Breaking

November 21, 2019

ICJ ကို ဘယ်လိုရင်ဆိုင်မလဲ



International Court of Justice ICJ
International Court of Justice ICJ
ICJ ခေါ် နိုင်ငံတကာတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုဥပဒေနဲ့ ဆက်စပ်ပြီး စွဲဆိုလျှောက်ထားခံရတဲ့အတွက် မြန်မာနိုင်ငံ ဂုဏ်သိက္ခာထိခိုက်စေတယ်ဆိုတာအပြင် လက်တွေ့နစ်နာမှုတွေ ဘယ်လာက်ရှိနိုင်သလဲ၊ ဘယ်လိုရင်ဆိုင်သင့်သလဲ ဆိုတာတွေကို ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေ၊၊ ဂျာမနီ နိုင်ငံဘာဘင်တက္ကသိုလ် မြန်မာမှုဌာန အငြိမ်းစားကထိက ဦးခင်မောင်စောတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဒီလိုဖြစ်လာရတာဟာ မြန်မာနိုင်ငံဘက်က ကိုင်တွယ်မှု မှားယွင်းခဲ့လို့လားဆိုတာနဲ့ ပတ်သက်ပြီး ဆရာဒေါက်တာတင့်ဆွေရဲ့ ရှင်းလင်းချက်ကို ကျနော် ကြားချင်ပါတယ်။
ဖြေ ။ ။ အဲဒါကတော့ မမှားခဲ့ဘူးလို့ သွားပြီးငြင်းလို့ မရဘူး။ နိုင်ငံတကာအမြင်နဲ့ ပြည်တွင်းအမြင်က တော်တော်လေးကို ကွာဟတဲ့ အခြေအနေပေါ်မှာ ရင်ဆိုင်ပြီး ဖြစ်လာခဲ့တယ်။ ၂၀၁၂ ခုနှစ်ကဆို (၇) နှစ် ရှိပါပြီ။ အဲဒီကတည်းက ရခိုင်ပြည်မြောက်ပိုင်းဒေသကိစ္စကို ကိုင်တွယ်ဖြေရှင်းတဲ့ အရင်အစိုးရနဲ့ အခုအစိုးရလက်ထက်မှာ ဒီအစိုးရနှစ်ခုနောက်မှာ တပ်မတော်က လက်နက်ကိုင်ကိစ္စတွေ ဖြစ်တာကို လက်နက်နဲ့ ဖြေရှင်းခဲ့တဲ့ကိစ္စတွေဖြစ်တော့ တပ်မတော်က တာဝန်အရှိဆုံးပါ။ သို့သော်လဲ တာဝန်ခံရတဲ့ အစိုးရနှစ်ရပ်စလုံး ဦးသိန်းစိန်အစိုးရနဲ့ လက်ရှိအစိုးရတို့လည်း တာဝန်မကင်းကြပါဘူး။ ကိုင်တွယ်ဖြေရှင်းမှုက ဘာအကျိုးစီးပွားကို အခြေခံပြီး ရှင်းသလဲဆိုတာကို ကျနော်ထင်တာကတော့ အရင်အစိုးရနဲ့ အခုအစိုးရနဲ့ တပ်မတော်တို့ တူဖို့မရဘူး။ ဒါကြောင့်သာလျင် ဒီလိုဖြစ်သွားပြီး တိုင်းပြည်တခုလုံးရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်တယ်။ နောက် ဆောင်ရွက်မှုဟာ မှားတယ်လို့ ပြောရမလား။ သို့မဟုတ် လိမ္မာပါးနပ်မှု မရှိခဲ့တာလားလို့ ကျနော်အနေနဲ့ သံသယ ရှိပါတယ်။
မေး ။ ။ ဆရာဦးခင်မောင်စောရဲ့ အမြင်ကိုလည်း ကြားချင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာဘက်က ကိုင်တွယ်ပုံ မှားယွင်းခဲ့လို့ အခုလို တရားစွဲခံရတယ်လို့ သုံးသပ်မိပါသလား။
ဖြေ ။ ။ မှားယွင်းတယ်လို့ ပြောရမလား။ အခုန ဆရာဦးတင့်ဆွေ ပြောသလိုပဲ မလိမ္မာဘူးလို့ပဲ ပြောရမလား မသိဘူး။ မှားတော့မှားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီပြဿနာက ကျနော်နဲ့ ဦးကျော်နဲ့ ဦးဉာဏ်ဝင်းအောင်နဲ့ အစောကြီးကတည်းက ပြောခဲ့ပြီးပါပြီ။ ခဏခဏလည်း ပြောဖူးတယ် – ကျနော်ကတော့ အစောကြီးကတည်းက ကိုဖီအာနန်ကော်မရှင် ဖွဲ့တာကို လုံးဝသဘောမတူတဲ့လူ။ လုံးဝမထောက်ခံခဲ့ဘူး။ ဒါက ပြည်တွင်းရေးကိစ္စကို အပြည်ပြည်ဆိုင်ရာဆီ တွန်းပို့သွားခဲ့တယ်လို့ ပြောခဲ့ပြီးပြီ။ အဲဒီကနေစပြီး မှားခဲ့တာ။ အဲဒီမှားခဲ့ပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကုလသမဂ္ဂညီလာခံတွေဆို သူအာဏာရခါစ တနှစ်ပဲ သွားခဲ့တယ်။ နောက်ပိုင်းမှာ တခါမှ သွားမတက်တော့ဘူး။ အခြားလူတွေကို သွားတက်ခိုင်းတာတွေကို လုပ်ခဲ့တယ်။ သူစတက်တုန်းက သူ့နာမည်လေးက သိပ်ကောင်းနေတဲ့အချိန်။ အဲဒီလို အခြေအနေမျိုးမှာ UN မှာ အစည်းအဝေးမှာ သူကိုယ်တိုင်သွားပြီး ရှင်းပြသင့်တယ်။ ဒီလိုကမ္ဘာက ကြားနေတာတွေ မှားပါတယ်။ ကျမတို့လက်ရှိ အခြေအနေက ဒီလိုပါဆိုတာကို သူ ရှင်းပြသင့်တယ်။ အဲဒါကို သူမရှင်းပြခဲ့လို့ ဒီပြဿနာက ပိုပြီးကြီးထွားသွားတယ်လို့ ကျနော်ထင်တယ်။
