“နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး ပေါ်ပေါက်လာပုံ”
နိုင်ငံတော်အတွင်းရှိ လူအခွင့်အရေးချိုးဖောက်မှုများ ကို သက်ဆိုင်ရာ အစိုးရကိုယ်တိုင်က ချိုးဖောက်သည့် အခါ (သို့မဟုတ်) ထိုချိုးဖောက်မှုများကို နိုင်ငံတော်အဆင့်တွင် အရေးယူဆောင်ရွက်နိုင်မှု မရှိသည့်အခါ နိုင်ငံတကာလူ့အခွင့်အရေးများဖြင့် အရေးယူနိုင်ရန်..
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများလိုအပ်ကြောင်း စဉ်း စားတွေးခေါ်လာကြသည်။
အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှုများက နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်များဖြင့် ..
လူ့အခွင့်အရေးချိုးဖောက်သူများကို စောင့်ကြပ်ရန် အပြစ်ပေးရန် လိုအပ်ကြောင်း စဉ်းစားလာခဲ့ကြသည်။
ပထမကမ္ဘာစစ်အပြီး ၁၉၁၉ ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီးကို တည်ထောင်ခဲ့သော်လည်း မအောင် မြင်ပဲ ဒုတိယကမ္ဘာစစ်ကြီး ထပ်မံဖြစ်ပွားခဲ့ရသည်၊၊
• ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာခေါင်းဆောင်သော နာဇီပါတီသည် ဂျူးလူမျိုး(၆)သန်းကျော်အပါ အဝင် အခြားလူများအား လူသားချင်း မတရားရက်စက်၊ နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခဲ့သည်။
• နာဇီပါတီသည် အစွန်းရောက်အမျိုးသားရေးဝါဒကို ကျင့်သုံး၍ ဂျူးများ၊ ဂျစ်ပစီများ၊ကိုယ်အင်္ဂါချို ့တဲ့သူများ ၊လိင်တူချစ်သူများကို မျိုးဖြုတ်သတ်ရန် အစီအစဉ်ချမှတ်ခဲ့သည်။ အဆိပ်ငွေ့များလွှတ်၍ အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခဲ့သည်။
• ထို့ကြောင့် စစ်အပြီးတွင် နာဇီ စစ်ခေါင်းဆောင်များသာမက အရပ်သားတာဝန်ရှိသူများ အပါအဝင် စုစု ပေါင်း လူအယောက် (၂ဝဝ) ကျော်ကိို နုရင်ဘတ်မြို့တွင် စစ်ခုံရုံးတင်စစ်ဆေး အပြစ်ပေးခဲ့သည်။
(ဆက်လက်ရှာဖွေ အပြစ်ပေးစီရင်နေသည်မှာလည်း ယနေ့ထက်တိုင် ဖြစ်သည်ကို အများသိပြီးဖြစ်ပါသည်။)
• ထို့အတူအရှေ ့အာရှတွင်လည်း ဂျပန်များ၏ဖက်ဆစ်စနစ်ကြောင့် တာဝန်ရှိသူများကို ဂျပန်နိုင်ငံတိုကျိုမြို ့တွင် ခုံရုံးတင်စစ်ဆေး အပြစ်ပေးခဲ့သည်။
• စစ်အတွင်းကျူးလွန်သူများကို ခုံရုံးတင်စစ်ဆေး အရေးယူမှုများသာမက အလားတူ လူသားချင်း မတရား ရက်စက်မှု၊ နှိပ်စက်ညှင်းပန်း သတ်ဖြတ်မှုများ ထပ်မံမပေါ်ပေါက်စေရန်၊
ငြိမ်းချမ်းမှုထွန်းကားရေးနှင့် ပဋိပက္ခချုပ်ငြိမ်းရေးအတွက် နိုင်ငံအစိုးရများက ကြိုးပမ်းလုပ်ဆောင်လာ ခဲ့ကြ သည်။
နယ်သာလန်နိုင်ငံ သည်ဟိတ်မြို မှ ICC ရုံးချူပ်
နျုရင်ဘတ်ခုံရုံးတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပတွင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သော ထိပ်တန်း ခေါင်းဆောင်များ၊ သံတမန်များနှင့် စစ် ဗိုလ်ချုပ်များကို အပြစ်ပေးနိုင်ခဲ့သည်။၁၉၄၅ ခုနှစ်မှ ၁၉၄၆ ခုနှစ် အထိ စီရင်ချက်များချခဲ့သည်။ တိုကျိုခုံရုံးတွင် အရှေ့ဖျားအာရှတွင် စစ်ရာဇဝတ် မှု ကျူးလွန်ခဲ့သော ဂျပန် ထိပ်တန်း ခေါင်းဆောင် များ၊ သံတမန်များနှင့် စစ်ဗိုလ်ချုပ်များကို အပြစ် ပေးနိုင်ခဲ့သည်၊၁၉၄၆ ခုနှစ်မှ ၁၉၄၈ ခုနှစ် အတွင်းစီရင်ချက်များ ချမှတ်နိုင်ခဲ့သည်။ စစ်ရှုံးသူများသက်သက်ကိုသာ စီရင်ခဲ့ပြီး စစ်နိုင်သည့်နိုင်ငံ များမှ ကျူးလွန်သူတဦးကိုမှ အရေးယူခဲ့ခြင်းမရှိဟု ထောက်ပြကြသည်။
၁၉၄၆ ခုနှစ် နျူးရင်ဘတ် နောက်ပိုင်း “နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး International Criminal Court – ICC နှင့် လူသားဖြစ်မှုဆန့်ကျင်သောပြစ်မှုကို ကာကွယ်ရန် နိုင်ငံတကာပြစ်မှု ဆိုင်ရာ ဥပဒေတစ်ခု လက်ခံ အောင် International Criminal Code prohibiting crimes against humanity” ကို ပဲရစ်မြို ့တွင် နိုင်ငံတကာ ညီလာခံတရပ် ကျင်းပပြီး ဆွေးနွေးခဲ့ကြသည်။
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့တွင် “လူမျိုးတုံးသတ်ဖြတ်မှုကို ပြစ်မှုတခုခုအပေါ် ပြစ်ဒဏ်ပေးခြင်း နှင့် ကာကွယ်ခြင်းသဘောတူစာချုပ် Convention on the Prevention and Punishment of the Crime of Genocide” ကို ICC ကုလသမဂ္ဂအထွေထွေညီလာခံကအတည်ပြုလက်ခံခဲ့ပြီး၊ယင်းစာချုပ်ကို အခြေခံ၍ တရားရုံးတည်ထောင်ရန် သင့်လျော်သောပြဌာန်းချက်များကို လေ့လာရန်အတွက် နိုင်ငံတကာဥပဒေ ကော်မရှင်International Law Commission – ILC ကို ကုလသမဂ္ဂအထွေထွေညီလာခံက တာဝန်အပ်နှင်း ခဲ့သည်။
၁၉၄၉ – ၁၉၅၄ ခုနှစ် “နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး၏ Draft Statute for an ICC” တရပ်ကို ရေးဆွဲခဲ့ရာ အင်အားကြီးနိုင်ငံများက ဆန့်ကျင်ခဲ့ကြသည်။
၁၉၅၄ ခုနှစ်တွင် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံးဖွဲ့ရန် အစီအစဉ်များနှောင့်နှေးကြန့်ကြာ နေခဲ့ကြပြီး ..
