Breaking

October 21, 2019

ကလေးများနှင့် ရေကျောက်ရောဂါ အကြောင်း သိကောင်း စရာ

ဆောင်းအကုန် နွေးဦးကာလများဖြစ်ကြတဲ့ မတ်လ နှင့် ဧပြီလလောက် မှာ ရောဂါအဖြစ် များပြီး၊ ကလေးတွေမှာ ဖြစ်ရိုးဖြစ်စဉ် မြင်တွေ့ရတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။

အင်္ဂလိပ်လို chicken pox လို့ခေါ်ပြီး ၊ မြန်မာလိုတော့ ရေကျောက်ရောဂါ (သို့မဟုတ်) ပဲသီတာ လို့ခေါ်ကြပါတယ်။ ဗေရီဆယ်လား (Varicella Zoster) (ခေါ်) DNA ဗိုင်းရပ်စ် ပိုးတစ်မျိုးကြောင့်ဖြစ်တာပါ။ ဖြစ်ပွားသူ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသက် ၄-နှစ် နှင့် ၁၀-နှစ်ကြား ကလေး ငယ်တွေ ဖြစ်ကြပြီး၊ ကျန်တဲ့ ၁၀ ရာခိုင်နှုန်း ကတော့ အသက် ၁၈-နှစ်အောက် လူငယ် လူရွယ်တွေ ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်တတ် ပါတယ်။ (တခါတရံ ၆-လသား အရွယ် မှာလည်း ရေကျောက် ပေါက် တာကို တွေ့ရပါတယ်)

ရောဂါ လက္ခဏာ….

ထိုဗိုင်းရပ်စ် ကူးစက်ခံရလျှင် ခန္ဓာကိုယ်မှာအနီစက်၊ အဖုအပိန့်တွေ ထွက်လာပါ လိမ့်မယ်။ ရင်ဘတ်၊ ဝမ်းဗိုက်၊ နောက်ကျော စတဲ့ခန္ဓာ ကိုယ်အစိတ် အပိုင်းတွေ မှာ အနီစက်တွေ စထွက်လာပြီး ယားလို့ ကုတ်မိခြင်းဖြင့် သတိထား မိတတ်ပါ တယ်။ ပိုးဝင်ပြီး ပထမ တစ်ရက် အတွင်း နှာစေး၍ ချောင်းဆိုးလာတတ်ပါတယ်။ နည်းနည်းဖျား လာပါလိမ့်မယ်။ ထို့နောက် လက်မောင်း၊ မျက်နှာ ၊ ခြေထောက် နှင့် ဦးရေပြားပါ မကျန် တစ်ကိုယ်လုံးအနှံ့ အလားတူ အနီစက် အဖုလေးတွေ အုပ်စုလိုက်ထွက်လာပြီး ၂-ရက် ၃-ရက် ကြာရင် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေ ပေါ်လာပါတယ်။

(တချို့ကလေးတွေမှာတော့ နာရီပိုင်း အတွင်းမှာပင် အရည်ကြည်ဖုလေး များဖြစ်လာကြပါ တယ်)

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ရက်သတ္တ ၁-ပတ် အတွင်း အရည်ကြည် ဖုလေးတွေ တဖြည်းဖြည်းခြောက်ပြီး ၇-ရက် ကျော်သွားတဲ့အခါမှာတော့ အကုန်လုံးခြောက် လာပြီး ကွာကျသွားပါလိမ့်မယ်။ နောက်ဆုံးမှာ အမာရွတ်ပါမကျန် သူ့ အလိုလို ပျောက် သွားပါတယ်။ အနီဖုလေးများ ပေါက်တဲ့အချိန်မှာ တွေ့မြင်ရတဲ့ အခြား လက္ခဏာများမှာ ကလေး ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ တခါတရံ အပြင်းဖျားခြင်း၊ ကြွက်သားများနာခြင်း၊ လည်ချောင်းနာခြင်း၊ နားကိုက်ခြင်း၊ မလှုပ်ချင်၊ မသယ် ချင်လောက်အောင်နုံးချိနေခြင်း ….စသည် တို့ဖြစ်ကြပါတယ်။

