Breaking

February 27, 2021

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ရပ္တည္ခ်က္ ကုလမွာႀကိဳဆို


 

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္း လုပ္ရပ္ကို လက္မခံႏိုင္ေၾကာင္း နယူးေယာက္ၿမိဳ႕ ကုလသမဂၢ အေထြေထြ ညီလာခံမွာ ေသာၾကာေန႔က ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေၾကညာလိုက္တဲ့အေပၚ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ႀကိဳဆိုလိုက္ၾကပါတယ္။ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြ အပါအ၀င္ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔နဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပေတာင္းဆိုေနသူေတြကို အၾကမ္းဖက္ ႏွိမ္နင္းတာေတြ မလုပ္ဖို႔လည္း သတိေပးခဲ့တာပါ။ အျပည့္အစုံကိုေတာ့ ကိုေအာင္လြင္ဦးက တင္ျပေပးမွာ ျဖစ္ပါတယ္။

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ကိုယ္တိုင္က အာဏာသိမ္းတာကို ဆန္႔က်င္ေၾကာင္းနဲ႔ ႏိုင္ငံတကာကလည္း ဆန္႔က်င္ဖိအားေပးဖို႔ တိုက္တြန္းလိုက္တာေၾကာင့္ အေထြေထြညီလာခံမွာ တက္ေရာက္လာသူေတြ ေသာင္းေသာင္းျဖျဖႀကိဳဆိုလိုက္ၾကတာပါ။

ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီးသစ္အျဖစ္ တာ၀န္ယူၿပီး ပထမဆုံးအႀကိမ္ အေထြေထြညီလာခံမွာ တက္ေရာက္လာတဲ့ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ကလည္း သတိၱရွိတဲ့ ရပ္တည္ခ်က္အျဖစ္ ႀကိဳဆိုခဲ့တာပါ။

“ျမန္မာကိုယ္စားလွယ္ရဲ႕ ဒီမနက္ ရဲရဲ၀ံ့၀ံ့ ထုတ္ေဖာ္ေျပာၾကားခ်က္ကို တျခားလူေတြလည္း က်မနဲ႔အတူ ႀကိဳဆိုၾကေစလိုပါတယ္။ ျမန္မာကိုယ္စားလွယ္လိုပဲ၊ ဆရာ၀န္ေတြ၊ ၀န္ထမ္းေတြ၊ ေစ်းသည္ေတြ၊ လဖက္ရည္ေရာင္းတဲ့သူေတြ၊ ပစၥည္းပို႔တဲ့သူေတြ၊ အႏုပညာရွင္ေတြလို ျမန္မာျပည္သူေတြကလည္း သူတို႔ရဲ႕ သေဘာထားဆႏၵေတြကို ထုတ္ေဖာ္ေနၾကပါတယ္။ အနီေရာင္ မိုးပ်ံပူေဖာင္းေတြ၊ အိုးခြက္ေတြ တီးတာေတြနဲ႔ ဒီမိုကေရစီ ျပန္ရရွိေရး ေတာင္းဆိုေနၾကပါတယ္။ ဒီလူေတြနဲ႔အတူ က်မတို႔ ရပ္တည္ေနပါတယ္။”

ျမန္မာႏိ္ုင္ငံ အေျခအေနနဲ႔ ပတ္သက္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener အစီရင္ခံ တင္ျပတဲ့ အလြတ္သေဘာ ေဆြးေႏြးပဲြမွာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေရြးေကာက္ပဲြ အႏိုင္ရ NLD အမ်ဳိးသား ဒီမိုကေရစီ အဖဲြ႕ခ်ဳပ္ကိုသာ ဆက္လက္ ကိုယ္စားျပဳေနေၾကာင္း ေၾကညာလိုက္တဲ့အေပၚ ၿဗိတိန္သံအမတ္ႀကီး Barbara Woodward ကလည္း ခ်ီးက်ဳးခဲ့တာပါ။

“တျခားသူေတြနည္းတူ ဒီကေန႔ အစီရင္ခံတင္ျပခဲ့တဲ့ အထူးကိုယ္စားလွယ္ကို ေက်းဇူးတင္စကား ေျပာၾကားလိုပါတယ္။ က်မတို႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္ရဲ႕ အားေကာင္းလွတဲ့ ေျပာၾကားခ်က္ကိုလည္း ဂုဏ္ျပဳပါတယ္။ ၿဗိတိန္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး၊ ဒီမိုကေရစီနည္းက် ေရြးေကာက္တင္ေႁမွာက္ထားတဲ့ အရပ္သားအစိုးရ အဖဲြ႕၀င္ေတြကို မတရားဖမ္းဆီးမႈေတြကိုလည္း ရႈတ္ခ်ပါတယ္။”

ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြကို ေျဖရွင္းဖို႔ ပ်က္ကြက္တယ္ဆိုတဲ့ စြပ္စဲြခ်က္နဲ႔ စစ္တပ္က အရပ္သား အစိုးရကို ဖယ္ရွားၿပီး ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းခဲ့တာပါ။ အာဏာသိမ္းၿပီးေနာက္ အသစ္ဖဲြ႕စည္းထားတဲ့ ေရြးေကာက္ပဲြ ေကာ္မရွင္သစ္ကလည္း ေရြးေကာက္ပဲြရလဒ္ ပ်က္ျပယ္ေၾကာင္း ေျပာဆိုထားပါတယ္။ ဥေရာပသမဂၢ (EU) သံအမတ္ႀကီး Olof Skoog ကေတာ့ NLD ပါတီ အမ်ားစု အႏိုင္ရခဲ့တဲ့ ေရြးေကာက္ပဲြ ရလဒ္ကို ဆန္႔က်င္တဲ့ စစ္တပ္ရဲ႕ လုပ္ရပ္ကို လက္မခံၾကဖို႔ အေထြေထြညီလာခံမွာ တိုက္တြန္းခဲ့တာပါ။

“ေရြးေကာက္ပဲြ ရလဒ္ကို ေလးစားရမွာျဖစ္ၿပီး၊ ဒါကို အင္အားသုံးတာပဲျဖစ္ျဖစ္ တျခားနည္းနဲ႔ပဲျဖစ္ျဖစ္ ပယ္ဖ်က္ဖို႔ ႀကိဳးစားတာကို ဆန္႔က်င္ရမွာ ျဖစ္ပါတယ္။ ေရြးေကာက္ပဲြ ရလဒ္နဲ႔ ပတ္သက္လို႔ စြပ္စဲြခ်က္ေတြ အျငင္းပြားမႈေတြကိုလည္း ဥပေဒနဲ႔အညီသာ ေျဖရွင္းရမွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္ရဲ႕ အာဏာသိမ္းတဲ့ လုပ္ရပ္နဲ႔ အေျခခံ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အားလုံးကိုလည္း EU အေနနဲ႔ အျပင္းထန္ဆုံး ႐ႈတ္ခ်ပါတယ္။”

ျမန္မာႏိုင္ငံမွာ အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းတဲ့ လုပ္ရပ္ကို ႏိုင္ငံတကာ အတိုင္းအတာနဲ႔ ဖိအားေပးဖို႔လည္း အေထြေထြညီလာခံမွာ တိုက္တြန္းခဲ့ၾကတာပါ။ ကုလသမဂၢဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Zhang Jun ကေတာ့ ႏိုင္ငံတကာ အသိုင္းအ၀န္းရဲ႕ ဖိအားေတြနဲ႔ ပတ္သက္လို႔ သတိေပးေျပာဆိုသြားပါတယ္။

“ျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ေနတာဟာ ျပည္တြင္းေရးသာျဖစ္ၿပီး၊ ႏိုင္ငံတကာ အသိုင္းအ၀န္းအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာ၊ ႏိုင္ငံေရးအရ သီးျခားလြတ္လပ္မႈနဲ႔ အခ်ဳပ္အျခာအာဏာပိုင္မႈေတြကို ေလးစားဖို႔ လိုအပ္ေၾကာင္း” တ႐ုတ္ဘာသာနဲ႔ ေျပာဆိုသြားတာပါ။

ျမန္မာႏိုင္ငံဟာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း အာဆီယံ အဖဲြ႕၀င္ျဖစ္တာေၾကာင့္ အသင္းရဲ႕မူေတြနဲ႔အညီ ေျဖရွင္းတာမ်ဳိးကို တ႐ုတ္ႏိုင္ငံက အားေပးေၾကာင္းလည္း ေျပာဆိုသြားပါတယ္။

အေထြေထြညီလာခံရဲ႕ အလြတ္သေဘာ ေဆြးေႏြးပဲြမွာ ျမန္မာႏိုင္ငံက အေျခအေနနဲ႔ ပတ္သက္လို႔ အစီရင္ခံတင္ျပခဲ့တဲ့ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener ကေတာ့ အာဏာသိမ္းစစ္တပ္ကို လက္မခံဖို႔လည္း တိ္ုက္တြန္းခဲ့ပါတယ္။


.............

သံအမတ်ကြီး ဦးကျော်မိုးထွန်း ရပ်တည်ချက် ကုလမှာကြိုဆို

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း လုပ်ရပ်ကို လက်မခံနိုင်ကြောင်း နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သောကြာနေ့က မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကြေညာလိုက်တဲ့အပေါ် နိုင်ငံတော်တော်များများက ကြိုဆိုလိုက်ကြပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေသူတွေကို အကြမ်းဖက် နှိမ်နင်းတာတွေ မလုပ်ဖို့လည်း သတိပေးခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်တိုင်က အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်းနဲ့ နိုင်ငံတကာကလည်း ဆန့်ကျင်ဖိအားပေးဖို့ တိုက်တွန်းလိုက်တာကြောင့် အထွေထွေညီလာခံမှာ တက်ရောက်လာသူတွေ သောင်းသောင်းဖြဖြကြိုဆိုလိုက်ကြတာပါ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးသစ်အဖြစ် တာဝန်ယူပြီး ပထမဆုံးအကြိမ် အထွေထွေညီလာခံမှာ တက်ရောက်လာတဲ့ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကလည်း သတ္တိရှိတဲ့ ရပ်တည်ချက်အဖြစ် ကြိုဆိုခဲ့တာပါ။