တချိန်ထဲမှာပင် အစိုးရများက မိမိတို့ပြည်သူများအပေါ် လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်မှု၊ လက် နက် ကိုင်စစ်ပွဲများအတွင်း အပြစ်မဲ့ပြည်သူများအပေါ် ရက်ရက်စက်စက်သတ်ဖြတ်မှုများကို ကျူးလွန် လာ ခဲ့ကြသည်။
(ကမ္ဘောဒီယား၊ ကိုဆိုဗို၊ယူဂိုဆလားဗီးယား၊ ရဝမ်ဒါ၊ ဆီယားလီယွန်၊ ကင်ညာ၊အရှေ့တီမောနိုင်ငံများ စ သည် တို့ဖြစ်သည်။)
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးအပြင် တရားဥပဒေရရှိခံစားရေးအတွက် လုပ်ဆောင်ခဲ့သော လုပ်ဆောင်မှု များမှာ..
အမှန်တရားကော်မရှင် (Truth Commission) တောင်အာဖရိက အထူး တရားခုံရုံး (ad Hoc Tribunal) အရင် ယူဂိုစလားဗီးယား၊ ရဝမ်ဒါ နိုင်ငံတကာတရားစီရင်မုှများဖြင့်လုပ်ဆောင်သောအထူးတရားရုံး (Hybrid Court applyingInternational Criminal Law) ကမ္ဘောဒီးယား၊ အရှေ့တီမော၊ ကိုဆိုဗို၊ဆီယားလီယွန်၁၉၉၁ – ၁၉၉၂ ခုနှစ် ဘောစနီးယား၊ ဟာစီဂိုဗီးနားနှင့် ခရိုအေရှား စစ်ပွဲမှာ..
“လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဂျီနီဗာ သဘောတူစာချုပ်”
ထင်ရှားသောချိုးဖောက်မှုများ၊ကျူးလွန်မှုများကို တရားစွဲဆိုနိုင်ရန် ယူဂိုစလားဗီးယား အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး Ad-hoc Tribunal – ICTY” ကို ၁၉၉၃ ခုနှစ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်ချပြီး တည်ထောင်ခဲ့သည်။ ထိုတရားရုံးသည် “သီးသန့်တရားရုံး Ad-hoc”တခုဖြစ်သည်။
တချိန်တည်းမှာပင် ရဝမ်ဒါနိုင်ငံ၏ ပဋိပက္ခထဲမှာ ကျူးလွန်ခဲ့သောပြစ်မှုများကိုအရေးယူရန် ၁၉၉၄ ခုနှစ် လုံခြံုရေးကောင်စီမှ.. “ရာဝမ်ဒါနိုင်ငံ အတွက် နိုင်ငံတကာရာဇဝတ်တရားရုံး ICTR” ကို တည်ထောင်ခဲ့သည်။
၁၉၉၈ ခုနှစ်က (အီတလီ) ရောမမြို ့တွင် ကုလသမဂ္ဂမှ ကြီးမှူး၍ကျင်းပသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးကို ဖွဲ့စည်း တည်ထောင်ရန်အတွက် သဘောတူစာချုပ်မူကြမ်းကို ရေးဆွဲသည့်ညီလာခံကို ကျင်းပ ခဲ့ကြသည်။
- နိုင်ငံပေါင်း (၁၆ဝ) မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး (၅)ပတ်ကြာ အပြင်းအထန် ဆွေးနွေး ညှိနှိုင်း ခဲ့ပြီးနောက် တက်ရောက်လာသည့် နိုင်ငံများထဲမှ နိုင်ငံပေါင်း (၁၂ဝ)က ထိုစာချူပ်ကို အတည်ပြုရန် ထောက်ခံမဲပေးခဲ့သည်။
- တရုတ်၊ လစ်ဗျား၊ အီရတ်နှင့် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံ(၇) နိုင်ငံက ထိုစာချုပ်ကို ကန့်ကွက်မဲ ပေး ခဲ့ကြပြီး နိုင်ငံပေါင်း(၂၁) နိုင်ငံက ကြားနေ ခဲ့သည်။
- ထိုစာချူပ်ကို ၁၉၉၈ခုနှစ် ဇူလိုင်လ(၁၇) ရက်နေ့တွင် အတည်ပြုပြဌာန်းနိုင်ခဲ့သည်။
လက်မှတ်ရေးထိုးခဲ့သည့် နေရာဖြစ်သော ရောမမြို့ကို အစွဲပြု၍ရောမစာချုပ် (Rome) ဟုလည်း ခေါ်ဝေါ် သည်။ စာချုပ်အရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးကို ဖွဲ့စည်းထူထောင်နိုင်ရန်အတွက် နိုင်ငံပေါင်း(၆ဝ) ကအတည်ပြု လက်မှတ်ရေးထိုးရန် လိုအပ်သည်။
၂ဝဝ၂ ခုနှစ် ဧပြီလ (၁၁)ရက်နေ့တွင် နိုင်ငံပေါင်း (၆၆)နိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂ဝဝ၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် တရားရုံးကိုစတင်ဖွဲ့စည်းနိုင်ခဲ့ပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို ့ တွင်ရုံးစိုက်ထားပါသည်။
ICC က လက်ခံကိုင်တွယ်နိုင်သည့် ရာဇဝတ်ပြစ်မှုအမျိုးအစားများ၊ ယခုပေါ်ပေါက်လာသောတရားရုံးသည် လူမျိုးတုံး သတ်ဖြတ်မှုများ (Genocide)၊လူသားမျိုးနွယ် တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ (Crime Against Humanity)၊ စစ်ပွဲဆိုင်ရာရာဇဝတ်မှုများ(War Crime) တို့ကို ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် လူပုဂ္ဂိုလ်တဦးတယောက်တိုင်းကို ခုံရုံးတင် အရေးယူနိုင်ပါသည်။ ထိုအမှု(၃)မျိုးနှင့် အကျံုးမဝင်သည့် ကျန်သည့်အမှုများကို မတိုင်ကြားနိုင်ပေ။