မေး ။ ။ ဆရာဒေါက်တာတင့်ဆွေအနေနဲ့ ဒီကိစ္စကို ဖြည့်ဆွတ်ပြီး ဆွေးနွေးလိုပါသလား။
ဖြေ ။ ။ ပြောရတာတော့ခက်တယ်။ ကျနော်တို့ကြားက အဝေးကနေ ပြောရတာ – ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ ဒီကိစ္စကို ပိုသိပါလိမ့်မယ်။ သူလဲပဲ ကောင်းမယ်လို့ ယူဆတဲ့ဘက်ကို ရွေးပြီးတော့ ဆုံးဖြတ်သွားတယ်လို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ်၊ တာဝန်ရှိနေတဲ့ သမ္မတပဲဖြစ်ဖြစ် နောက်ဆုံးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်ဖြစ် ဘယ်လိုပဲပြောပြော ဖြစ်ပြီသားကိစ္စကို နိုင်ငံတကာမှာ အထူးသဖြင့် ဘာသာရေးအခြေခံတဲ့ အုပ်စုတွေက မကောင်းမြင်ထားတာ ကြာပြီဖြစ်တဲ့အတွက် ကျနော်တို့ စကားသွားပြောလို့လဲ ရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဖြစ်ပြီသားကိစ္စကို ကျနော်တို့က ကာလို့မရတဲ့ အနေအထား ရောက်သွားခဲ့တယ်လို့ ယူဆပါတယ်။
မေး ။ ။ ကျနော် ရှေ့ဆက်မေးချင်တာကတော့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ အသားငမ်းငမ်းနဲ့ လိုချင်ခဲ့တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခရီးကို အခုလို ဖြစ်ရပ်တွေက ဘယ်လိုရိုက်ခတ်လာမလဲလို့ ထင်ပါသလဲ။ ဆရာဦးခင်မောင်စော စပြီးတော့ ဒီကိစ္စကို ပြောပေးပါ။
ဖြေ ။ ။ နည်းနည်းပါးပါးတော့ ထိခိုက်မှာပါ။ သိပ်အများကြီးတော့ ထိခိုက်မယ်လို့ ကျနော် မထင်ပါဘူး။ ဗမာပြည်သားတယောက်အမြင်နဲ့ နိုင်ငံခြားမှာမြင်တဲ့ အမြင်နဲ့ သိပ်မထူးခြားဘူး။ ဗမာပြည်ထဲက လူတွေအမြင်ကတော့ ဒီအစိုးရကိုပဲ ယုံကြည်မှု ဆက်ရှိနေအုံးမယ်။ ပြည်တွင်းရေးမှာတော့ သိပ်ထိခိုက်မယ်လို့တော့ မထင်ဘူး။
မေး ။ ။ ဆရာဦးတင်ဆွေ .. အဲဒီတော့ မြန်မာနိုင်ငံမှာ အဓိကအားဖြင့် နိုင်ငံရေးအင်အားစု (၃) ခု – တပ်မတော်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအင်အားစုတွေဆိုပြီး (၃) ပွင့်ဆိုင် ကွဲနေတယ်လို့ နိုင်ငံတကာက သုံးသပ်သူတွေနဲ့ ပြည်တွင်းက နိုင်ငံရေးသုံးသပ်သူတွေက ယူဆကြပါတယ်။ ဒီပြဿနာ ဖြစ်လာတဲ့အခါမှာ ဒီ (၃) ပွင့်ဆိုင်ဟာ ပိုပြီးတော့ စည်းလုံးညီညွှတ်သွားနိုင်ပါသလား။ သို့တည်းမဟုတ် ကွဲလွဲမှု ပိုပြီးတော့ ကြီးထွားသွားမလား။ တယောက်အားနည်းချက်ကို နင်းပြီးတော့ သူ့ကြောင့်ငါ့ကြောင့် ဖြစ်လာနိုင်သလား။ သို့တည်းမဟုတ် ငါတို့တစည်းတလုံးတည်း ရင်ဆိုင်ရမယ်ဆိုတဲ့စိတ်နဲ့ ပိုပြီးညီညွှတ်သွားမယ်လို့ ထင်ပါသလား။
ဖြေ ။ ။ အားမနာတမ်း ပြောရရင် ဒီ (၃) စုလို့ အခွဲခံထားရတဲ့ အမြင်ကိုက စည်းလုံးညီညွှတ်မှု အင်မတန်အားနည်းတဲ့ နိုင်ငံဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။ တိုင်းရင်းသားလို့ပြောရင် တိုင်းရင်းသားမှာလဲ ကျနော်တို့က တစုတည်းလို့ မမြင်ဘဲနဲ့ တိုင်းရင်းသားအင်အားစုအမျိုးမျိုးက အယူအဆ ရပ်တည်ချက်အမျိုးမျိုး ရှိတယ်လို့ ကျနော်ထင်တယ်။ သို့သော်လဲ ကျနော် စိုးရိမ်တာက ဒါကိုအကြောင်းပြုပြီးတော့ အခုတရားစွဲခံရတာက NLD အစိုးရလက်ထက်ဖြစ်တော့ NLD အစိုးရကို ဒီဟာနဲ့ ပုံချပြီးတော့ ကိုယ်မဲရရေး၊ သို့မဟုတ် ကိုယ့်အကျိုးစီးပွားအတွက် နိုင်ငံရေးအသုံးချမှုတွေကြားက ညီညွှတ်ရေးနဲ့ တိုင်းပြည်တခုလုံးအတွက် မကောင်းဘူး။ အဲဒီလိုအသုံးချတာလည်း မှားယွင်းတယ်။ ဒီဟာကို ပြည်သူလူထုတွေက ခေါင်းကြီးကြီးနဲ့ ရေရှည်ကြည့်ပြီးတော့ ဆုံးဖြတ်သင့်ကြတယ်လို့ ကျနော်က မေတ္တာရပ်ခံလိုပါတယ်။