ကူးစက်ပုံ…

ကလေးတွေမှာ ရောဂါပျိုးစ(အရည်ကြည်ဖုမပေါ်ခင်)အချိန်မှာ ကူးစက်မှု အမြန်ဆုံး ဖြစ်ပါ တယ်။ ပျမ်းမျှအားဖြင့် အနီစက်ထွက် ပြီးနောက် ၅-ရက် အကြာမှာ နောက်တစ်ဦး ဆီသို့ ရောဂါကူးစက်ဖို့အခွင့်အလမ်းများပါတယ်။ (တစ်ခါတစ်ရံ နှာစေးချောင်းဆိုး ရုံ လောက်နဲ့ ပြီးသွားပြီး တစ်ရက် နှစ်ရက်ကြာ တဲ့အခါ အတူနေကလေးတွေကို ကူးစက်သွားပါတယ်) အဓိက ကူးစက်ပုံကတော့ လေထဲကဆင့် ကူးစက်ခြင်း ပါ။ ချောင်း ဆိုးခြင်း၊ နှာချေခြင်းဖြင့် ရောဂါရှိ တဲ့ကလေးရဲ့ အသက်ရှူလမ်းကြောင်း မှ ထွက်သော အရည်၊ အမှုန် အစက် ကလေးတွေ Droplet ကတဆင့် ကူးစက်ပါတယ်။ အနီစက် ကဖြစ်လာတဲ့ ပဲသီတာ အရည်ဖုက ထွက်တဲ့ အရည်ထဲမှာ ဗိုင်းရပ်စ်ပိုး တွေ အများကြီး ပါဝင်နေပါတယ်။

ဒါကြောင့် ရောဂါရှိသူနှင့် ခန္ဓာကိုယ်ခြင်း ထိတွေ့ဆက်ဆံမှုမှ ကူးစက်တတ်ပါတယ်။ ထို အရည်ကြည်ဖုလေးတွေကို ဘက်တီးရီးယား ပိုးဝင်သွားခဲ့ပါ က ပြည် တည် နာလေးတွေ ဖြစ်သွားပါ တယ်။ ရေကျောက် ဗိုင်းရပ်(စ်) ပိုးကြောင့် နောက်ဆက် တွဲရောဂါများအဖြစ် ဦးနှောက်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အဆုတ် အအေး မိခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ သာမန်အားဖြင့် အသက်အန္တရာယ်မရှိပေမယ့် ခုခံအား ကျဆင်းနေတဲ့ ကလေးများ၊ ကျောက်ကပ်ရောင်ရောဂါရှိတဲ့ ကလေး များ၊ သွေးကင် ဆာရောဂါ ရှိတဲ့ကလေးများ၊ စတီးရွိုက်ဆေး သောက်နေရ၍ ခုခံအား ကျ နေတဲ့ ကလေးများတွင် ရေကျောက်အနာဖု မှ ပြည်တည်နာဖြစ် တဲ့အခါ အသက်အန္တရာယ် ရှိနိုင်ပါတယ်။

ကုသပုံ….

(၁) ရေကျောက်ရောဂါ (ခေါ်) ပဲသီတာဟာ အန္တရာယ်မရှိလှသလို၊ သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး။ အရည်ကြည်ဖုလေးတွေ ဖြစ်ပေါ် လာလည်း ဘာဆေးမျှလိမ်းစရာ မလိုပါဘူး။ သနပ်ခါးလည်း လိမ်းစရာမလိုပါဘူး။ အရည်ကြည်ဖုလေးတွေ အချိန်တန်ရင် ကွာကျ သွားမှာပါ။ အနီစက်တွေထွက်ပြီး တစ်ပတ်အကြာမှာ အမာရွတ်ပါမကျန် ပျောက်ကင်း သက်သာတတ်ပြီး အချို့လူနာများ မှာ တစ်လခန့်အထိ ကြာတတ်ပါတယ်။ တစ်ခါ တစ်ရံ အရေပြားရဲ့ (Dermis) အလွှာကို ထိရင်တော့ အမာရွတ်သေးသေး လေး ကျန်တတ် ပါတယ်။ ပြည်တည်ရောဂါ ပိုးဝင်ခဲ့ရင်တော့ အမာရွတ်ကျန်တတ်ပါတယ်။

(၂) ရေနွေးနဲ့ ရေချိုးပါ (သို့မဟုတ်) ရေနွေးစိမ်အဝတ်နဲ့ ရေပတ်တိုက်ပေးပါ။

(၃) အဖျားဝင်နေပါက paracetamol တိုက်ကျွေးနိုင်ပါတယ်။ (သို့သော် aspirin , Ibuprofen တို့လို အကိုက်ခဲပျောက်ဆေး တွေ အသုံးမပြုသင့်ပါဘူး)

