Breaking

November 7, 2019

လုပ်ဇာတ်တွေရပ်တန့်ဖို့ မြန်မာကို ဘင်္ဂလားဒေ့ရှ် ပြော


 ရိုဟင်ဂျာ အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အနေနဲ့ လုပ်ဇာတ်ခင်းနေတဲ့ နည်းလမ်းကို ရပ်တန့်ဖို့နဲ့ ၎င်းတို့လုပ်ရမယ့် တာဝန်ဝတ္တရားတွေ ပြီးမြောက်ရေးကိုပဲ အာရုံစိုက်ဖို့ ဘင်္ဂလားဒေ့ရှ်က တိုက် တွန်းပြောဆိုလိုက်ကြောင်း သိရပါတယ်။

နေရပ်စွန့်ခွာ ရိုဟင်ဂျာတွေ ကိုယ့်သဘောနဲ့ကိုယ် မပြန်နိုင်ရတဲ့ တကယ့် အကြောင်းရင်းတွေကို ဖြေရှင်းနိုင် ရေး မြန်မာအစိုးရက ဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ် ပြန်ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် မကြာခင်က ပြောဆိုခဲ့တဲ့ မှတ်ချက်တွေအပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ယခုထုတ်ပြန်ချက် ထွက်လာခဲ့ တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရုံးရဲ့ အဆိုအရ မကြာခင်က ပြုလုပ်ခဲ့တဲ့ ဘက်မလိုက်လှုပ်ရှားမှု(NAM) အစည်း အဝေးအတွင်း ရိုဟင်ဂျာအရေးကို ဘာသာရေး ဖိနှိပ်မှု၊ လူမျိုးစုလိုက် ရှင်းလင်းမှုနဲ့ ဂျီနိုဆိုက် အသွင် ဖော် ဆောင်ကာ ဘင်္ဂလားဒေ့ရှ်က မှားယွင်းစွပ်စွဲမှုတွေ လုပ်ခဲ့တယ်လို့ မြန်မာဝန်ကြီးက ပြောဆိုခဲ့ကြောင်း သိရပါ တယ်။

ရိုဟင်ဂျာတွဟာ ကိုလိုနီခေတ်ကာလအတွင်းက ဘင်္ဂလားဒေ့ရှ်ကနေ နယ်စပ်ဖြတ်ကျော် လာသူတွေအဖြစ် မြန်မာက အစဉ်ပြောခဲ့ကြောင်း၊ ယခုအခါမှာတော့ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲ ကာလ အတွင်း ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံအတွင်း အလုံးအရင်း ဝင်ရောက်လာခဲ့သူတွေအဖြစ် ၎င်းတို့တွေက ထွင်လုံးအသစ်နဲ့ ပြောလာပြန်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက် အားလုံးဟာ အခြေအမြစ်မရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ၊ မဟုတ်မမှန်ပြောဆိုမှုနဲ့ အချက်အလက် မှားယွင်း ဖော်ပြမှုတွေကို လက်မခံကြောင်း ပြော ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းကာ ရေရှည်ဖြစ်တည်နေတဲ့ ပြဿနာကို ဆွေးနွေးပြော ဆိုမှုကနေ ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက တစ်သမတ်တည်း လုပ်ကိုင်ဆောင်ရွက်နေကြောင်း ဘင်္ဂလား ဒေ့ရှ်နိုင်ှုံခြားရေး ဝန်ကြီးဌာနက ဆက်လက် ပြောဆိုပါတယ်။

ရှည်ကြာနေတဲ့ အကြပ်အတည်းအတွက် လုံးလုံး တာဝန်ရှိတဲ့ တစ်ဖက်က မျှတမှုမရှိတဲ့ စွပ်စွဲမှုတွေဟာ လုံး ဝ လက်ခံနိုင်စရာမရှိကြောင်း၊ ယင်းကဲ့သို့ လုပ်ရပ်မျိုးတွေဟာ အကြပ်အတည်း ဖြေရှင်းရေး အတွက် ဘင်္ဂလား ဒေ့ရှ်ရဲ့ လက်ရှိ ဆောင်ရွက်နေမှုတွေကို ပျက်စီးပြိုလဲသွားနိုင်ကြောင်းလည်း ပြောဆို ခဲ့ပါတယ်။


https://akonthi.com/ShweMoeNyo-22228

No comments:

Post a Comment

Note: Only a member of this blog may post a comment.