မေး ။ ။ ဆရာဦးခင်မောင်စောရဲ့ သဘောထားကိုလည်း သိချင်ပါတယ်။ နဂိုကရှိနေတဲ့ အက်ကွဲကြောင်းက ပိုပြီးနက်ရှိုင်းသွားမလား။ သို့တည်းမဟုတ် စုပေါင်းရင်ဆိုင်ရမယ်ဆိုတဲ့သဘောနဲ့ ညီညွတ်မှု ရှိလာမယ် ထင်ပါသလား။
ဖြေ ။ ။ အဲဒီနေရာမှာတော့ ဆရာဦးတင့်ဆွေ ပြောသွားတာနဲ့ ကျနော်အမြင် သဘောထားချင်း တိုက်ဆိုင်မှု ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရွေးကောက်ပွဲနီးလာတော့ မဲဆွယ်ရတော့မယ်ဆိုတော့ မဲဆွယ်တဲ့အခါ ထုံးစံက ကိုယ့်အပြစ်မရှိဘူး၊ သူများပဲ ပုံချတတ်ကြတယ်။ အဲဒီလိုမျိုး အသုံးချပြီးတော့ မဲဆွယ်ကြမယ်လို့တော့ ထင်တယ်။ ဒါပေမဲ့ တစ်ခု ကျနော်ပြောချင်တာက ဒီလို ခုံရံုံးတွေ တင်တယ်ဆိုတာ အင်မတန်ကို ခရီးကြာတဲ့ကိစ္စကြီးပါ။ အခုမှတင်တာပဲ ရှိသေးတယ်။ အချက်အလက် ရှာဖွေရအုံးမယ်။ ဘာလုပ်ရအုံးမယ်၊ ညာလုပ်ရအုံးမယ်။ အဲဒါတွေနဲ့ ပြည်ကြည့်ရအုံးမယ်။ ကျနော် မှတ်မိသလောက်ဆိုရင် အခုထောင်ထဲရောက်နေတဲ့ ဆူဒန်သမ္မတ – အရင်တုန်းကတော့ မြောက်ဆူဒန်။ တောင်ဆူဒန်-မြောက်ဆူဒန် ကွဲတုန်းက မြောက်ဆူဒန်က သမ္မတကိုလည်း တရားစွဲပြီးတော့ သူတို့ ICC က လိုချင်ပါတယ်ဆိုပြီးတော့ ဝရမ်းကိုထုတ်ထားတာ – လာရင် သူကိုပို့ပေးပါဆိုပြီးတော့ – ကျနော် မှတ်မိသလောက် ပြန်ပြောရင် နှစ်ခါတိတိ မရလိုက်ဘူး။ ပထမတခုက အာဖရိကယူနီယန် – OAU သွားတက်တယ်။ တောင်အာဖရိမှာ။ အဲဒီတုန်းက ICC က လှမ်းပြီးတော့ ဒီလူကို တရားစွဲထားတယ် ပို့ပေးပါဆိုတော့ – တောင်အာဖရိကနိုင်ငံက ချက်ချင်းပြန်ဖြေတာက ကျုပ်တို့ဆီလာတဲ့ ဧည့်သည်ကို ဖမ်းပို့ရမယ်ဆိုတာ အာဖရိက ယဉ်ကျေးမှုနဲ့ လုံးဝမဟပ်ဆပ်ဘူး။ လုံးဝမလုပ်နိုင်ဘူး။ ငါတို့ဖိတ်ထားတာ ငါတို့အတွက် တရားခံမဟုတ်ဘူး။ မင်းတို့အတွက် တရားခံဖြစ်ရင်ဖြစ်လိမ့်မယ်လို့ တုံ့ပြန်ခဲ့တယ်။ နောက်တခါ ဆူဒန်က မူစလင်နိုင်ငံ ဖြစ်တယ်။ အစ္စလာမ်ကွန့်ဖရန့်တခု သွားတက်တယ်။ အဲဒီလိုပဲ လှမ်းတောင်းတယ်။ အဲဒါကိုလဲ ငြင်းဆိုပြီး မင်းတို့တောင်းတာကို ငါတို့မပေးနိုင်ဘူး။ ငါတို့ဧည့်သည်ကို ငါတို့က ကာကွယ်ရမယ်လို့ တုံ့ပြန်ခဲ့တယ်။ အဲဒီအချက်ကို ကျနော်တို့ အခုကတည်းက စဉ်းစားရမယ် – ICJ မှာတင်မယ်။ ဘယ်တင်မယ် ညာတင်မယ် ဆိုပေမယ့် ဘယ်သူက ဘယ်လောက်အထိ လိုက်နာမလဲ။ မလိုက်နာတဲ့နိုင်ငံတွေလည်း ရှိအုံးမှာပဲ။
