Breaking

November 6, 2019

အိန္ဒိယထုတ်ပြန်တဲ့ကက်ရှ်မီးယားမြေပုံအသစ်ကို ပါကစ္စတန်ပယ်ချ


No photo description available.

နိုဝင်ဘာ ၅၊ ၂၀၁၉ Myanmar Muslim Media
နိုင်ငံရေးမြေပုံသစ်ထဲမှာ ကက်ရှ်မီးယားကိုအိန္ဒိယရဲ့အစိတ်အပိုင်းအဖြစ် နယူးဒေလီကဖော်ပြခဲ့ပြီးနောက် ဒီလိုနယ်မြေကြီးစိုးဖို့အိန္ဒိယရဲ့ ကြံရွယ်မှုတွေကို ပါကစ္စတန်ကဝေဖန်ရှုတ်ချပြီး ပယ်ချလိုက်ပါတယ်။
နိုဝင်ဘာ၂ရက်နေ့က အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့ အိန္ဒိယနိုင်ငံမြေပုံထဲမှာ ဂျမူးနဲ့ ကက်ရှ်မီးယား တို့ကိုထည့်သွင်းဖော်ပြထားပြီး အိန္ဒိယရဲ့နယ်မြေပိုင်းခြားစီရင်ရေးဘောင်အတွင်းကနေ ဂစ်လ်ဂျစ်ဘဲလ်တီစတန်နဲ့ AJK တို့ရဲ့အစိတ်အပိုင်းတွေကို ဖော်ပြဖို့ကြိုးပမ်းနေတာတွေဟာ မှန်ကန်မှု မရှိသလို တရားဝင်မှုလည်းမရှိပါဘူး။ ဒါဟာကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို လုံးဝကို ချိုးဖောက်ရာ ရောက်တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်က အိန္ဒိယဟာ ဂျမူးနဲ့ကက်ရှ်မီးယားနယ်မြေတွေကိုပေါင်းစပ်ထားတဲ့ နယ်မြေ အသစ်တွေ ကိုအသစ်ဖန်တီးထားတဲ့မြေပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယအစိုးရက ဂျမူးနဲ့ ကက်ရှ်မီးယားကို ပြည်ထောင်စုနယ်မြေနှစ်ခုအဖြစ် နှစ်ပိုင်းခွဲခဲ့ပြီးနောက် မြေပုံအသစ်တွေကို ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။။
ပြီးခဲ့တဲ့ အပတ်တုန်း ကလည်း နူကလီးယားအင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ ရှိနေတဲ့ကြားကပဲ အောက်တိုဘာ ၂၈ ရက်နေ့မှာ ဆော်ဒီကိုသွားရောက်မဲ့ဝန်ကြီးချုပ်မိုဒီအတွက် ပါကစ္စတန်ရဲ့ လေပိုင်နက်ထဲဝင်ရောက်ခွင့်ပြုဖို့ အိန္ဒိယရဲ့တောင်းဆိုချက်ကို ပါကစ္စတန်ကပယ်ချခဲ့ပါတယ်။ ကက်ရှ်မီးယားမှာဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဝန်ကြီးချုပ်မိုဒီကို ပါကစ္စတန် လေပိုင်နက် ကိုအသုံးပြုခွင့်ပေးသွားမှာမဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးရှားမက်ဟ်မွတ်က ပြောကြားခဲ့ပါတယ်။
စက်တင်ဘာတုန်းကလည်း ကုလအထွေထွေညီလာခံအတွက် အမေရိကန်ကိုသွားရောက်နိုင်ဖို့ ဝန်ကြီးချုပ်မိုဒီအတွက်လေပိုင်နက်ကိုအသုံးပြုခွင့်ပေးဖို့တောင်းဆိုချက်ကိုလည်း ပါကစ္စတန်ကပယ်ချခဲ့ပါတယ်။ ဂျမူးနဲ့ကက်ရှ်မီးယားကအထူးအခြေအနေတွေကို အိန္ဒိယက ရုပ်သိမ်း ခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်လာနေခဲ့တာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံဥပဒေပိုဒ်ပွဲ ၃၇၀ကိုဖျက်သိမ်းမှုဟာ ပြည်တွင်းရေးသာဖြစ်ကြောင်း အိန္ဒိယကဖြေရှင်းထားပါတယ်။
ဒီအငြင်းပွားဖွယ်ရာမြေပုံတွေထုတ်ပြန်မှုကလည်း တင်းမာမှုတွေကိုပိုမိုအခြေအနေဆိုးစေမှာပဲဖြစ်ပါတယ်။ “ပါကစ္စတန်ကဒီမြေပုံတွေကိုလက်မခံပါဘူး ပယ်ချပါတယ်။ ဒီမြေပုံတွေဟာလည်း ကုလရေးဆွဲထားတဲ့ မြေပုံနဲ့တစ်ခြားစီပါပဲ” လို့နိုင်ငံခြားရေးဝန်ကြီးရဲ့ထုတ်ပြန်ချက်ထဲမှာပြောကြားထားပါတယ်။ “ကုလ အသိအမှတ် ပြု ထားတဲ့ ဂျမူးနဲ့ကက်ရှ်မီးယားအခြေအနေကို အိန္ဒိယအနေနဲ့ပြောင်းလဲမှုလုပ်လို့မရကြောင်း ကျွန်တော်တို့ထပ်လောင်းပြောကြားလိုပါတယ်။ အိန္ဒိယအုပ်ချုပ်ထားတဲ့ ဂျမူးနဲ့ကက်ရှ်မီးယားက လူတွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အခြေအနေကို အိန္ဒိယအစိုးရအနေနဲ့ တစ်ဖက်သတ်ဆုံးဖြတ်လို့မရပါဘူး” လို့ဝန်ကြီးကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
“ကုလလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေနဲ့အညီ ပါကစ္စတန်အနေနဲ့ အိန္ဒိယသိမ်းပိုက်ထားတဲ့ ဂျမူးနဲ့ကက်ရှ်မီးယားကလူထုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအခြေအနေကို ဆက်လက်ထောက်ခံ သွားမှာဖြစ်ပါတယ်”လို့ ဝန်ကြီးကပြောကြားခဲ့ပါတယ်။
The Nation သတင်းဌာနပါ “Pakistan rejects fresh Kashmir maps issued by India” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.