မြန်မာနိုင်ငံတွင် လူမျိုးတုန်း သတ်ဖြတ်မှုမရှိ၊ ရှိခဲ့လျှင် မွတ်စ်လင်မ်များကို တွေ့ရတော့မည်မဟုတ်ဟု အများက ပြောကြသည်။ Genocide မရှိကြောင်း ငြင်းသော်လည်း Genocide ဆိုသည်မှာ ဘာလဲ သိသူရှားပေသည်။ Genocide တွင် အဆင့်၈ဆင့် ရှိသည်။
၎င်း အဆင့်၈ဆင့်မှ မြန်မာနိုင်ငံတွင် မည်သည့်လက္ခဏာများကိုတွေ့နိုင်သည်ဆိုတာ အောက်တွင် သုံးသပ်ပြထားသည်။
1. Classification “မင်းတို့” “ငါတို့” စသဖြင့် ခွဲခြားခြင်းဖြစ်သည်။ များသောအားဖြင့် လူမျိုး၊ ဘာသာ နှင့်လိုက်၍ ခွဲခြားတတ်သည်။ ဥပမာ “German” နှင့် “Jew”၊ “Hutu” နှင့် “Tutsi” ခွဲခြားခြင်းဖြစ်သည်။ လက္ခဏာ – မင်းတို့ကုလားတွေ၊ ငါတို့ဗမာတွေ ဟူသော အသုံးအနှုန်းကို နေရာအများအပြားတွင် တွေ့ရှိရသည်။
2. Symbolization အပေါ်ယံ အသွင်အပြင် အမှတ်အသားအပေါ် မူတည်၍ ခွဲခြားဆက်ဆံခြင်းဖြစ်သည်။ ဥပမာ နာဇီခေတ်တွင် ဂျူးလူမျိုးများကို ၎င်းတို့၏ ဝတ်စား ဆင်ယင်ပုံကိုကြည့်၍ ခွဲခြားခဲ့သည်။ ထို့အပြင် အဝါရောင်ကြယ် တံဆိပ်ဖြင့်လဲ ခွဲခြားသတ်မှတ်ခဲ့ကြသည်။ လက္ခဏာ – မွတ်စ်လင်မ်များကို မျက်နှာပေါက်၊ မုတ်ဆိတ်၊ ဝတ်ရုံဖြူ စသည်ဖြင့် ခွဲခြားသတ်မှတ်ကြသည်။ ၇၈၆ဟူသော တံဆိပ်ဖြင့်လဲ ခွဲခြားကြသည်။
3. Dehumanization အုပ်စုတစ်ခုသည် အခြားတစ်ခု၏ လူအဖြစ် ရပ်တည်မှု (humanity) ကို ငြင်းဆန်ခြင်းဖြစ်သည်။ အဆိုပါအုပ်စုအား တိရစ္ဆာန်များနှင့်နှိုင်းတတ်ကြသည်။ သတင်း စာ၊ ရေဒီယိုနှင့် မီဒီယာများမှလဲ ဝါဒဖြန့်ခြင်းများဖြင့် ခံရသူအုပ်စုကို ခွဲခြားသတ်မှတ်သည်။ လက္ခဏာ – ဘုန်းကြီးများပင်လျှင် တရားဟောရာ၌ မွတ်စ်လင်မ်များအား တိရစ္ဆာန် များနှင့် ခိုင်းနှိုင်းကြသည်။ နိုင်ငံပိုင် သတင်းများမှလဲ ကုလားဟူသော အသုံးအနှုန်းကို သုံးစွဲခဲ့သည်။
4. Organization Genocide လုပ်ရန်အတွက် အထူးအဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းကြသည်။ များသောအားဖြင့် လက်နက်ကိုင်တပ် (သို့) အကြမ်းဖက်သမားများ ဖြစ်လေ့ရှိသည်။ လုပ်ငန်းစဉ်များအတွက် ကြိုတင် အကွက်ချ ကြံစဉ်မှုများ ပြုလုပ်ကြသည်။ လက္ခဏာ – စနစ်တကျ လေ့ကျင့်ထားပုံရသည့် ဘယ်ကမှန်းမသိရောက်လာသော ဒေါသထွက်နေသည့် လူအုပ်ကြီး၊
5. Polarization Genocide ကျူးလွန်မည့် အုပ်စုသည် မီဒီယာအားကိုးဖြင့် ဝါဒဖြန့်ကြသည်။ အကြမ်းဖက် အုပ်စုသည် ကြားနေလူများ၊ ၎င်းတို့ကိုဆန့်ကျင်သည့် အစွန်းမရောက်သူများ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ ကိုလဲ တိုက်ခိုက်ကြသည်။ လက္ခဏာ – မွတ်စ်လင်မ်မကောင်းကြောင်းများကို မီဒီယာများမှ တစ်ဆင့် လုပ်ကြံချဲ့ထွင်၍ ဖြန့်ကြသည်။ ၎င်းတို့ကိုဝေဖန်သည့် ကြားနေသူများကိုလဲ ကုလားလော်ဘီဟု ဆိုကာ တိုက်ခိုက်ကြသည်။ UNHCR ကိုပင် ဦးတည်တိုက်ခိုက်မှုများ ရှိသည်။