မေး ။ ။ စောစောက ဆူဒန်သမ္မတကို ICC က လူပုဂ္ဂိုလ်တဦးချင်းအနေနဲ့ ဆွဲလို့ရတယ်။ ICJ မှာကြတော့ နိုင်ငံချင်းဖြစ်တဲ့ကိစ္စ ဖြစ်ပါတယ်ဆိုတော့ ICC ကို သိပ်အလေးမထားချင်ကြတာတောင်မှ ICJ ရဲ့ ဆုံးဖြတ်ချက်ကတော့ တစုံတခုတော့ ထိခိုက်လာနိုင်မယ် ထင်ပါတယ်။ အဲဒီကိစ္စကို ဆရာ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ICj မှာလည်း ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာတာတွေ ကြုံဖူးပါတယ်။ ဥပမာအားဖြင့် ယိုးဒယားနဲ့ ကမ္ဘောဒီးယား နယ်စပ်က ဘုရားကျောင်းကို လုကြပြီး၊ ဖြစ်ကြတော့ ICJ က ကမ္ဘောဒီးယားကို အနိုင်ပေးထားတယ်။ ဒါပေမဲ့ အခုထိ ယိုးဒယားက အဲဒီနယ်စပ်ကို သူဝင်ချင်တဲ့အချိန်ဝင်၊ တပ်စွဲချင်စွဲ လုပ်နေခဲ့တာ ICJ ဆုံးဖြတ်ချက်ကို လုံးဝဂရုမစိုက်ခဲ့ဘူး။ အဲဒါက တစ်ခု။ နောက်တခါ ရုရှားဂြိဟ်တု ကနေဒါပေါ် ပျက်ကျတုန်းက မီးလောင်းသွားတာ နည်းတာမဟုတ်ဘူး။ စိုက်ခင်းတွေအတွက် ကနေဒါနိုင်ငံက လျော်ကြေးတောင်းတယ်။ ICJ က ရုရှာကိုပြောတယ် – အဲဒီတုန်းက ဆိုဗိယက်ယူနီယံခေတ် – မပေးနိုင်ဘူးလို့ ပြောတယ်။ ဘာမှလုပ်မနေနဲ့လို့ တုံ့ပြန်တယ်။ အဲဒီတော့ Might is right ဆိုသလိုပဲ အင်အားကြီးတဲ့ နိုင်ငံဆိုရင် ICC, ICJ တို့ ဗိုလ်မကျရဲဘူး။
မေး ။ ။ Might is right ဆိုတာကိုတော့ သဘောကျပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အခုရင်ဆိုင်နေရတဲ့ ကိစ္စမှာတော့ မြန်မာနိုင်ငံက သိပ်ပြီးတော့ ခွန်အားကောင်းတဲ့နိုင်ငံလည်း မဟုတ်လေတော့ အကောင်းဆုံးက ဘယ်လိုလုပ်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ အကောင်းဆုံးကတော့ အချိန်ကို ဆွဲနိုင်သလောက် ဆွဲထားနိုင်ရင် အကောင်းဆုံးနည်းပဲ။ အချိန်ကိုဆွဲ၊ ကြာသွားလေ ကမ္ဘာ့အခြေအနေဆိုတာ ဒီနေ့တမျိုး၊ မနက်ဖြန်တမျိုး ပြောင်းချင်သလို ပြောင်းနေတာဆိုတော့ ဗမာအစိုးရနဲ့ ဗမာပြည်ကလူတွေအားလုံးအနေနဲ့ အကောင်းဆုံးနည်းက အချိန်ကို ဆွဲနိုင်သမျှ ဆွဲပြီးတော့ သူတို့တခုခုမေးရင် ချက်ချင်းအဖြေမပေးဘဲနဲ့ နောက်ဆုံး သူတို့မပေးလို့ မရတဲ့ အခြေအနေရောက်မှ အဖြေပေးတာမျိုး – အဲဒီလိုနည်းနဲ့ အချိန်ဆွဲသွားတာ ကောင်းမယ်လို့ ထင်တယ်။
မေး ။ ။ နိုင်ငံတကာဆက်ဆံရေးမှာ တကယ်ပဲ Migh is right ဖြစ်နေတယ်။ ဒီကိစ္စမှာ အဲဒီလိုပဲ ဖြစ်သွားမယ် ထင်ပါသလား။ ဒေါက်တာတင့်ဆွေလည်း ဖြည့်ဆွတ်ဆွေးနွေးပေးပါ။
ဖြေ ။ ။ ဥပဒေ၊ တရားကိစ္စက ဆရာဦးခင်မောင်စော ပြောသလို အင်မတန်မှ အချိန်ယူပါတယ်။ နိုင်ငံတကာခုံရုံးဆိုတော့ ပိုတောင်မှ ကျယ်ကျယ်ပြန့်ပြန့်ကြီး အချိန်ယူပါလိမ့်မယ်။ ဒီဖြစ်စဉ်တွေကိုတော့ ကျနော် အသေးစိတ်မသိပါဘူး။ အလွန်ကြာအုံးမယ်လို့ ယူဆပါတယ်။ နောက်တခါ အင်အားကြီးတဲ့နိုင်ငံဖြစ်တဲ့ ဆိုဗိယက်ဖြစ်ဖြစ်၊ အမေရိကန်ဖြစ်ဖြစ် ဘယ်နိုင်ငံတွေကမဆို ဒီနိုင်ငံတကာရဲ့ အမြင်တွေ၊ ကုလသမဂ္ဂအမြင်တွေကို ဆန့်ကျင်ခဲ့တဲ့ ဥပမာတွေကတော့ ကမ္ဘာ့သမိုင်းမှာ တော်တော်များပါတယ်။ ဒီထဲမှာတော့ ကျနော်တို့နိုင်ငံကတော့ အင်အားကြီးတဲ့ နိုင်ငံလည်းမဟုတ်။ နိုင်ငံက သေးသေးလေး။ နောက်တခါ ဘာသာရေးအရ ကြည့်မယ်ဆိုလဲ ဘာသာရေးအရ လူဦးရေနည်းတဲ့ဘာသာကို အဓိကလုပ်တဲ့ နိုင်ငံဖြစ်တယ်။ ကျနော်တို့နိုင်ငံမှာ အဲဒီလို Might ဆိုတဲ့ အင်အားကို သုံးနိုင်စွမ်း မရှိပါဘူး။ နိုင်ငံတကာမှာ ရင်ဆိုင်တဲ့အခါမှာ အင်အားကြီးတွေလောက်တော့ အင်အားမရှိဘူး။ အဲဒီတော့ အစောက ဆွေးနွေးသလို ခေါင်းကြီးကြီးနဲ့ စိတ်စေတနာမှန်မှန်နဲ့ တာဝန်ရှိတဲ့လူ အကုန်လုံးက ဒေါ်အောင်ဆန်းစုကြည်တယောက်တည်းနဲ့ မရပါဘူး – တာဝန်ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေက ခေါင်းကြီးကြီးနဲ့ တိုင်းပြည်မနာအောင် … ကြိုးစားသင့်တယ်လို့ ကျနော် ထင်ပါတယ်။



