Breaking

October 31, 2019

အလုပ်မှနုတ်ထွက်ခြင်းနှင့် ၀န်ထမ်း နစ်နာကြေး ဥပဒေ

 W1siziisijiwmtkvmdkvmzavmdgvmtcvmzyvmtmvrw1wbg95zwugq29tcgvuc2f0aw9uidiucg5nil0swyjwiiwidgh1bwiilci3ntb4nduwiyjdxq

ဝန်ထမ်းတွေအနေနဲ့ အကြောင်းကြောင်းကြောင့် အလုပ်ထွက်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ်၊ အလုပ်ကထုတ်ခံရတာပဲဖြစ်ဖြစ် ဥပဒေအရ မိမိတို့ရသင့်တဲ့အခွင့်အရေးတွေမဆုံးရှုံးစေဖို့ သိထားရမယ့်အချက်တွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။
အလုပ်မှနုတ်ထွက်ခြင်း
ဝန်ထမ်းအနေနဲ့ အစမ်းခန့်ကာလမှာ အလုပ်ကနုတ်ထွက်လိုပါက အနည်းဆုံး ၇ ရက် ကြိုတင်အကြောင်းကြားပြီး နုတ်ထွက်နိုင်ပါတယ်။
အမြဲတမ်းဝန်ထမ်းအဖြစ်မှ နုတ်ထွက်လိုပါက ၁ လကြိုတင်ပြီး နုတ်ထွက်စာတင်ရမှာ ဖြစ်ပါတယ်။
ဝန်ထမ်းသည် ၁ လကြိုတင်ပြီး နုတ်ထွက်စာတင်တာဖြစ်တဲ့အတွက် အလုပ်ရှင်မှ အလုပ်ရပ်စဲမှု နစ်နာကြေးပေးရန်မလိုဘဲ အလုပ်လုပ်ခဲ့သည့်ရက်များအတွက် လုပ်ခလစာနှင့် လုပ်သက်ခွင့်ကို ခံစားပေးပြီး နုတ်ထွက်ခွင့်ပြုရပါမယ်။

အလုပ်မှရပ်စဲခြင်း
အလုပ်ရှင်အနေနဲ့ အလုပ်စတင်ဝင်ရောက်တဲ့ ဝန်ထမ်းအသစ်တစ်ယောက်အား အစမ်းခန့်ကာလမှာ အလုပ်ကရပ်စဲလိုပါက တိကျသောအကြောင်းပြချက်ဖြင့် တစ်ပတ်ကြိုတင် နို့တစ်စာပေးပို့ရမှာဖြစ်ပါတယ်။ 
အမြဲတမ်းဝန်ထမ်းအဖြစ်မှရပ်စဲလိုပါက တစ်လကြိုတင်နို့တစ်စာပေးပို့ရမှာဖြစ်ပါတယ်။
သတ််မှတ်ထားသောစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့်ဝန်ထမ်းများကို ပထမအကြိမ်စာဖြင့်သတိပေးခြင်း၊ ဒုတိယအကြိမ်စာဖြင့်သတိပေးခြင်း၊ တတိယကြိမ် ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်း စသည်တို့ပြုလုပ်စေပြီးနောက် ၁၂ လအတွင်းထပ်မံကျူးလွန်ခဲ့ပါက အလုပ်ရှင်သည် နစ်နာကြေးပေးရန်မလိုဘဲ အလုပ်မှရပ်စဲနိုင်ပါတယ်။
စည်းကမ်းဖောက်ဖျက်ပြီးနောက် ၁၂ လအတွင်း ထပ်မံဖောက်ဖျက်ကျူးလွန်ခြငး်မရှိပါက ကျူးလွန်ခဲ့သောပြစ်မှုအားလုံးကို အလုပ်ရှင်မှ ချေဖျက်ပေးရပါမယ်။
အလုပ်ရှင်သည် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းရပ်စဲမည်ဆိုပါက အလုပ်သမားဥပဒေအရ သတ်မှတ်နစ်နာကြေးပေးရမှာဖြစ်ပါတယ်။

