Breaking

June 15, 2020

သုံးစွဲနေသည့် ငွေစက္ကူများအားလုံးကို ဗိုလ်ချုပ် ရုပ်ပုံ ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်



နိုင်ငံအတွင်း သုံးစွဲနေတဲ့ ငွေစက္ကူအမျိုးအစား အားလုံးကို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေသွားဖို့ စီစဉ်နေတယ်လို့  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပြောပါတယ်။
အခုနှစ် ဇန်နဝါရီလအတွင်းမှာ ဗိုလ်ချုပ်ရုပ်ပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူတွေကို ဖြန့်ဝေခဲ့ပြီး လက်ရှိအချိန်မှာတော့ ငွေစက္ကူအမျိုးအစားအားလုံးကို ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ထုတ်ဝေဖို့ ဗဟိုဘဏ်က စီစဥ်နေတာပါ။
 ဇွန်လ ၁၅ ရက်က ပြုလုပ်တဲ့ အစိုးရ သတင်းစာရှင်းလင်းပွဲအတွင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌက  ပြောကြားခဲ့တာဖြစ်ပြီး ထုတ်ဝေမယ့်အချိန်အတိအကျကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။
ဗဟိုဘဏ်ဒုဥက္ကဋ္ဌ  ဦးစိုးမင်းက “အခုသုံးစွဲနေတဲ့ denomination တွေအကုန်လုံးကိုတော့ အစဉ်လိုက်ပဲ  ရိုက်နှိပ်ထုတ်ဝေသွားမှာပါ။ ဒါပေမဲ့ ကာလကတော့ ဒီ ၁၀ အတွင်းမှာလား။ ဒါကတော့ ရိုက်နှိပ်တဲ့အပေါ်မှာပဲ မူတည်ပါတယ်။ အားလုံးကို သုံးစွဲနေတဲ့ denomination တွေ အားလုံးအတွက် ဗိုလ်ချုပ်ရုပ်ပုံကိုတော့ ရိုက်နှိပ်ထုတ်ဝေမှာပါ” လို့ ပြောပါတယ်။
ဗဟိုဘဏ်အနေနဲ့ ၁၉၉၀ ကနေ လက်ရှိအချိန်အထိ ငွေစက္ကူအမျိုးအစား ၁၅ မျိုးနဲ့ အကြွေစေ့ ၄ မျိုးတို့ကို ထုတ်ဝေခဲ့ပြီး လက်ရှိအချိန်မှာတော့ ၅၀ ကျပ်တန်မှ စပြီး ငွေစက္ကူ  ၈ မျိုးလောက်ကိုသာ သုံးစွဲနေပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.