သည်ဟိတ်၊ မေ-၂၅-၂၀၂၄
မျိုးဆက်(VOM)
အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ တောင်အာဖရိကကလည်း ပြီးခဲ့တဲ့သီတင်းပတ်က အိုင်စီဂျေမှာ တင်ပြတိုင်ကြားခဲ့ပါသေးတယ်။
ဂါဇာမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့အတွက် အစ္စရေးကို အိုင်စီဂျေက နောက်ဆုံးအမိန့်ထုတ်လိုက်ပြီးနောက်ပိုင်း ဂါဇာရဲ့အခြေအနေတွေ ပို ဆိုးလာတယ်လို့ အိုင်စီဂျေ တရားသူကြီး Nawaf Salam ကပြောပါတယ်။
“အစ္စရေးအနေနဲ့ ရာဖာမှာပြုလုပ်နေတဲ့ ထိုးစစ်ကို ချက်ချင်းရပ်တန့်ရပါမယ်။ ဒါအပြင် ရာဖာမှာ နိုင်ငံတကာဥပဒေအရ လူမျိုးတုံးသတ်ဖြတ်မှုလို့ ယူဆသတ်မှတ်ရမယ့် ပါလက်စတိုင်းတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်ပေါ်လာနိုင်တဲ့ လုပ်ရပ်တွေကိုလည်း ရပ်တန့်ရမယ်” လို့ Nawaf Salam စီရင်ချက်ကို ဖတ်ကြားခဲ့ပါတယ်။
အစ္စရေးအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂကျွမ်းကျင်သူအဖွဲ့ကို ဂါဇာကမ်းမြှောင်သို့ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုရမယ်လို့ အိုင်စီဂျေရဲ့ အမိန့်မှာ ဖော်ပြထားပါတယ်။
အစ္စရေးကတော့ အိုင်စီဂျေရဲ့စီရင်ချက်ကို ပယ်ချခဲ့ပြီး ဂါဇာမှာ ပြုလုပ်နေတဲ့ ထိုးစစ်တွေဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ညီတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
Ref:BBC
Photo:Reuters

No comments:
Post a Comment
Note: Only a member of this blog may post a comment.