Breaking

December 7, 2019

R2P ခေါ် Responsibility to Protect ဘယ်အချိန်ဝင်ရောက်နိုင်သလဲ။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရခိုင်ဒေသနေမွတ်စလင်များ၏ လုံခြုံရေးကို ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရက တာဝန်ယူမှု တာဝန်ခံမှု မရှိပါ။လုပ်ငန်းတိုင်း မှာလုံခြုံရေးတာဝန်မယူနိုင်ဘူးလို့ အာဏာပိုင်က ရခိုင်ဒေသနေမွတ်စလင်များကိုပြောလေ့ရှိပါတယ်။
(၁)တင်ပေးထားတဲ့ ဓာတ်ပုံ အပေါ်ဆုံးက ပုံ ၂ ပုံကိုလေ့လာကြည့်ပါ။ဓာတ်ပုံပေါ်တွင် နံပါတ်ထိုးချင်ပါသည် မထိုးတတ်သည့်အတွက်ပါ။ ပြည်သူအားလုံး လွတ်လပ်စွာဆေးကုသခွင့်ရှိရမည်။ဆေးကို ဆေးရုံသွားပြီးကုနိုင်ရမည်။၂၀၁၂-ခု မှ ယနေ့ထိ ဆေးရုံသွားပြီးဆေးကုသ ခွင့်မရပါ။အကြောင်းပြချက်က"လုံခြုံရေးမပေးနိုင်ဘူး(မကာကွယ်နိုင်ဘူး)"
အဲ့သည်လိုဆိုရင် မိမိအစိုးရက အကာကွယ်မပေးနိုင်ရင် ဘယ်သူ့ဆီက အကာကွယ်တောင်းရမှာလဲ?အသက်အဆုံးခံလိုက်ရမှာလား?
(၂)ပုံ ၃ ကိုကြည့်ပါ အရွယ်နှင့်မလိုက်တဲ့ကလေးကမိသားစုတာဝန်ယူနေရပါတယ်။အမှန်က စစ်တွေမြို့ဈေးတွင်း မွတ်စလင်ပိုင် ဆိုင် ခန်းပေါင်း ၁၅၅ ဆိုင်ကို မူလဆိုင်ပိုင်ရှင်တွေ ၅-နှစ်ရှိပီဖွင့်ပြီးရောင်းချခွင့်မရတာ ထို့အပြင် မွတ်စလင်တံငါးသည်တွေပင်လယ်ထွက်ကုန် ပစ္စည်းများကိုလည်းကောင်း လယ်သမားများသည်လယ်ယာထွက်ကုန်ပစ္စည်းများကိုလည်းကောင်း မွေးမြူရေးသမားများသည် မွေးမြူ ရေးထွက်ကုန်ပစ္စည်းများကိုလည်းကောင်း မြို့ပေါ်ရှိဈေးကြီးများတွင်မွတ်စလင်များသွားရောင်းချခွင့်မရပါ။အဘယ်ကြောင့်နည်း"လုံခြုံ ရေး(အကာကွယ်)မပေးနိုင်သောကြောင့်ပါ" အကာကွယ်ပေးရမည့်တာဝန်ကအစိုးရတာဝန်ပါ အစိုးရကမပေးနိုင်ပါက Protection ဘယ် သူ့ဆီကတောင်းရမည်နည်း။
(၃)ပုံ ၄ ၅ ၆ နှင့်၇ ကိုလေ့လာကြည့်ပါ။အောင်မင်္ဂလာရပ်ကွက်သည် စစ်တွေမြို့ မြို့ပေါ်ရှိရပ်ကွက်တစ်ခုပါ။ထို့ရပ်ကွက်၏ပတ်ပတ် လည်တွင် အထက်တန်းကျောင်းနှင့်ဆယ်တန်းစာစစ်ဌာနအမြောက်အများရှိသည့်ကြား အလွန်ဝေးသည့်သက္ကပြင်စာစစ်ဌာနသို့သွား ရောက်စာမေးပွဲဖြေဆိုနေရပါသည်။အကြောင်းရင်းက လုံခြုံရေး အကာကွယ်မပေးနိုင်ခြင်းအတွက်ပါ။နည်းတူပါ ၂၀၁၂-ခုတက္ကသိုလ် တက်လက်စ မှာ ၂၀၁၆-ခု တက္ကသိုလ်တက်ခွင့်မပြုခြင်းသည် လုံခြုံရေးအကာကွယ်မပေးနိုင်ဟုပါဘဲ။ထို့အတူ ကမန်တိုင်းရင်းသားများ သည် အ ထ က(၆)တက်ခွင့်ကို ပြည်နယ်အစိုးရကခွင့်ပြုသော်လည်း လုံခြုံရေးတာဝန်ယူရမည့်ဌာနမှာ တာဝန်မယူနိုင်အကာကွယ်မပေး နိုင်ဟုပြောပြီး တက်ခွင့်မပေးပါ။အစိုးရက တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး မလုပ်နိုင်ဘူးဆိုရင် ဒီလူတွေ နောက်ထပ်ဘယ်နှစ်စောင့်နေရမှာ လဲ?သူတို့ရဲ့ Protection ကို သူတို့ရတဲ့နေရာကတောင်းဆိုခြင်းသည်အဖြစ်လား?