“မြန်မာကိုယ်စားလှယ်ရဲ့ ဒီမနက် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြားချက်ကို တခြားလူတွေလည်း ကျမနဲ့အတူ ကြိုဆိုကြစေလိုပါတယ်။ မြန်မာကိုယ်စားလှယ်လိုပဲ၊ ဆရာဝန်တွေ၊ ဝန်ထမ်းတွေ၊ ဈေးသည်တွေ၊ လဖက်ရည်ရောင်းတဲ့သူတွေ၊ ပစ္စည်းပို့တဲ့သူတွေ၊ အနုပညာရှင်တွေလို မြန်မာပြည်သူတွေကလည်း သူတို့ရဲ့ သဘောထားဆန္ဒတွေကို ထုတ်ဖော်နေကြပါတယ်။ အနီရောင် မိုးပျံပူဖောင်းတွေ၊ အိုးခွက်တွေ တီးတာတွေနဲ့ ဒီမိုကရေစီ ပြန်ရရှိရေး တောင်းဆိုနေကြပါတယ်။ ဒီလူတွေနဲ့အတူ ကျမတို့ ရပ်တည်နေပါတယ်။”

မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener အစီရင်ခံ တင်ပြတဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ ဆက်လက် ကိုယ်စားပြုနေကြောင်း ကြေညာလိုက်တဲ့အပေါ် ဗြိတိန်သံအမတ်ကြီး Barbara Woodward ကလည်း ချီးကျုးခဲ့တာပါ။

“တခြားသူတွေနည်းတူ ဒီကနေ့ အစီရင်ခံတင်ပြခဲ့တဲ့ အထူးကိုယ်စားလှယ်ကို ကျေးဇူးတင်စကား ပြောကြားလိုပါတယ်။ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက် မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရဲ့ အားကောင်းလှတဲ့ ပြောကြားချက်ကိုလည်း ဂုဏ်ပြုပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ အဖွဲ့ဝင်တွေကို မတရားဖမ်းဆီးမှုတွေကိုလည်း ရှုတ်ချပါတယ်။”

ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေကို ဖြေရှင်းဖို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က အရပ်သား အစိုးရကို ဖယ်ရှားပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တာပါ။ အာဏာသိမ်းပြီးနောက် အသစ်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်သစ်ကလည်း ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ကြောင်း ပြောဆိုထားပါတယ်။ ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး Olof Skoog ကတော့ NLD ပါတီ အများစု အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို လက်မခံကြဖို့ အထွေထွေညီလာခံမှာ တိုက်တွန်းခဲ့တာပါ။

“ရွေးကောက်ပွဲ ရလဒ်ကို လေးစားရမှာဖြစ်ပြီး၊ ဒါကို အင်အားသုံးတာပဲဖြစ်ဖြစ် တခြားနည်းနဲ့ပဲဖြစ်ဖြစ် ပယ်ဖျက်ဖို့ ကြိုးစားတာကို ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ စွပ်စွဲချက်တွေ အငြင်းပွားမှုတွေကိုလည်း ဥပဒေနဲ့အညီသာ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်နဲ့ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံးကိုလည်း EU အနေနဲ့ အပြင်းထန်ဆုံး ရှုတ်ချပါတယ်။”

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို နိုင်ငံတကာ အတိုင်းအတာနဲ့ ဖိအားပေးဖို့လည်း အထွေထွေညီလာခံမှာ တိုက်တွန်းခဲ့ကြတာပါ။ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun ကတော့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ဖိအားတွေနဲ့ ပတ်သက်လို့ သတိပေးပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာဟာ ပြည်တွင်းရေးသာဖြစ်ပြီး၊ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ၊ နိုင်ငံရေးအရ သီးခြားလွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာပိုင်မှုတွေကို လေးစားဖို့ လိုအပ်ကြောင်း” တရုတ်ဘာသာနဲ့ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အဖွဲ့ဝင်ဖြစ်တာကြောင့် အသင်းရဲ့မူတွေနဲ့အညီ ဖြေရှင်းတာမျိုးကို တရုတ်နိုင်ငံက အားပေးကြောင်းလည်း ပြောဆိုသွားပါတယ်။

အထွေထွေညီလာခံရဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက အခြေအနေနဲ့ ပတ်သက်လို့ အစီရင်ခံတင်ပြခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener ကတော့ အာဏာသိမ်းစစ်တပ်ကို လက်မခံဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

https://burmese.voanews.com/a/un-welcome-myanmar-ambassador-kyaw-moe-htun-speech-/5794578.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.