Breaking

February 17, 2020

ပါမောက္ခ ဝီလီယံ ရှဘတ်စ် မြန်မာအစိုးရနဲ့ အဆက်ဖြတ်ဖို့ ဖိအား ပေးခံရ

Image may contain: 1 person, sitting and suit

■ နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနိုင်ငံဖက်က ရှေ့နေလိုက်ပေးနေတဲ့ ပါမောက္ခ ဝီလီယံ ရှဘတ်စ်ကို မြန်မာနဲ့အဆက်ဖြတ်ဖို့ နိုင်ငံတကာ လူမျိုးတုံးသတ်ဖြတ်မှုလေ့လာရေးအဖွဲ့ (IAGS) က တိုက်တွန်းထား ပါတယ်။
ရှေ့နေကြီး ဝီလီယံ ရှဘတ်စ်ဟာ IAGS အသင်းရဲ့ ဥက္ကဋ္ဌ အဖြစ် ၂၀၀၉ ကနေ ၂၀၁၁ အထိ သုံးနှစ်ကြာ ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး အဲဒီအတွက် ငွေကြေးအမြောက်အများလည်း ပေးခဲ့တဲ့အသင်းဖြစ်တယ်လို့ IAGS အသင်းရဲ့ ပြီးခဲ့တဲ့အပတ် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ ကုလသမဂ္ဂအချက် အလက်ရှာ ဖွေရေးမစ်ရှင် (FFM) ရဲ့ အစီရင်ခံစာမှာ စွပ်စွဲခံထားရတဲ့ မြန်မာအတွက် ရှေ့နေလိုက်ပေးတဲ့ ဝီလီယံ ရှဘတ်စ်ရဲ့ ဆုံးဖြတ်ချက်ကို IAGS အသင်းက စိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း ဖော်ပြထားပါတယ်။
ရှေ့နေကြီး ရှဘတ်စ်ရဲ့ အားထုတ်မှုက ရိုဟင်ဂျာအသိုင်းအဝိုင်းကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ထပ်မဖြစ်အောင် ကာကွယ်ပေးမှာမဟုတ်တဲ့အတွက် မြန်မာအစိုးရနဲ့ လက်တွဲနေတာကို အဆုံးသတ်ပေးဖို့ IAGS အသင်းက တိုက်တွန်းထားတာဖြစ်ပါတယ်။
– Unicode
~~~~~~~~~~~~~~~
ပါေမာကၡ ဝီလီယံ ရွဘတ္စ္ ျမန္မာအစိုးရနဲ႔အဆက္ျဖတ္ဖို႔ ဖိအားေပးခံရ
~~~~~
■ ႏိုင္ငံတကာတရား႐ုံး ICJ မွာ ျမန္မာႏိုင္ငံဖက္က ေရွ႕ေနလိုက္ေပးေနတဲ့ ပါေမာကၡ ဝီလီယံ ရွဘတ္စ္ကို ျမန္မာနဲ႔အဆက္ျဖတ္ဖို႔ ႏိုင္ငံတကာ လူမ်ိဳးတုံးသတ္ျဖတ္မႈေလ့လာေရးအဖြဲ႕ (IAGS) က တိုက္တြန္းထား ပါတယ္။
ေရွ႕ေနႀကီး ဝီလီယံ ရွဘတ္စ္ဟာ IAGS အသင္းရဲ႕ ဥကၠ႒ အျဖစ္ ၂၀၀၉ ကေန ၂၀၁၁ အထိ သုံးႏွစ္ၾကာ ေဆာင္႐ြက္ခဲ့ဖူးသူျဖစ္ၿပီး အဲဒီအတြက္ ေငြေၾကးအေျမာက္အမ်ားလည္း ေပးခဲ့တဲ့အသင္းျဖစ္တယ္လို႔ IAGS အသင္းရဲ႕ ၿပီးခဲ့တဲ့အပတ္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။
႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္တယ္လို႔ ကုလသမဂၢအခ်က္အလက္ရွာေဖြေရးမစ္ရွင္ (FFM) ရဲ႕ အစီရင္ခံစာမွာ စြပ္စြဲခံထားရတဲ့ ျမန္မာအတြက္ ေရွ႕ေနလိုက္ေပးတဲ့ ဝီလီယံ ရွဘတ္စ္ရဲ႕ ဆုံးျဖတ္ခ်က္ကို IAGS အသင္းက စိုးရိမ္မကင္းျဖစ္မိတယ္လို႔လည္း ေဖာ္ျပထားပါတယ္။
ေရွ႕ေနႀကီး ရွဘတ္စ္ရဲ႕ အားထုတ္မႈက ႐ိုဟင္ဂ်ာအသိုင္းအဝိုင္းကို လူမ်ိဳးတုံးသတ္ျဖတ္မႈေတြထပ္ မျဖစ္ေအာင္ ကာကြယ္ေပးမွာမဟုတ္တဲ့အတြက္ ျမန္မာအစိုးရနဲ႔ လက္တြဲေနတာကို အဆုံးသတ္ေပးဖို႔ IAGS အသင္းက တိုက္တြန္းထားတာျဖစ္ပါတယ္။
– Zawgyi

No comments:

Post a Comment

Note: Only a member of this blog may post a comment.