Breaking

June 11, 2021

ျမန္မာအက်ပ္အတည္း ေျပလည္ေရး အာဆီယံအစီအစဥ္ ဂ်ပန္ေထာက္ခံ

 


ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Motegi Toshimitsu
(Zawgyi/Unicode)

ျမန္မာ့အေရးကို ေျဖရွင္းဖို႔ အာဆီယံ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအဖြဲ႔ႀကီးက ရရွိထားတဲ့ ဘံုသေဘာတူညီခ်က္ ၅ ခ်က္ကို အေကာင္ထည္ဖို႔ကိစၥဟာ သိပ္ကို အေရးႀကီးတယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Motegi Toshimitsu က ၾကာသပေတးေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး ဟာ ၾကာသပေတးေန႔က အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi နဲ႔ ျမန္မာ့အေရး တယ္လီဖုန္းနဲ႔ ဆက္သြယ္ ေဆြးေႏြအၿပီးမွာ အခုလို ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံ ဆိုင္ရာ အာဆီယံ အထူးသံတမန္ခန္႔အပ္ဖို႔ နဲ႔ ဖမ္းဆီးထားတဲ့ အက်ဥ္းသားေတြ ျပန္လႊတ္ေပးဖို႔ အပါအဝင္ အာဆီယံ အဖြဲ႔ႀကီးရဲ႕ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ ႀကိဳးပမ္းခ်က္ေတြကို ဂ်ပန္အစိုးရက ဆက္ၿပီး အားေပးေနမယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Motegi က ေျပာဆိုေၾကာင္းလည္း အင္ဒိုနီးရွားႏိုင္းငံ ဂ်ပန္သံရံုးက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Motegi ဟာ ေမလတုန္းကလည္း ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener နဲ႔ တိုက်ိဳမွာ ေတြ႕ဆံုခဲ့ၿပီး ျမန္မာ့အေရး ေဆြးေႏြးခဲ့တာပါ။

ေဆြးေႏြးပြဲအၿပီးမွာေတာ့ ဂ်ပန္ႏိုင္ငံ အေနနဲ႔ အခက္အခဲေတြနဲ႔ ရင္ဆိုင္နရတဲ့ ျမန္မာလူထုရဲ႕ ေတာင္းဆိုခ်က္အတိုင္း တုံု႔ျပန္လုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုခဲ့တဲ့ အျပင္ ျမန္မာ့အေရးကို ႏိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္မႈဟာ သိပ္အေရးပါေၾကာင္းနဲ႔ ကုလအထူးကိုယ္စားလွယ္ မစၥ Burgener နဲ႔လည္း ဂ်ပန္က ပူးေပါင္းေဆာင္ရြက္သြာမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

..........

မြန်မာအကျပ်အတည်း ပြေလည်ရေး အာဆီယံအစီအစဉ် ဂျပန်ထောက်ခံ

(Unicode)
မြန်မာ့အရေးကို ဖြေရှင်းဖို့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ကြီးက ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်ထည်ဖို့ကိစ္စဟာ သိပ်ကို အရေးကြီးတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာ ကြာသပတေးနေ့က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ မြန်မာ့အရေး တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေအပြီးမှာ အခုလို ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ အထူးသံတမန်ခန့်အပ်ဖို့ နဲ့ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အပါအဝင် အာဆီယံ အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကြိုးပမ်းချက်တွေကို ဂျပန်အစိုးရက ဆက်ပြီး အားပေးနေမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi က ပြောဆိုကြောင်းလည်း အင်ဒိုနီးရှားနိုင်းငံ ဂျပန်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi ဟာ မေလတုန်းကလည်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ တိုကျိုမှာ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တာပါ။

ဆွေးနွေးပွဲအပြီးမှာတော့ ဂျပန်နိုင်ငံ အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နရတဲ့ မြန်မာလူထုရဲ့ တောင်းဆိုချက်အတိုင်း တုံ့ပြန်လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့တဲ့ အပြင် မြန်မာ့အရေးကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာ သိပ်အရေးပါကြောင်းနဲ့ ကုလအထူးကိုယ်စားလှယ် မစ္စ Burgener နဲ့လည်း ဂျပန်က ပူးပေါင်းဆောင်ရွက်သွာမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 https://burmese.voanews.com/a/japan-agree-on-asean-plan-on-myanmar-crisis-/5924340.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.