နစ်နာကြေးနှုန်းထားများ 
အလုပ်ရှင်သည်အလုပ်သမားများအား အလုပ်မှရပ်စဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တစ်ဆက်တည်းလုပ်သက်ရှိသူများအတွက် နောက်ဆုံးထုတ်လစာ(အချိန်ပိုကြေးမပါ) ဖြင့် အောက်ဖော်ပြပါနစ်နာကြေးများအတိုင်းပေးရပါမယ်။
(က) လုပ်သက် ၆ လပြည့်ပြီး ၁ နှစ်မပြည့်ပါက နစ်နာကြေး လဝက်လစာ
(ခ) လုပ်သက် ၁ နှစ်ပြည့်ပြီး ၂ နှစ်မပြည့်ပါက နစ်နာကြေး ၁ လစာ
(ဂ) လုပ်သက် ၂ နှစ်ပြည့်ပြီး ၃ နှစ်မပြည့်ပါက နစ်နာကြေး ၁ လခွဲ လစာ
(ဃ) လုပ်သက် ၃ နှစ်ပြည့်ပြီး ၄ နှစ်မပြည့်ပါက နစ်နာကြေး ၃ လစာ
(င) လုပ်သက် ၄ နှစ်ပြည့်ပြီး ၆ နှစ်မပြည့်ပါက နစ်နာကြေး ၄ လစာ
(စ) လုပ်သက် ၆ နှစ်ပြည့်ပြီး ၈ နှစ်မပြည့်ပါက နစ်နာကြေး ၅ လစာ
(ဆ) လုပ်သက် ၈ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်ပါက နစ်နာကြေး ၆ လစာ
(ဇ) လုပ်သက် ၁၀ နှစ်ပြည့်ပြီး ၂၀ နှစ်မပြည့်ပါက နစ်နာကြေး ၈ လစာ
(ဈ) လုပ်သက် ၂၀ နှစ်ပြည့်ပြီး ၂၅ နှစ်မပြည့်ပါက နစ်နာကြေး ၁၀ လစာ
(ည) လုပ်သက် ၂၅ နှစ်နှင့်အထက်ရှိပါက နစ်နာကြေး ၁၃ လစာ

ဒီလိုမျိုးနစ်နာကြေးဥပဒေတွေနဲ့ ဝန်ထမ်းစာချုပ်ချုပ်ဆိုမှုတွေကို HR နဲ့ပတ်သက်ပြီးအလုပ်လုပ်နေတဲ့ ဝန်ထမ်းတိုင်းသိထားသင့်ပါတယ်။
 

(ZawGyi Version)
ဝန္ထမ္းေတြအေနနဲ႔ အေႀကာင္းေႀကာင္းေႀကာင့္ အလုပ္ထြက္ေတာ႔မယ္ဆိုရင္ပဲျဖစ္ျဖစ္၊ အလုပ္ကထုတ္ခံရတာပဲျဖစ္ျဖစ္ ဥပေဒအရ မိမိတို႔ရသင့္တဲ႔အခြင့္အေရးေတြမဆံုးရွံုးေစဖို႔ သိထားရမယ္႔အခၽက္ေတြကို ဗဟုသုတအေနနဲ႔ ေဝမၽွေပးလိုက္ပါတယ္။

အလုပ္မွနုတ္ထြက္ျခင္း
ဝန္ထမ္းအေနနဲ႔ အစမ္းခန္႔ကာလမွာ အလုပ္ကနုတ္ထြက္လိုပါက အနည္းဆံုး ၇ ရက္ ႀကိဳတင္အေႀကာင္းႀကားျပီး နုတ္ထြက္နိုင္ပါတယ္။
အျမဲတမ္းဝန္ထမ္းအျဖစ္မွ နုတ္ထြက္လိုပါက ၁ လႀကိဳတင္ျပီး နုတ္ထြက္စာတင္ရမွာ ျဖစ္ပါတယ္။
ဝန္ထမ္းသည္ ၁ လႀကိဳတင္ျပီး နုတ္ထြက္စာတင္တာျဖစ္တဲ႔အတြက္ အလုပ္ရွင္မွ အလုပ္ရပ္စဲမႈ နစ္နာေႀကးေပးရန္မလိုဘဲ အလုပ္လုပ္ခဲ့သည့္ရက္မၽားအတြက္ လုပ္ခလစာနွင့္ လုပ္သက္ခြင့္ကို ခံစားေပးျပီး နုတ္ထြက္ခြင့္ျပဳရပါမယ္။

