Breaking

December 23, 2019

ဟောင်ကောင်ဆန္ဒပြသူများ ဝီဂါမွတ်စလင်တွေနဲ့ အတူ ရှိကြောင်း ပြသ


(Zawgyi / Unicode)
ေဟာင္ေကာင္က ဒီမုိကေရစီေရး ေထာက္ခံဆႏၵျပတဲ့သူေတြဟာ တ႐ုတ္ႏုိင္ငံက ၀ီဂါမြတ္စလင္ေတြနဲ႔ တသားတည္း ရွိေနတယ္ဆုိတာကို ျပသတဲ့အေနနဲ႔ ဒီကေန႔မွာ စုေ၀းဆႏၵျပခဲ့ၾကပါတယ္။
ေဟာင္ေကာင္မွာ ဒီကေန႔ျပဳလုပ္တဲ့ ဆႏၵျပပဲြေတြအတြင္း ၀ီဂါေတြကို ေထာက္ခံတဲ့ ေႂကြးေၾကာ္သံေတြကို ေအာ္ဟစ္ခဲ့ၾကသလို ၀ီဂါအလံေတြကိုလည္း ေ၀ွ႔ယမ္းခဲ့ၾကပါတယ္။
ဒါဟာ ေဟာင္ေကာင္ဆႏၵျပပဲြေတြအတြင္း ပထမဆုံးအႀကိမ္အျဖစ္နဲ႔ ၀ီဂါေတြကို ေထာက္ခံေၾကာင္း ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။
အခုလိုမ်ိဳး ေဟာင္ေကာင္ဆႏၵျပတဲ့သူေတြက သူတုိ႔ရဲ႕ ဒုကၡအက်ပ္အတည္းေတြဟာ တ႐ုတ္ႏုိင္ငံ ျပည္မႀကီးမွာ ဖိႏွိပ္ခံေနရတဲ့ ၀ီဂါမြတ္စလင္ေတြနဲ႔ တူတယ္လို႔ ခုိင္းႏႈိင္းေျပာဆုိၿပီး အခုလို လုပ္ေဆာင္လိုက္တဲ့အတြက္ တ႐ုတ္အစိုးရ အေနနဲ႔လည္း အႀကီးအက်ယ္ ေဒါသထြက္လာႏုိင္ဖြယ္ ရွိေနပါတယ္။
ဆႏၵျပတဲ့သူတခ်ိဳ႕က တ႐ုတ္အလံကို အနီးနားမွာရွိတဲ့ အစုိးရ အေဆာက္အအုံကေန ဖယ္ရွားလိုက္ၿပီးတဲ့ေနာက္ အဓိက႐ုဏ္း ႏွိမ္နင္းေရး ရဲတပ္ဖဲြ႔က ဆႏၵျပတဲ့သူေတြကို ၀င္ေရာက္စီးနင္းၿပီး လူစုခဲြ ႏွိမ္နင္းခဲ့ပါတယ္။
တ႐ုတ္အစိုးရဟာ ႏုိင္ငံအေနာက္ေျမာက္ပိုင္းက ရွင္းက်န္းေဒသမွာ ၀ီဂါလူမ်ိဳးေတြနဲ႔ တျခား လူနည္းစု မြတ္စလင္ ၁ သန္းေလာက္ကို ထိန္းသိမ္းေရးစခန္းေတြမွာ ထိန္းသိမ္းထားတာေၾကာင့္ ႏုိင္ငံတကာရဲ႕ ေ၀ဖန္တာေတြကို အႀကီးအက်ယ္ ခံေနရတာ ျဖစ္ပါတယ္။
---------------------------------
(Unicode)
ဟောင်ကောင်ဆန္ဒပြသူများ ဝီဂါမွတ်စလင်တွေနဲ့ အတူရှိကြောင်း ပြသ
ဟောင်ကောင်က ဒီမိုကရေစီရေး ထောက်ခံဆန္ဒပြတဲ့သူတွေဟာ တရုတ်နိုင်ငံက ဝီဂါမွတ်စလင်တွေနဲ့ တသားတည်း ရှိနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ဒီကနေ့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
ဟောင်ကောင်မှာ ဒီကနေ့ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေအတွင်း ဝီဂါတွေကို ထောက်ခံတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြသလို ဝီဂါအလံတွေကိုလည်း ဝှေ့ယမ်းခဲ့ကြပါတယ်။
ဒါဟာ ဟောင်ကောင်ဆန္ဒပြပွဲတွေအတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ ဝီဂါတွေကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အခုလိုမျိုး ဟောင်ကောင်ဆန္ဒပြတဲ့သူတွေက သူတို့ရဲ့ ဒုက္ခအကျပ်အတည်းတွေဟာ တရုတ်နိုင်ငံ ပြည်မကြီးမှာ ဖိနှိပ်ခံနေရတဲ့ ဝီဂါမွတ်စလင်တွေနဲ့ တူတယ်လို့ ခိုင်းနှိုင်းပြောဆိုပြီး အခုလို လုပ်ဆောင်လိုက်တဲ့အတွက် တရုတ်အစိုးရ အနေနဲ့လည်း အကြီးအကျယ် ဒေါသထွက်လာနိုင်ဖွယ် ရှိနေပါတယ်။
ဆန္ဒပြတဲ့သူတချို့က တရုတ်အလံကို အနီးနားမှာရှိတဲ့ အစိုးရ အဆောက်အအုံကနေ ဖယ်ရှားလိုက်ပြီးတဲ့နောက် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆန္ဒပြတဲ့သူတွေကို ဝင်ရောက်စီးနင်းပြီး လူစုခွဲ နှိမ်နင်းခဲ့ပါတယ်။
တရုတ်အစိုးရဟာ နိုင်ငံအနောက်မြောက်ပိုင်းက ရှင်းကျန်းဒေသမှာ ဝီဂါလူမျိုးတွေနဲ့ တခြား လူနည်းစု မွတ်စလင် ၁ သန်းလောက်ကို ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းထားတာကြောင့် နိုင်ငံတကာရဲ့ ဝေဖန်တာတွေကို အကြီးအကျယ် ခံနေရတာ ဖြစ်ပါတယ်။


No comments:

Post a Comment

Note: Only a member of this blog may post a comment.