တိုက္႐ိုက္ လင့္ခ္
ICJ ေခၚ ႏိုင္ငံတကာတရား႐ုံးမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈဥပေဒနဲ႔ ဆက္စပ္ၿပီး စြဲဆိုေလွ်ာက္ထားခံရတဲ့အတြက္ ျမန္မာႏိုင္ငံ ဂုဏ္သိကၡာထိခိုက္ေစတယ္ဆိုတာအျပင္ လက္ေတြ႔နစ္နာမႈေတြ ဘယ္လာက္ရွိႏိုင္သလဲ၊ ဘယ္လိုရင္ဆိုင္သင့္သလဲ ဆိုတာေတြကို ၁၉၉၀ ေ႐ြးေကာက္ခံ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒါက္တာတင့္ေဆြ၊၊ ဂ်ာမနီ ႏိုင္ငံဘာဘင္တကၠသိုလ္ ျမန္မာမႈဌာန အၿငိမ္းစားကထိက ဦးခင္ေမာင္ေစာတို႔နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။
ေမး ။ ။ ဒီလိုျဖစ္လာရတာဟာ ျမန္မာႏုိင္ငံဘက္က ကိုင္တြယ္မႈ မွားယြင္းခဲ့လို႔လားဆိုတာနဲ႔ ပတ္သက္ၿပီး ဆရာေဒါက္တာတင့္ေဆြရဲ ႔ ရွင္းလင္းခ်က္ကို က်ေနာ္ ၾကားခ်င္ပါတယ္။
ေျဖ ။ ။ အဲဒါကေတာ့ မမွားခဲ့ဘူးလို႔ သြားၿပီးျငင္းလို႔ မရဘူး။ ႏိုင္ငံတကာအျမင္နဲ႔ ျပည္တြင္းအျမင္က ေတာ္ေတာ္ေလးကို ကြာဟတဲ့ အေျခအေနေပၚမွာ ရင္ဆိုင္ၿပီး ျဖစ္လာခဲ့တယ္။ ၂၀၁၂ ခုႏွစ္ကဆို (၇) ႏွစ္ ရိွပါၿပီ။ အဲဒီကတည္းက ရခိုင္ျပည္ေျမာက္ပိုင္းေဒသကိစၥကို ကိုင္တြယ္ေျဖရွင္းတဲ့ အရင္အစိုးရနဲ႔ အခုအစိုးရလက္ထက္မွာ ဒီအစိုးရႏွစ္ခုေနာက္မွာ တပ္မေတာ္က လက္နက္ကိုင္ကိစၥေတြ ျဖစ္တာကို လက္နက္နဲ႔ ေျဖရွင္းခဲ့တဲ့ကိစၥေတြျဖစ္ေတာ့ တပ္မေတာ္က တာဝန္အရိွဆံုးပါ။ သို႔ေသာ္လဲ တာဝန္ခံရတဲ့ အစိုးရႏွစ္ရပ္စလံုး ဦးသိန္းစိန္အစိုးရနဲ႔ လက္ရိွအစိုးရတို႔လည္း တာဝန္မကင္းၾကပါဘူး။ ကိုင္တြယ္ေျဖရွင္းမႈက ဘာအက်ဳိးစီးပြားကို အေျခခံၿပီး ရွင္းသလဲဆိုတာကို က်ေနာ္ထင္တာကေတာ့ အရင္အစိုးရနဲ႔ အခုအစိုးရနဲ႔ တပ္မေတာ္တို႔ တူဖို႔မရဘူး။ ဒါေၾကာင့္သာလ်င္ ဒီလိုျဖစ္သြားၿပီး တုိင္းျပည္တခုလံုးရဲ ႔ ဂုဏ္သိကၡာပါ ထိခိုက္တယ္။ ေနာက္ ေဆာင္ရြက္မႈဟာ မွားတယ္လို႔ ေျပာရမလား။ သို႔မဟုတ္ လိမၼာပါးနပ္မႈ မရိွခဲ့တာလားလို႔ က်ေနာ္အေနနဲ႔ သံသယ ရိွပါတယ္။
ေမး ။ ။ ဆရာဦးခင္ေမာင္ေစာရဲ ႔ အျမင္ကိုလည္း ၾကားခ်င္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာဘက္က ကိုင္တြယ္ပံု မွားယြင္းခဲ့လို႔ အခုလို တရားစြဲခံရတယ္လုိ႔ သံုးသပ္မိပါသလား။
ေျဖ ။ ။ မွားယြင္းတယ္လုိ႔ ေျပာရမလား။ အခုန ဆရာဦးတင့္ေဆြ ေျပာသလိုပဲ မလိမၼာဘူးလို႔ပဲ ေျပာရမလား မသိဘူး။ မွားေတာ့မွားခဲ့ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ဒီျပႆနာက က်ေနာ္နဲ႔ ဦးေက်ာ္နဲ႔ ဦးဥာဏ္ဝင္းေအာင္နဲ႔ အေစာႀကီးကတည္းက ေျပာခဲ့ၿပီးပါၿပီ။ ခဏခဏလည္း ေျပာဖူးတယ္ – က်ေနာ္ကေတာ့ အေစာႀကီးကတည္းက ကိုဖီအာနန္ေကာ္မရွင္ ဖြဲ႔တာကို လံုးဝသေဘာမတူတဲ့လူ။ လံုးဝမေထာက္ခံခဲ့ဘူး။ ဒါက ျပည္တြင္းေရးကိစၥကို အျပည္ျပည္ဆိုင္ရာဆီ တြန္းပို႔သြားခဲ့တယ္လို႔ ေျပာခဲ့ၿပီးၿပီ။ အဲဒီကေနစၿပီး မွားခဲ့တာ။ အဲဒီမွားခဲ့ၿပီးေနာက္ပိုင္းမွာ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ကုလသမဂၢညီလာခံေတြဆို သူအာဏာရခါစ တႏွစ္ပဲ သြားခဲ့တယ္။ ေနာက္ပိုင္းမွာ တခါမွ သြားမတက္ေတာ့ဘူး။ အျခားလူေတြကို သြားတက္ခုိင္းတာေတြကို လုပ္ခဲ့တယ္။ သူစတက္တုန္းက သူ႔နာမည္ေလးက သိပ္ေကာင္းေနတဲ့အခ်ိန္။ အဲဒီလို အေျခအေနမ်ဳိးမွာ UN မွာ အစည္းအေဝးမွာ သူကိုယ္တုိင္သြားၿပီး ရွင္းျပသင့္တယ္။ ဒီလုိကမာၻက ၾကားေနတာေတြ မွားပါတယ္။ က်မတို႔လက္ရိွ အေျခအေနက ဒီလိုပါဆိုတာကို သူ ရွင္းျပသင့္တယ္။ အဲဒါကို သူမရွင္းျပခဲ့လို႔ ဒီျပႆနာက ပိုၿပီးႀကီးထြားသြားတယ္လို႔ က်ေနာ္ထင္တယ္။
