Breaking

October 22, 2019

ဆန္ဒပြမှုပဋိပက္ခတွေကြား ဟောင်ကောင် ဗလီကြီး တိုက်ခိုက်ခံရမှု အပေါ် ဟောင်ကောင် အကြီးအကဲ ခေါင်းဆောင် တောင်းပန်စကားဆို


Image may contain: 1 person
အစိုးရဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှု တွေအတွင်း ဟောင်ကောင်ရဲ့ အကြီးမားဆုံး ဗလီကြီး အပြင်ဘက်မှာ ရဲတွေက မီးသတ်ပိုက်တွေနဲ့ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်မိကြောင်း ဖော်ထုတ် ပြောကြားခဲ့ကြပြီး စည်ပင်အလုပ်သမား တွေဟာလည်း အပြာရောင် ဆေးတွေ ပေသွားတဲ့ ဗလီကြီးရဲ့ လှေကားထစ် တွေကို သန့်ရှင်းရေးတွေ လုပ်ပေးခဲ့ကြပါတယ်။
တနင်္ဂနွေနေ့က ဆန္ဒပြသူတွေနဲ့ထိပ်တိုက်တွေ့မှုတွေအတွင်း မတော်တဆထိခိုက်မိခဲ့တာဖြစ်ကြောင်း ရှင်းပြဖို့စီနီယာရဲအရာရှိတွေက ကိုဝ်လွန်ဗလီကြီးကိုလာရောက်ခဲ့ကြပြီး ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်းက တနင်္လာနေ့မှာအဖွဲ့အစည်းခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး တောင်းပန်စကားပြောကြားခဲ့ပါတယ်။ “ဒီဝတ်ပြုရာနေရာကို အစိုးရနဲ့လူတွေရဲ့ပဋိပက္ခကြားဆွဲသွင်းဖို့မလိုအပ်ပါဘူး” လို့ဗလီမှာမနက်ခင်းအာရုဏ်တက်ချိန်ဝတ်ပြုပြီးနောက် အာရဗီမိုဟီဒင်မ် ၆၀နှစ်ကပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ကိုဝ်လွန်းကဆန္ဒပြမှုတွေအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဗလီအပြင်ဘက်မှာရှိနေတဲ့သူတွေကို မီးသတ်ပိုက်သုံးပြီး အပြာရောင်ရေတွေနဲ့လူစုခွဲခဲ့တာကြောင့် ဗလီကြီးရဲ့ဂိတ်တံခါးနဲ့ လှေကားထစ်တွေကိုပေကျံသွားစေခဲ့ပါတယ်။ အနက်ရောင်မျက်နှာဖုံးတွေတပ်ထားတဲ့ ဆန္ဒပြသူတစ်ချို့လည်း မကြာခင်မှာလာရောက်ပြီး သန့်ရှင်းရေးလုပ်ပေးခဲ့ကြပါတယ်။
ဆန္ဒပြမှုတွေကိုကိုင်တွယ်ပုံကြမ်းတမ်းမှုတွေကြောင့် အကြီးအကျယ်ဝေဖန်ခံနေရတဲ့ ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးမတော်တဆဖြစ်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ စီနီယာရဲအရာရှိတွေကလည်း အဲဒီညပိုင်းလောက်မှာ တောင်းပန်စကားပြောဆိုဖို့ မွတ်စလင်ခေါင်းဆောင်တွေနဲ့သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ ဟောင်ကောင်ခေါင်းဆောင်လမ်ကတောင်းပန်စကားဆိုလိုက်ပြီး ဒီပဋိပက္ခကြားကြားညှပ်ခဲ့တဲ့ ဝတ်ပြုသူတွေကလက်ခံပြီးကျေအေးခဲ့ကြပါတယ်။
