Breaking

January 7, 2020

အီရန်ကို နာရီပိုင်းအတွင်း ချေမှုန်းမယ့် F-35A ဖိုက်တာတွေကို ထုတ်ပြလိုက်တဲ့ အမေရိကန်


 By  LinZaw Ko

စစ်အင်အားချင်း နှိုင်းယှဉ်တဲ့အခါ အဖက်ဖက်က သာနေတဲ့ အမေရိကန်က တင်းမာနေတဲ့အီရန်နဲ့စစ်ရေးကို တုန့်ပြန်ဖို့အတွက် ဒေါ်လာ (၄.၂)ဘီလီယံတန်ဖိုးရှိ Lockheed Martin F-35 Lightning II လေယာဉ် (၅၂)စင်းကို အီရန်သိဖို့ ထုတ်ပြလိုက်ပါတယ်။
ဒီလေယာဉ်တွေဟာ ကိုယ်ပျောက်တိုက်လေယာဉ်တွေဖြစ်ပြီး၊ တစ်နာရီမှာ (၁၂၀၀)mph သို့မဟုတ် (၁၉၃၀)kph အထိ ပျံသန်းနိုင်ကြောင်း သိရပါတယ်။
ဖျက်အားပြင်း နယူကလီယားလက်နက်တွေ အပြည့်တပ်ဆင်ထားပြီး၊ အမေရိကန် လေတပ် (၃၈၈)နဲ့ (၄၁၉)တို့ရဲ့ Fighter Wings အမြဲတမ်းတပ်ဖွဲ့ဝင်က ကျွမ်းကျင်စွာ မောင်းနှင်နိုင်ပါတယ်။
ဒီတိုက်ခိုက်ရေးလေယာဉ်မျိုး ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှမရှိသေးဘဲ သူရဲ့စွမ်းဆောင်ရည်က ကြောက်ခမန်းလိလိပါ။ မြန်လွန်းတဲ့မြန်နှုန်းနဲ့ ခေတ်မီလက်နက်တွေက အီရန်ကို နာရီပိုင်းအတွင်း အသာလေး ကမ္ဘာ့မြေပုံပေါ်ကနေ ဖျောက်ပြနိုင်စွမ်းရှိတယ်လို့တောင် ဆိုပါတယ်။
419th Fighter Wings ရဲ့တွစ်တာမှာ “ ငါတို့ ပျံသန်းဖို့အသင့် … တိုက်ပွဲဝင်ဖို့ အသင့် … အနိုင်ယူဖို့ အသင့် ”ဆိုပြီးတင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်ရေးဖိုက်တာတွေကို အလွယ်တကူ F-35A လို့ ခေါ်ကြပါတယ်။ ဒီဖိုက်တာတစ်စီးကို အမေရိကန်ဒေါ်လာ (၈၉.၂)သန်း ကျသင့်ပါတယ်။
နောက်ထပ် ခေတ်မီတိုက်ခိုက်ရေးဖိုက်တာတွေကတော့ F-35B နဲ့ F-35C ပါ။ အဆင့်မြင့်တိုက်ခိုက်ရေးယာဉ်တွေဖြစ်ပြီး တစ်စီးကို ဒေါ်လာ (၁၁၅.၅)သန်းနဲ့ (၁၀၇.၇)သန်းအထိ ကျသင့်ပါတယ်။
F-35C ကတော့ မြေပြင်မြန်နှုန်းမြင့်တိုက်ခိုက်မှုတွေနဲ့ လေယာဉ်တင်သင်္ဘောနဲ့ စစ်ချီးနိုင်ဖို့ ထုတ်လုပ်ထားတာပါ။
F-35B ကလည်း အထူးအဆင့်မြင့်ထားတဲ့ တိုက်ခိုက်ရေးယာဉ်ဖြစ်တာမို့ စစ်ပွဲတွေမှာ ထည့်သုံးခဲ့မယ်ဆိုရင် အလွန်ကြောက်မယ်ဖွယ်ရာ ဘေးဆိုးတွေကို ဖန်းတီးနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ဗီယက်နမ်မှာ စစ်ရှုံးခဲ့တာကို အီရန်က လှောင်ပြောင်ခဲ့ပေမယ့်-
အီရက်အာဏာရှင် ဆက်ဒမ်ဟူစိန်ကို သုတ်သင်ခဲ့တာကို မေ့ထားလို့မရပါဘူး။ ဆိုရရင် သူတို့ ခေတ်မီလက်နက်တွေဟာ နှစ်ကြာလာသည်နှင့်အမျှ ပိုပြီး ကြောက်စရာကောင်းလာတာ မြင်သာစေမှာပါ။
နောက်ပြီး အီရက်ကို နာရီပေါင်း (၁၀၀)လောက်နဲ့ ရအောင်သိမ်းခဲ့တာ သာဓက ဖြစ်ပါတယ်။ အခုဆိုရင် ခေတ်မီလက်နက်တွေကြောင့် နိုင်ငံတစ်ခုကို သိမ်းပိုက်ဖို့ အချိန် အဲဒီလောက် မလိုတဲ့အနေအထားပါ။
လင်းဇော်ကို (D Nae Khit)
Zawgyi ျဖင့္ဖတ္ရန္-
