Breaking

August 15, 2021

 

ေဟတီမွာ အင္အားျပင္း ငလ်င္ေၾကာင့္ လူ ၂၀၀ ေက်ာ္ေသ


(Zawgyi/ Unicode)

ေဟတီမွာ စေနေန႔က ျပင္းအား ၇ ဒသမ ၂ ရွိတဲ့ ငလ်င္လႈပ္ခဲ့တဲ့အတြက္ အနည္းဆံုး ၂၂၇ ေယာက္ ေသဆံုးၿပီး ရာနဲ႔ခ်ီ ေပ်ာက္ဆံုး ဒဏ္ရာရခဲ့ၾကပါတယ္။ ပ်က္စီးမႈေတြနဲ႔ အတူ ေဆးရံုေတြမွာလည္း လူနာေတြနဲ႔ ျပည့္လွ်ံေနတာျဖစ္ၿပီး ဒီလို ငလ်င္ဒဏ္ခံရတဲ့ ေနရာေတြကို ကူညီကယ္ဆယ္ေရးေတြ အျမန္ေစလႊတ္ေပးေနတယ္လို႔ ေဟတီဝန္ႀကီးခ်ဳပ္ Ariel Henry ကေျပာပါတယ္။

ငလ်င္ဟာ ၿမိဳ႕ေတာ္ Port-au-Prince အေနာက္ဖက္ ၇၈ မိုင္ေလာက္မွာ ဗဟိုျပဳလႈပ္ခတ္ခဲ့တာလို႔ အေမရိကန္ဘူမိတိုင္းတာေရးွဌာနက ေျပာပါတယ္။ အခုခ်ိန္အထိ ေသဆံုးသူ ၂၂၇ ေယာက္ရွိေနၿပီျဖစ္ၿပီး ကယ္ဆယ္ရွာေဖြေရးအဖြဲ႔ေတြကို ငလ်င္ဒဏ္ခံရတဲ့ ေနရာကို ေစလႊတ္ထားေၾကာင္း ေဟတီျပည္သူ႔ကာကြယ္ေရးအဖြဲ႔က ေျပာပါတယ္။ အပ်က္အစီးပံုထဲမွာ အသက္မေသက်န္ရစ္သူေတြကို ကယ္ဆယ္ေရးလုပ္သားေတြနဲ႔ ေဒသခံေတြ ရွာေဖြကယ္ထုတ္ေနၾကသလို ဒဏ္ရာရသူေတြကိုလည္း ေဆးရံုေတြကို ပို႔ေပးေနၾကတာပါ။

ေဟတီဝန္ႀကီးခ်ဳပ္ Henry က ႏိုင္ငံကို အေရးေပၚအေျခေန တလ ေၾကညာလိုက္ပါတယ္။ ပ်က္စီးမႈအတိုင္းအတာကို မသိရခင္မွာ ႏိုင္ငံတကာ အကူညီေတာင္းခံအံုးမွာ မဟုတ္ဖူးလို႔လည္း ေျပာပါတယ္။ တခ်ိဳ႕ၿမိဳ႕ေတြဟာ လံုးဝနီးပါး ပ်က္စီးသြားေၾကာင္းနဲ႔ Les Cayes ကမ္း႐ိုုးတန္းၿမိဳ႕ကေလးအတြက္ ငလ်င္ဒဏ္တုန္႔ျပန္ေဆာင္ရြက္ေရး အကူအညီကို အစိုးရကလုပ္ေနေၾကာင္း ေျပာပါတယ္။

ဒီၿမိဳ႕မွာ အပ်က္စီးပံုေတြၾကားက အသက္မေသက်န္ရစ္သူေတြကို ရွာေတြ႕ဖို႔ အေရးႀကီးသလို ေဆးရံုေတြမွာ လူနာေတြ ျပည့္လွ်ံေနၿပီး သူတို႔ကို ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႔နဲ႔ ငလ်င္ဒဏ္ မခံရတဲ့ ေဒသေတြက လာေရာက္ကူညီေနၾကေၾကာင္းနဲ႔ ေဟတီႏိုင္ငံသားအားလံုး ညီညီၫြတ္ၫြတ္ ပူးေပါင္းေဆာင္ရြက္ၾကဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

ေဟတီဟာ ဟာရီကိန္းမုန္တိုင္းဒဏ္နဲ႔ ငလ်င္ဒဏ္ကို မၾကာခဏ ခံရတဲ့ ႏိုင္ငံတႏိုင္ငံျဖစ္ၿပီး ၂၀၁၀ တုန္းက ျပင္းအား ၇.၁ ငလ်င္လႈပ္ခဲ့တာေၾကာင့္ ေဟတီၿမိဳ႕ေတာ္ အေတာ္ပ်က္စီးခဲ့ရသလို လူေပါင္း ၃ သိန္းေလာက္ ေသဆံုးခဲ့ရတာပါ။ ေဟတီမွာ မၾကာေသးခင္ကမွာ သမၼတ အလုပ္ၾကံခံခဲ့ရၿပီး ႏိုင္ငံေရး မတည္မၿငိမ္ျဖစ္ေနသလို ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဒဏ္နဲ႔ စားနပ္ရိကၡာမလံုေလာက္တဲ့ ျပႆနာနဲ႔ ၾကံဳေနရ ခ်ိန္မွာအခုလို ငလ်င္ဒဏ္ခံခဲ့ရတာ ျဖစ္ပါတယ္။