တိုင်ကြားနိုင်သောအမှုများ လူမျိုးတုံးသတ်ဖြတ်မှုဆိုသည်မှာ .. “နိုင်ငံသား၊ မျိုးနွယ်စု၊ လူမျိုးစု (သို့မဟုတ်)
ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များအားလုံးကို ဖျက်ဆီးရန် ရည်ရွယ်ချက်နှင့် ကျူးလွန်မှုများ (သို့မဟုတ်)
အချို့အစိတ်အပိုင်းကို ဖျက်ဆီးရန် ရည်ရွယ်ချက်နှင့် ကျူးလွန်မှုများ” ကို ဆိုလိုသည်။
အပိုဒ် (၇)အရ “လူမျိုးတုံး သတ်ဖြတ်မှု” နှင့် သက်ဆိုင်သော ပြစ်မှုအမျိုးအစား ငါးမျိုးမှာ-
(၁) လူတစ်စု၏ အဖွဲ့ဝင်များကို ပစ်မှတ်ထားသော သတ်ဖြတ်ခြင်း။
(၂) လူတစ်စု၏ အဖွဲ့ဝင်များကို ခန္ဓာကိုယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ အန္တရာယ်ပြုခြင်း။
(၃) အသင်းအဖွဲ့တစ်ခုလုံး သို့မဟုတ် အချို့ကို စိတ်ပိုင်းဆိုင်ရာ ကျဆင်းပျက်စီးမှု ဖြစ်ပေါ်စေရန် တမင်တကာ ရည်ရွယ်၍ ထိုအုပ်စု၏ အသက်အန္တရာယ်ကို ထိပါးခြင်း။
(၄) လူတစ်စုအတွင်း၌ ကလေးမွေးဖွားမှုကို တားဆီးရန်ဟူသော ရည်ရွယ်ချက်ဖြင့် ချမှတ်သည့် သတ်မှတ်ချက်ကို လိုက်နာစေခြင်း။
(၅) ကလေးသူငယ်များကို လူအုပ်စုတစ်စုမှ အခြားလူအုပ်စုတစ်စုသို့ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း။
လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ
လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ ဆိုသည်မှာ ..
မည်သည့်အရပ်သား လူထုကိုမဆို ဦးတည်၍ စနစ်ကျကျ တိုက်ခိုက်သော (သို့မဟုတ်) ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်သော ကျူးလွန်မှုများဟုဆိုထားသည်။
အပိုဒ် (၇)အရ လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများနှင့် သက်ဆိုင်သော ပြစ်မှု အမျိုးအစား (၁၁)ခုမှာ -
(၁) လူသတ်မှု၊
(၂) မျိုးဖြုတ်ခြင်း၊
(၃) ကျွန်ပြုခြင်း၊
(၄) ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် အတင်းအကျပ် ရွှေ့ပြောင်းခြင်း၊
(၅) ထောင်သွင်း အကျဉ်းချခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အခြေခံစည်းမျဉ်းများကို ချိုးဖောက်၍ လူတယောက်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပြင်းထန်စွာ ဆုံးရှုံးစေခြင်း၊
(၆) ညှင်းပမ်းနှိပ်စက်ခြင်း၊
(၇) မုဒိမ်းကျင့်ခြင်း၊ လိင်ကျွေးကျွန်ပြုခြင်း၊ အတင်းအကြပ် ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်း၊
ကိုယ်ဝန်ရှိစေခြင်း၊ ကိုယ်ဝန်မရရှိစေခြင်း၊ အခြားဆိုးရွားသောလိင်ပိုင်းဆို
င်ရာအကြမ်းဖက်ခြင်း၊
(၈) သက်သေအထောက်အထားပြနိုင်သော မည်သည့်လူစုကိုမဆို ညှင်းပမ်းနှိပ်စက် (သို့မဟုတ်) နိုင်ငံရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ မျိုးနွယ်စုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊လိင်စသည့်အုပ်စုများအား ညှင်းပန်းနှိပ်စက်ခြင်း၊
(၉) လူများအား အတင်းအကျပ် ပျောက်ဆုံးစေခြင်း၊
(၁၀) လူမျိုးအသားအရောင် ခွဲခြားရေးဆိုင်ရာဝါဒနှင့်ဆိုင်
သော ရာဇဝတ်မှုများပြုလုပ်ခြင်း၊
(၁၁) တမင်တကာ ရည်ရွယ်၍ ကြီးစွာသော ခံစားမှုကို ဖြစ်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်ပိုင်း ဆိုင် ရာအရ ပြင်းထန်စွာ ထိခိုက်အနာတရဖြစ်စေခြင်း စသည့် အခြားလူမဆန်သည့် လုပ်ရပ်များကို ဆိုလို သည်။
စစ်ရာဇဝတ်မှုဆိုသည်မှာ ပြည်တွင်းစစ်ဖြစ်စေ၊ နိုင်ငံတကာစစ်ပွဲဖြစ်စေ၊ လက်နက်ကိုင် ပဋိပက္ခကာလအတွင်း ..