ေမး ။ ။ ဆရာေဒါက္တာတင့္ေဆြအေနနဲ႔ ဒီကိစၥကို ျဖည့္ဆြတ္ၿပီး ေဆြးေႏြးလိုပါသလား။
ေျဖ ။ ။ ေျပာရတာေတာ့ခက္တယ္။ က်ေနာ္တုိ႔ၾကားက အေဝးကေန ေျပာရတာ – ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ကေတာ့ ဒီကိစၥကို ပိုသိပါလိမ့္မယ္။ သူလဲပဲ ေကာင္းမယ္လို႔ ယူဆတဲ့ဘက္ကို ေရြးၿပီးေတာ့ ဆံုးျဖတ္သြားတယ္လို႔ ျမင္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ပဲျဖစ္ျဖစ္၊ တာဝန္ရိွေနတဲ့ သမၼတပဲျဖစ္ျဖစ္ ေနာက္ဆံုးဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ျဖစ္ျဖစ္ ဘယ္လိုပဲေျပာေျပာ ျဖစ္ၿပီသားကိစၥကို ႏုိင္ငံတကာမွာ အထူးသျဖင့္ ဘာသာေရးအေျခခံတဲ့ အုပ္စုေတြက မေကာင္းျမင္ထားတာ ၾကာၿပီျဖစ္တဲ့အတြက္ က်ေနာ္တို႔ စကားသြားေျပာလို႔လဲ ရမယ့္ကိစၥ မဟုတ္ပါဘူး။ ျဖစ္ၿပီသားကိစၥကို က်ေနာ္တိုိ႔က ကာလို႔မရတဲ့ အေနအထား ေရာက္သြားခဲ့တယ္လို႔ ယူဆပါတယ္။
ေမး ။ ။ က်ေနာ္ ေရွ ႔ဆက္ေမးခ်င္တာကေတာ့ ျမန္မာႏိုင္ငံသူ၊ ႏုိင္ငံသားေတြ အသားငမ္းငမ္းနဲ႔ လိုခ်င္ခဲ့တဲ့ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးခရီးကို အခုလို ျဖစ္ရပ္ေတြက ဘယ္လိုရိုက္ခတ္လာမလဲလို႔ ထင္ပါသလဲ။ ဆရာဦးခင္ေမာင္ေစာ စၿပီးေတာ့ ဒီကိစၥကို ေျပာေပးပါ။
ေျဖ ။ ။ နည္းနည္းပါးပါးေတာ့ ထိခိုက္မွာပါ။ သိပ္အမ်ားႀကီးေတာ့ ထိခိုက္မယ္လို႔ က်ေနာ္ မထင္ပါဘူး။ ဗမာျပည္သားတေယာက္အျမင္နဲ႔ ႏိုင္ငံျခားမွာျမင္တဲ့ အျမင္နဲ႔ သိပ္မထူးျခားဘူး။ ဗမာျပည္ထဲက လူေတြအျမင္ကေတာ့ ဒီအစိုးရကိုပဲ ယံုၾကည္မႈ ဆက္ရိွေနအံုးမယ္။ ျပည္တြင္းေရးမွာေတာ့ သိပ္ထိခိုက္မယ္လို႔ေတာ့ မထင္ဘူး။
ေမး ။ ။ ဆရာဦးတင္ေဆြ .. အဲဒီေတာ့ ျမန္မာႏုိင္ငံမွာ အဓိကအားျဖင့္ ႏိုင္ငံေရးအင္အားစု (၃) ခု – တပ္မေတာ္၊ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္နဲ႔ တိုင္းရင္းသားအင္အားစုေတြဆိုၿပီး (၃) ပြင့္ဆိုင္ ကြဲေနတယ္လို႔ ႏုိင္ငံတကာက သံုးသပ္သူေတြနဲ႔ ျပည္တြင္းက ႏုိင္ငံေရးသံုးသပ္သူေတြက ယူဆၾကပါတယ္။ ဒီျပႆနာ ျဖစ္လာတဲ့အခါမွာ ဒီ (၃) ပြင့္ဆိုင္ဟာ ပိုၿပီးေတာ့ စည္းလံုးညီညႊတ္သြားႏိုင္ပါသလား။ သို႔တည္းမဟုတ္ ကြဲလြဲမႈ ပိုၿပီးေတာ့ ႀကီးထြားသြားမလား။ တေယာက္အားနည္းခ်က္ကို နင္းၿပီးေတာ့ သူ႔ေၾကာင့္ငါ့ေၾကာင့္ ျဖစ္လာႏိုင္သလား။ သို႔တည္းမဟုတ္ ငါတုိ႔တစည္းတလံုးတည္း ရင္ဆိုင္ရမယ္ဆိုတဲ့စိတ္နဲ႔ ပိုၿပီးညီညႊတ္သြားမယ္လို႔ ထင္ပါသလား။
ေျဖ ။ ။ အားမနာတမ္း ေျပာရရင္ ဒီ (၃) စုလို႔ အခြဲခံထားရတဲ့ အျမင္ကိုက စည္းလံုးညီညႊတ္မႈ အင္မတန္အားနည္းတဲ့ ႏုိင္ငံျဖစ္တယ္လို႔ ေျပာရပါလိမ့္မယ္။ တိုင္းရင္းသားလုိ႔ေျပာရင္ တုိင္းရင္းသားမွာလဲ က်ေနာ္တို႔က တစုတည္းလို႔ မျမင္ဘဲနဲ႔ တိုင္းရင္းသားအင္အားစုအမ်ဳိးမ်ဳိးက အယူအဆ ရပ္တည္ခ်က္အမ်ဳိးမ်ဳိး ရိွတယ္လို႔ က်ေနာ္ထင္တယ္။ သို႔ေသာ္လဲ က်ေနာ္ စိုးရိမ္တာက ဒါကိုအေၾကာင္းျပဳၿပီးေတာ့ အခုတရားစြဲခံရတာက NLD အစိုးရလက္ထက္ျဖစ္ေတာ့ NLD အစိုးရကို ဒီဟာနဲ႔ ပံုခ်ၿပီးေတာ့ ကိုယ္မဲရေရး၊ သို႔မဟုတ္ ကိုယ့္အက်ဳိးစီးပြားအတြက္ ႏုိင္ငံေရးအသံုးခ်မႈေတြၾကားက ညီညႊတ္ေရးနဲ႔ တိုင္းျပည္တခုလံုးအတြက္ မေကာင္းဘူး။ အဲဒီလိုအသံုးခ်တာလည္း မွားယြင္းတယ္။ ဒီဟာကို ျပည္သူလူထုေတြက ေခါင္းႀကီးႀကီးနဲ႔ ေရရွည္ၾကည့္ၿပီးေတာ့ ဆံုးျဖတ္သင့္ၾကတယ္လို႔ က်ေနာ္က ေမတၱာရပ္ခံလုိပါတယ္။
