-လူမြင်ကွင်းကနေ ရက်ပေါင်းအတော်ကြာ ပျောက်နေတဲ့အတွက် သေဆုံးသွားပြီလို့ 
သတင်းထွက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ ဒီကနေ့မှာ 
လူမြင်ကွင်း ပြန်ထွက်လာပါတယ်။ 
မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ထုတ်လွှင့်တဲ့ သတင်းမှာ 
ကင်ဂျုံအွန်ဟာ ညီမဖြစ်သူ ကင်ယိုဂျွန်နဲ့အတူ မြို့တော်ပြုံယမ်းအနီး 
ဆွန်ချွန်ဒေသက ဘိလပ်မြေစက်ရုံ ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့တာကို 
တွေ့ရပါတယ်။ ကင်ဟာ စက်ရုံကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သလို 
လူအုပ်ကြီးရဲ့ ချီးကျူးဩဘာပေးမှုကိုလည်း ရရှိခဲ့တယ်လို့ KCNA က 
ဖော်ပြခဲ့ပါတယ်။ 
မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ ကင်အီဆွန်ရဲ့ 
မွေးနေ့နှစ်ပတ်လည်အခမ်းအနားဖြစ်တဲ့ ဧပြီလ ၁၅ ရက်နေ့ကစလို့ ကင်ဂျုံအွန်ကို 
လူမြင်ကွင်းမှာ မတွေ့ရတော့တာပါ။ ကင်ဟာ နှလုံးသွေးကြော ခွဲစိပ်ကုသမှု 
ခံယူနေရပြီး သေဆုံးပြီ ဆိုတဲ့သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ 
နိုင်ငံပိုင်သတင်းဌာနကတော့ ကင်ဟာ လူမြင်ကွင်းကို မထွက်ပေမယ့် နေ့စဉ်တာဝန်တွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ 
တောင်ကိုရီးယားအစိုးရကလည်း ကင်ဂျုံအွန် လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ 
ကာလအတွင်း မြောက်ကိုရီးယားဘက်မှာ ထူးခြားတဲ့အခြေအနေမျိုး မတွေ့ရဘူးလို့ 
အခုတစ်ပတ်အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ 
Ref: Aljazeera 


 
 

No comments:
Post a Comment
Note: Only a member of this blog may post a comment.