စစ္အင္အားခ်င္း ႏႈိင္းယွဥ္တဲ့အခါ အဖက္ဖက္က သာေနတဲ့ အေမရိကန္က တင္းမာေနတဲ့အီရန္နဲ႔စစ္ေရးကို တုန္႔ျပန္ဖုိ႔အတြက္ ေဒၚလာ (၄.၂)ဘီလီယံတန္ဖုိးရွိ Lockheed Martin F-35 Lightning II ေလယာဥ္ (၅၂)စင္းကုိ အီရန္သိဖုိ႔ ထုတ္ျပလုိက္ပါတယ္။
ဒီေလယာဥ္ေတြဟာ ကိုယ္ေပ်ာက္တုိက္ေလယာဥ္ေတြျဖစ္ၿပီး၊ တစ္နာရီမွာ (၁၂၀၀)mph သုိ႔မဟုတ္ (၁၉၃၀)kph အထိ ပ်ံသန္းႏုိင္ေၾကာင္း သိရပါတယ္။ ဖ်က္အားျပင္း နယူကလီယားလက္နက္ေတြ အျပည့္တပ္ဆင္ထားၿပီး၊ အေမရိကန္ ေလတပ္ (၃၈၈)နဲ႔ (၄၁၉)တုိ႔ရဲ႕ Fighter Wings အၿမဲတမ္းတပ္ဖြဲ႕ဝင္က ကၽြမ္းက်င္စြာ ေမာင္းႏွင္ႏုိင္ပါတယ္။
ဒီတုိက္ခုိက္ေရးေလယာဥ္မ်ိဳး ကမာၻမွာ ဘယ္ႏုိင္ငံမွာမွမရွိေသးဘဲ သူရဲ႕စြမ္းေဆာင္ရည္က ေၾကာက္ခမန္းလိလိပါ။ ျမန္လြန္းတဲ့ျမန္ႏႈန္းနဲ႔ ေခတ္မီလက္နက္ေတြက အီရန္ကို နာရီပုိင္းအတြင္း အသာေလး ကမာၻ႕ေျမပုံေပၚကေန ေဖ်ာက္ျပႏုိင္စြမ္းရွိတယ္လုိ႔ေတာင္ ဆုိပါတယ္။
419th Fighter Wings ရဲ႕တြစ္တာမွာ “ ငါတုိ႔ ပ်ံသန္းဖုိ႔အသင့္ … တုိက္ပြဲဝင္ဖုိ႔ အသင့္ … အႏုိင္ယူဖုိ႔ အသင့္ ”ဆုိၿပီးတင္ခဲ့ပါတယ္။ ဒီတုိက္ခုိက္ေရးဖုိက္တာေတြကို အလြယ္တကူ F-35A လုိ႔ ေခၚၾကပါတယ္။ ဒီဖုိက္တာတစ္စီးကုိ အေမရိကန္ေဒၚလာ (၈၉.၂)သန္း က်သင့္ပါတယ္။
ေနာက္ထပ္ ေခတ္မီတုိက္ခုိက္ေရးဖုိက္တာေတြကေတာ့ F-35B နဲ႔ F-35C ပါ။ အဆင့္ျမင့္ တုိက္ခုိက္ေရးယာဥ္ေတြျဖစ္ၿပီး တစ္စီးကုိ ေဒၚလာ (၁၁၅.၅)သန္းနဲ႔ (၁၀၇.၇)သန္းအထိ က်သင့္ပါတယ္။ F-35C ကေတာ့ ေျမျပင္ျမန္ႏႈန္းျမင့္တုိက္ခုိက္မႈေတြနဲ႔ ေလယာဥ္တင္သေဘၤာနဲ႔ စစ္ခ်ီးႏုိင္ဖုိ႔ ထုတ္လုပ္ထားတာပါ။
F-35B ကလည္း အထူးအဆင့္ျမင့္ထားတဲ့ တိုက္ခုိက္ေရးယာဥ္ျဖစ္တာမုိ႔ စစ္ပြဲေတြမွာ ထည့္သုံးခဲ့မယ္ဆုိရင္ အလြန္ေၾကာက္မယ္ဖြယ္ရာ ေဘးဆုိးေတြကို ဖန္းတီးႏုိင္တယ္လုိ႔ ဆုိပါတယ္။ အေမရိကန္ဟာ ဗီယက္နမ္မွာ စစ္႐ႈံးခဲ့တာကို အီရန္က ေလွာင္ေျပာင္ခဲ့ေပမယ့္-
အီရက္အာဏာရွင္ ဆက္ဒမ္ဟူစိန္ကို သုတ္သင္ခဲ့တာကို ေမ့ထားလုိ႔မရပါဘူး။ ဆုိရရင္ သူတုိ႔ ေခတ္မီလက္နက္ေတြဟာ ႏွစ္ၾကာလာသည္ႏွင့္အမွ် ပုိၿပီး ေၾကာက္စရာေကာင္းလာတာ ျမင္သာေစမွာပါ။
ေနာက္ၿပီး အီရက္ကို နာရီေပါင္း (၁၀၀)ေလာက္နဲ႔ ရေအာင္သိမ္းခဲ့တာ သာဓက ျဖစ္ပါတယ္။ အခုဆုိရင္ ေခတ္မီလက္နက္ေတြေၾကာင့္ ႏုိင္ငံတစ္ခုကို သိမ္းပုိက္ဖုိ႔ အခ်ိန္ အဲဒီေလာက္ မလိုတဲ့အေနအထားပါ။
လင္းေဇာ္ကို (D Nae Khit

https://bamakhit.com/2020/01/06/%e1%80%a1%e1%80%ae%e1%80%9b%e1%80%94%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%94%e1%80%ac%e1%80%9b%e1%80%ae%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%84/?fbclid=IwAR0EoYCIxSYxbRRJN00rtX7WS1n6GM6Vc7lcEv12iEcDyHEDbadqsPiwj9E

No comments:

Post a Comment

Note: Only a member of this blog may post a comment.