Breaking

July 2, 2020

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပမည်

■ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ကြေညာလိုက်ပါတယ်။
ဒါကြောင့်ယှဉ်ပြိုင်မယ့် ပါတီတွေ၊ တစ်သီးပုဂ္ဂလတွေ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို သြဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထား ပေးပို့ကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပါဝင်ယှဉ်ပြိုင်ကြမယ့်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုချက်တွေနဲ့အညီ လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကစပြီး မဲဆွယ်နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာပါပါတယ်။
ဒါ့အပြင် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတာ၊ ရုပ်သိမ်းတာ၊ စိစစ်တာတွေနဲ့ ပတ်သက်တဲ့ နေ့ရက်တွေကိုပါ သတ်မှတ်ကြေညာထားပါတယ်။
၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲကို စစ်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အားလုံးအပါအဝင် တစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၃၃၀ မှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၉ ရက်နေ့က ကြေညာထားပါတယ်။
ဒီကြေညာချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် တစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၃၃ဝ မှာ မဲဆန္ဒနယ် ၃၃ဝ ၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအတွက် မဲဆန္ဒနယ် ၆၄၄ နယ်မှာ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ သိရပါတယ်။
(unicode)
~~~~~~~~
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပမည်
~~~~~~

(zawgyi)

No comments:

Post a Comment

Note: Only a member of this blog may post a comment.