လြတ္လပ္တဲ့အာရွအသံ ( RFA )
2020.02.14
■ တပ်မတော်(ရေ)က ဖမ်းဆီးထားတဲ့ လှေစီးဒုက္ခသည် ရိုဟင်ဂျာမွတ်ဆလင် ၅၀ နီးပါးကို ဒီနေ့ ပုသိမ်မြို့မှာ ရုံးထုတ်စစ်ဆေးဖို့ရှိတယ်လို့ ဧရာဝတီတိုင်း လဝက ဝန်ကြီး ဒေါက်တာစိုးဝင်း က ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပုသိမ်မြို့နယ် ပေါက်လှဂျိုင်ကျေးရွာအနီး ပင်လယ်မှာ တွေ့ရှိခဲ့တာပါ။
ဒီလူတွေဟာ ဘယ်ကလာတယ်ဆိုတာ မသိရသေးဘဲ သူတို့ကိုစစ်ဆေးပြီးမှ နေရပ်ပြန်ပို့မလား လဝက ဥပဒေနဲ့ အရေးယူမလားဆိုတာ ပြောလို့မရသေးဘူးလို့ ဒေါက်တာစိုးဝင်း ကပြောပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညပိုင်းတုန်း က ပေါက်လှဂျိုင်ကျေးရွာအနီး ပင်လယ်ပြင်မှာ အထောက်အ ထား မပြနိုင်တဲ့ ရိုဟင်ဂျာမွတ်စလင် ၄၈ ဦးကို တပ်မတော်(ရေ)က ဖမ်းဆီးခဲ့တာပါ။
ဒီရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကလား၊ ရခိုင်ပြည်နယ်တနေရာရာက ထွက်လာသူ တွေ လားဆိုတာကိုတော့ မသိရသေးပါဘူး။
No comments:
Post a Comment
Note: Only a member of this blog may post a comment.