(Unicode)

ဟေတီမှာ အင်အားပြင်း ငလျင်ကြောင့် လူ ၂၀၀ ကျော်သေ

ဟေတီမှာ စနေနေ့က ပြင်းအား ၇.၂ ရှိတဲ့ ငလျင်လှုပ်ခဲ့တဲ့အတွက် အနည်းဆုံး ၂၂၇ ယောက် သေဆုံးပြီး ရာနဲ့ချီ ပျောက်ဆုံး ဒဏ်ရာရခဲ့ကြပါတယ်။ ပျက်စီးမှုတွေနဲ့ အတူ ဆေးရုံတွေမှာလည်း လူနာတွေနဲ့ ပြည့်လျှံ နေတာဖြစ်ပြီး ဒီလို ငလျင်ဒဏ်ခံရတဲ့ နေရာတွေကို ကူညီကယ်ဆယ်ရေးတွေ အမြန်စေလွှတ်ပေး နေတယ်လို့ ဟေတီဝန်ကြီးချုပ် Ariel Henry ကပြောပါတယ်။

ငလျင်ဟာ မြို့တော် Port-au-Prince အနောက်ဖက် ၇၈ မိုင်လောက်မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ အမေရိကန် ဘူမိတိုင်းတာရေးှဌာနက ပြောပါတယ်။ အခုချိန်အထိ သေဆုံးသူ ၂၂၇ ယောက်ရှိနေပြီဖြစ်ပြီး ကယ်ဆယ် ရှာဖွေရေးအဖွဲ့တွေကို ငလျင်ဒဏ်ခံရတဲ့ နေရာကို စေလွှတ်ထားကြောင်း ဟေတီပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ အပျက်အစီးပုံထဲမှာ အသက်မသေကျန်ရစ်သူတွေကို ကယ်ဆယ်ရေးလုပ်သားတွေနဲ့ ဒေသခံတွေ ရှာဖွေကယ်ထုတ်နေကြသလို ဒဏ်ရာရသူတွေကိုလည်း ဆေးရုံတွေကို ပို့ပေးနေကြတာပါ။

ဟေတီဝန်ကြီးချုပ် Henry က နိုင်ငံကို အရေးပေါ်အခြေနေ တလ ကြေညာလိုက်ပါတယ်။ ပျက်စီးမှု အတိုင်းအတာကို မသိရခင်မှာ နိုင်ငံတကာ အကူညီတောင်းခံအုံးမှာ မဟုတ်ဖူးလို့လည်း ပြောပါတယ်။ တချို့မြို့တွေဟာ လုံးဝနီးပါး ပျက်စီးသွားကြောင်းနဲ့ Les Cayes ကမ်းရိုးတန်းမြို့ကလေးအတွက် ငလျင်ဒဏ် တုန့်ပြန်ဆောင်ရွက်ရေး အကူအညီကို အစိုးရကလုပ်နေကြောင်း ပြောပါတယ်။

ဒီမြို့မှာ အပျက်စီးပုံတွေကြားက အသက်မသေကျန်ရစ်သူတွေကို ရှာတွေ့ဖို့ အရေးကြီးသလို ဆေးရုံတွေမှာ လူနာတွေ ပြည့်လျှံနေပြီး သူတို့ကို နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ငလျင်ဒဏ် မခံရတဲ့ ဒေသတွေက လာရောက်ကူညီနေကြကြောင်းနဲ့ ဟေတီနိုင်ငံသားအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဟေတီဟာ ဟာရီကိန်းမုန်တိုင်းဒဏ်နဲ့ ငလျင်ဒဏ်ကို မကြာခဏ ခံရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ၂၀၁၀ တုန်းက ပြင်းအား ၇.၁ ငလျင်လှုပ်ခဲ့တာကြောင့် ဟေတီမြို့တော် အတော်ပျက်စီးခဲ့ရသလို လူပေါင်း ၃ သိန်းလောက် သေဆုံးခဲ့ရတာပါ။ ဟေတီမှာ မကြာသေးခင်ကမှာ သမ္မတ အလုပ်ကြံခံခဲ့ရပြီး နိုင်ငံရေး မတည်မငြိမ်ဖြစ် နေသလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်နဲ့ စားနပ်ရိက္ခာမလုံလောက်တဲ့ ပြဿနာနဲ့ ကြုံနေရ ချိန်မှာအခုလို ငလျင်ဒဏ်ခံခဲ့ရတာ ဖြစ်ပါတယ်။

 https://burmese.voanews.com/a/earthquake-hits-haiti-at-least-227-killed/6002855.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.