Breaking

March 31, 2021

ကုလသမဂၢပဋိညဥ္ပါ အပိုဒ္ ၉၉ အသံုးျပဳဖို႔ အတြင္းေရးမွဴးခ်ဳပ္ကို GLF ေတာင္းဆို


ကမာၻလံုးဆိုင္ရာ ဦးေဆာင္မႈေဖာင္ေဒးရွင္း GLF အဖြဲ႔ ဥကၠ႒၊ ေတာင္အာဖရိက ႏုိင္ငံသမၼတေဟာင္း FW de Klerk။ (ဇန္နဝါရီ ၃၁၊ ၂၀၁၄)
[Zawgyi/Unicode]

ျမန္မာနိုင္ငံမွာ စစ္အာဏာရွင္ေတာ္လွန္ေရး ေတာင္းဆို ဆႏၵျပသူေတြကို စစ္တပ္က အင္အားသံုး ၿဖဳိခြင္းေနတဲ့ အေနအထားမွာ အပိုဒ္ ၉၉ ပါ အခ်က္အရ ကုလသမဂၢလံုၿခဳံေရးေကာင္စီ တရားဝင္အေရးေပၚ အစည္းအေဝးေခၚယူဖို႔နဲ႔ R2P အကာအကြယ္ေပးရန္တာဝန္ရွိမႈ လုပ္ငန္းစဥ္ကို လံုၿခဳံေရးေကာင္စီက အေကာင္အထည္ေဖာ္ဖို႔ ကမာၻ႔ႏိုင္ငံ ေခါင္းေဆာင္ေဟာင္းမ်ားနဲ႔ ဖြဲ႔စည္းထားတဲ့ ကမာၻလံုးဆိုင္ရာ ဦးေဆာင္မႈေဖာင္ေဒးရွင္း GLF က ထပ္မံ ေတာင္းဆိုသြားပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနဟာ အထူးစိုးရိမ္စရာရွိေနတဲ့အတြက္ ကုလသမဂၢပဋိညဥ္စာတန္းပါ အပို္ဒ္ ၉၉ ကို အေကာင္အထည္ေဖာ္ဖို႔ ဆိုတာေရာ R2P ကိစၥေရာ ဒီလ အေစာပိုင္းေတြမွာကတည္းက သူတို႕အဖြဲ႕က တိုက္တြန္းထားတာပါ။ ျမန္မာႏိုင္ငံမွာက ၿပီးခဲ့တဲ့ တပ္မေတာ္ေန႔ မတ္လ ၂၇ ရက္ေန႔က အေျခအေနကလည္း ဆိုးရြားလြန္းၿပီး လက္နက္ကိုင္တပ္ဖြဲ႔ေတြ တေန႔ထဲမွာ လူအေျမာက္အမ်ား သတ္ျဖတ္မႈေၾကာင့္ ကေလးလူႀကီး မေရြး လူ ၁၀၀ ေက်ာ္ေသဆံုးခဲ့ရတယ္။ ဒီလို စစ္တပ္ရဲ႕ အၾကမ္းဖက္ၿဖဳိခြင္းမႈေတြ ဆက္ၿပီးျဖစ္ေနတာကို တားဆီးဖို႔ ႏိုင္ငံတကာက ပူးေပါင္းဆံုးျဖတ္ခ်က္နဲ႔ ျပတ္ျပတ္သားသား တုံ႔ျပန္ကိုင္တြယ္ဖို႔ အေရးတႀကီးလိုအပ္ေၾကာင္း ကုလသမဂၢအတြင္းေရးမွဴး ေျပာၾကားခဲ့သလိုပဲ ဒီလိုလုပ္ရပ္ေတြကို ကမာၻက လံုးဝ လက္မခံႏိုင္တာေၾကာင့္ ႏိုင္ငံတကာ အသိုက္အဝန္းက မ်က္ကြယ္ျပဳေနလို႔မရပါဘူးဆိုၿပီး GLF အဖြဲ႔ ဥကၠ႒ ျဖစ္သူ ေတာင္အာဖရိက ႏုိင္ငံသမၼတေဟာင္း FW de Klerk က ေျပာပါတယ္။

