Breaking

May 4, 2021

စစ္ေကာင္စီ ဖမ္းဆီးထားတဲ႔ သတင္းေထာက္ေတြကို ခ်က္ခ်င္းလႊတ္ဖို႔ ကုလ ေတာင္းဆို



Stephane Dujarric, ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီး တဲ့ေနာက္ ဖမ္းဆီးထားတဲ့ သတင္းေထာက္ေတြကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ျမန္မာႏိုင္ငံတြင္းမွာရွိတဲ့ ကုလသမဂၢအဖြဲ႔အစည္းေတြက ေတာင္းဆိုလိုက္ပါတယ္။

ေမလ ၃ ရက္ေန႔မွာ က်ေရာက္တဲ့ ကမာၻ႔စာနယ္ဇင္း လြတ္လပ္ခြင့္ အထိမ္းအမွတ္ေန႔မွာ အခုလို ေတာင္းဆိုလိုက္တာ ျဖစ္ေၾကာင္း ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres ရဲ႕ေျပာခြင့္ရ Stephane Dujarric က တနလၤာေန႔ ကုလသမဂၢရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာေျပာပါတယ္။

“သတင္းလြတ္လပ္ခြင့္နဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းထားတဲ့ ၃ လေက်ာ္ကာလ အတြင္း အဖမ္းခံေနရတဲ့ ဒါဇင္နဲ႔ခ်ီနဲ႔ သတင္းေထာက္ေတြကို ခ်က္ခ်င္း ျပန္ၿပီး လႊတ္ေပးဖို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ ဌာေနအဖြဲ႔ႀကီးက ေတာင္းဆိုလိုက္တယ္” လို႔ ေျပာသြားတာပါ။

ျမန္မာႏိုင္ငံမွာ အခုအခ်ိန္အထိ အဖမ္းဆီး ခံေနရတဲ့ သတင္းသမား ၈၂ ေယာက္ ေလာက္ရွိေနၿပီး အဲဒီဲထဲက ထက္ဝက္ေက်ာ္ကို ခုထိ ျပန္လႊတ္မေပးေသးဘူးလို႔ ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံထဲက သတင္းမီဒီယာ ဌာနႀကီး ၆ ခုအတြက္ သတင္းလုပ္ငန္း လုပ္ကိုင္ခြင့္ ႐ုပ္သိမ္းတာ ခံေနရတယ္လို႔လည္း ေျပာပါတယ္။

မဇၥ်ိမ၊ DVB၊ 7 Days၊ Myanmar Now နဲ႔ ေခတ္သစ္ မီဒီယာလုပ္ငန္းေတြကို အာဏာသိမ္းၿပီး မၾကာခင္မွာ လုပ္ငန္းလုပ္ခြင့္ ပိတ္သိမ္းခဲ့သလို ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ျမစ္ႀကီးနားၿမိဳ႕အေျခစိုက္ ျမစ္ႀကီးနားသတင္းဂ်ာနယ္တိုက္ကိုလည္း လုပ္ငန္းထုတ္ေဝခြင့္ ပိတ္သိမ္းလိုက္ပါတယ္။

တခ်ိန္ထည္းမွာပဲ အေမရိကန္သံ႐ုံးအပါအဝင္ ျမန္မာႏိုင္ငံဆိုင္ရာ ႏိုင္ငံျခားသံ႐ုံးေတြက စုေပါင္းေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့ၾကၿပီး ဒီမိုကေရစီလူ႔ေဘာင္မွာ သတင္းလြတ္လပ္ခြင့္ဟာ အေျခခံအုတ္ျမစ္တခုျဖစ္တဲ့ အတြက္ ဖမ္းဆီးထားတဲ့ သတင္းသမားေတြအားလုံးကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကတာပါ။

ဒါ့အျပင္ အင္တာနက္ကန႔္သတ္မႈေတြကို ရပ္တန႔္ဖို႔၊ မီဒီယာလြတ္လပ္ခြင့္ကို အာမခံခ်က္ရွိရွိေပးဖို႔ ၊ သတင္းသမားေတြ လြတ္လပ္စြာသတင္းရယူခြင့္ကိုအာမခံခ်က္ေပးဖို႔ ႏိုင္ငံျခားသံ႐ုံးေတြက စစ္ေကာင္စီကို ေတာင္းဆိုထားၾကပါတယ္။

.............

စစ်ကောင်စီ ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ချက်ချင်းလွှတ်ဖို့ ကုလ တောင်းဆို

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး တဲ့နောက် ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အထိမ်းအမှတ်နေ့မှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

“သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ ၃ လကျော်ကာလ အတွင်း အဖမ်းခံနေရတဲ့ ဒါဇင်နဲ့ချီနဲ့ သတင်းထောက်တွေကို ချက်ချင်း ပြန်ပြီး လွှတ်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေအဖွဲ့ကြီးက တောင်းဆိုလိုက်တယ်” လို့ ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ အခုအချိန်အထိ အဖမ်းဆီး ခံနေရတဲ့ သတင်းသမား ၈၂ ယောက် လောက်ရှိနေပြီး အဲဒီဲထဲက ထက်ဝက်ကျော်ကို ခုထိ ပြန်လွှတ်မပေးသေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲက သတင်းမီဒီယာ ဌာနကြီး ၆ ခုအတွက် သတင်းလုပ်ငန်း လုပ်ကိုင်ခွင့် ရုပ်သိမ်းတာ ခံနေရတယ်လို့လည်း ပြောပါတယ်။

မဇ္ဈိမ၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် မီဒီယာလုပ်ငန်းတွေကို အာဏာသိမ်းပြီး မကြာခင်မှာ လုပ်ငန်းလုပ်ခွင့် ပိတ်သိမ်းခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြစ်ကြီးနားမြို့အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်တိုက်ကိုလည်း လုပ်ငန်းထုတ်ဝေခွင့် ပိတ်သိမ်းလိုက်ပါတယ်။

တချိန်ထည်းမှာပဲ အမေရိကန်သံရုံးအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးတွေက စုပေါင်းကြေညာချက်တစောင် ထုတ်ပြန်ခဲ့ကြပြီး ဒီမိုကရေစီလူ့ဘောင်မှာ သတင်းလွတ်လပ်ခွင့်ဟာ အခြေခံအုတ်မြစ်တခုဖြစ်တဲ့ အတွက် ဖမ်းဆီးထားတဲ့ သတင်းသမားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒါ့အပြင် အင်တာနက်ကန့်သတ်မှုတွေကို ရပ်တန့်ဖို့၊ မီဒီယာလွတ်လပ်ခွင့်ကို အာမခံချက်ရှိရှိပေးဖို့ ၊ သတင်းသမားတွေ လွတ်လပ်စွာသတင်းရယူခွင့်ကိုအာမခံချက်ပေးဖို့ နိုင်ငံခြားသံရုံးတွေက စစ်ကောင်စီကို တောင်းဆိုထားကြပါတယ်။ 

https://burmese.voanews.com/a/un-urge-myanmar-media-press-freedom-and-release-arrested-journalist-/5876742.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.