စီမံကိန်းတခု/မူဝါဒတခု၏ အစိတ်အပိုင်းအနေဖြင့် ကျူးလွန်ခြင်း(သို့မဟုတ်)ထိုပြစ်မှုမျိုးကို ကျယ်ပြန့်သော ပမာဏတခု ကျူးလွန်ခြင်းဟုအဓိပ္ပါယ်ဖွင့်ဆိုထားသည်။
အပိုဒ် (၈) အရ စစ်ရာဇဝတ်မှုနှင့် ပတ်သက်၍ အဓိကကျသောအောက်ပါအချက်လေးချက်ကို ကျူးလွန်ပါက စစ်ရာဇဝတ်မှုမြောက်သည်ဟု ဆိုနိုင်သည်။
(၁) ၁၉၄၉ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်၊ ဂျီနီဗာသဘောတူညီချက်များ၏ပြဌာန်းချက်များကို လူအများ (သို့မဟုတ်) အရာဝတ္ထုများအပေါ် ပြင်းထန်စွာ ချိုးဖောက်မှုများ၊
(၂) စစ်ပွဲအတွင်းနှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကျင့်သုံးရမည့် စစ်ဥပဒေကိုပြင်းထန်စွာချိုးဖောက်မှုများ၊
(၃) အပြည်ပြည်ဆိုင်ရာ လက္ခဏာဆောင်သည့် လက်နက်ကိုင်ပဋိပက္ခဖြစ်ရာတွင် ၁၉၄၉ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့ပါ
ဂျီနီဗာသဘောတူညီချက် (၄)ရပ်နှင့် သက်ဆိုင်သည့် ပုဒ်မ(၃)ကို ပြင်းထန်စွာ ချိုးဖောက်မှုများဖြစ်သော ဖျားနာနေသော၊ ထိခိုက်ဒဏ်ရာရနေသော၊
ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော သို့မဟုတ် အခြားအကြောင်းကြောင့် စစ်မတိုက်နိုင်သော လက်နက်ချပြီးဖြစ်သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များတွင်
တက်ကြွစွာပါဝင်တိုက်ခိုက်ခြင်း မရှိတော့သည့်သူများကို ဆန့်ကျင်တိုက်ခိုက်ကျူးလွန်မှုများ၊
(၄) အပြည်ပြည်ဆိုင်ရာ လက္ခဏာမဆောင်သည့် လက်နက်ကိုင်ပဋိပက္ခ (ပြည်တွင်းစစ်)များအတွက် ကျင့်သုံးသော စစ်ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုတို့ ဖြစ်သည်။
စစ်ရာဇဝတ်မှုမြောက်နိုင်သော အမှုများမှာ-
-လူများကို သတ်ဖြတ်ခြင်း၊ မျိုးတုံးစေခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်းနှင့် ရက်ရက်စက်စက်ဆက်ဆံခြင်း၊
-လူတယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ဆက်ဆံခြင်း၊ ဓားစာခံအဖြစ်ခေါ်ဆောင်ခြင်း၊
-ရည်ရွယ်ချက်ရှိရှိဖြင့် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
-ဂျီနီဗာသဘောတူစာချုပ်က သတ်မှတ်ထားသည့် သင်္ကေတများပါရှိသည့် အဆောက်အဦများ၊ ပစ္စည်းများ၊
ဆေးဝါးဌာနများနှင့် ယာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခြင်း၊
-လူသားချင်းဆိုင်ရာ စာနာမှုဝန်ထမ်းများနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
-ဘာသာရေး၊ ယဉ်ကျေးမှု၊ အထိမ်းအမှတ်များ၊ ဆေးရုံများနှင့်လူနာများထားရှိသည့်နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
-လိင်စော်ကားခြင်း၊ အတင်းအကြပ် ပြည့်တန်ဆာအဖြစ် စေခိုင်ခြင်း၊ ကိုယ်ဝန်ရစေခြင်း၊ သားကြော ဖြတ်ခြင်းနှင့် အခြားပုံစံများဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊
-အသက် (၁၅)နှစ်အောက် ကလေးများကို စစ်ပွဲများတွင် ပါဝင်စေခိုင်းခြင်း၊
-ရပ်ရွာလူထုများကို လုံခြံုရေးအကြောင်းကြောင့် မဟုတ်ပဲ ရွေ့ပြောင်းခြင်း၊
-ဒဏ်ရာရသည့် တဖက်တပ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊
-စစ်သုံ့ပမ်းများကို တယောက်မကျန် သတ်ဖြတ်ခြင်း၊ သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်တောက်ခြင်း၊ ဆေး (သို့မဟုတ်)သိပ္ပံပညာစမ်းသပ်မှုများကို လုပ်ဆောင်ခြင်း၊
-လိုအပ်ချက်အရ မဟုတ်ဘဲ လူထု၏ ကိုယ်ပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်းလည်း စစ်ရာဇဝတ်မှုမြောက်ပေသည်။
အိုင်စီစီသို့ တိုင်ကြားနိုင်မှု အဆင့်ဆင့်
- အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးသည် ကုလသမ္ဂ၏အပြည်ပြည်ဆိုင်ရာတရားရုံးကဲ့သို့ နိုင်ငံအချင်းချင်း အကြားဖြစ်ပွားသည့် ပြဿနာများကိုဖြေရှင်းရန်၊ နိုင်ငံတနိုင်ငံကို တရားစွဲဆိုရန် မဟုတ်ပါ။
- ရောမသဘောတူစာချုပ်ကို အတည်ပြုလက်မှတ်ထိုး ထားသော နိုင်ငံ၏ နိုင်ငံသားတဦးဦးက မည်သည့်နေရာတွင်မဆို ထိုသတ်မှတ်ထားသော ရာဇဝတ်မှုကျူးလွန်ပါက သို့မဟုတ် ထိုအတည်ပြု လက်မှတ် ထိုးထားသောနိုင်ငံ၏ အချုပ်အခြာပိုင်နယ်မြေဒေသအတွင်း ကျူးလွန်သော ရာဇဝတ်မှုများ ဖြစ်ပါက တရားစွဲ ဆိုနိုင်ပါသည်။
