တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာနှင့် ကတ်ပြားဖြည့်စွက်ရာတွင် အထူးသတိပြုရမည့် အချက်များ

၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားရန်အတွက်
STEAMS-1 သို့မဟုတ် STEAMS-2 ဘာသာတွဲ ဖြေဆိုမည့်သူများအတွက် အစိမ်းရောင် ဖြေဆိုခွင့် ကတ်ပြားနှင့် လျှောက်လွှာ၊ STAMS-1 သို့မဟုတ် STAMS-2 ဖြေဆိုမည့် သူများအတွက် ပန်းရောင် ဖြေဆိုခွင့်ကတ်ပြားနှင့် လျှောက်လွှာဟူ၍ ခွဲခြားသတ်မှတ်ထားပါသည်။ ဘာသာတွဲ အလိုက်ဖြေဆိုရမည့် ဘာသာရပ်များကို အောက်ပါ Link တွင် ကြည့်နိုင်ပါသည်။

မိမိတို့ ဖြေဆိုလိုသည့် ဘာသာတွဲအလိုက် မှန်ကန်သည့် ဖြေဆိုခွင့်ကတ်ပြားနှင့် လျှောက်လွှာကို ရွေးချယ်ဖြည့်သွင်းရပါမည်။ လျှောက်လွှာ မဖြည့်သွင်းမီ ကျောဖက်ပါ စည်းကမ်းချက်များကို ဦးစွာ ကြေညက်နားလည်အောင် ဖတ်ရှုစေလိုပါသည်။


ဖြေဆိုခွင့်ကတ်ပြားနှင့် လျှောက်လွှာတွင် ဖြည့်သွင်းရမည့် အချက်အလက်များကို ဖြေဆိုမည့်သူကိုယ်တိုင် ပြည့်စုံမှန်ကန်အောင် အထူးဂရုစိုက် ဖြည့်သွင်းပါ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.