အလုပ္မွရပ္စဲျခင္း
အလုပ္ရွင္အေနနဲ႔ အလုပ္စတင္ဝင္ေရာက္တဲ႔ ဝန္ထမ္းအသစ္တစ္ေယာက္အား အစမ္းခန္႔ကာလမွာ အလုပ္ကရပ္စဲလိုပါက တိကၽေသာအေႀကာင္းျပခၽက္ျဖင့္ တစ္ပတ္ၾကိဳတင္ နို႔တစ္စာေပးပို႔ရမွာျဖစ္ပါတယ္။ 
အျမဲတမ္းဝန္ထမ္းအျဖစ္မွရပ္စဲလိုပါက တစ္လႀကိဳတင္နို႔တစ္စာေပးပို႔ရမွာျဖစ္ပါတယ္။
သတ္္မွတ္ထားေသာစည္းကမ္းခၽက္မၽားကို ေဖာက္ဖၽက္ကၽဴးလြန္သည့္ဝန္ထမ္းမၽားကို ပထမအႀကိမ္စာျဖင့္သတိေပးျခင္း၊ ဒုတိယအႀကိမ္စာျဖင့္သတိေပးျခင္း၊ တတိယႀကိမ္ ဝန္ခံကတိလက္မွတ္ေရးထိုးေစျခင္း စသည္တို႔ျပဳလုပ္ေစျပီးေနာက္ ၁၂ လအတြင္းထပ္မံကၽဴးလြန္ခဲ့ပါက အလုပ္ရွင္သည္ နစ္နာေႀကးေပးရန္မလိုဘဲ အလုပ္မွရပ္စဲနိုင္ပါတယ္။
စည္းကမ္းေဖာက္ဖၽက္ျပီးေနာက္ ၁၂ လအတြင္း ထပ္မံေဖာက္ဖၽက္ကၽဴးလြန္ျခငး္မရွိပါက ကၽဴးလြန္ခဲ႔ေသာျပစ္မႈအားလုံးကို အလုပ္ရွင္မွ ေခၽဖၽက္ေပးရပါမယ္။
အလုပ္ရွင္သည္ အေႀကာင္းအမၽိဳးမၽိဳးေၾကာင့္ လုပ္ငန္းရပ္စဲမည္ဆိုပါက အလုပ္သမားဥပေဒအရ သတ္မွတ္နစ္နာေႀကးေပးရမွာျဖစ္ပါတယ္။

နစ္နာေႀကးႏႈန္းထားမၽား 
အလုပ္ရွင္သည္အလုပ္သမားမၽားအား အလုပ္မွရပ္စဲျခင္းဆိုင္ရာ ကိစၥရပ္မၽားႏွင့္စပ္လၽဥ္း၍ တစ္ဆက္တည္းလုပ္သက္ရွိသူမၽားအတြက္ ေနာက္ဆံုးထုတ္လစာ(အခၽိန္ပိုေႀကးမပါ) ျဖင့္ ေအာက္ေဖာ္ျပပါနစ္နာေႀကးမၽားအတိုင္းေပးရပါမယ္။
(က) လုပ္သက္ ၆ လျပည့္ျပီး ၁ နွစ္မျပည့္ပါက နစ္နာေႀကး လဝက္လစာ
(ခ) လုပ္သက္ ၁ နွစ္ျပည့္ျပီး ၂ နွစ္မျပည့္ပါက နစ္နာေႀကး ၁ လစာ
(ဂ) လုပ္သက္ ၂ နွစ္ျပည့္ျပီး ၃ နွစ္မျပည့္ပါက နစ္နာေႀကး ၁ လခြဲ လစာ
(ဃ) လုပ္သက္ ၃ နွစ္ျပည့္ျပီး ၄ နွစ္မျပည့္ပါက နစ္နာေႀကး ၃ လစာ
(င) လုပ္သက္ ၄ နွစ္ျပည့္ျပီး ၆ နွစ္မျပည့္ပါက နစ္နာေႀကး ၄ လစာ
(စ) လုပ္သက္ ၆ နွစ္ျပည့္ျပီး ၈ နွစ္မျပည့္ပါက နစ္နာေႀကး ၅ လစာ
(ဆ) လုပ္သက္ ၈ နွစ္ျပည့္ျပီး ၁၀ နွစ္မျပည့္ပါက နစ္နာေႀကး ၆ လစာ
(ဇ) လုပ္သက္ ၁၀ နွစ္ျပည့္ျပီး ၂၀ နွစ္မျပည့္ပါက နစ္နာေႀကး ၈ လစာ
(ဈ) လုပ္သက္ ၂၀ နွစ္ျပည့္ျပီး ၂၅ နွစ္မျပည့္ပါက နစ္နာေႀကး ၁၀ လစာ
(ည) လုပ္သက္ ၂၅ နွစ္နွင့္အထက္ရွိပါက နစ္နာေႀကး ၁၃ လစာ

ဒီလိုမၽိဳးနစ္နာေႀကးဥပေဒေတြနဲ႔ ဝန္ထမ္းစာခၽဳပ္ခၽဳပ္ဆိုမႈေတြကို HR နဲ႔ပတ္သက္ျပီးအလုပ္လုပ္ေနတဲ႔ ဝန္ထမ္းတိုင္းသိထားသင့္ပါတယ္။

No comments:

Post a Comment

Note: Only a member of this blog may post a comment.