Breaking

January 17, 2021

ဦးဝီရသူကို ရုံးထုတ် စစ်ဆေးပေးဖို့ ဆန္ဒပြ တောင်းဆိုသူတွေထဲကတစ်ဦး ဖမ်းဆီးခံရ

 ဦးဝီရသူကို ရုံးထုတ်စစ်ဆေးပေးဖို့ ဆန္ဒပြတောင်းဆိုသူတွေထဲက တစ်ဦးဖမ်းဆီးခံရ 

ဦးဝီရသူကို ရုံးထုတ်စစ်ဆေးပေးဖို့ ရန်ကုန်အင်းစိန်အကျဉ်းထောင်ရှေ့မှာ ၂၀၂၁ ဇန်နဝါရီ ၁၆ရက်‌နေ့က ဆန္ဒပြကြစဉ်

-

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ တရားရင်ဆိုင်နေရတဲ့ ဆရာတော် ဦးဝီရသူကို တရားရုံးမှာ ရုံးထုတ်စစ်ဆေးပေးဖို့ဆိုပြီး သံဃာတော်တွေ အပါအဝင် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ အယောက် ၂၀ ကျော်တို့ဟာ ရန်ကုန်အင်းစိန်အကျဉ်းထောင်ရှေ့မှာ ဒီနေ့ မနက်က ဆန္ဒပြတောင်းဆိုကြပါတယ်။

ဆန္ဒပြခွင့်ပြုချက်မရထားတဲ့အတွက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က တားမြစ်ရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေထဲက တစ်ယောက် အဖမ်းခံခဲ့ရတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ အမျိုးသားရေးတက် ကြွလှုပ်ရှားသူ ကိုသက်မျိုးဦးက ပြောပါတယ်။

ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က) နဲ့ အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှုး ရုံးက ၂၀၁၉ ခုနှစ်မှာ တရားစွဲထားတာဖြစ်ပြီး တစ်နှစ်ကျော်ကြာ ရှောင်ပြေးနေတာကနေ ဦးဝီရသူဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂ ရက်နေ့က ရဲစခန်းမှာ သွားရောက်အဖမ်းခံခဲ့ပါတယ်။ အဲဒီနောက် နှစ်လကျော်ကြာတဲ့ အချိန်အထိ ရုံးထုတ်စစ်ဆေးတာ မရှိသေးတဲ့အတွက် တရားရုံးမှာ ရုံးထုတ်စစ်ဆေးပေးဖို့ အမျိုးသားရေး လှုပ်ရှားသူတွေက တောင်းဆိုကြတာပါ။

ဒီနေ့ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ယောက်ကို ဖမ်းဆီးစစ်မေးနေဆဲဖြစ်ပြီး ဆက်ပြီးအရေးယူမယ့် ကိစ္စတွေ ကိုတော့ ပြောလို့မရသေးဘူးလို့ အင်းစိန်မြို့နယ် ရဲစခန်းက တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း ဦးဝီရသူကို ရုံးထုတ်စစ်ဆေးဖို့ အနောက်ပိုင်းခရိုင်တရားရုံးမှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ လူအင်အား ၅၀ ကျော်နဲ့ သံဃာအပါး ၃၀ လောက် တောင်းဆို ခဲ့ကြပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.