“ဒါဟာငြိမ်းချမ်းရေးအမှတ်လက္ခဏာတစ်ခုပါ” လို့ ဗလီကိုလာရောက်ဝတ်ပြုသူတစ်ဦးဖြစ်တဲ့ တောင်အာရှနွယ်ဖွား ဝါကွာဟေဒါကဆိုပါတယ်။ “ဒီလိုမျိုးမဖြစ်သင့်ပါဘူး။ တောင်အာရှနွယ်ဖွားတွေဟာ ဟောင်ကောင်ဆန့်ကျင်ရေးကော ဟောင်ကောင်ထောက်ခံရေးကော ဘယ်ဆန္ဒပြပွဲမှပါဝင်ပတ်သက်ခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်တို့ကငြိမ်းချမ်းစွာနေထိုင်နေကြတာပါ” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။
ဟောင်ကောင်မှာနေထိုင်နေကြတဲ့ တောင်အာရှနွယ်ဖွားတွေဟာ အများအားဖြင့် ပါကစ္စတန် အိန္ဒိယ နီပေါ နဲ့ ဘင်္ဂလားဒေ့ရှ်တို့ကဖြစ်ကြပြီး ဟောင်ကောင်လူဦးရေရဲ့၁%ခန့်ရှိတယ်လို့ ၂၀၁၆ခုနှစ်သန်းခေါင်စာရင်းအချက်အလက်တွေမှာဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့လုပ်ဆောင်ချက်တွေဟာ စော်ကားရာရောက်ပေမယ့်လည်း ဟောင်ကောင်မွတ်စလင်ကောင်စီက လူထုကိုအမျက်ဒေါသမထွက်ကြဖို့တိုက်တွန်းခဲ့ပါတယ်။ “ဒီတင်းမာတဲ့အခြေအနေတွေအားလုံးကို အလ္လာဟူအရှင်မြတ်တားဆီးပေးတော်မူပါ” လို့ ကောင်စီကသူတို့ရဲ့ဖေ့စ်ဘုတ်ပေ့ချ်မှာရေးသားခဲ့ပါတယ်။
FreeMalaysia Today သတင်းဌာနပါ “Apology accepted but HK Muslims lament unnecessary mosque attack” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
Zawgyi version
ဆႏၵျပမႈပဋိပကၡေတြၾကား ေဟာင္ေကာင္ဗလီႀကီးတိုက္ခိုက္ခံရမႈအေပၚ ေဟာင္ေကာင္အႀကီးအကဲေခါင္းေဆာင္ေတာင္းပန္စကားဆို
ေအာက္တိုဘာ ၂၁၊ ၂၀၁၉ Myanmar Muslim Media
အစိုးရဆန္႔က်င္ေရးခ်ီတက္ဆႏၵျပမႈေတြအတြင္း ေဟာင္ေကာင္ရဲ႕အႀကီးမားဆံုးဗလီႀကီးအျပင္ဘက္မွာ ရဲေတြကမီးသတ္ပိုက္ေတြနဲ႔ပစ္ခတ္မႈေတြနဲ႔ပတ္သက္ၿပီးစိတ္ပ်က္မိေၾကာင္း ေဖာ္ထုတ္ေျပာၾကားခဲ့ၾကၿပီး စည္ပင္အလုပ္သမားေတြဟာလည္း အျပာေရာင္ေဆးေတြေပသြားတဲ့ ဗလီႀကီးရဲ႕ေလွကားထစ္ေတြကို သန္႔ရွင္းေရးေတြလုပ္ေပးခဲ့ၾကပါတယ္။
တနဂၤေႏြေန႔က ဆႏၵျပသူေတြနဲ႔ထိပ္တိုက္ေတြ႕မႈေတြအတြင္း မေတာ္တဆထိခိုက္မိခဲ့တာျဖစ္ေၾကာင္း ရွင္းျပဖို႔စီနီယာရဲအရာရွိေတြက ကို၀္လြန္ဗလီႀကီးကိုလာေရာက္ခဲ့ၾကၿပီး ေဟာင္ေကာင္ေခါင္းေဆာင္ ကာရီလမ္းက တနလၤာေန႔မွာအဖြဲ႔အစည္းေခါင္းေဆာင္ေတြနဲ႔ေတြ႔ဆံုၿပီး ေတာင္းပန္စကားေျပာၾကားခဲ့ပါတယ္။ “ဒီ၀တ္ျပဳရာေနရာကို အစိုးရနဲ႔လူေတြရဲ႕ပဋိပကၡၾကားဆြဲသြင္းဖို႔မလိုအပ္ပါဘူး” လို႔ဗလီမွာမနက္ခင္းအာရုဏ္တက္ခ်ိန္၀တ္ျပဳၿပီးေနာက္ အာရဗီမိုဟီဒင္မ္ ၆၀ႏွစ္ကေျပာၾကားခဲ့ပါတယ္။