ေမး ။ ။ ဆရာဦးခင္ေမာင္ေစာရဲ ႔ သေဘာထားကိုလည္း သိခ်င္ပါတယ္။ နဂိုကရိွေနတဲ့ အက္ကြဲေၾကာင္းက ပိုၿပီးနက္ရိႈင္းသြားမလား။ သို႔တည္းမဟုတ္ စုေပါင္းရင္ဆိုင္ရမယ္ဆိုတဲ့သေဘာနဲ႔ ညီညြတ္မႈ ရိွလာမယ္ ထင္ပါသလား။
ေျဖ ။ ။ အဲဒီေနရာမွာေတာ့ ဆရာဦးတင့္ေဆြ ေျပာသြားတာနဲ႔ က်ေနာ္အျမင္ သေဘာထားခ်င္း တုိက္ဆိုင္မႈ ရိွတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ေရြးေကာက္ပြဲနီးလာေတာ့ မဲဆြယ္ရေတာ့မယ္ဆိုေတာ့ မဲဆြယ္တဲ့အခါ ထံုးစံက ကိုယ့္အျပစ္မရိွဘူး၊ သူမ်ားပဲ ပံုခ်တတ္ၾကတယ္။ အဲဒီလိုမ်ဳိး အသံုးခ်ၿပီးေတာ့ မဲဆြယ္ၾကမယ္လို႔ေတာ့ ထင္တယ္။ ဒါေပမဲ့ တစ္ခု က်ေနာ္ေျပာခ်င္တာက ဒီလို ခံုရံံုးေတြ တင္တယ္ဆိုတာ အင္မတန္ကို ခရီးၾကာတဲ့ကိစၥႀကီးပါ။ အခုမွတင္တာပဲ ရိွေသးတယ္။ အခ်က္အလက္ ရွာေဖြရအံုးမယ္။ ဘာလုပ္ရအံုးမယ္၊ ညာလုပ္ရအံုးမယ္။ အဲဒါေတြနဲ႔ ျပည္ၾကည့္ရအံုးမယ္။ က်ေနာ္ မွတ္မိသေလာက္ဆိုရင္ အခုေထာင္ထဲေရာက္ေနတဲ့ ဆူဒန္သမၼတ – အရင္တုန္းကေတာ့ ေျမာက္ဆူဒန္။ ေတာင္ဆူဒန္-ေျမာက္ဆူဒန္ ကြဲတုန္းက ေျမာက္ဆူဒန္က သမၼတကိုလည္း တရားစြဲၿပီးေတာ့ သူတုိ႔ ICC က လိုခ်င္ပါတယ္ဆိုၿပီးေတာ့ ဝရမ္းကိုထုတ္ထားတာ – လာရင္ သူကိုပို႔ေပးပါဆိုၿပီးေတာ့ – က်ေနာ္ မွတ္မိသေလာက္ ျပန္ေျပာရင္ ႏွစ္ခါတိတိ မရလိုက္ဘူး။ ပထမတခုက အာဖရိကယူနီယန္ – OAU သြားတက္တယ္။ ေတာင္အာဖရိမွာ။ အဲဒီတုန္းက ICC က လွမ္းၿပီးေတာ့ ဒီလူကို တရားစြဲထားတယ္ ပို႔ေပးပါဆိုေတာ့ – ေတာင္အာဖရိကႏုိင္ငံက ခ်က္ခ်င္းျပန္ေျဖတာက က်ဳပ္တို႔ဆီလာတဲ့ ဧည့္သည္ကို ဖမ္းပို႔ရမယ္ဆိုတာ အာဖရိက ယဥ္ေက်းမႈနဲ႔ လံုးဝမဟပ္ဆပ္ဘူး။ လံုးဝမလုပ္ႏိုင္ဘူး။ ငါတုိ႔ဖိတ္ထားတာ ငါတို႔အတြက္ တရားခံမဟုတ္ဘူး။ မင္းတုိ႔အတြက္ တရားခံျဖစ္ရင္ျဖစ္လိမ့္မယ္လို႔ တံု႔ျပန္ခဲ့တယ္။ ေနာက္တခါ ဆူဒန္က မူစလင္ႏုိင္ငံ ျဖစ္တယ္။ အစၥလာမ္ကြန္႔ဖရန္႔တခု သြားတက္တယ္။ အဲဒီလိုပဲ လွမ္းေတာင္းတယ္။ အဲဒါကိုလဲ ျငင္းဆိုၿပီး မင္းတို႔ေတာင္းတာကို ငါတုိ႔မေပးႏုိင္ဘူး။ ငါတို႔ဧည့္သည္ကို ငါတုိ႔က ကာကြယ္ရမယ္လို႔ တံု႔ျပန္ခဲ့တယ္။ အဲဒီအခ်က္ကို က်ေနာ္တို႔ အခုကတည္းက စဥ္းစားရမယ္ – ICJ မွာတင္မယ္။ ဘယ္တင္မယ္ ညာတင္မယ္ ဆိုေပမယ့္ ဘယ္သူက ဘယ္ေလာက္အထိ လိုက္နာမလဲ။ မလုိက္နာတဲ့ႏုိင္ငံေတြလည္း ရိွအံုးမွာပဲ။
ေမး ။ ။ ေစာေစာက ဆူဒန္သမၼတကို ICC က လူပုဂၢိဳလ္တဦးခ်င္းအေနနဲ႔ ဆြဲလို႔ရတယ္။ ICJ မွာၾကေတာ့ ႏိုင္ငံခ်င္းျဖစ္တဲ့ကိစၥ ျဖစ္ပါတယ္ဆိုေတာ့ ICC ကို သိပ္အေလးမထားခ်င္ၾကတာေတာင္မွ ICJ ရဲ ႔ ဆံုးျဖတ္ခ်က္ကေတာ့ တစံုတခုေတာ့ ထိခိုက္လာႏိုင္မယ္ ထင္ပါတယ္။ အဲဒီကိစၥကို ဆရာ ဘယ္လိုျမင္ပါသလဲ။