(၄)ပုံ ၈ ကိုကြည့်ပါ။ကမန်သည်အစ္စလာမ်ဘာသာဝင်ဖြစ်သည့်အတွက် ရမ်းဗြဲမြို့နေထိုင်သူများ မူလနေရာပြန်လည်နေရာချထားခြင်း သည် လုံခြုံရေးကိုအကြောင်းပြပြီး မိသားစုတစ်စုကို ၅ သိန်း လူတစ်ဦးလျှင်တစ်သိန်းထုတ်ပေးပြီး ရမ်းဗြဲမြို့မှ အပြီကိုင်ခြင်းသည်မှန်ခန်း လုပ်သည့်ဆောင်ရွက်လား?ထိုလူများကို အစိုးရအနေဖြင့် အပြည့်အဝ အကာကွယ်ပေးရန်တာဝန်အပြည့်ရှိပါသည်။အကာကွယ်မပေးနိုင် သည့်အတွက်သွားနေရပါသည်။ဒီလိုအခြေအနေမျိုးမှာ သူတို့ရတဲ့နေရာက အကာကွယ်ယူခြင်းသည် သူတို့ရဲ Rightလို့ပြောပါကမမှား နိုင်ပါ။
(၅)ကျန်ပုံများကို လေ့လာကြည့်ပါ။အောင်မင်္ဂလာရပ်ကွက်သည်မြို့ပေါ်ရပ်ကွက်ပါ။ ၅-နှစ်ရှိပြီးအမိုးဖွင့်အကျဉ်းထောင်ပမာပါ။ရပ်ကွက် မှအပြင်ထွက်ခွင့်မရှိပါ။လုံခြုံရေးမပေးနိုင်ဟုပြောပါတယ်။သွားရင်းလာရင်းတွေ့ပါက ခရီးသွားခွင့်မပြုသည့်အတွက် တိရိစ္ဆာန်ကျွဲ နွားကို နိုင်လွန်ကြိုးဖြင့်ချီပြီးယခုကဲ့သို့ တရားရုံးပို့ပြီးထောင်ချလိုက်သည်။ဒီလူတွေအတွက် ထွက်ပေါက်က သူတို့ကို ကာကွယ်သူတစ်ဦးဦး ပေါ်နိုင်ခြင်းပါ။
အပေါ်မှရှင်းလင်းခြင်း(၁) ကျန်းမားရေး(၂)အသက်မွေးဝမ်းကျောင်း(၃)ပညာရေး(၄) မိမိနေရာပြန်လည်နေထိုင်းရေး နှင့်(၅)အသက်ရှင်ရပ်တည်နိုင်ရေး အတွက် မိမိအစိုးရက အကာကွယ်မပေးနိုင်ဘူးဆိုပါက ဒီလူမျိုးတွေ R2P တောင်းဆိုခြင်းသည်မမှားပါ။သို့မဟုတ်အစိုးရအနေဖြင့်အမြန် ဆုံးအကာကွယ်ရအောင်ဆောင်ရွက်ပေးသင့်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.