Breaking

December 26, 2019

အချုပ်အခြာအာဏာဆိုတာ

Image result for u kyaw min


အချုပ်အခြာအာဏာဆိုတာ လူတစ်စု လူမျိုးတစ်စုရဲ့အာဏာ မဟုတ်ဘူး.....
လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ခဲ့တဲ့လူမျိုး အားလုံးနဲ့ဆိုင်တဲ့ လုပ်ပိုင်ခွင့်
အာဏာဖြစ်တယ်။

လွတ်လပ်ရေးရတဲ့ အချိန်မှာ ဒီလူတွေလည်း ဒီနိုင်မှာ နိုင်ငံသားအဖြစ် ရှိခဲ့တဲ့ လူတွေဘဲ..... အချုပ်အခြာအာဏာဆိုတာ သူတို့နဲ့လည်းပက်သက်တယ်။
ကျွန်တော်တို့မှာ အချုပ်အခြာ အာဏာရှိတယ် ဆိုပြီးတော့ ရွာလုံးကျွတ် အားလုံးကို မီးရှို့ လို့မရဘူး....
အားလုံးကို သတ်ပစ်လို့မရဘူး....
လူမျိုးစုတစ်စု နိုင်ငံသားအဆင့် အပြည့်အဝရှိခဲ့တဲ့ဟာကို ပြန်ပြီးတော့ ဥပဒေအသစ်တွေ ပြဋ္ဌန်းပြီးတော့
နိုင်ငံသားအဆင့်လျှော့ဒါတို့လုပ်ပိုင်ခွင့်မရှိဘူး.....
ဒီ Minds တွေကို ဒီလုပ်ရပ်တွေကို ပြန်လည်ပြီးတော့ပြင်ဆင်ဖို့လိုတယ်။
NVC ကိုင်ရမယ်ဆိုတဲ့စကားပါတယ်.....ဒီကိစ္စ စဉ်းစားရင် ဒီလူတွေကို တကယ်ပြန်ခေါ်ချင်တာ ဟုတ်သလား ဆိုတာမေးခွန်းထုတ်စရာဖြစ်တယ်။
တစ်ကယ်ခေါ်လာချင်ရင် သူတို့လာနိုင်အောင် အစီအစဉ်လုပ်ပါ။
အစီအစဉ် စီမံချက်တွေကို ပြန်လည်ပြောင်းလဲပါ။
နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဆောင်ရွက်ပေးပါ။

ဦးကျော်မင်း ဥက္ကဋ္ဌ
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ


https://www.facebook.com/watchparty/532397567569086/?entry_source=FEED

No comments:

Post a Comment

Note: Only a member of this blog may post a comment.