ေျဖ ။ ။ ICj မွာလည္း ICJ ရဲ ႔ ဆံုးျဖတ္ခ်က္ေတြကို မလိုက္နာတာေတြ ႀကံဳဖူးပါတယ္။ ဥပမာအားျဖင့္ ယိုးဒယားနဲ႔ ကေမာၻဒီးယား နယ္စပ္က ဘုရားေက်ာင္းကို လုၾကၿပီး၊ ျဖစ္ၾကေတာ့ ICJ က ကေမာၻဒီးယားကို အႏုိင္ေပးထားတယ္။ ဒါေပမဲ့ အခုထိ ယိုးဒယားက အဲဒီနယ္စပ္ကို သူဝင္ခ်င္တဲ့အခ်ိန္ဝင္၊ တပ္စြဲခ်င္စြဲ လုပ္ေနခဲ့တာ ICJ ဆံုးျဖတ္ခ်က္ကို လံုးဝဂရုမစိုက္ခဲ့ဘူး။ အဲဒါက တစ္ခု။ ေနာက္တခါ ရုရွားၿဂိဟ္တု ကေနဒါေပၚ ပ်က္က်တုန္းက မီးေလာင္းသြားတာ နည္းတာမဟုတ္ဘူး။ စိုက္ခင္းေတြအတြက္ ကေနဒါႏုိင္ငံက ေလ်ာ္ေၾကးေတာင္းတယ္။ ICJ က ရုရွာကိုေျပာတယ္ – အဲဒီတုန္းက ဆုိဗိယက္ယူနီယံေခတ္ – မေပးႏုိင္ဘူးလုိ႔ ေျပာတယ္။ ဘာမွလုပ္မေနနဲ႔လို႔ တံု႔ျပန္တယ္။ အဲဒီေတာ့ Might is right ဆိုသလိုပဲ အင္အားႀကီးတဲ့ ႏုိင္ငံဆိုရင္ ICC, ICJ တို႔ ဗိုလ္မက်ရဲဘူး။
ေမး ။ ။ Might is right ဆိုတာကိုေတာ့ သေဘာက်ပါတယ္။ ဒါေပမဲ့ ျမန္မာႏုိင္ငံ အခုရင္ဆိုင္ေနရတဲ့ ကိစၥမွာေတာ့ ျမန္မာႏုိင္ငံက သိပ္ၿပီးေတာ့ ခြန္အားေကာင္းတဲ့ႏိုင္ငံလည္း မဟုတ္ေလေတာ့ အေကာင္းဆံုးက ဘယ္လုိလုပ္သင့္တယ္လို႔ ထင္ပါသလဲ။
ေျဖ ။ ။ အေကာင္းဆံုးကေတာ့ အခ်ိန္ကို ဆြဲႏုိင္သေလာက္ ဆြဲထားႏုိင္ရင္ အေကာင္းဆံုးနည္းပဲ။ အခ်ိန္ကိုဆြဲ၊ ၾကာသြားေလ ကမာၻ႔အေျခအေနဆိုတာ ဒီေန႔တမ်ဳိး၊ မနက္ျဖန္တမ်ဳိး ေျပာင္းခ်င္သလို ေျပာင္းေနတာဆုိေတာ့ ဗမာအစိုးရနဲ႔ ဗမာျပည္ကလူေတြအားလံုးအေနနဲ႔ အေကာင္းဆံုးနည္းက အခ်ိန္ကို ဆြဲႏုိင္သမွ် ဆြဲၿပီးေတာ့ သူတုိ႔တခုခုေမးရင္ ခ်က္ခ်င္းအေျဖမေပးဘဲနဲ႔ ေနာက္ဆံုး သူတုိ႔မေပးလို႔ မရတဲ့ အေျခအေနေရာက္မွ အေျဖေပးတာမ်ဳိး – အဲဒီိလိုနည္းနဲ႔ အခ်ိန္ဆြဲသြားတာ ေကာင္းမယ္လို႔ ထင္တယ္။
ေမး ။ ။ ႏုိင္ငံတကာဆက္ဆံေရးမွာ တကယ္ပဲ Migh is right ျဖစ္ေနတယ္။ ဒီကိစၥမွာ အဲဒီလိုပဲ ျဖစ္သြားမယ္ ထင္ပါသလား။ ေဒါက္တာတင့္ေဆြလည္း ျဖည့္ဆြတ္ေဆြးေႏြးေပးပါ။
ေျဖ ။ ။ ဥပေဒ၊ တရားကိစၥက ဆရာဦးခင္ေမာင္ေစာ ေျပာသလို အင္မတန္မွ အခ်ိန္ယူပါတယ္။ ႏိုင္ငံတကာခံုရံုးဆိုေတာ့ ပိုေတာင္မွ က်ယ္က်ယ္ျပန္႔ျပန္႔ႀကီး အခ်ိန္ယူပါလိမ့္မယ္။ ဒီျဖစ္စဥ္ေတြကိုေတာ့ က်ေနာ္ အေသးစိတ္မသိပါဘူး။ အလြန္ၾကာအံုးမယ္လို႔ ယူဆပါတယ္။ ေနာက္တခါ အင္အားႀကီးတဲ့ႏုိင္ငံျဖစ္တဲ့ ဆိုဗိယက္ျဖစ္ျဖစ္၊ အေမရိကန္ျဖစ္ျဖစ္ ဘယ္ႏုိင္ငံေတြကမဆို ဒီႏုိင္ငံတကာရဲ ႔ အျမင္ေတြ၊ ကုလသမဂၢအျမင္ေတြကို ဆန္႔က်င္ခဲ့တဲ့ ဥပမာေတြကေတာ့ ကမာၻ႔သမိုင္းမွာ ေတာ္ေတာ္မ်ားပါတယ္။ ဒီထဲမွာေတာ့ က်ေနာ္တို႔ႏုိင္ငံကေတာ့ အင္အားႀကီးတဲ့ ႏုိင္ငံလည္းမဟုတ္။ ႏုိင္ငံက ေသးေသးေလး။ ေနာက္တခါ ဘာသာေရးအရ ၾကည့္မယ္ဆိုလဲ ဘာသာေရးအရ လူဦးေရနည္းတဲ့ဘာသာကို အဓိကလုပ္တဲ့ ႏုိင္ငံျဖစ္တယ္။ က်ေနာ္တို႔ႏုိင္ငံမွာ အဲဒီလို Might ဆိုတဲ့ အင္အားကို သံုးႏုိင္စြမ္း မရိွပါဘူး။ ႏုိင္ငံတကာမွာ ရင္ဆိုင္တဲ့အခါမွာ အင္အားႀကီးေတြေလာက္ေတာ့ အင္အားမရိွဘူး။ အဲဒီေတာ့ အေစာက ေဆြးေႏြးသလို ေခါင္းႀကီးႀကီးနဲ႔ စိတ္ေစတနာမွန္မွန္နဲ႔ တာဝန္ရိွတဲ့လူ အကုန္လံုးက ေဒၚေအာင္ဆန္းစုၾကည္တေယာက္တည္းနဲ႔ မရပါဘူး – တာဝန္ရိွတယ္ဆိုတဲ့ ပုဂၢိဳလ္ႀကီးေတြက ေခါင္းႀကီးႀကီးနဲ႔ တုိင္းျပည္မနာေအာင္ … ႀကိဳးစားသင့္တယ္လို႔ က်ေနာ္ ထင္ပါတယ္။

https://burmese.voanews.com/a/weekly-news-analysis-dealing-with-icj-charge-against-myanmar/5172973.html?nocache=1&fbclid=IwAR2gcoLGNMjCcgTvNXQI-LF5fSFk9Q8AF9iAGWb9QbsOmGNmvelP0Ru-tLI

No comments:

Post a Comment

Note: Only a member of this blog may post a comment.