Breaking

January 6, 2021

သမၼတေရြးခ်ယ္ေရးအဖဲြ႔မဲမ်ား ကန္လႊတ္ေတာ္ေရတြက္အတည္ျပဳမည္

 

[Zawgyi/Unicode]

ႏိုဝင္ဘာလ ၃ ရက္ေန႔မွာ က်င္းပခဲ့တဲ့ အေမရိကန္သမၼတေရြးေကာက္ပြဲ ရလဒ္ေတြအရ ေရြးေကာက္ပြဲဝင္ၿပိဳင္ခဲ့သူ သမၼတေလာင္းႏွစ္ဦး ရထားတဲ့ သမၼတေရြးခ်ယ္ေရးအဖြဲ႔ ကိုယ္စားလွယ္မဲေတြကို အထက္နဲ႔ေအာက္ လႊတ္ေတာ္ႏွစ္ရပ္က အမတ္ေတြ ဒီကေန႔ အတည္ျပဳၾကရေတာ့မွာျဖစ္ပါတယ္။

အေျခခံဥပေဒ ျပင္ဆင္ျဖည့္စြက္ခ်က္ အမွတ္ ၁၂ အရ လုပ္ေဆာင္ရတဲ့ ဒီလုပ္ငန္းဟာ ပံုမွန္အားျဖင့္ဆိုရင္ အခုေလာက္ အသံက်ယ္က်ယ္ေလာင္ေလာင္ မၾကားရဘဲ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ၿပီးသြားေလ့ရွိတဲ့ လုပ္႐ိုးလုုပ္စဥ္ အဆင့္တခုပဲျဖစ္ပါတယ္။ ဒါေပမဲ့လည္း ဒီတႀကိမ္ သမၼတေရြးေကာက္ပြဲမွာေတာ့ မဲမသမာမႈေတြ ရွိခဲ့တယ္ဆိုၿပီး လက္ရွိ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က အေထာက္အထား အခိုင္အမာမရွိဘဲ ေတာက္ေလ ွ်ာက္ စြပ္စြဲေျပာဆိုလာတာေၾကာင့္ ဒီအဆင့္ေပၚမွာပါ သက္ေရာက္မႈရွိလာတာပါ။

ေရြးေကာက္ခံသမၼတ ဂ်ဳိးဘိုင္ဒန္ အႏုိင္ရထားတဲ့ ေရြးေကာက္ပြဲရလဒ္ကို ေျပာင္းျပန္လွန္ပစ္ဖို႔ သမၼတထရမ့္ပ္က နည္းေပါင္းစံုနဲ႔ ႀကိဳးစားေနတာေၾကာင့္လည္း ကိုယ္စားလွယ္မဲေတြ ေရတြက္ အတည္ျပဳရမယ့္ အခုအဆင့္ဟာ ရီပတ္ဘလီကန္အမတ္ေတြအေနနဲ႔ သမၼတထရမ့္ပ္အေပၚ သစၥာခံမႈကိုျပသရမယ့္ပြဲအျဖစ္လည္း ျမင္ထားၾကပါတယ္။ လက္ရွိအခ်ိန္ထိဆိုရင္ ရီပတ္ဘလီကန္အမတ္ ၁၀၀ ေက်ာ္က ကိုယ္စားလွယ္မဲ အေရအတြက္နဲ႔ပတ္သက္ၿပီး ကန္႔ကြက္မယ္လုိ႔ ေျပာထားပါတယ္။ အဲဒီလိုေျပာထားတဲ့ ရီပတ္ဘလီကန္အမတ္အမ်ားစုဟာ သမၼတထရမ့္ပ္ကို အခုိင္အမာေထာက္ခံတဲ့ ျပည္နယ္ေတြကျဖစ္ပါတယ္။

ဒါေပမဲ့လည္း ေအာက္လႊတ္ေတာ္ကို ဒီမုိကရက္ေတြက ထိန္းခ်ဳပ္ထားၿပီး အထက္လႊတ္ေတာ္မွာလည္း တျခားရီပတ္ဘလီကန္အမတ္ အမ်ားအျပားက ေရြးေကာက္ပြဲရလဒ္ကို ေျပာင္းျပန္လွန္ပစ္ဖို႔ မရွိဘူးလို႔ ေျပာထားတဲ့အတြက္ ကန္႔ကြက္မယ့္ ရီပတ္ဘလီကန္အမတ္ေတြရဲ႕လုပ္ရပ္က ေအာင္ျမင္ဖြယ္မရွိပါဘူး။

[Unicode Version]

သမ္မတရွေးချယ်ရေးအဖွဲ့မဲများ ကန်လွှတ်တော်ရေတွက်အတည်ပြုမည်

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲ ရလဒ်တွေအရ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူ သမ္မတလောင်းနှစ်ဦး ရထားတဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ ကိုယ်စားလှယ်မဲတွေကို အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်က အမတ်တွေ ဒီကနေ့ အတည်ပြုကြရတော့မှာဖြစ်ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် အမှတ် ၁၂ အရ လုပ်ဆောင်ရတဲ့ ဒီလုပ်ငန်းဟာ ပုံမှန်အားဖြင့်ဆိုရင် အခုလောက် အသံကျယ်ကျယ်လောင်လောင် မကြားရဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြီးသွားလေ့ရှိတဲ့ လုပ်ရိုးလုပ်စဉ် အဆင့်တခုပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီတကြိမ် သမ္မတရွေးကောက်ပွဲမှာတော့ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး လက်ရှိ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အထောက်အထား အခိုင်အမာမရှိဘဲ တောက်လေ ျှာက် စွပ်စွဲပြောဆိုလာတာကြောင့် ဒီအဆင့်ပေါ်မှာပါ သက်ရောက်မှုရှိလာတာပါ။

 

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန် အနိုင်ရထားတဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်ဖို့ သမ္မတထရမ့်ပ်က နည်းပေါင်းစုံနဲ့ ကြိုးစားနေတာကြောင့်လည်း ကိုယ်စားလှယ်မဲတွေ ရေတွက် အတည်ပြုရမယ့် အခုအဆင့်ဟာ ရီပတ်ဘလီကန်အမတ်တွေအနေနဲ့ သမ္မတထရမ့်ပ်အပေါ် သစ္စာခံမှုကိုပြသရမယ့်ပွဲအဖြစ်လည်း မြင်ထားကြပါတယ်။ လက်ရှိအချိန်ထိဆိုရင် ရီပတ်ဘလီကန်အမတ် ၁၀၀ ကျော်က ကိုယ်စားလှယ်မဲ အရေအတွက်နဲ့ပတ်သက်ပြီး ကန့်ကွက်မယ်လို့ ပြောထားပါတယ်။ အဲဒီလိုပြောထားတဲ့ ရီပတ်ဘလီကန်အမတ်အများစုဟာ သမ္မတထရမ့်ပ်ကို အခိုင်အမာထောက်ခံတဲ့ ပြည်နယ်တွေကဖြစ်ပါတယ်။

ဒါပေမဲ့လည်း အောက်လွှတ်တော်ကို ဒီမိုကရက်တွေက ထိန်းချုပ်ထားပြီး အထက်လွှတ်တော်မှာလည်း တခြားရီပတ်ဘလီကန်အမတ် အများအပြားက ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ပစ်ဖို့ မရှိဘူးလို့ ပြောထားတဲ့အတွက် ကန့်ကွက်မယ့် ရီပတ်ဘလီကန်အမတ်တွေရဲ့လုပ်ရပ်က အောင်မြင်ဖွယ်မရှိပါဘူး။

 

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.