- ကျူးလွန်သူသည် အမျိုးသား အမျိုးသမီးဖြစ်စေ၊ သာမန် အရပ်သားဖြစ်စေ၊ စစ်တပ်တွင် တာဝန်ရှိသူဖြစ်စေ၊ အစိုးရတွင်တရားဝင် ရာထူးရှိသူဖြစ်စေ၊ ထိုရာဇဝတ်မှုတွင် တာဝန်ရှိသည့် မည်သူ့ကိုမဆို တရားစွဲဆိုနိုင်ပါသည်။
- တိုင်ကြားခံရသောသူသည် လူပုဂ္ဂိုလ်တဦးချင်းဖြစ်ရပါသည်။
- ထိုသူသည် တဦးချင်းဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ အမှုကို ကျူးလွန်သူ၊
- ထိုအမှုကို ကျူးလွန်ရန်အတွက် အမိန့်ပေးစေခိုင်းခဲ့သူ၊
- အမှုကျူးလွန်နိုင်အောင် အားပေးကူညီပံ့ပိုးပေးခဲ့သူ၊
- ကျူးလွန်သူများကျူးလွန်နိုင်အောင် ရည်ရွယ်ချက်တူဖြင့် အားပေးပါဝင်ခဲ့သူ၊
- ထိုအမှုကျူးလွန်ရန် ကြံစည်ကြိုးပမ်းခဲ့သူ၊
- လူမျိုးတုံးသတ်ဖြတ်မှုဖြစ်အောင် သွေးထိုးလှုံ့ဆော်သူ ဖြစ်ရပါမည်။
- တရားရုံးအနေဖြင့် တိုင်ကြားမှုများကို လက်ခံလာပါက ထိုကျူးလွန်သောရာဇဝတ်မှုများကို မည့်သူက အဓိက၊ အမြင့်ဆုံးတာဝန်ရှိသည်ကို စုံစမ်းစစ်ဆေးဖော်ထုတ်မည်။
- ထိုနောက် ထိုအမှုများတွင် အမိန့်ပေးစေခိုင်းသောသူ၊ ထောက်ပ့ံကူညီအားပေးသူနှင့် စီမံဆောင်ရွက်သူများအပါအဝင် ထိုကျူးလွန်မှုတွင် တာဝန်အရှိဆုံးသူများကို အပြစ်စီရင်မည် ဖြစ်သည်။
တာဝန်အရှိဆုံးသူကို အပြစ်ရှိကြောင်းစုံစမ်းရာတွင်-
- စွပ်စွဲခံရသော စစ်ခေါင်းဆောင်နှင့် ကျူးလွန်သူများအကြားရှိ အထက်၊အောက်ဆက်ဆံမှု၊
စ်ခေါင်းဆောင်အနေဖြင့် ထိုအမှုကို ကျူးလွန်တော့မည်ဖြစ်ကြောင်း (သို့မဟုတ်)ကျူးလွန်ပြီးဖြစ်ကြောင်း သိနိုင်သောအခြေအနေ၊
- ထိုအမှုကို မကျူးလွန်ရန် တားဆီးနိုင်သော သို့မဟုတ် အရေးယူနိုင်သော (သို့မဟုတ်) သက်ဆိုင်ရာတာဝန်ရှိသူထံ စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် ပေးပို့နိုင်သော မိမိ၏ အခွင့်အာဏာကို လိုအပ်သလို လုပ်ဆောင်ရန် ပျက်ကွက်သော အခြေအနေမျိုးဖြစ်ရမည်။
တရားရုံးသို့အမှုများကို တင်ပြတိုင်ကြားနိုင်ရန် နည်း(၂)နည်း
(၁) ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားသောနိုင်ငံများမှ လူပုဂ္ဂိုလ်တဦးဦးသည် သူ့နိုင်ငံ၏ နယ်နိမိတ်တွင်ဖြစ်စေ အခြားနိုင်ငံတခုခုတွင်ဖြစ်စေ တရားရုံးကသတ်မှတ်ထားသော ရာဇဝတ်မှုသုံးမျိုးအနက် တခုခုကို ကျူးလွန်ခြင်း၊
(၂) အကယ်၍ ရောမစာချုပ်ကို လက်မှတ်မထိုးထားသောနိုင်ငံများမှ လူပုဂ္ဂိုလ်များကို တိုင်ကြား မည်ဆိုပါက ကုလသမဂ္ဂလုံခြံုရေးကောင်စီက ထိုအမှုကို တရားရုံးသို့ လွှဲပြောင်းပေးမှသာ ထိုအမှုကို စုံစမ်း စစ်ဆေးနိုင်မည်ဖြစ်၏။ ထိုသို့လွှဲပြောင်းပေးရန်အတွက် ကုလသမဂ္ဂလုံခြံုကောင်စီ အဖွဲ့ဝင်နိုင်ငံများသည် မဲခွဲဆုံးဖြတ်ရန် လိုအပ်သည်။ နိုင်ငံများသည် ထောက်ခံ၊ ကန့်ကွက်မဲများပေးနိုင်သလို ကြားနေမဲလည်း ပေးနိုင်သည်။ သို့သော် ထိုသို့တရားရုံးကို လွှဲပြောင်းပေးနိုင်ရန်အတွက် လုံခြံုရေးကောင်စီအဖွဲ့ဝင်နိုင်ငံ(၁၅) နိုင်ငံအနက် (၉) နိုင်ငံမှ ထောက်ခံမဲရရှိရန် လိုအပ်သည်။
သို့သော် အမြဲတမ်း (၅) နိုင်ငံမှ တနိုင်ငံက ဗီတိုအာဏာသုံးပါက ထိုအမှုကိုတင်နိုင်မည်မဟုတ်ချေ။
စာချုပ်ကိုလက်မှတ်ရေးထိုးထားသော နိုင်ငံကဖြစ်စေ၊ ကုလသမဂ္ဂ၏လုံခြံုရေးကောင်စီကဖြစ်စေ တရားရုံးတော်သို့ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သောအမှုကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာတရားရုံးသို့ တိုင်ကြားနိုင်သည်။ ထိုသို့တိုင်ကြားလာပါက နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး၏ တရားစွဲဆို အရာရှိသည် အကျူးလွန်ခံရသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အခြားခိုင်လုံသော ရင်းမြစ်များမှ သတင်းအချက်အလက်များစုဆောင်း၍ စုံစမ်းစစ်ဆေးခြင်း စတင်ရပါသည်။
ထိုသို့စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံးသည် အစိုးရ၏ပူးပေါင်းပါဝင်မှုကို ရယူဆောင်ရွက်ရပါသည်။ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံးတွင် စုံစမ်းစစ်ဆေးရန်အတွက် ကိုယ်ပိုင်ရဲတပ်ဖွဲ့မရှိသောကြောင့် သက်ဆိုင်ရာအစိုးရနှင့် လက်တွဲဆောင်ရွက်ရပါသည်။