(၄) အဖုအပိန့်လေးများကို Calamine အရည် လိမ်းပေးပါ (သို့မဟုတ်) အဝတ်သန့်သန့်ကို ရေနွေးတို့၍ သန့်စင်ပေးပါ။

(၅) သိပ်ဆိုးရင် antihistamine လို့ခေါ်တဲ့ အယားပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ (သို့သော် အရောင်ကျဆေးတဲ့ steoid လိမ်းဆေးမျိုး မသုံးသင့်ပါဘူး)

(၆) သင်္ဘောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး စတာတွေကလည်း အရေပြားရောဂါတွေ အတွက် အထောက်အကူပြုပေး နိုင်ပါတယ်။

(၇) အုန်းရည်ဟာ အရေပြားကျန်းမာရေး ကို အထောက်အကူပြု တာကြောင့် ရေကျောက်ရော ဂါ အတွက်သာမက၊ ကျောက်ကြီး ရောဂါ၊ ဝက်သက်ရော ဂါများအတွက် အုန်းရည်အ၀ သောက် ပေးခြင်းဖြင့် သက်သာစေပါတယ်။

(၈) မုန့်လုပ်ရာမှာသုံးတဲ့ ဆားဆိုဒါ လက်ဖက်ရည်ဇွန်း ၁-ဇွန်းကို ရေဖျော်၍၊ အဖုအပိန့် လေးများ ကို တို့ပေးခြင်းဖြင့် ယားယံခြင်းမှ သက်သာစေနိုင်ပါတယ်။

(၉) ဝက်သက်၊ ရေကျောက်(ခေါ်)ပဲသီတာ စသည့် အပူနာရောဂါများအတွက် ကြိုတင် ကာကွယ်ဆေး အဖြစ် ခံတက်ရွက်ကို သကြား(သို့မဟုတ်) ထန်းလျက် (သို့မဟုတ်) ပျားရည် စသည့် သင့်ရာ တစ်မျိုးမျိုးဖြင့် ပြုတ်၍ တိုက်ကျွေးသင့်ပါတယ်။

(၁၀) ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး အားဆေးတွေ တွဲသောက်ပေးပါ။

(၁၁) ရေများများသောက်ခြင်း၊ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်များများ စားခြင်း ဟာ ရောဂါလက္ခဏာသက်သာ စေရုံ သာမက ကိုယ်ခံအားပါတတ်စေနိုင်ပါတယ်။

(၁၂) လည်ချောင်းနာပါက ဆားရည်ပလုတ်ကျင်းပေးနိုင်ပါတယ်။

(မှတ်ချက်) အကယ်၍ ရောဂါလက္ခဏာ ပြင်းထန်လွန်းပြီး ကူးစက်မှုများနေရင်တော့ Acyclovir ဆေးပြားကို ၇၂-နာရီအတွင်း တိုက်ကျွေးဖို့လိုအပ်နေပါပြီ်။ ဒါကြောင့် ကလေး ကိုယ်ပူပြင်းထန် လွန်းလျှင် သော်လည်းကောင်း၊ ကလေး မနေနိုင်အောင် အဖုအပိန့်များက ယားယံနေလျှင် သော်လည်းကောင်း ဆရာဝန်ထံပြသပါ။ တခါတရံမှာတော့ အဖုအပိန့်ထဲကို ပိုးဝင်ပြီး ပြည် တည်နာများ ဖြစ်လာတတ်တဲ့အတွက် လိုအပ်တဲ့ ပိုးသတ်ပဋိဇီ ထိုးဆေး-စားဆေး-လိမ်းဆေးများကို ဆရာဝန်က ညွှန်ကြားပေး ပါလိမ့်မယ်။

ရောဂါမဖြစ်အောင် ကာကွယ်နည်း…

(၁) အသက် ၅-နှစ်အောက် ကလေးငယ်များကို တစ်နှစ်သားမှာ တစ်ကြိမ်၊ ၅-နှစ်သားမှာ တစ်ကြိမ် စုစုပေါင်း ကာကွယ်ဆေး ၂-ကြိမ်ထိုးပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

(၂) ရေကျောက်ရောဂါ လုံး၀ မဖြစ်ပွားခဲ့ဖူးသူ ၁၈-နှစ်အောက် လူငယ်များကလည်း ကာကွယ်ဆေး ၂-ကြိမ်ထိုးပေးခြင်းဖြင့် ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။ ထို အရွယ်များမှာတော့ တစ်ကြိမ် နှင့် တစ်ကြိမ် တစ်လခြားပြီးထိုးပေးရမှာပါ။

