February 17, 2020

ရိုဟင်ဂျာဒုက္ခသည်တွေ ကျွန်းပို့မည့်အစီအစဉ် ဖျက်သိမ်းနိုင်ခြေရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်ပြော


~~~~~~~~~~
■ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို ဘာဆန်ချာကျွန်းကို ပြောင်းရွှေ့မယ့်အစီအစဉ်ကို ဖျက်သိမ်းနိုင်ခြေရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဒူမိုမန်က ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးတို့ မနေ့က ဒါကာမြို့မှာ တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အဒူမိုမန်က ပြောကြားလိုက်တာပါ။
ဒုက္ခသည်တွေကို ပြောင်းရွှေ့မယ့် အစီအစဉ် ဖျက်သိမ်းရေးကိစ္စကို ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့အတွင်း ဆုံးဖြတ်ချက်ချထားခြင်းမရှိသေးဘဲ သူ့ရဲ့ တစ်သီးပုဂ္ဂလအမြင် ဖြစ်ကြောင်းလည်း ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို ပြောင်းရွှေ့ဖို့အတွက် ဘာဆန်ချာကျွန်းမှာ အဆောက်အဦးတွေ ဆောက်လုပ်ထားပြီးဖြစ်ပါတယ်။
ဒါကြောင့် ဒုက္ခသည်တွေကို မရွှေ့ပြောင်းဖြစ်တော့ရင် အဲဒီနေရာကို အပန်းဖြေစခန်း ဒါမှမဟုတ် အိမ်ယာမဲ့တွေအတွက် နေရာချထားပေးတာတွေ ဆောင်ရွက်နိုင်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတာဖြစ်ပြီး အဲဒီထဲက ဒုက္ခသည် တချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဘာဆန်ချာကျွန်းကိုပို့ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဒုက္ခသည်တွေကတော့ အဲဒီကျွန်းကို မပြောင်းရွှေ့လိုကြောင်း တောင်းဆိုထားတဲ့အပြင် လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေကလည်း ဘာဆန်ချာကျွန်းကို ရွှေ့ပြောင်းမယ်ဆိုရင် ရိုဟင်ဂျာဒုက္ခသည်တွေ အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ဝေဖန်းပြောဆိုထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ နှစ်ကြိမ်တိုင် စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် တရားဝင်ပြန်ဝင်လာသူတွေ ဒီနေ့အချိန်ထိ မရှိသေးပါဘူး။
- Unicode
~~~~~~~~~~~~~~~
႐ိုဟင္ဂ်ာဒုကၡသည္ေတြ ကြၽန္းပို႔မည့္အစီအစဥ္ ဖ်က္သိမ္းႏိုင္ေျခရွိေၾကာင္း ဘဂၤလားေဒ့ရွ္အစိုးရ ထိပ္ပိုင္းေခါင္းေဆာင္ေျပာ
~~~~~~~~~~
■ ဘဂၤလားေဒ့ရွ္အစိုးရက ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ဘာဆန္ခ်ာကြၽန္းကို ေျပာင္းေ႐ႊ႕မယ့္အစီအစဥ္ကို ဖ်က္သိမ္းႏိုင္ေျခရွိေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး အဒူမိုမန္က ေျပာလိုက္ပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရး ဝန္ႀကီးတို႔ မေန႔က ဒါကာၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးအၿပီး သတင္းေထာက္ေတြနဲ႔ ေတြ႕ဆုံရာမွာ အဒူမိုမန္က ေျပာၾကားလိုက္တာပါ။
ဒုကၡသည္ေတြကို ေျပာင္းေ႐ႊ႕မယ့္ အစီအစဥ္ ဖ်က္သိမ္းေရးကိစၥကို ဘဂၤလားေဒ့ရွ္ အစိုးရအဖြဲ႕အတြင္း ဆုံးျဖတ္ခ်က္ခ်ထားျခင္းမရွိေသးဘဲ သူ႔ရဲ႕ တစ္သီးပုဂၢလ အျမင္ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ဘာဆန္ခ်ာကြၽန္းမွာ အေဆာက္အဦးေတြ ေဆာက္လုပ္ထားၿပီးျဖစ္ပါတယ္။
ဒါေၾကာင့္ ဒုကၡသည္ေတြကို မေ႐ႊ႕ေျပာင္းျဖစ္ေတာ့ရင္ အဲဒီေနရာကို အပန္းေျဖစခန္း ဒါမွမဟုတ္ အိမ္ယာမဲ့ေတြအတြက္ ေနရာခ်ထားေပးတာေတြ ေဆာင္႐ြက္ႏိုင္တယ္လို႔လည္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။
ရခိုင္ျပည္နယ္က ထြက္ေျပးသြားတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ခုႏွစ္သိန္းေက်ာ္ဟာ ဘဂၤလားေဒ့ရွ္နယ္စပ္က ဒုကၡသည္စခန္းေတြမွာ ခိုလႈံေနတာျဖစ္ၿပီး အဲဒီထဲက ဒုကၡသည္ တခ်ိဳ႕ကို ဘဂၤလားေဒ့ရွ္အစိုးရက ဘာဆန္ခ်ာ ကြၽန္းကိုပို႔ဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။
ဒုကၡသည္ေတြကေတာ့ အဲဒီကြၽန္းကို မေျပာင္းေ႐ႊ႕လိုေၾကာင္း ေတာင္းဆိုထားတဲ့အျပင္ လူ႔အခြင့္အေရးလႈပ္ရွားတဲ့အဖြဲ႕ေတြကလည္း ဘာဆန္ခ်ာကြၽန္းကို ေ႐ႊ႕ေျပာင္းမယ္ဆိုရင္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ အခက္အခဲနဲ႔ ရင္ဆိုင္ရႏိုင္ေၾကာင္း ေဝဖန္းေျပာဆိုထားပါတယ္။
႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ျမန္မာႏိုင္ငံက ျပန္လည္လက္ခံေရး ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာအစိုးရ တာဝန္ရွိသူေတြ ႏွစ္ႀကိမ္တိုင္ စီစဥ္ေဆာင္႐ြက္ခဲ့ေပမယ့္ တရားဝင္ျပန္ဝင္လာသူေတြ ဒီေန႔အခ်ိန္ထိ မရွိေသးပါဘူး။
- Zawgyi
~~~~~~~~~~~~~~~
Photo: AFP
(ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘာဆန်ချာကျွန်းမှာ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေကို တွေ့ရစဉ်)

 Image may contain: outdoor






No comments:

Post a Comment

Note: Only a member of this blog may post a comment.