တနဂၤေႏြေန႔က ကို၀္လြန္းကဆႏၵျပမႈေတြအတြင္း ရဲတပ္ဖြဲ႔၀င္တစ္ဦးက ဗလီအျပင္ဘက္မွာရွိေနတဲ့သူေတြကို မီးသတ္ပိုက္သံုးၿပီး အျပာေရာင္ေရေတြနဲ႔လူစုခြဲခဲ့တာေၾကာင့္ ဗလီႀကီးရဲ႕ဂိတ္တံခါးနဲ႔ ေလွကားထစ္ေတြကိုေပက်ံသြားေစခဲ့ပါတယ္။ အနက္ေရာင္မ်က္ႏွာဖံုးေတြတပ္ထားတဲ့ ဆႏၵျပသူတစ္ခ်ဳိ႕လည္း မၾကာခင္မွာလာေရာက္ၿပီး သန္႔ရွင္းေရးလုပ္ေပးခဲ့ၾကပါတယ္။
ဆႏၵျပမႈေတြကိုကိုင္တြယ္ပံုၾကမ္းတမ္းမႈေတြေၾကာင့္ အႀကီးအက်ယ္ေ၀ဖန္ခံေနရတဲ့ ရဲတပ္ဖြဲ႔က ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီးမေတာ္တဆျဖစ္ခဲ့တာျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ စီနီယာရဲအရာရွိေတြကလည္း အဲဒီညပိုင္းေလာက္မွာ ေတာင္းပန္စကားေျပာဆိုဖို႔ မြတ္စလင္ေခါင္းေဆာင္ေတြနဲ႔သြားေရာက္ေတြ႔ဆံုခဲ့ပါတယ္။ တနလၤာေန႔မွာေတာ့ ေဟာင္ေကာင္ေခါင္းေဆာင္လမ္ကေတာင္းပန္စကားဆိုလိုက္ၿပီး ဒီပဋိပကၡၾကားၾကားညွပ္ခဲ့တဲ့ ၀တ္ျပဳသူေတြကလက္ခံၿပီးေက်ေအးခဲ့ၾကပါတယ္။
“ဒါဟာၿငိမ္းခ်မ္းေရးအမွတ္လကၡဏာတစ္ခုပါ” လို႔ ဗလီကိုလာေရာက္၀တ္ျပဳသူတစ္ဦးျဖစ္တဲ့ ေတာင္အာရွႏြယ္ဖြား ၀ါကြာေဟဒါကဆိုပါတယ္။ “ဒီလိုမ်ဳိးမျဖစ္သင့္ပါဘူး။ ေတာင္အာရွႏြယ္ဖြားေတြဟာ ေဟာင္ေကာင္ဆန္႔က်င္ေရးေကာ ေဟာင္ေကာင္ေထာက္ခံေရးေကာ ဘယ္ဆႏၵျပပြဲမွပါ၀င္ပတ္သက္ခဲ့ျခင္းမရွိပါဘူး။ ကၽြန္ေတာ္တို႔ကၿငိမ္းခ်မ္းစြာေနထိုင္ေနၾကတာပါ” လို႔သူကဆက္လက္ေျပာၾကားခဲ့ပါတယ္။
ေဟာင္ေကာင္မွာေနထိုင္ေနၾကတဲ့ ေတာင္အာရွႏြယ္ဖြားေတြဟာ အမ်ားအားျဖင့္ ပါကစၥတန္ အိႏိၵယ နီေပါ နဲ႔ ဘဂၤလားေဒ့ရွ္တို႔ကျဖစ္ၾကၿပီး ေဟာင္ေကာင္လူဦးေရရဲ႕၁%ခန္႔ရွိတယ္လို႔ ၂၀၁၆ခုႏွစ္သန္းေခါင္စာရင္းအခ်က္အလက္ေတြမွာေဖာ္ျပထားပါတယ္။ ရဲတပ္ဖြဲ႔ရဲ႕လုပ္ေဆာင္ခ်က္ေတြဟာ ေစာ္ကားရာေရာက္ေပမယ့္လည္း ေဟာင္ေကာင္မြတ္စလင္ေကာင္စီက လူထုကိုအမ်က္ေဒါသမထြက္ၾကဖို႔တိုက္တြန္းခဲ့ပါတယ္။ “ဒီတင္းမာတဲ့အေျခအေနေတြအားလံုးကို အလႅာဟူအရွင္ျမတ္တားဆီးေပးေတာ္မူပါ” လို႔ ေကာင္စီကသူတို႔ရဲ႕ေဖ့စ္ဘုတ္ေပ့ခ်္မွာေရးသားခဲ့ပါတယ္။
FreeMalaysia Today သတင္းဌာနပါ “Apology accepted but HK Muslims lament unnecessary mosque attack” အမည္ျဖင့္ေဖာ္ျပထားသည့္ သတင္းကိုေညာင္နီရြက္(Myanmar Muslim Media) ကျမန္မာဘာသာသုိ႔ဆီေလ်ာ္ေအာင္ျပန္ဆိုသည္။

 အောက်တိုဘာ ၂၁၊ ၂၀၁၉ Myanmar Muslim Media

No comments:

Post a Comment

Note: Only a member of this blog may post a comment.