စုံစမ်းစစ်ဆေးသည့် တရားစွဲဆိုအရာရှိသည် အထောက်အထား များကို ရှာဖွေရသည်။
ကိုယ်တိုင်ခံစားရသူများ မျက်မြင်သက်သေများကို မေးမြန်းသည်။ ထိုသို့ရရှိသော သတင်း များကို မပေါက်ကြားအောင် အထူးထိန်းသိမ်းသည်။
ထိုသို့သတင်းပေးသော သူများအတွက်အန္တရာယ်မဖြစ်စေရန် ကာကွယ်စောင့်ရှောက်ပေးထားရပါသည်။
စုံစမ်းစစ်ဆေးမှုကိုစတင်နေသည့်အချိန်အတွင်း တရားစွဲဆိုအရာရှိသည် အမှုစစ်ဆေးမည့် တရားရုံးတော်ထံမှ ထိုစွပ်စွဲခံရသည့်သူကို ဖမ်းဝရမ်းတောင်းခံနိုင်သည်။
အကယ်၍ထိုစွပ်စွဲခံရသည့်သူသည် အမှန်တကယ်ရာဇဝတ်မှုများကို ကျူးလွန်လောက်သည်ဟုယုံကြည်ရသော အခြေအမြစ်ရှိပါက တရားရုံးသည် ထိုဖမ်းဝရမ်းတောင်းခံချက်ကို ခွင့်ပြုမည်ဖြစ်သည်။ထိုစွပ်စွဲခံရသူကို ဖမ်းဆီးအပြီး (သို့မဟုတ်) ထိုသူကိုယ်တိုင်က အဖမ်းဆီးခံပြီးနောက် ထိုစွပ်စွဲချက်များကို တရားရုံးတွင် ကြားနာနိုင်သည်။
ထိုတရားရုံး ကြားနာစီရင်မှုအတွင်း စွပ်စွဲ ခံရသူအနေဖြင့် စွပ်စွဲချက်များကို ငြင်းဆိုခွင့်ရှိသလို သက်သေအထောက်အထားများ တင်ပြခွင့်ရှိပေသည်။
တရားစစ်ဆေးနေသည့် ကာလအတွင်း စွပ်စွဲခံရသည့်သူသည် တရားခွင်တွင် ရှိနေရမည်။တရားခွင် စစ်ဆေးသောအဖွဲ့သည် တရားခွင်၏ တရားမျှတမှုကို အထူးအလေးထားရမည်။စွပ်စွဲခံရသူအနေဖြင့် တရားရေးဆိုင်ရာအခွင့်အရေးများရှိသလို ခံစားရသူများနှင့် မျက်မြင်သက်သေများကိုလဲ လုံခြံုအောင်ကာကွယ်ပေးရမည်။
ခိုင်လုံသောသက်သေ အထောက်အထားများ ပြည့်စုံပါက တရားရုံးသည် စီရက်ချက်ချနိုင်ပြီ ဖြစ်သည်။ တရားရုံးက ချမှတ်သည့်အမိန့်ကို အယူခံဝင်ပိုင်ခွင့်လည်း ရှိသည်။
Commission of Inquiry ၏ လုပ်ထုံးလုပ်နည်းများ
စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်မည်ဆိုပါက အောက်ပါအချက်များကို သတိပြုရမည်။
၎င်းတို့မှာ-
စတင်စုံစမ်းပြီဆိုပါက ထိုစုံစမ်းစစ်ဆေးမှုကို စုံစမ်းစစ်ဆေးသူနှင့် တရားရုံးကလွဲ၍ တခြားမည်သူကမျှ အဆုံးသတ်ခိုင်းခြင်းမပြုနိုင်။ သို့သော် လုံခြံုရေးကောင်စီအနေဖြင့် စုံစမ်းစစ်ဆေးမှု သို့မဟုတ် စီရင်ချက်ကို နောက်ထပ် ထပ်တိုးနိုင်သည့် (၁၂)လကာလ ရွှေ့ဆိုင်းနိုင်သည်။
စုံစမ်းစစ်ဆေးမှုတခုလုံးသည် အထူးလျို့ဝှက်လုံခြံုမှုရှိရမည်။
စုံစမ်းစစ်ဆေးသူသည် စုံစမ်းသည့်အချက်ကို ကျူးလွန်ခံရသောသူနှင့်ကျူးလွန်သည့်သူဘက် အပါ အဝင် ဘက်နှစ်ဘက်စလုံးကို မျှမျှတတစုံစမ်းဖော်ထုတ်ရမည်။
စုံစမ်းစစ်ဆေးသောသူသည် ကျူးလွန်သူများအနေဖြင့် အစိုးရဖက်ကဖြစ်စေ၊ အတိုက်အခံအဖွဲ့များကဖြစ်စေ၊ အခြားအဖွဲ့များကဖြစ်စေ အဖွဲ့ကိုထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ဖြစ်နိုင်ချေဖြစ်သော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရမည်။
စုံစမ်းစစ်ဆေးမည်ဆိုပါက စုံစမ်းစစ်ဆေးမည့်သူသည် ထိုအခင်းဖြစ်ပွားသည့်နိုင်ငံ၏အစိုးရကိုခွင့်တောင်း၍ စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နိုင်သည်။
စုံစမ်းစစ်ဆေးမည့်သူ၏ လုပ်ပိုင်ခွင့်များ
အချက်အလက်များကို စုဆောင်းကောက်ယူနိုင်သည်။
ခံစားရသူများနှင့် မျက်မြင်သက်သေများကို မေးခွန်းများ မေးနိုင်သည်။
အစိုးရများနှင့် အခြားအဖွဲ့အစည်းများထံမှ ပူးပေါင်းဆောင်ရွက်မှုများကိုတောင်းခံနိုင်သည်။
မိမိ စုဆောင်းရရှိထားသော သတင်းများကို လုံခြံုစိတ်ချစွာ ထိမ်းသိမ်းထားပိုင်ခွင့် ရှိသည်။
မိမိရရှိထားသောသတင်းများအပြင် ထိုအချက်များကို ပေးသောသူများတွင်လုံခြံုမှုရှိစေရန်အတွက် လိုအပ်သော လုပ်ဆောင်ပေးမှုများ လုပ်ဆောင်ပေးရန်နှင့် ထိုသို့လုပ်ဆောင်ပေးရန် တောင်းဆိုနိုင်သည်။
သံသယရှိသည်ဟုယူဆရသောသူ၏ ရပိုင်ခွင့် အခွင့်အရေးများ
စုံစမ်းစစ်ဆေးသူသည် ကျူးလွန်သည်ဟု သံသယရှိသောသူကို မေးမြန်းတော့မည်ဆိုပါကထိုသူ့ထံတွင် အောက်ပါအခွင့်အရေးများရှိကြောင်း အသိပေးရမည်။ ၎င်းတို့မှာ-
-အပြစ်ရှိသည်ဟု ထုတ်ဖော်မပြောဆိုနိုင်ခွင့်၊
