Breaking

December 3, 2019

မြန်မာ့သမိုင်းကို ယခုလိုရေးပြီး မွတ်စလင့်မ့် သမိုင်းကို ဖျောက်ဖျက် ခဲ့သည် ချည်းဖြစ်သည်

10152412_684968381545635_1200128292_n
ရခိုင်ပြည်နယ် ၊ မြောက်ဥိးတွင် နှစ်ပေါင်း ထောင်ချီ တည်ရှိခဲ့သည့် အစ္စလာမ် ဘာသာဝင် တို့၏ ဗလိဝတ်ကျောင်းအားလည်း ဗိုလ်ချူပ်ကြီး ခင်ညွန့် တန်ခိုးထွားခဲ့စဉ် ၁၉၉၀ ကျော်ကာလက အပြီးသတ် ဖျက်စီးလက်စတုန်းပစ်ခဲ့ပြီးပါပြီ။

နှစ် ၅၀၀ ခန့်သက်တမ်းရှိသည့် စစ်တွေမြို့မှ ဗလီကြီးအားလည်း လက်စတုန်း ပစ်ခဲ့ပြီးပါပြီ။

ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရား လက်ထက်ကတည်းက မန္တလေးတိုင်း၊ အမရပူရ ရှေး ကုန်းဘောင်မင်းဆက် အလယ်ပိုင်းကာလကတည်းက တည်ရှိလာခဲ့သည့် သမိုင်းအမွေ အနှစ် တန်ဘိုးဖြင့် ပြည့်လျှမ်းနေသည့် မြန်မာ မွတ်စလင်မ် ပသီ တို့၏ ရှေးဟောင်း အမွေအနှစ် များထဲမှ တစ်ခုဖြစ်သည့် လင်းဇင်းကုန်းသုဿန် အားလည်း ယခုကဲ့သို့ မျက်နှာမျှမထောက် ဖျက်စီးပစ်ခဲ့ပြီးပါပြီ။

အနှစ် ၁၆၆ နှစ်သက်တမ်းရှိ ပသီတို့၏ အထင်ကရ အမှတ်တရ နေရာတစ်ခုဖြစ်ခဲ့သည့် အမ ရပူရမြို့ဟောင်း နယ်မြေ တောင်သမန်အင်းပေါ် ဖြတ်ထိုးထားသည့် ကမ္ဘာကျော် ဦးပိန် တံ တား အားလည်း မြန်မာမွတ်စလင်မ် တို့၏ သမိုင်းကို တင်ကူးဖျောက်ဖျက်ရန် ရည်စူးချက်ဖြင့် စနစ်တကျ အစဖျောက်ရန် စတင် လုပ်ဆောင်နေကြပါပြီ။ သမိုင်းဝင် တောင်သမန်အင်း အား မြေဖို့ပြီး ကန်ထရိုက်မြို့ပြတည်ရန် ဟူသည့် အကြောင်းပြ ချက်ဖြင့် သမိုင်းမှတ်တမ်း မှတ်ရာ တစ်ခုအား ဖျောက်ဖျက်ရန် အထင်ကရကြိုးစားနေကြပြီ ဖြစ်ကြောင်း အများသူငှာ များသိစေရန် နှိုးဆော်အပ်ပါသည်။

မြန်မာ့သမိုင်းအား ခေတ်အဆက်ဆက် အာဏာရှိခဲ့သူများ ယခုနည်းနှင့် ရေးခဲ့ သည် ချည်း ဖြစ်သည်။ ထိုသည့်ကြောင့် မြန်မာ့သမိုင်းတွင် ပါးစပ် ရာဇဝင်များသာ မှတ်တမ်းမှတ်ရာ ကျန်ခဲ့ကြပြီး အထောက်အထားခိုင်မာသည့် မှတ်တမ်းမှတ်ရာများ ပျောက်ပျက်ခဲ့သည့် ချည်း ဖြစ်ပါသောကြောင့် မြန်မာ့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ကပင် မဆဲရုံ တမယ် ရေးသားခဲ့ဘူးသည် ကို  အသိပေးအပ်ပါသည်။

အဆိုပါ သုဿန်တွင် ကုန်းဘောင်မင်းဆက်ခေတ် နှစ်အရှည်ကြာဆုံး စိုးစံသွားခဲ့သည့် ဘိုးတော်မင်းတြားကြီး ခေါ် ဘိုးတော်ဦးဝိုင်း လက်ထက် က ၎င်း ကိုယ်တိုင် စာချွန်ေ တာ်ပြန် တမ်း ထုတ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်၊ ပသီလူမျိူးတို့၏ သာသနာပိုင် အဖြစ်ခန့်အပ်ခံရသည့် ဟသွရသ် အဘစ်ဒ်ရှားဟူစိန်နီ ၏ ကဗရ် ဂူဗိမာန် တည် ရှိရာ လည်း ဖြစ်သည်။

နှောင်းလူတို့ခေတ် တွင် မွတ်စလင်မ် ဟူသည် ခိုးဝင်ကုလားများဟု သာ လိမ်လည်ခြင်း အထပ်ထပ်ဖြင့် ထပ်မံ ပုံဖော်ကြလိမ့်ဦးမည်သာ ဖြစ်သည်။

ဓာတ်ပုံ – နှစ်ပေါင်း နှစ်ရာခန့်သက်တမ်းရှိခဲ့သည့် အမရပူရမြို့ဟောင်းနေရာ လင်းဇင်းကုန်း မွတ်စလင်မ် သုဿန် ကို ယခုလပိုင်းကမျှ မန္တလေးမြို့တော် စည်ပင်သာယာရေး အဖွဲ့ အမည်ခံကာ မြန်မာတစ်ပြည်လုံးရှိ အစ္စလာမ် ဘာသာဝင်များက ကန့်ကွက်နေသည့် ကြား မှ အတင်းအကြပ် ဘူဒိုဇာထိုး ဖျက်စီးနေသည့် မြင်ကွင်း။

No comments:

Post a Comment

Note: Only a member of this blog may post a comment.