Breaking

May 7, 2024

 တရားရုံးမထီမဲ့မြင်ပြုမှု သမ္မတဟောင်း Trump ထပ်မံ သတိပေးခံရ 


သမ္မတဟောင်း Donald Trump ကို နယူးယောက်ခ်တရားရုံးမှာ တွေ့ရစဥ်။
 
သမ္မတဟောင်း Donald Trump ကို နယူးယောက်ခ်တရားရုံးမှာ တွေ့ရစဥ်။

သူ့ကိုတရားစွဲဆိုထားတဲ့ ရာဇဝတ်မှုမှာ တရားရုံးကခေါ်ယူနိုင်တဲ့ သက်သေတွေအပေါ် မဝေဖန်ရလို့ တရားရုံးက အမိန့်ထုတ်ပြန်ထားတာကို သမ္မတဟောင်း Trump က ထပ်ပြီးချိုးဖောက်ကြောင်း နယူးယောက်တရားရုံးတရားသူကြီးက တနင်္လာနေ့မှာပြောပါတယ်။ လိင်ဖျော်ဖြေရေးမယ် Stormy Daniels ကိုနှုတ်ပိတ်ခအဖြစ် ဒေါ်လာ ၁ သိန်း ၃ သောင်းပေးခဲ့တာနဲ့ဆက်နွယ်ပြီး တတိယသီတင်းပတ်အဖြစ် တရားရုံးကြားနာပွဲမှာ နယူးယောက်မြို့ တရားရုံးချုပ် တရားသူကြီး Juan Merchan က ခုလိုအမိန့်ချမှတ်လိုက်တာပါ။

Trump ကတော့ Stormy Daniel နဲ့ပတ်သက်ခဲ့တာကိုရော အခြားအမှု ၃၄ ခု စလုံးက စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ ဒါပေမယ့်လည်း သက်သေတွေကို တိုက်ခိုက်တာဟာ တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်တိုက်ခိုက်တာဖြစ်တဲ့အတွက် ဆက်လက်ကျူးလွန်ခွင့်ပေးနေလို့မဖြစ်ဘူးလို့ တရားသူကြီး Merchan ကသတိပေးပါတယ်။ လုံးဝမလုပ်ချင်ပေမယ့် တရားရုံးတားမြစ်ချက်ကို ဆက်လက်ချိုးဖောက်မယ်ဆိုရင် Trump ကို ထောင်ချဖို့ တုံ့ဆိုင်းလိမ့်မယ် မဟုတ်ဘူးလို့ တရားသူကြီး Merchan ကပြောပါတယ်။

တရားရုံးအမိန့်ဖီဆန်မှုနဲ့ နယူးယောက်တရားသူကြီးက Trump ကိုပြီးခဲ့တဲ့တပတ်က ဒဏ်ငွေ ၉၀,၀၀ ချမှတ်ခဲ့ပြီး ဒီတပတ်မှာလည်း ဒဏ်ငွေ ဒေါ်လာ ၁,၀၀၀ ထပ်မံ ချမှတ်လိုက်ပါတယ်။ 

https://burmese.voanews.com/a/trump-violates-gag-order-again-held-in-contempt-of-court-/7600381.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.