-တရားလက်လွတ်ဖမ်းဆီးခြင်း၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှိပ်စက်ခြင်းမှကင်းလွတ်ခွင့်၊
-စကားပြန်ဖြင့် မေးမြန်းခြင်းကို ရပိုင်ခွင့်၊
-ထိုသူ့အပေါ် သံသယရှိနေကြောင်းကို ထိုသူအား ပြောပြခြင်း၊
-မပြောဘဲ နေပိုင်ခွင့်၊
-ရှေ ့နေရရှိခွင့်၊
-ရှေ ့နေမငှားနိုင်ပါက အကူအညီရရှိခွင့်၊
-သူကိုယ်တိုင်ကငြင်းဆိုခြင်းမဟုတ်ပါက သူ၏ရှေ့နေရှေ့မှောက်တွင်မေးခွန်း မေးမှုများကို ရရှိပိုင်ခွင့်။
စုံစမ်းစစ်ဆေးမှုအဆင့်ဆင့်
စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ရန် ဆုံးဖြတ်ခြင်း၊
စုံစမ်းစစ်ဆေးသူအား ခန့်အပ်ခြင်း၊
သက်ဆိုင်ရာအစိုးရနှင့် ညှိနှိုင်း၍ စုံစမ်းစစ်ဆေးခြင်း၊
စုံစမ်းစစ်ဆေးပြီးသည့်နောက် ကျူးလွန်သူသည် အမှန်တကယ် ကျူးလွန်ကြောင်း
ခိုင်လုံသော အထောက်အထားများ တွေ့ရပါက အကြိုခုံရုံးတွင် ဖမ်းဝါးရမ်း တောင်းခံခြင်း၊
အကြိုခုံရုံးက ဖမ်းဝရမ်းထုတ်ပေးခြင်း၊ဖမ်းဆီးခြင်း၊ ကိုယ်တိုင်လာအဖမ်းခံခြင်း၊
အကြိုခုံရုံးတွင် စွဲဆိုချက်များကို ကြားနာစေခြင်း၊
စွပ်စွဲခံရသူက စွဲဆိုချက်များအပေါ် ငြင်းဆိုခြင်း၊ မိမိ၏ သက်သေအထောက်အထားများကို တင်ပြခြင်း၊
ခိုင်လုံသည့်အထောက်အထားများရှိပါက စွဲချက်များကို အတည်ပြုခြင်း၊
စွပ်စွဲခံရသူကို တရားရုံးတင်ခြင်း၊
အကြိုတရားရုံးက ထိုအမှုသည် အိုင်စီစီတွင် တင်နိုင်သောအမှု ဖြစ်ကြောင်း တင်သွင်းခြင်း၊
တရားစစ်ဆေးခြင်း (တရားမျှတသော တရားခွင်ဖြစ်ရန် တာဝန်ခံစေခြင်း)၊
တရားရုံးက စီရင်ချက်ချခြင်း၊
တရားခံအနေဖြင့် အယူခံဝင်လိုပါက အယူခံဝင်ခွင့်ကို ခွင့်ပြုခြင်း။
သက်ဆိုင်ရာ အချက်အလက်များကို ကောက်ယူခြင်းနှင့် အရေးပါမှုအပိုင်း
သတင်းအချက်များရရှိရန်မှာ အိုင်စီစီအတွက် အထူးအရေးကြီးလှသည်။ ထိုမှသာ မှန်ကန်စွာဖြင့် အရေးယူဆောင်ရွက်နိုင်မည်ဖြစ်သည်။
အိုင်စီစီသည် ၄င်းထံတင်သွင်းလာသည့် သက်သေအထောက်အထား များကို သေသေချာချာ စစ်ဆေးဆောင်ရွက်လေ့ရှိသည်။
Rwandan_Genocide_Murambi_skulls
သက်သေအထောက်အထားများကို တင်သွင်းခြင်း အပိုဒ်(၆၉-၄)
သက်သေအထောက်အထားတင်သွင်းနိုင်မှ
ုရှိမရှိကို တရားရုံးတော်က ဆုံးဖြတ်သည်။
ထိုတင်သွင်းသည့် သက်သေအထောက်အထားသည် တရားမျှတစွာ သုံးသပ်နိုင်မှုအပေါ် ထိခိုက်နိုင်ခြင်း ရှိမရှိကို အမြဲလေ့လာသည်။
ထိုသက်သေအထောက်အထားများသည် အိုင်စီစီ၏ လုပ်ထုံးလုပ်နည်းများအတိုင်းကောက်ယူမည်။
အကယ်၍ အောက်ပါအချက်အလက်များရှိနေပါက သက်သေအထောက်အထားများကို မတင်သွင်းနိုင်ပါ။ ၎င်းတို့မှာ-
-ထိုသက်သေအထောက်အထားသည် ခိုင်လုံမှုမရှိဟု ယူဆရသည့်အခါ၊
-ထိုသက်သေအထောက်အထား တင်သွင်းခြင်းကြောင့် တရားရေးလုပ်ငန်းစဉ်ကို အထူးထိခိုက် သက်ရောက်စေမည်ဟု ယူဆရသည့်အခါ။
အမှုကို စီရင်ရာတွင် ကျူးလွန်မှုမြောက်၊ မမြောက်ဆိုသည်ကို အောက်ပါအချက်နှစ်ချက်ဖြင့် စီရင်လေ့ရှိသည်။ ၎င်းတို့မှာ-
(၁)ရာဇဝတ်မှုအခြေခံသော သက်သေအထောက်အထား (Crime based evidence)
- ထိုအမှုသည် လူသားမျိုးနွယ်တခုလုံးကို ထိခိုက်သောအမှု၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုနှင့် လူမျိုးတုံး သတ်ဖြတ်မှုဟုတ်မဟုတ်ကို လေ့လာဆန်းစစ်သော သက်သေအထောက်အထားများ၊
(၂)ပတ်သက်မှုကို လေ့လာသော သက်သေအထောက်အထား (Linkage Evidence) တို့ဖြစ်ကြသည်။
(၁)ရာဇဝတ်မှုအခြေခံသော သက်သေအထောက်အထား (Crime based evidence)
ကျူးလွန်သောအမှု၏ နောက်ကွယ်တွင်ရှိသော အကြောင်းရင်းများကိုသက်သေပြရန်အတွက် ဖြစ်သည်။ ထိုသို့သက်သေပြနိုင်ရန်အတွက်-
လူအမြောက်အများအပေါ် ထိခိုက်စေမှု၊
အကြိမ်ကြိမ်အခါခါ ကျူးလွန်နေမှု၊
ငြင်းဆိုနိုင်မှု အားနည်းမှု၊
တင်ပြမှုများသည် အကြောင်းအရာ အချက်အလက်များ ညီညွတ်ခြင်းမရှိမှု၊သက်သေတဦးတည်းထံမှ ထွက်ဆိုချက်အမျိုးမျိုး ထွက်ဆိုနေမှု။
ရာဇဝတ်မှုအခြေခံသော သက်သေအထောက်အထားများကို ကောက်ယူရာတွင် လိုအပ်သည့် အခြေခံအချက်များ
-၂ဝဝ၂ ခုနှစ် ဇူလိုင်လနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သောနေ့များမှစ၍..
