Breaking

December 21, 2020

စည်းမျဉ်း အခြေခံသည့် နိုင်ငံပေါင်းစုံ ကုန်သွယ်မှု ပြန်လည်အားကောင်းရန် အရေးတကြီး လိုအပ်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြော

 Image may contain: 1 person


ရန်ကုန် ၊ ဒီဇင်ဘာ ၂၀
စည်းမျဉ်း အခြေခံသည့် နိုင်ငံပေါင်းစုံ ကုန်သွယ်မှု ပြန်လည်အားကောင်းရန် အရေးတကြီးလို အပ်နေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီနေ့ပြုလုပ်တဲ့ ကုန်သည်စက်မှု အသင်းချုပ်( UMFCCI ) နှစ်ပတ်လည် အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီနေ့ခေတ်ပထဝီ နိုင်ငံရေးအခြေအနေနဲ့ ကမ္ဘာ့ကုန်သွယ်မှု အခင်းအကျင်းအရ ကမ္ဘာ့ စီးပွားရေး အင်အားကြီးနိုင်ငံများ အကြား စီးပွားရေးတင်းမာမှုတွေရှိနေသလို ကိုယ်ကျိုးစီးပွားကာကွယ်သည့် အစီစဉ်တွေချမှတ်လုပ်ဆောင်နေတာကို တွေ့မြင်ကြရမှာဖြစ်တယ်လို့ ဆိုပါတယ် ။
ကမ္ဘာ့ စီးပွားရေးရဲ့နောက်ခံအနေအထားအရ မြန်မာနိုင်ငံလို စီးပွားရေးအင်အား သေးငယ်တဲ့ နိုင်ငံတစ်ခုအနေနဲ့ သီးခြားရပ်တည်ပြီး နိုင်ငံတကာနဲ့ စီးပွားရေးဆက်ဆံလုပ်ကိုင်ဖို့အခက်ခဲများစွာရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ရက်က ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုစာချုပ် (RCEP) ကို ကမ္ဘာ့နိုင်ငံတွေနည်းတူ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစာချုပ်ဟာ ကမ္ဘာ့လူဦးရေ ၃၀ရာခိုင်နှုန်းကျော်နဲ့ ကမ္ဘာ့ စီးပွားရေးပမာဏ ၃၀ရာခိုင်နှုန်း ကမ္ဘာ့ ကုန်သွယ်မှု ပမာဏ ၂၉ရာခိုင်နှုန်း ကို ကိုယ်စားပြုတာကြောင့် ကမ္ဘာ့ အကြီးဆုံး ကုန်သွယ်ရေး နယ်မြေတစ်ခုလည်းဖြစ်ပါတယ်။
" (RCEP) ကိုဝင်ရောက်ခဲ့တဲ့ အတွက် နိုင်ငံစီးပွားရေး အဓိက မောင်းနှင်အား ဖြစ်တဲ့ ပုဂ္ဂိလ်က ကဏ္ဍာ အကျိုးစီးပွားကို မြင့်တင်ပေးနိုင်မယ့်လို့ယုံကြည်ထားပါတယ် စာချုပ်ကပေးတဲ့ အခွင့်အရေးတွေကို ပြည်သူတွေလက်တွေ့ခံစားရရှိလာအောင် အစိုးရနဲ ပုဂ္ဂိလိက ကဏ္ဍနှစ်ရပ် ဟန်ချက်ညီညီ အင်အားကောင်းကောင်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပြောကြားလိုပါတယ်" လို့ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။
မြန်မာနိုင်ငံ ဟာ ရေခံ မြေခံ ပထဝီအနေအထားအရ စီးပွားရေး လုပ်ကိုင်ရန်ကောင်းမွန်တဲ့ အာရှ နိုင်ငံတွေထဲမှာပါဝင်နေတာကြောင့် ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံရဲ့စီးပွားရေးပြိုင်ဆိုင်နယ်ချဲ့ မှုတွေကလည်း မြန်မာနိုင်ငံအပေါ် သက်ရောက်မှုရှိနေတာပဲဖြစ်တယ်လို့ စီးပွားရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
#အိုင်းရစ် ရေးသားသည်။
(ပုံ - UMFCCI )

No comments:

Post a Comment

Note: Only a member of this blog may post a comment.