Breaking

October 24, 2019

အပူချိန်မြင့်မားသည့် ကာတာတွင် လမ်းများ၌ လေအေးပေးစက် တပ်ဆင်

-အပူချိန်အလွန်အမင်း မြင့်တက်လာတာကြောင့် ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်တဲ့ ကာတာနိုင်ငံ ဟာ လူသွားလမ်းတွေမှာ လေအေးပေးစက်တွေတပ်ဆင်တာ၊ ကားလမ်းတွေကို ဆေးအပြာရောင် ပြောင်းသုတ်တာ စတဲ့ အပူချိန်လျော့ကျရေး ဆာင်ရွက်မှုတွေကို လုပ်ဆာင်လာပါတယ်။

လက်ရှိ ကာတာနိုင်ငံရဲ့ နွေရာသီအပူချိန်ဟာ အနိမ့်ဆုံး ၄၆ ဒီဂရီဆဲလ်စီးယက်စ် ရှိနေတာပါ။ ဒါ့ကြောင့် နိုင်ငံအတွင်းမှာရှိတဲ့ လူသွားလမ်းတွေ၊ စျေးဝယ်စင်တာတွေမှာ ပြည်သူတွေ အဆင်ပြေစေဖို့ အတွက် ဧရာမ လေအေးပေးစက်တွေ တပ်ဆင်ခဲ့ပါတယ်။

မြို့တော် ဒိုဟာမှာတော့ ကတ္တရာလမ်းတွေကို ဆေးအပြာရောင်တွေ သုတ်ထားပြီး အပူချိန် ပိုမို လျော့ကျစေဖို့ ဖြစ်ပါတယ်။

ဒူဘိုင်း လမ်းပန်းဆက်သွယ်ရေး အာဏာပိုင်အဖွဲ့က အင်ဂျင်နီယာ ဆအဒ် အလ်-ဒိုဆာရီက အမဲရောင်ဟာ အပူချိန်ကို စုပ်ယူတဲ့အတွက် သာမန်အပူချိန်ထက် ၂၀ ရာခိုင်နှုန်း ပိုမြင့်သွားကြောင်း၊ အပြာရောင်ကတော့ လျော့ကျစေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆေးအပြာရောင်တွေမှာ ခရမ်းလွန်ရောင်ခြည်ကို တုန့်ပြန်နိုင်တဲ့ ဒြပ်ပစ္စည်းလည်း ပါဝင်ပါတယ်။

ပင်လယ်ကွေ့ဒေသမှာ သာမန်အပူချိန်ဟာ ၃၂.၄ ဒီဂရီ ဆဲလ်စီးယက်စ် ရှိတတ်ပြီး နွေရာသီရောက်ရင် တိမ်ကင်းစင်ကာ မိုးလုံး၀ မရွာတတ်ပါဘူး။ ဒါ့ကြောင့် မြို့ပြစီမံကိန်း ဆောင်ရွက်တဲ့အခါ ကားလမ်းတွေ၊ လူလျှောက်လမ်းတွေကို မြောက်ဖက်ဦးတည်ကာ ဖောက်လုပ်လေ့ရှိပြီး လေလမ်းကြောင်းနဲ့ ကိုက်ညီအောင် ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပမယ့် ကာတာနိုင်ငံဟာ ပြိုင်ပွဲအတွင်း ဘောလုံးကွင်းတွေမှာ လေအေးတွေရရှိဖို့အတွက်လည်း အထူးစီမံထားပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.