Breaking

July 27, 2023

ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးချိုးဖောက်မှုအကြောင်း ဆွေးနွေးပွဲမှာ ပါလက်စတိုင်းတွေရဲ့ဒုက္ခခံစားရမှုတွေကို ချန်လှပ်ထားခဲ့တဲ့ ကုလလူ့အခွင့်အရေးအကြီးအကဲဝေဖန်ခံနေရ


ဇူလိုင် ၂၅၊ ၂၀၂၃

ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာတာ့ခ်ဟာ ကမ္ဘာပေါ်မှာလူ့အခွင့်အရေးချိုးဖောက် စော်ကားမှုတွေနဲ့ပတ်သက်ပြီး ဥရောပပါလီမန်မှာပြောကြားခဲ့တဲ့ နှစ်နာရီကြာမိန့်ခွန်းအတွင်း အစ္စရေးတွေ လက်ထဲမှာ လူ့အခွင့်အရေးချိုးဖောက်စော်ကားမှုတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ ပါလက်စတိုင်းတွေအကြောင်း ချန်လှပ်ထားခဲ့ကြောင်း နိုင်ငံရေး ဆက်ဆံရေးဆိုင်ရာ ဥရောပပါလက်စတိုင်းကောင်စီက ဝေဖန်လိုက်ပါတယ်။

“ပါလက်စတိုင်းတွေရဲ့လူ့အခွင့်အရေးတွေအပေါ် အစ္စရေးရဲ့ပြောင်ပြောင်တင်းတင်းချိုးဖောက်စော်ကားမှုတွေ ကလွဲလို့ ဇူလိုင်၂၁ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲအတွင်း တစ်ခြားလူ့အခွင့်အရေးချိုးဖောက်စော်ကားမှု အားလုံးနီးပါးကို အာရုံစိုက်ဖို့ မဟာမင်းကြီးကပြောကြားခဲ့ပါတယ်” လို့ ကောင်စီကဆိုပါတယ်။ “၁၉၄၈ခုနှစ်ကတည်းက အစ္စရေးကျူးလွန်နေတဲ့ အလ်နက္ကဘာ ဖြစ်ရပ်တွေရဲ့ရလဒ်အနေနဲ့ နေရပ်ကနှင်ထုတ်ခံရတဲ့ ပါလက်စတိုင်း၅သန်းကျော်ရဲ့ အခွင့်အရေးတွေကိုလစ်လျူရှုပြီး ဒုက္ခသည်တွေရဲ့အခွင့်အရေးတွေကို ကာကွယ်ရေးအတွက်ပဲ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက အချိန်အတော်ကြာကြာမိန့်ခွန်းပြောကြားခဲ့ပါတယ်။” လို့ ကောင်စီကပြောပါတယ်။
“မစ္စတာတာ့ခ်က ကမ္ဘာပေါ်မှာ ဖိနှပ်ခံနေရတဲ့ဂျာနယ်လစ်တွေနဲ့စည်းလုံးညီညွတ်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ၂၀၀၀ ခုနှစ်ကတည်းက ကျူးကျော်အစ္စရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်းဂျာနယ်လစ်အယောက်၅၀ရဲ့ အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး” လို့ ကောင်စီကဆက်လက်ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းတွေရဲ့ဒုက္ခခံစားနေရမှုတွေကို တမင်ရည်ရွယ်ချက်ရှိရှိခွဲခြားချန်လှပ်ပြီး ၎င်းတို့အပေါ် အစ္စရေးရဲ့ လူ့အခွင့်အရေးချိုးဖောက်စော်ကားမှုတွေကို ဖုံးဖိဖာထေးပေးနေတာနဲ့ပတ်သက်ပြီး တာ့ခ်ဆီ ရှင်းပြချက်တောင်းခံသွားမယ် လို့ ကောင်စီကပြောကြားခဲ့ပါတယ်။ ပါလက်စတိုင်းတွေရဲ့အခွင့်အရေးကို အားပေးထောက်ခံကြောင်း ထုတ်ဖော်ပြောကြားဖို့ တက်ကြွလှုပ်ရှားသူတွေ သံတမန်တွေ နိုင်ငံရေးသမားတွေ လူ့အခွင့်အရေးထောက်ခံသူတွေနဲ့ ဂျာနယ်လစ်တွေကို ကောင်စီကတိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ပါလက်စတိုင်းတွေလူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်း ထုတ်ဖော်ပြောကြားဖို့ ဥရောပပါလီမန် အနောက်နိုင်ငံအစိုးရတွေနဲ့ ကုလတို့ကိုပါ ကောင်စီကတောင်းဆိုခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးအကြောင်းဆွေးနွေးပြောဆိုတဲ့အခါ အစ္စရေးမူဝါဒတွေအောက်မှာ ပါလက်စတိုင်းတွေရဲ့ဒုက္ခခံစားနေရမှုတွေကိုပါ ဆွေးနွေးပြောဆိုဖို့ ကောင်စီကထပ်မံတောင်းဆိုခဲ့ပါတယ်။
Arab News သတင်းဌာနပါ “UN rights chief criticized for excluding from Euro Parliament talk the abuses Palestinians face” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.