တရုတ်ဗဟိုဘဏ်သည် ပြီးခဲ့သော ၁၈ လတွင် ရွှေကိုစံချိန်တင်ဝယ်ယူခဲ့ရာဈေးမြင့်လာပြီးနောက်ယခုအခါမည်သည့်ရွှေကိုမျှ မဝယ်တော့ဘဲဝယ်လိုအားကို အဆုံးသတ်လိုက်ပြီဖြစ်သည်။
ကမ္ဘာ့ရွှေကောင်စီ၏ အဆိုအရ ကမ္ဘာ့အများပိုင်အဖွဲ့အစည်းများမှ ပထမသုံးလ
ပတ်ဝယ်ယူမှုမှာ စံချိန်တင်အဆင့်တွင်ရှိခဲ့ပြီး တရုတ်နိုင်ငံသည် ထိပ်တန်းဝယ်ယူသူဖြစ်ကြောင်းကမ္ဘာ့ရွှေကောင်စီမှ သိရသည်။
ပတ်ဝယ်ယူမှုမှာ စံချိန်တင်အဆင့်တွင်ရှိခဲ့ပြီး တရုတ်နိုင်ငံသည် ထိပ်တန်းဝယ်ယူသူဖြစ်ကြောင်းကမ္ဘာ့ရွှေကောင်စီမှ သိရသည်။
အထူးသဖြင့် အာရှတွင် ဝယ်ယူမှုသည် အများဆုံးဖြစ်သည်။ မေလတွင်ရွှေသည် တအောင်စလျှင် ဒေါ်လာ၂၄၅၀ စံချိန်တင်အမြင့်ဆုံးရောက်ရှိခဲ့သည်။
PBOC (People's Bank Of China)သည်ဖေဖော်ဝါရီလတွင် ၃၉၀,၀၀၀ အောင်စ၊မတ်လတွင် ၁၆၀,၀၀၀ အောင်စ၊ဧပြီလတွင် ၆၀,၀၀၀ အောင်စ စသဖြင့် ဈေးနှုန်းများ ခေါင်ခိုက်လာပြီးနောက်တရုတ်၏ ဝယ်လိုအား အေးသွားခဲ့သည်။
Ref:BNN Bloomberg

No comments:
Post a Comment
Note: Only a member of this blog may post a comment.