R2P ဆိုတာကလည္း လူအစုလိုက္အျပဳံလိုက္ သတ္ျဖတ္မႈ၊ စစ္ရာဇဝတ္မႈ၊ လူမ်ဴိးတုံးသတ္ျဖတ္မႈ၊ လူသားထုအေပၚက်ဴးလြန္တဲ႔ ျပစ္မႈေတြကို က်ဴးလြန္တဲ့အခါ ႏိုင္ငံကို ကာကြယ္ေပးရမယ့္သူေတြက အမ်ားျပည္သူကို မကာကြယ္ႏိုင္ဘဲ ပ်က္ကြက္ရင္ အေကာင္အထည္ေဖာ္ရမွာျဖစ္လို႔ အခုျမန္မာႏိုင္ငံအေနအထားက R2P နဲ႔ ကိုင္တြယ္ရမယ့္ အေနအထား ေရာက္ေနပါတယ္လို႔လည္း သူတို႔ ေၾကညာခ်က္မွာ ေရးထားပါတယ္။ ကမာၻလံုးဆိုင္ရာဦးေဆာင္မႈေဖာင္ေဒးရွင္း GLF အဖြဲ႔ဟာ ႏိုင္ငံ့ေခါင္းေဆာင္ေဟာင္းေတြနဲ႔ ဖြဲ႔စည္းထားတဲ့ အဖြဲ႔ ျဖစ္ၿပီး Australia ဝန္ႀကီးခ်ဳပ္ေဟာင္း Kevin Rudd ၊ India ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Jeswant Singh ၊ Liberia သမၼတေဟာင္း Ellen Johnson Sirleaf အစရွိတဲ့ ႏိုင္ငံေခါင္းေဆာင္ေဟာင္းေတြ ထိပ္တန္း သံတမန္ေတြ ပါဝင္ပါတယ္။


[Unicode Version]

ကုလသမဂ္ဂပဋိညဉ်ပါ အပိုဒ် ၉၉ အသုံးပြုဖို့ အတွင်းရေးမှူးချုပ်ကို GLF တောင်းဆို

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တော်လှန်ရေး တောင်းဆို ဆန္ဒပြသူတွေကို စစ်တပ်က အင်အားသုံး ဖြိုခွင်းနေတဲ့ အနေအထားမှာ အပိုဒ် ၉၉ ပါ အချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တရားဝင်အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့နဲ့ R2P အကာအကွယ်ပေးရန်တာဝန်ရှိမှု လုပ်ငန်းစဉ်ကို လုံခြုံရေးကောင်စီက အကောင်အထည်ဖော်ဖို့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်ဟောင်းများနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုဖောင်ဒေးရှင်း GLF က ထပ်မံ တောင်းဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေဟာ အထူးစိုးရိမ်စရာရှိနေတဲ့အတွက် ကုလသမဂ္ဂပဋိညဉ် စာတန်းပါ အပိုဒ် ၉၉ ကို အကောင်အထည်ဖော်ဖို့ ဆိုတာရော R2P ကိစ္စရော ဒီလ အစောပိုင်းတွေမှာ ကတည်းက သူတို့အဖွဲ့က တိုက်တွန်းထားတာပါ။ မြန်မာနိုင်ငံမှာက ပြီးခဲ့တဲ့ တပ်မတော်နေ့ မတ်လ ၂၇ ရက်နေ့က အခြေအနေကလည်း ဆိုးရွားလွန်းပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ တနေ့ထဲမှာ လူအမြောက်အများ သတ်ဖြတ်မှုကြောင့် ကလေးလူကြီး မရွေး လူ ၁၀၀ ကျော်သေဆုံးခဲ့ရတယ်။ ဒီလို စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေ ဆက်ပြီးဖြစ်နေတာကို တားဆီးဖို့ နိုင်ငံတကာက ပူးပေါင်းဆုံးဖြတ်ချက်နဲ့ ပြတ်ပြတ် သားသား တုံ့ပြန်ကိုင်တွယ်ဖို့ အရေးတကြီးလိုအပ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူး ပြောကြားခဲ့သလိုပဲ ဒီလိုလုပ်ရပ် တွေကို ကမ္ဘာက လုံးဝ လက်မခံနိုင်တာကြောင့် နိုင်ငံတကာ အသိုက်အဝန်းက မျက်ကွယ်ပြုနေလို့ မရပါဘူး ဆိုပြီး GLF အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ တောင်အာဖရိက နိုင်ငံသမ္မတဟောင်း FW de Klerk က ပြောပါတယ်။

R2P ဆိုတာကလည်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိူးတုံးသတ်ဖြတ်မှု၊ လူသားထု အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေကို ကျူးလွန်တဲ့အခါ နိုင်ငံကို ကာကွယ်ပေးရမယ့်သူတွေက အများပြည်သူကို မကာကွယ်နိုင်ဘဲ ပျက်ကွက်ရင် အကောင်အထည်ဖော်ရမှာဖြစ်လို့ အခုမြန်မာနိုင်ငံအနေအထားက R2P နဲ့ ကိုင်တွယ်ရမယ့် အနေအထား ရောက်နေပါတယ်လို့လည်း သူတို့ ကြေညာချက်မှာ ရေးထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာဦးဆောင်မှုဖောင်ဒေးရှင်း GLF အဖွဲ့ဟာ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပြီး Australia ဝန်ကြီးချုပ်ဟောင်း Kevin Rudd ၊ India နိုင်ငံခြားရေးဝန်ကြီးဟောင်း Jeswant Singh ၊ Liberia သမ္မတဟောင်း Ellen Johnson Sirleaf အစရှိတဲ့ နိုင်ငံခေါင်းဆောင်ဟောင်းတွေ ထိပ်တန်း သံတမန်တွေ ပါဝင်ပါတယ်။ 

 https://burmese.voanews.com/a/r2p-un-myanmar-military-coup/5833704.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.