6. Preparation အကြမ်းဖက်သူများသည် ၎င်းတို့၏ သားကောင်အား အမှတ်အသားများဖြင့် ခွဲထုတ်ကြသည်။ များသောအားဖြင့် လူမျိုး ဘာသာ အမှတ်အသားများ ဖြစ်လေ့ရှိသည်။ ၎င်းအမှတ်အသားများကို ပစ်မှတ်ထား တိုက်ခိုက်ကြသည်။ အသေအပျောက်စာရင်းများလဲ တွေ့ရသည်။ ၎င်းတို့၏ ပစ္စည်းဥစ္စာများကို ဖျက်ဆီးလုယူတတ်ကြသည်။ ထို့အပြင် အကြမ်းဖက်ခံရသူများအား သပ်သပ်ခွဲ၍ ရွာအပြင်၊ ရပ်ကွက်အပြင်၊ camp များအတွင်း အစာငတ်စေရန် ထားတတ်သည်။ ယခုအဆင့်သည် Genocide Emergency အရေးပေါ်အခြေအနေအဖြစ် ကြေငြာရမည့် အဆင့်ဖြစ်သည်။ လက္ခဏာ – စတစ်ကာ အမှတ်အသားများဖြင့် မွတ်စ်လင်မ်အိမ်များကို ခွဲခြားကြသည်။ သံတွဲဖြစ်စဉ်တွင် ဘာသာရေးအလံပါ အသုံးပြုမှုရှိလာသည့်အတွက် အစိုးရပိုင်းကပါ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည်။ ဘာသာရေးအဆောက်အဦးများကို အဓိကထားတိုက်ခိုက်ကြသည်။ အသေအပျောက်များလဲ ရှိခဲ့သည်။ အိမ်များ၊ ဆိုင်များအတွင်းမှ ပစ္စည်းများ လုယက်ခံရသည့် မှတ်တမ်းများလဲ ရှိသည်။ အိမ်ခြေဆုံးရှုံးသွားသည့် မွတ်စ်လင်မ်များအား ဒုက္ခသည်စခန်းအတွင်း ထားရှိသည်။ အနေ အစား ဆင်းရဲမှုများလဲ ရှိသည်။ ပြန်လည်နေရာချထားပေးမှု ကြန့်ကြာနေသည်။
7. Extremination အမြစ်ပါမကျန် ဖျက်ဆီးသတ်ဖြတ်သည့် အဆင့်ဖြစ်သည်။ ကလေးသူငယ် သက်ကြီးရွယ်အိုများကိုပင် ချမ်းသာမပေး။ အကြမ်းဖက်သူများသည် ၎င်းတို့သတ်ဖြတ်သည့် လူများကို လူဟုမသတ်မှတ်တတ်ကြပေ။ တစ်ခါတစ်ရံတွင် Genocide သည် ခုခံရာမှ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုအသွင်သို့ ကူးပြောင်းသွားတတ်သည်။ ဥပမာ Burundi ဖြစ်စဉ် လက္ခဏာ – အသက် ၉နှစ်မှ ၉၀ကျော်အထိ ကလေးသူငယ် သက်ကြီးရွယ်အိုများပင် သေဆုံးသူစာရင်းတွင် ပါဝင်ခဲ့ကြသည်။ သေသည့်သူများကိုလဲ ကုလားတွေ သေတာနည်းသေးဟု လူမဆန်သည့် အပြောအဆိုများကို တွေ့ရသည်။
8. Denial Genocide ဖြစ်စဉ်များတွင်တွေ့ရတတ်သော နောက်ဆုံးအဆင့်ဖြစ်သည်။ ကျူးလွန်သူများသည် အလောင်းများကို မြေကျင်းတူး၍ မြုပ်နှံကြသည်။ မီးရှို့၍ အလောင်းဖျော
1. Classification
2. Symbolization
3. Dehumanization
လူအုပ်ကြီး၊
6. Preparation
7. Extremination
8. Denial Genocide
No comments:
Post a Comment
Note: Only a member of this blog may post a comment.