(၃) အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၅ ခုနှစ်မှစတင်၍ ရေကျောက် ကာကွယ်ဆေး ထိုးပေးခဲ့ရာ ဖြစ်ပွားနှုန်း ၉၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ သို့ သော် ကိုယ်ဝန်ဆောင် မိခင်များ၊ HIV ကူးစက် ခံနေရသူများ၊ aspirin ကဲ့သို့ အကိုက် အခဲပျောက်ဆေး ရေရှည်သုံးစွဲနေသူများ နှင့် lincomycin ကဲ့သို့ပဋိဇီဝဆေး မတည့်သူများကတော့ ထို ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးမသင့်ပါဘူး။

(၄) အထူးသဖြင့် ရေကျောက်ဖြစ်ပွားဖူးခြင်း လုံးဝမရှိသေးသော မိခင်လောင်းအနေနဲ့ ကိုယ်ဝန်မဆောင်ခင် ၁-လ အလိုမှာ ကာကွယ်ဆေး အပြည့်အစုံဖြစ် အောင်ကြိုတင်ထိုး ထားခြင်းဖြင့် မွေးဖွားလာမည့် ကလေးအတွက် ကြိုတင်ကာကွယ်ပေး နိုင်ပါတယ်။ အဲဒီ ကြိုတင်ကာကွယ်ဆေးမျိုးကို ဂျပန်လူမျိုး michiaki Takahashi က ၁၉၇၄ ခုနှစ်လောက်မှာ စတင် တီထွင် ထုတ်လုပ်ပေးခဲ့ ကြောင်း လေ့လာမှတ်သားရပါတယ်။

(၅) အထူးသတိပြုရမည့် အချက်မှာ ရေကျောက် တစ်ခါဖြစ်ဖူး ရင်၊ နောင်လူကြီး ဘဝမှာ ရေ ယုန်ဖြစ်ဖို့ ၂၀ ရာခိုင်နှုန်း သေချာ နေပါပြီ။ ဒါဘာကြောင့်လဲဆိုရင် ကလေးငယ် ဘ၀ မှာ ရေကျောက် အနီစက်လေးတွေ လုံးဝပျောက်ကင်းသွားပေမယ့် ဗိုင်းရပ်စ်ပိုး ကတော့ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ထဲမှာ ရှိနေတုန်းပါဘဲ။ ဒီလိုနဲ့အသက်ကြီး လာပြီးနောက် ခုခံအားကျဆင်းတဲ့ အခါဖြစ်စေ၊ အာဟာရ ချို့တဲ့ နေချိန်မှာဖြစ်စေ ခန္ဓာကိုယ်ထဲမှာ ကိန်းငုပ်နေတဲ့ပိုးဟာ ရေယုန်အနေနဲ့ ပြန်လည်ပေါ်ပေါက်လာ တတ်လို့ ပါဘဲ။ ထိုပြဿနာမျိုးကို အများအားဖြင့် အသက် ၆၀-ကျော် အရွယ်မှာ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ရေကျောက် ဖြစ်ဖူး သူတွေအနေနဲ့ တစ်ချိန် မှာ ရေယုန်မဖြစ်အောင် ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

(၆) ရေကျောက်(ခေါ်)ပဲသီတာ ဖြစ်တဲ့အခါ၊ ရောဂါဖြစ်သူရဲ့ အဝတ်အစားများ ကို ရေနွေးနဲ့ သီးသန့်လျှော်ဖွတ်ပါ။

(၇) ပဲသီတာ အဖုလေးတွေက ယားလွန်းတာကြောင့် ကုတ်မိပါတယ်။ အဖုလေးတွေ အနာမဖြစ်အောင် ကာကွယ်သည့်အနေဖြင့် ကလေးကို လက်သည်းညှပ်ပေးပါ။ လက်သည်း ညှပ်ပြီးတဲ့ အခါမှာလည်း စူးရှမနေစေဖို့အတွက် လက်သည်း ကို တံစဉ်းဖြင့် တိုက် ပေးထားပါ။

Yangon Times Journal, 12-10
ကျန်းမာရေရာ သုတအဖြာဖြာ .#
===================================

No comments:

Post a Comment

Note: Only a member of this blog may post a comment.