Breaking

October 31, 2019

နို့တစ်ပေးခြင်း၊ အလုပ်မှထွက်ခွာ ခြင်း။

Image result for အလုပ်ပြုပ် နစ်နာကြေး

နို ့တစ်ပေးရန်လိုအပ်ချက်။

အလုပ်ခန် ့ထားခြင်းသဘောတူညီချက်ကို စာချုပ်သက်တမ်းကုန်ဆုံးလျှင်ရပ်စဲနိုင်သည်။ ထို ့ပြင် ကုမ္ပဏီ /စက်ရုံ ပိတ်သိမ်း လျှင်သော်၄င်း၊ အလုပ်ရှင်မွဲသွားလျှင်သော်၄င်း၊ ကြိုတင်မှန်းဆခြင်းမပြုနိုင်သည့်ဖြစ်ရပ်ကြောင့်ပျက်စီး ရလျှင်သော်၄င်း၊ တဘက်ဘက်ကအလုပ်ခန် ့စာချုပ်ကိုဖေါက်ဖျက်လျှင်သော်၄င်း၊ အလုပ်သမားသေဆုံးလျှင်သော် ၄င်း၊ အလုပ်ရှင်ကြောင့်မဟုတ်ဘဲ ကြိုတင်မမှန်းဆနိုင်သည့်ပြဿနာဖြစ်ပေါ်မှုကြောင့် လူလျှော့ရန် လိုအပ်လာလျှင် သော်၄င်း (မလိုဘဲလူပိုနေခြင်းအပါအဝင်)၊ ထို ့ပြင်အလုပ်သမားသည် ရာဇဝတ်ပြစ်ဒဏ်ကျလျှင်သော်၄င်း၊

အလုပ်ခန် ့ထားခြင်းကိုရပ်စဲနိုင်သည်။

အလုပ်ရှင် - အလုပ်သမား တဘက်ဘက်က တစ်လကြိုတင်နို ့တစ်ပေးခြင်းဖြင့်အလုပ်စာချုုပ်ကိုရပ်စဲနိုင်သည်။ နှစ်ဘက်သဘောတူအလုပ်စည်းကမ်းကိုအသေးစားကျူးလွန်ဖေါက်ဖျက်မှုအတွက် အလုပ်သမားအား ပဌမအကြိမ်တွင် နှုတ်ဖြင့်သတိပေးခြင်း၊ ဒုတိယအကြိမ်တွင် စာဖြင့်သတိပေးခြင်း၊ တတိယနှင့်နောက်ဆုံးအကြိမ်တွင် သတိပေးစာပေါ်လက်မှတ်ထိုးစေခြင်း (ဘွန်းထိုးခြင်း) ဆောင်ရွက်စေနိုင်သည်။ ဤသုံးကြိမ်ကိုကျော်လွန်ကာကျူးလွန် မှုတွင် အလုပ်ရှင်မှ နို ့တစ်စာမပေးဘဲအလုပ်သမားအားအလုပ်မှထုတ်ပယ်နိုင်သည်။ အလုပ်ထွက်နစ်နာကြေးပေးရန် မလို။ နှစ်ဘက်သဘောတူညီထားသောအလုပ်စည်းကမ်းကိုအကြီးစားကျူးလွန်ဖေါက်ဖျက်မှုများတွင် အလုပ်သမား၏ အလုပ်ခန် ့စာချုပ်အားအလုပ်ရှင်မှချက်ချင်းရပ်စဲနိုင်သည်။

အရေးပါသောအကြောင်းပြချက်တစုံတရာကြောင့်အလုပ်ရှင်မှအလုပ်သမားအားတာဝန်မှရပ်စဲလိုပါက တစ်လကြိုတင် နို ့တစ်ပေး၍သော်၄င်း၊ နို ့တစ်အစား နို ့တစ်ကြေးပေး၍သော်၄င်း အလုပ်ခန် ့စာချုပ်ကိုရပ်စဲနိုင်သည်။


မူရင်း။

တရားဝင်ပြဌာန်းထားသော အလုပ်ခန် ့ စာချုပ်ပုံစံ , ၂ၐ၁၇

အလုပ်မှထွက်ခွာခြင်းခံစားခွင့် ။

အလုပ်မှထွက်ခွာခြင်းခံစားခွင့်ကိုအလုပ်သမားဝန်ကြီးဌာန၏ စည်းမျဉ်းများဖြင့်ထိန်းညှိသည်။ ဤဖေါ်ပြပါအခြေအနေ များတွင် ခံစားခွင့်မရနိုင် -

    နှစ်ဦးနှစ်ဘက်သဘောတူညီမှုဖြင့် အလုပ်ခန် ့စာချုပ်ကိုရပ်စဲခြင်း
    အလုပ်မှနှုတ်ထွက်ခြင်း
    အလုပ်သမား၏အကြီးစားစည်းကမ်းဖေါက်မှုကြောင့်အလုပ်ရပ်စဲခြင်း
    သတိပေးခြင်း သုံးကြိမ်ကိုကျော်လွန်၍အလုပ်သမားကစည်းကမ်းဖေါက်ဖျက်ခြင်း

ဤအခြေအနေများမှအပ အခြားသောအကြောင်းများ (မလိုဘဲလူပိုနေခြင်းအပါအဝင်) ကြောင့်အလုပ်မှရပ်စဲခြင်း ဖြစ်ပါက အလုပ်ထွက်ခံစားခွင့်ကိုအောက်ပါအတိုင်းပေးရမည်။

    (၆)လထက်လျှော့သောအလုပ်သက်တမ်းအတွက်ရှင်းပေးရန်မလို
    (၆)လမှ (၁)နှစ်ထိအလုပ်လုပ်ခဲ့ပါက (၁၅)ရက်အတွက်လုပ်ခလစာ
    (၁)နှစ်မှ (၂)နှစ်ထိအလုပ်လုပ်ခဲ့ပါက (၁)လအတွက်လုပ်ခလစာ
    (၂)နှစ်မှ (၃)နှစ်ထိအလုပ်လုပ်ခဲ့ပါက (၄၅)ရက်အတွက်လုပ်ခလစာ
    (၃)နှစ်မှ (၄)နှစ်ထိအလုပ်လုပ်ခဲ့ပါက (၃)လအတွက်လုပ်ခလစာ
    (၄)နှစ်မှ (၆)နှစ်ထိအလုပ်လုပ်ခဲ့ပါက (၄)လအတွက်လုပ်ခလစာ
    (၆)နှစ်မှ (၈)နှစ်ထိအလုပ်လုပ်ခဲ့ပါက (၅)လအတွက်လုပ်ခလစာ
    (၈)နှစ်မှ (၁၀)နှစ်ထိအလုပ်လုပ်ခဲ့ပါက (၆)လအတွက်လုပ်ခလစာ
    (၁၀)နှစ်မှ (၂၀)နှစ်ထိအလုပ်လုပ်ခဲ့ပါက (၈)လအတွက်လုပ်ခလစာ
    (၂၀)နှစ်မှ (၂၅)နှစ်ထိအလုပ်လုပ်ခဲ့ပါက (၁၀)လအတွက်လုပ်ခလစာ
    (၂၅) ကျော်လွန်၍အလုပ်လုပ်ခဲ့ပါက (၁၃)လအတွက်လုပ်ခလစာ

မူရင်း။

ညွှန်ကြားချက်အမိန် ့ကြော်ငြာစာအမှတ် - ၈၄ /၂၀၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.