-အခင်းဖြစ်ပွားရာနေရာ၊
-ရာဇဝတ်မှုအမျိုးအစား၊
-ခံရသည့်သူ အရေအတွက်၊
-ခံရသောသူများ၏ နိုင်ငံသား၊ တိုင်းရင်းသား၊ လူမျိုး၊ လိင်၊နိုင်ငံရေး သို့မဟုတ်ဘာသာရေးအုပ်စု၊
-ကျူးလွန်သောသူ သို့မဟုတ် အုပ်စု အကြောင်း (တပ်ဖွဲ့၊ ယူနီဖောင်း)၊
-ကျူးလွန်ချိန်တွင် ကျူးလွန်သူများက ထုတ်ဖော်ပြောဆိုချက် (ခံရသောသူများကိုမုန်းတီးမှုရှိရှိဖြင့် ပစ်မှတ်ထားလုပ်ဆောင်မှုကို ပေါ်လွင်စေသော ပြောဆိုချက်များ)
ရာဇဝတ်မှုအခြေခံသော သက်သေအထောက်အထားကောက်ယူရာတွင် အသုံးပြုနိုင်သောအခြားအထောက်အထားများ
-ဂြိုလ်တုသတင်းဓာတ်ပုံများ
-ရာဇဝတ်မှုကျူးလွန်နေသည့် ဓာတ်ပုံများ၊ ဗွီဒီယိုများ၊အသံဖမ်းထားသောအခွေများ၊
-အခြားအဖွဲ့အစည်းများ၏ တင်ပြမှုများ၊
-ဆေးမှတ်တမ်းများ၊
-သံတမန်များ၊ သတင်းဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့များနှင့်
-ကုလသမဂ္ဂဆိုင်ရာဝန်ထမ်းများ၏ အစီရင်ခံစာများ၊
-လူသေမှတ်တမ်း၊ သချိုင်းများ၊
(မှတ်ချက်။ ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုများတွင် ဤအချက်အလက်များကို ပြည့်စုံစွာစုဆောင်းရရှိနေပြီဖြစ်ပါကြောင်း။)
မျက်မြင်သက်သေတဦးချင်းထံမှ စုံစမ်းရရှိလာသောအချက်များကို စုဆောင်း၍ သုံးသပ်မှုများ ပြုလုပ် လေ့ရှိသည်။
ထိုအမှုများကို ဇယားများဆွဲ၍ လေ့လာခြင်းအားဖြင့် အခင်းဖြစ်ပွားရာ နေရာ၊ အချိန်၊ ထိခိုက်ခံစား ရသောသူများ၊ ကျူးလွန်သည့်အမှုများကို သေသေချာချာ ကွဲကွဲပြားပြား မြင်နိုင်မည်။
ထို့အပြင် ကျူးလွန်သူများသည် တဦးထဲကကျူးလွန်ခြင်းလား၊ အုပ်စုလိုက် ကျူးလွန်ခြင်းလား ဆိုသည်ကို သိသာ ထင်ရှားစေနိုင်မည်။
ထိုသို့ လုပ်ဆောင်ခြင်းကြောင့် ကျူးလွန်မှုသည် ပမာဏအရေအတွက် ဘယ်လောက်များကြောင်း သက်သေပြလာနိုင်သည်။ ကျူးလွန်သည့်အမှု၏ နောက်ခံလှုံ့ဆော်ချက်များမှာပိုမိုပေါ်လွင်လာသည်။
ကျူးလွန်သည့်သူ သို့မဟုတ် အုပ်စုများကို ပိုမို သက်သေပြနိုင်သည်။ထိုကျူးလွန်မှုသည် တနေရာထဲတွင် ကျူးလွန် ခြင်းမဟုတ်ဘဲ နေရာအနှံ့အပြားတွင်ရည်ရွယ်ချက်
ရှိရှိဖြင့်ကျူးလွန်ခြင်းဆိုသည့်အချက်ကို ပိုမိုထင်ရှားစေ သည်။ အကယ်၍လိုအပ်သည့်အချက်များ ရှိနေခဲ့ပါက ထိုအချက်များကို ရှာဖွေတွေ့ရှိလာစေနိုင်သည်။
(၂)ပတ်သက်မှုကို လေ့လာသော သက်သေအထောက်အထား (Linkage Evidence)
ယခုသက်သေအထောက်အထားများသည် ကျူးလွန်သူကို ဖော်ထုတ်ခြင်း မဟုတ်တော့ဘဲ ယခု ကျူးလွန်သောသူ သို့မဟုတ် အုပ်စုသည်
အခြားအထက်အရာရှိများနှင့် မည်ကဲ့သို့ ဆက်နွယ်ပတ်သက်နေသည် ဆိုသည့် သက်သေအထောက်အထားများကိုရှာဖွေစုံစမ်းခြင်းဖြစ်သည်။
ပတ်သက်မှုကို လေ့လာသော သက်သေအထောက်အထားအမျိုးအစားများ
-ကျူးလွန်သောသူနှင့် အထက်အရာရှိတို့၏ တိုက်ရိုက်ဆက်သွယ်ပတ်သက်မှု�
No comments:
Post a Comment
Note: Only a member of this blog may post a comment.