Breaking

January 12, 2020

ဂျော်ဒန် ဘုရင့်သမီး မင်းသမီး စလ်မာ ဂျော်ဒန် လေတပ် ပထမဆုံး အမျိုးသမီး လေယာဉ်မှူး အဖြစ် မှတ်တမ်း တင်

Image may contain: 1 person, standingImage may contain: 2 people, people smiling, people standingImage may contain: 15 people, people smiling

အမ္မန်၊ ဇန်နဝါရီ(၁၀)
ဂျော်ဒန်တပ်မတော် လေယာဉ်မှူးသင်တန်းပြီးဆုံးပြီးနောက် ဂျော်ဒန်မင်းသမီးစလ်မာကို သူမ၏ဖခင်ဘုရင် အဗ္ဗဒူလာမှ ဂုဏ်ပြုခဲ့သည်။
ဘုရင်အဗ္ဗဒူလာ ၂ ၏သမီးသည် ယခုအပတ်တွင်ဂျော်ဒန်တပ်မတော် စစ်လေယာဉ်မှူးအဖြစ် တောင်ပံ တံဆိပ်များ အပ်နှင်းခံရသည့် ပထမဆုံးဂျော်ဒန်အမျိုးသမီးဖြစ်လာခဲ့သည်။
မင်းသမီး စလ်မာဘင်န်အဗ္ဗဒူလာသည် သူမ၏ဖခင်ကိုယ်တိုင် အပ်နှင်းပေးထားသော လေယာဉ်မှုး အဆောင်အယောင် တံဆိပ်များနှင့်အတူ ဗုဒ္ဓဟူးနေ့က အမ္မ္မန်မြို့တော် အလ်ဟူစိန်နန်းတော်၌ ကျင်းပသော အခမ်းအနားသို့တက်ရောက်ခဲ့သည်ဟု တော်ဝင် ဟာရှီမိုက်တရား ရုံးမှ သတင်းထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။
ဂျော်ဒန်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘုရင်မင်းမြတ်ဘုရင်အဗ္ဗဒူလာ ၂ က လေယာဉ်မှူး သင်တန်း ပြီးဆုံးချိန်တွင် မင်းသမီးစလ်မာကို လေယာဉ်မှုးအဆောင်အယောင်များ ပေးအပ်ခဲ့သည်။ ဘုရင်မင်းမြတ်၊ မိခင်ဖြစ်သူ ဘုရင်မရာနီယာ အိမ်ရှေ့မင်းသားဟူစိန်တို့တက်ရောက်ခဲ့သည်ဟု အဆိုပါကြေညာချက်က ဆိုသည်။
ဂျော်ဒန်လက်နက်ကိုင်တပ်ဖွဲ့များတွင် ပထမဆုံးဗိုလ်မှုးချုပ်ဖြစ်ခဲ့သူ မင်းသားဟူစိန်က Instagram တွင် ညီမဖြစ်သူအားဂုဏ်ပြုခဲ့သည်။
“လင်းလက်တောက်ပပြီး အမြဲတမ်းကြိုးစားအားထုတ်ခဲ့တယ်။ ခုလိုလေယာဉ်မှုးအဆောင်အယောင်တွေ လက်ခံရရှိတဲ့အတွက်ဂုဏ်ယူပါတယ်။ ဒီနေရာမှာပိုပြီးအောင်မြင်မှုတွေ ရရှိမှာပါ”ဟု အိမ်ရှေ့မင်းသားက သူ၏ Instagram တွင် ရေးသားထားသည်။ များစွာသော လူမှုကွန်ယက်စာမျက်နှာများတွင် အဆိုပါ သတင်းကို ပြန်လည်ဖော်ပြခဲ့သည်။
တွစ်တာအသုံးပြုသူတစ်ဦးက ‘ကျနော်ကြီးပြင်းလာတဲ့အခါ မင်းသားဖြစ်ချင်တယ်။ ယနေ့ကမ္ဘာအနှံ့ရှိ မိန်းကလေးများ အတွက်က အဓိပ္ပာယ်အသစ်တစ်ခုပါ”သည်။
ဘုရင်အဗ္ဗဒုလ္လာဟ် ဘုရင်မရာနီယာတို့၏ သားသမီးများတွင် တတိယမြောက်ဖြစ်သည့် မင်သမီးစလ်မာ သည် ဒုတိယမြောက်သမီးဖြစ်ပြီး ၂၀၁၈ ခုနှစ်နိုဝင်ဘာလတွင် ဗြိတိန်ရှိ ဆင်းဟတ်တော်ဝင်စစ်တပ် အကယ်ဒမီတွင် သင်တန်းတက်ရောက်ခဲ့ပြီး ဘွဲ့ရခဲ့သည်။
“ဂျော်ဒန်ဘုရင်အဗ္ဗဒူလာက လေယာဉ်မှူးသင်တန်းပြီးမြောက်ခဲ့တဲ့ မင်းသမီးစလ်မာကို တော်ဝင်လေတ ပ်အဆောင်အယောင်များ ပေးအပ်ခဲ့တယ်။ သူမဟာ ဂျော်ဒန်စစ်တပ်မှာ ပထမဆုံး အမျိုးသမီးလေယာဉ်မှူး အဖြစ် သမိုင်းတွင်ခဲ့တယ်။ အလွန်စိတ်လှုပ်ရှား စရာကောင်းပြီးတော့အရှေ့အလယ်ပိုင်းက အမျိုးသမီး များအား စိတ်ဓာတ်ပ်ုင်းဆိုင်ရာတက်ကြွစေဖို့လှုံ့ဆော်မှုဖြစ်တယ်”ဟု Danny Brown Wolf က တွစ်တာတွင် ရေးသားသည်။ါ်
Ref; Alaraby News
KSM/MMGazette

No comments:

Post a Comment

Note: Only a member of this blog may post a comment.