂ  
မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက အဆိုမူကြမ်းကို  
ပယ်ချလိုက်ပြီး အတည်ပြုမယ့် ICC အစီရင်ခံစာ ဆုံးဖြတ်ချက်နဲ့  
မသက်ဆိုင်တဲ့အကြောင်း တရားဝင်မှတ်တမ်းတင်ဖို့ ပြောကြားပါတယ်။
မြန်မာနိုင်ငံတင်မက အမေရိကန်ပြည်ထောင်စုနဲ့  ရုရှားစတဲ့ နိုင်ငံတွေကလည်း
  ကုလသမဂ္ဂကချမှတ်တဲ့ ဆုံးဖြတ်ချက် မှာ  ကုလလုပ်ထုံးလုပ်နည်းအရ   
disassociate  ဆိုတဲ့  မသက်ဆိုင်၊ မပါဝင်တာလို့  ဦးဟောက်ဒိုဆွမ်းက ပြောပါ  
တယ်။ ဒါဟာ တရားလည်းဝင်တယ်လို့ဆိုပါတယ်။
အချက် ၂၀ လောက်တင်ပြတာဖြစ်ပြီး အစီရင်ခံစာကို ပယ်ချရတဲ့  
အဓိကအကြောင်းရင်းက မြန်မာနိုင်ငံဟာ ရောမစာချုပ်မှာ ပါဝင်လက်မှတ်  
မရေးထိုးထားတဲ့အတွက်  ICC  တရားစီရင်ခွင့်အာဏာ မသက်ရောက်ဘူးလို့ ပြောပါတယ်။
ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်း အဲဒီလိုပြောပေမဲ့ 
 မြန်မာနိုင်ငံမှာ ပြစ်မှုစတင်ပြီး ဒုက္ခသည်တွေထွက်ပြေးရောက်ရှိသွားတဲ့  
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အဖွဲ့ဝင်ဖြစ်တဲ့အတွက်  အိုင်စီစီက ဒီကိစ္စအရေး  
ယူဆောင်ရွက်နေတာလို့ ဗြိတိန်အခြေစိုက် ဘရော့ ခ် ခေါ်  
မြန်မာရိုဟင်ဂျာ များအသင်း ဥက္ကဋ္ဌ ဦးထွန်းခင် တုံ့ပြန်ပါတယ်။
ICC  ဥပဒေချုပ်ကဆောင်ရွက်တာဟာ  ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ပါ  
အခြေခံမူကြီးတွေကို ချိုးဖောက်ဖို့ ကြိုးစားတာလို့  
မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက  ပြောပါတယ်။
ဒုက္ခသည်တွေကို နှင်ထုတ်တာမဟုတ်ဘဲ လုံခြုံရေး အခြေအနေအရ  
အာဆာအကြမ်းဖက်အဖွဲ့ကို ပြန်လည်စစ်ဆင် ချိန်မှာ  ကြောက်ရွံ့လို့ဖြစ်ဖြစ်။  
တဘက်က  ထွက်ပြေးခိုင်းလို့ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ တဘက်နိုင်ငံကို 
 ဒုက္ခသည်တွေ ရောက်သွားတာကို မောင်းထုတ်တယ်ဆိုပြီး ပြစ်မှုအနေနဲ့ 
အိုင်စီစီက  သတ်မှတ်တာလို့ပြောပါတယ်။
ဘရော့ခ် ဥက္ကဋ္ဌ ဦးထွန်းခင်ကတော့ ခုဆို လူ ၇ သိန်း ၂ သောင်း ၅  
ထောင်မောင်းထုတ်လို့ ဂျီနိုဆိုဒ်ဖြစ်နေပြီလို့ ပြောပါတယ်။ ကျူးလွန်သူတွေကို
  ဘယ်တရားရုံးကမှ အရေးမယူတဲ့အတွက် နောက်ဆုံးအဆင့်အဖြစ်  
အိုင်စီစီကိုရောက်လာတာလို့ ဆိုပါတယ်။
အဲဒီ ICC  ဥပဒေချုပ်ရဲ့  စုံစမ်းစစ်ဆေးခွင့်ပြုဖို့လျှောက်ထားချက်မှာ   
ဟိန္ဒူတွေအပါအဝင် အပြစ်မဲ့ ပြည်သူတွေ ပေါ် အာဆာအဖွဲ့က  
ကြီးလေးတဲ့ပြစ်မှုကျူးလွန်တာကို ထည့်သွင်းမထားဘူးလို့  
မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ထောက်ပြထားပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.