Breaking

October 22, 2020

ရခိုင္စစ္ေရးပဋိပကၡ ဆန္႔က်င္ဆႏၵျပတဲ့ ေက်ာင္းသားေတြ ဆက္တိုက္ ဖမ္းဆီး ေထာင္ခ်ခံေနရ


(Zawgyi/Unicode)

လက္နက္ကိုင္ပဋိပကၡေတြ အဆံုးသတ္ေရး မႏၱေလးၿမိဳ႕မွာ ေတာင္းဆုိလႈပ္ရွားခဲ့ၾကတဲ့ ေက်ာင္းသား သမဂၢအဖြဲ႔၀င္ လူငယ္ ၂ဦးကို ေနာက္ထပ္ ေထာင္ဒဏ္ ၁ ႏွစ္စီ ဗုဒၶဟူးေန႔က ခ်မွတ္ခံခဲ့ရပါတယ္။သူတို႔ႏွစ္ဦးဟာ ေထာင္ဒဏ္ ၅ ႏွစ္စီ ခ်မွတ္ခံထားရတာပါ။

ရခိုင္ စစ္ေရးပဋိပကၡကို ဆန္႔က်င္ဆႏၵျပလို႔ ဖမ္းဆီးခံရတဲ့ ေက်ာင္းသားသမဂၢအဖဲြ၀င္ (၁၅)ဦးထိရွိေနၿပီး အမ်ားအျပားလည္း ဖမ္း၀ရမ္းေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။

ဗီြအိုေအ သတင္းေထာက္ ကိုထက္ေအာင္ခန္႔က သတင္းေပးပို႔ထားပါတယ္။

ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ စစ္ပြဲေတြ အဆံုးသတ္ေရး ၿပီးခဲ့တဲ့လေႏွာင္းပုိင္းက မႏၱေလးၿမိဳ႕မွာ ၿငိမ္းခ်မ္းစြာေတာင္းဆုိ လႈပ္ရွားခဲ့ၾကတဲ့့ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢ အဖြဲ႕၀င္ ကိုစိုးလွႏိုင္နဲ႔ ကိုေက်ာ္သီဟရဲေက်ာ္တို႔ကို မႏၱေလးတုိင္း၊ အမရပူရၿမိဳ႕နယ္ တရားရံုးက ဒီကေန႔ပဲ ေနာက္ထပ္ ေထာင္ဒဏ္ ၁ ႏွစ္စီ ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။

အစုိးရနဲ႔ တပ္မေတာ္ကုိ အၾကည္ညိဳပ်က္ေအာင္လုပ္တယ္ဆုိတဲ့ စြပ္စဲြခ်က္ေတြနဲ႔ တရား႐ုံးက စီရင္ခ်က္ခ်ခဲ့တာလုိ႔လည္း ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ ဒုကၠဌ - ၁ ကိုေအာင္ျပည့္စံုၿဖိဳးက ေျပာပါတယ္။

“ဒီေန႔ကေတာ့ အမရပူရ တရားရံုးက ၅၀၅ (က) အတြက္ ၁ ႏွစ္ ၅၀၅ (ခ) အတြက္ ၁ ႏွစ္ ၂ ႏွစ္ေပါ့ စုစုေပါင္းခ်တယ္။ ဒါေပမယ့္ တမႈတည္းျဖစ္တဲ့အတြက္ တေပါင္းတည္း က်ခံေစဆိုၿပီးေတာ့ ၁ ႏွစ္ပဲ က်ပါတယ္။ ကိုေက်ာ္သီဟရဲေက်ာ္နဲ႔ ကိုစိုးလွႏိုင္တို႔ပါ။”

သူတုိ႔ ၂ ဦးကုိေတာ့ အလားတူလႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး အေစာပုိင္းမွာတုန္းကလည္း ေထာင္ဒဏ္ ၅ ႏွစ္စီ အျပစ္ေပးထားပါတယ္။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ အစုိးရနဲ႔ စစ္တပ္ကုိ ဆန္႔က်င္ဆႏၵျပတဲ့ လႈပ္ရွားမႈနဲ႔ ဆက္ႏြယ္ၿပီး ဦးေဆာင္လႈပ္ရွားသူ ၃ ဦး အပါအ၀င္ ဖမ္းဆီးထားသူ ၄ ဦးကုိလည္း အလားတူ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈပုဒ္မနဲ႔ တရားစြဲဆိုထားပါတယ္။

