Breaking

March 3, 2021

ျမန္မာကိစၥ လံုၿခံဳေရးေကာင္စီ တံခါးပိတ္ေဆြးေႏြးဖို႔ ၿဗိတိန္ ပန္ၾကား

 

ျမန္မာႏုိင္ငံ စစ္အာဏာသိမ္းမႈ အေရးနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ လာမယ့္ ေသာၾကာေန႔မွာ ေဆြးေႏြး ၾကဖို႔ ၿဗိတိန္က ပန္ၾကားထားေၾကာင္း သံတမန္ သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး AFP သတင္းက ေရးသားပါတယ္။

ကုလသမဂၢ လံုၿခံဳေရး ေကာင္စီမွာ တံခါးပိတ္ အစည္းအေ၀း က်င္းပဖို႔ ၿဗိတိန္ရဲ႕ အဆိုျပဳထားတာ ျဖစ္ေၾကာင္း သံတမန္ သတင္းရင္းျမစ္က အဂၤါေန႔မွာ AFP ကို ေျပာဆိုထားတာပါ။ ကုလသမဂၢ လံုၿခံဳေရးေကာင္စီ အလွည့္က် ဥကၠဌ အျဖစ္ အေမရိကန္ စတင္ တာ၀န္ရယူၿပီး ေနာက္တရက္မွာဘဲ ျမန္မာ့ စစ္အာဏာသိမ္းမႈ အေရး လံုၿခံဳေရး ေကာင္စီမွာ ေဆြးေႏြးဖို႔ ၿဗိတိန္က တင္သြင္းတာ ျဖစ္ပါတယ္။

ျမန္မာ စစ္တပ္ အာဏာသိမ္းၿပီး ေနာက္တေန႔မွာဘဲ ကုလသမဂၢ လံုၿခံဳေရးေကာင္စီက တံခါးပိတ္ ေဆြးေႏြးခဲ႔ၿပီးေနာက္ ၾကာသပေတးေန႔မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ထိန္းသိမ္းထားသူေတြကို ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔နဲ႔ ျမန္မာနိုင္ငံမွာ ဒီမိုကေရစီ စနစ္ ျပန္လည္ က်င္းသုံးဖို႔ ကုလသမဂၢ လုံျခဳံေရးေကာင္စီက တညီတညြတ္တည္း ေတာင္းဆိုခဲ႔ၾကတာပါ။

စစ္အာဏာသိမ္းထားတာကို ျပန္လည္ ရုပ္သိမ္းၿပီး ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္လည္ ေရာက္လွမ္းရမယ္ဆုိတဲ႔ သတင္းစကားမ်ိဳး ျမန္မာ့ တပ္မေတာ္ကို လံုၿခံဳေရး ေကာင္စီဘက္က တညီတညြတ္တည္း ရွိၾကဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က လိုလားေၾကာင္း ေျပာခြင့္ရက ေျပာဆိုထားပါတယ္။


......

မြန်မာကိစ္စ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးဖို့ ဗြိတိန် ပန်ကြား
(Unicode)

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လာမယ့် သောကြာနေ့မှာ ဆွေးနွေး ကြဖို့ ဗြိတိန်က ပန်ကြားထားကြောင်း သံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP သတင်းက ရေးသားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တံခါးပိတ် အစည်းအဝေး ကျင်းပဖို့ ဗြိတိန်ရဲ့ အဆိုပြုထားတာ ဖြစ်ကြောင်း သံတမန် သတင်းရင်းမြစ်က အင်္ဂါနေ့မှာ AFP ကို ပြောဆိုထားတာပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌ အဖြစ် အမေရိကန် စတင် တာဝန်ရယူပြီး နောက်တရက်မှာဘဲ မြန်မာ့ စစ်အာဏာသိမ်းမှု အရေး လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ ဗြိတိန်က တင်သွင်းတာ ဖြစ်ပါတယ်။

မြန်မာ စစ်တပ် အာဏာသိမ်းပြီး နောက်တနေ့မှာဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တံခါးပိတ် ဆွေးနွေးခဲ့ပြီးနောက် ကြာသပတေးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ပြန်လည် ကျင်းသုံးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တညီတညွတ်တည်း တောင်းဆိုခဲ့ကြတာပါ။

စစ်အာဏာသိမ်းထားတာကို ပြန်လည် ရုပ်သိမ်းပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ရောက်လှမ်းရမယ်ဆိုတဲ့ သတင်းစကားမျိုး မြန်မာ့ တပ်မတော်ကို လုံခြုံရေး ကောင်စီဘက်က တညီတညွတ်တည်း ရှိကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က လိုလားကြောင်း ပြောခွင့်ရက ပြောဆိုထားပါတယ်။ 

 https://burmese.voanews.com/a/uk-urge-to-discuss-myanmar-security-council-close-door-meeting-/5799019.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.