Breaking

February 7, 2021

ရန်ကုန်မှာ လူဦးရေ သိန်းနဲ့ချီ ဆန္ဒပြနေ

2021-02-07


ရန်ကုန်မှာ လူဦးရေ သိန်းနဲ့ချီ ဆန္ဒပြနေ ရန်ကုန်မှာဆန္ဒပြနေကြတဲ့ မြင်ကွင်း
Photo: RFA
စစ်အစိုးရဆန့်ကျင်ရေးအတွက် ရန်ကုန်မြို့ စမ်းချောင်း၊ လှည်းတန်းနဲ့ ဆူးလေတစ်ဝိုက်မှာ လူဦးရေ သိန်းနဲ့ချီ ဆန္ဒပြနေပါတယ်။
စမ်းချောင်းမြို့နယ်မှာ မနက် ၁၁ နာရီအချိန်မှာ ဆန္ဒပြသူ လူဦးရေ သိန်းနဲ့ချီ ရှိနေပါပြီ။
လှည်းတန်းတဝိုက်မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားတဲ့ အလုပ်သမား၊ ကျောင်းသား၊ ပြည်သူတွေ ဒီနေ့ မနက် ၈ နာရီဝန်းကျင်မှာ စတင်လူစုပြီး မနက် ၁၀ နာရီဝန်းကျင်မှာ လူဦးရေ တစ်သောင်းကျော်ဖြစ်သွားခဲ့ပါတယ်။
စစ်အစိုးရဆန့်ကျင်ရေးနဲ့ အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြသူတွေဟာ လှည်းတန်းဈေး၊ ဦးထွန်းလင်းခြံလမ်း ကနေ ပတ်ပြီး တက္ကသိုလ်ရိပ်သာလမ်းပေါ် တက်တဲ့အခါမှာ ရန်ကုန်တက္ကသိုလ်ရှေ့မှာ လုံခြုံရေးရဲဝန်ထမ်းတွေက တားမြစ်ခဲ့ပါတယ်။
လူစုခွဲရာမှာသုံးတဲ့ ရေဖြန်းတဲ့ကား နှစ်စီးကို ရန်ကုန်တက္ကသိုလ်ရှေ့ ကားလမ်း တစ်ဖက်တစ်ချက်မှာ အသင့်အနေအထားနဲ့ ရပ်ထားပါတယ်။ လှည်းတန်း အနီးတဝိုက်မှာ ရဲဝန်ထမ်းအင်အား ၁၀၀ နီးပါး ရှိနေပါတယ်။
ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားတစ်ဝိုက်မှာလည်း ဆန္ဒပြသူတွေ စုဝေးနေပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.