စစ္ေတြၿမိဳ႕မွာ ဖမ္းဆီးခံထားရသူေတြအတြက္ အက်ဳိးေဆာင္ေပးေနတဲ့ တရားလႊတ္ေတာ္ ေရွ႕ေန ဦးေက်ာ္ညြန္႔ေမာင္ကေတာ့ ဆႏၵျပရတဲ့ အေၾကာင္းရင္းကုိ ေျဖရွင္းမွသာ ေရရွည္အေျဖျဖစ္လိမ့္မယ္လုိ႔ ျမင္ပါတယ္။

“ဒီေက်ာင္းသားေတြဟာ ဘာေၾကာင့္ျပလဲ အဲ့ဒီ source ကို လိုက္ရွာမယ္။ လိုက္ရွာၿပီးေတာ့ လူႀကီးေတြက အဲ့အေၾကာင္းအရာ ေတြ႕ဆုံၿပီးေတာ့ ဒီလိုဒီလိုရွိတယ္ မင္းတို႔လည္းေျပာ လက္နက္မဲ့ျပည္သူေတြ ဒီလုိ ျဖစ္ေနတယ္။ အဲ့ဒါဆို သက္ေသျပ ဒီလိုဒီလို အမွန္တကယ္ျဖစ္ေနတယ္။ အဲ့လိုဆို အဲ့ဒါကိုလည္း ဘယ္လို ေျဖရွင္းမလဲ အဲ့ဒါမ်ိဳး ကိုင္တြယ္ၿပီးလုပ္ရမွာေပါ့ ဘာလို႔လည္းဆိုေတာ့ ဒီဟာေတြက မလိုလားအပ္ဘဲ ႀကီးႀကီးမားမား ျဖစ္သြားရင္ ႏိုင္ငံေတာ္အတြက္ နစ္နာႏိုင္တယ္။ အဲ့ဒါေၾကာင့္ ဒီကေလးေတြနဲ႔ လူႀကီးေတြနဲ႔ေတြ႕ဆံုၿပီး ဘယ္လိုအေျဖရွာမလဲ အဲ့လိုျဖစ္သင့္တယ္လို႔ ကြ်န္ေတာ္ျမင္ပါတယ္။”

ရခုိင္ျပည္နယ္က လက္နက္ကုိင္ ပဋိပကၡေတြ အဆုံးသတ္ေရး ေတာင္းဆုိလႈပ္ရွားမႈေတြေၾကာင့္ ရခုိင္ျပည္နယ္မွာသာမက၊ ရန္ကုန္၊ မႏၱေလးနဲ႔ ပခုကၠဴၿမိဳ႕ေတြက တက္ၾကြလႈပ္ရွားသူ လူငယ္တခ်ဳိ႕လည္း ဖမ္းဆီးအေရးယူခံထားရတာပါ။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ႏွစ္ကစ AA ရခုိင္လက္နက္ကုိင္အဖဲြ႔နဲ႔ တပ္မေတာ္ၾကား တုိက္ပဲြေတြ ျဖစ္ပြားရာက ကေလးငယ္ေတြ အပါအ၀င္ အရပ္သား ထိခုိက္ေသဆုံးမႈေတြ ေနရပ္စြန္႔ခြာေနရတဲ့ အေျခအေနေတြေၾကာင့္ စစ္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြလည္း ႀကီးထြားလာေနတာပါ။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္နဲ႔ ျမန္မာႏုိင္ငံ အေျခစုိက္ သံတမန္ေတြ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကလည္း လက္နက္ကုိင္ ပဋိပကၡေတြ အဆုံးသတ္ေရးနဲ႔ ကုိဗစ္ကပ္ေရာဂါ ႀကံဳေနရခ်ိန္မွာ တုိက္ခုိက္မႈေတြ ရပ္စဲထားေရး တုိက္တြန္းထားၾကပါတယ္။

..............

ရခိုင်စစ်ရေးပဋိပက္ခ ဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားတွေ ဆက်တိုက် ဖမ်းဆီး ထောင်ချခံနေရ

(Unicode)

လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး မန္တလေးမြို့မှာ တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ ကျောင်းသား သမဂ္ဂအဖွဲ့ဝင် လူငယ် ၂ဦးကို နောက်ထပ် ထောင်ဒဏ် ၁ နှစ်စီ ဗုဒ္ဓဟူးနေ့က ချမှတ်ခံခဲ့ရပါတယ်။သူတို့နှစ်ဦးဟာ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံထားရတာပါ။

