Breaking

April 25, 2024

ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ် စစ်အထောက်အပံ့ ကန်သမ္မတအတည်ပြု

၂၅ ဧပြီ၊ ၂၀၂၄


 ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်နဲ့ တခြား မဟာမိတ်တွေအတွက် စစ်ဘက်ရေးရာ အကူအညီတွေပါဝင်တဲ့ ဒေါ်လာ ၉၅ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ကို အတည်ပြုလက်မှတ်ထိုးလိုက်တဲ့ အမေရိကန်သမ္မတ Joe Biden
ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်နဲ့ တခြား မဟာမိတ်တွေအတွက် စစ်ဘက်ရေးရာ အကူအညီတွေပါဝင်တဲ့ ဒေါ်လာ ၉၅ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ကို အတည်ပြုလက်မှတ်ထိုးလိုက်တဲ့ အမေရိကန်သမ္မတ Joe Biden

ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်နဲ့ တခြား မဟာမိတ်တွေအတွက် စစ်ဘက်ရေးရာ အကူအညီတွေပါဝင်တဲ့ ဒေါ်လာ ၉၅ ဘီလီယံ အကူအညီပေးရေးအစီအစဉ်ကို သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့က လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ်အတည်ပြုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အကြမ်းဖက်သမားတွေနဲ့ အာဏာရှင်တွေကို တိုက်ခိုက်နေတဲ့ မိတ်ဆွေနိုင်ငံတွေကို ထောက်ခံကူညီပေးနေတာဖြစ်ပြီး အခု ပြဌာန်းလိုက်တဲ့ဥပဒေကြောင့် ကမ္ဘာကြီး ပိုမိုလုံခြုံသွားစေမယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ အခု အတည်ပြုလိုက်တဲ့ ဥပဒေအရ ယူကရိန်းစစ်ရေးအကူအညီ ၆၁ ဘီလီယံထဲက ပထမအသုတ်အဖြစ် ဒေါ်လာ ၁ ဘီလီယံကို ချက်ချင်းပေးပို့မှာဖြစ်ပြီး နာရီပိုင်းအတွင်း စတင်မယ်လို့ ပြောပါတယ်။

အကူအညီတွေထဲမှာ လေကြောင်းရန်ကာကွယ်ရေး စနစ်၊ အမြောက်ကျည်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ တခြားလက်နက်တွေ ပါဝင်ပါတယ်။ ဒီမိုကရက်တစ်သမ္မတဂျိုးဘိုင်ဒန်အနေနဲ့ ယူကရိန်းအတွက် အရေးပေါ်လိုအပ်နေတဲ့ အကူအညီတွေ ပြန်လည်ဖြည့်တင်းပေးနိုင်ဖို့ ရီပတ်ဘလီကန်အတိုက်အခံတွေနဲ့ အချိန်ကာလအတော်ကြာ အချေအတင်ဖြစ်ခဲ့တာကနေ အဆုံးမှာ ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပေမယ့် လအတော်ကြာ အကူအညီပေးရေးနှောင့်နှေးခဲ့လို့ ရုရှားရဲ့ ကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းအစိုးရအတွက် အကူအညီပေးနိုင်ဖို့ ဘိုင်ဒန်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ သိသိသာသာ ဆုံးရှုံးထိခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

လက်နက်နဲ့ ခဲယမ်းအသစ်တွေ လနဲ့ချီ ကြန့်ကြာခဲ့လို့ ယူကရိန်းဟာလည်း စစ်ရေးမှာ လတ်တလော ချက်ချင်းပြန်လည် အသာစီးရဖို့ မဖြစ်နိုင်တဲ့အခြေအနေ ကြုံနေရပါတယ်။

https://burmese.voanews.com/a/us-congress-ukraine-1st-upd-biden-signs-aid-package-for-ukraine-israel-taiwan-/7583652.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.