ရခိုင် စစ်ရေးပဋိပက္ခကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရတဲ့ ကျောင်းသားသမဂ္ဂအဖွဲဝင် (၁၅)ဦးထိရှိနေပြီး အများအပြားလည်း ဖမ်းဝရမ်းတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ စစ်ပွဲတွေ အဆုံးသတ်ရေး ပြီးခဲ့တဲ့လနှောင်းပိုင်းက မန္တလေးမြို့မှာ ငြိမ်းချမ်းစွာတောင်းဆို လှုပ်ရှားခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ကို မန္တလေးတိုင်း၊ အမရပူရမြို့နယ် တရားရုံးက ဒီကနေ့ပဲ နောက်ထပ် ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အစိုးရနဲ့ တပ်မတော်ကို အကြည်ညိုပျက်အောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားရုံးက စီရင်ချက်ချခဲ့တာလို့လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒုက္ကဌ - ၁ ကိုအောင်ပြည့်စုံဖြိုးက ပြောပါတယ်။

“ဒီနေ့ကတော့ အမရပူရ တရားရုံးက ၅၀၅ (က) အတွက် ၁ နှစ် ၅၀၅ (ခ) အတွက် ၁ နှစ် ၂ နှစ်ပေါ့ စုစုပေါင်းချတယ်။ ဒါပေမယ့် တမှုတည်းဖြစ်တဲ့အတွက် တပေါင်းတည်း ကျခံစေဆိုပြီးတော့ ၁ နှစ်ပဲ ကျပါတယ်။ ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့ပါ။”

သူတို့ ၂ ဦးကိုတော့ အလားတူလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး အစောပိုင်းမှာတုန်းကလည်း ထောင်ဒဏ် ၅ နှစ်စီ အပြစ်ပေးထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရနဲ့ စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ လှုပ်ရှားမှုနဲ့ ဆက်နွယ်ပြီး ဦးဆောင်လှုပ်ရှားသူ ၃ ဦး အပါအဝင် ဖမ်းဆီးထားသူ ၄ ဦးကိုလည်း အလားတူ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲဆိုထားပါတယ်။

စစ်တွေမြို့မှာ ဖမ်းဆီးခံထားရသူတွေအတွက် အကျိုးဆောင်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်ကတော့ ဆန္ဒပြရတဲ့ အကြောင်းရင်းကို ဖြေရှင်းမှသာ ရေရှည်အဖြေဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။

“ဒီကျောင်းသားတွေဟာ ဘာကြောင့်ပြလဲ အဲ့ဒီ source ကို လိုက်ရှာမယ်။ လိုက်ရှာပြီးတော့ လူကြီးတွေက အဲ့အကြောင်းအရာ တွေ့ဆုံပြီးတော့ ဒီလိုဒီလိုရှိတယ် မင်းတို့လည်းပြော လက်နက်မဲ့ပြည်သူတွေ ဒီလို ဖြစ်နေတယ်။ အဲ့ဒါဆို သက်သေပြ ဒီလိုဒီလို အမှန်တကယ်ဖြစ်နေတယ်။ အဲ့လိုဆို အဲ့ဒါကိုလည်း ဘယ်လို ဖြေရှင်းမလဲ အဲ့ဒါမျိုး ကိုင်တွယ်ပြီးလုပ်ရမှာပေါ့ ဘာလို့လည်းဆိုတော့ ဒီဟာတွေက မလိုလားအပ်ဘဲ ကြီးကြီးမားမား ဖြစ်သွားရင် နိုင်ငံတော်အတွက် နစ်နာနိုင်တယ်။ အဲ့ဒါကြောင့် ဒီကလေးတွေနဲ့ လူကြီးတွေနဲ့တွေ့ဆုံပြီး ဘယ်လိုအဖြေရှာမလဲ အဲ့လိုဖြစ်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။”

ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေး တောင်းဆိုလှုပ်ရှားမှုတွေကြောင့် ရခိုင်ပြည်နယ်မှာသာမက၊ ရန်ကုန်၊ မန္တလေးနဲ့ ပခုက္ကူမြို့တွေက တက်ကြွလှုပ်ရှားသူ လူငယ်တချို့လည်း ဖမ်းဆီးအရေးယူခံထားရတာပါ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ကစ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဖြစ်ပွားရာက ကလေးငယ်တွေ အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုတွေ နေရပ်စွန့်ခွာနေရတဲ့ အခြေအနေတွေကြောင့် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေလည်း ကြီးထွားလာနေတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံ အခြေစိုက် သံတမန်တွေ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ရေးနဲ့ ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန်မှာ တိုက်ခိုက်မှုတွေ ရပ်စဲထားရေး တိုက်တွန်းထားကြပါတယ်။ 

 https://burmese.voanews.com/a/rakhine-conflicts-protest-/5630614.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.