Breaking

November 15, 2019

မြန်မာ့လူ့အခွင့်အရေးအခြေအနေ ကုလ ဆုံးဖြတ်ချက် မူကြမ်း ကန်ထောက်ခံ



 (Unicode)
မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆုံးဖြတ်ချက်တရပ် ချမှတ်ရေး ကုလသမဂ္ဂမှာ အဆိုပြုလိုက်ပါတယ်။
ကုလသမဂ္ဂ အပါအဝင် ခိုင်လုံတဲ့ စုံစမ်းမှုတွေက ရရှိထားတဲ့ သတင်းအချက်အလက် အစီရင်ခံစာတွေအရ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ အပါအဝင် နိုင်ငံအဝန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ဆက်လက်ဖြစ်ပွားနေတဲ့အပေါ် ရှုတ်ချကြောင်းလည်း ဆုံးဖြတ်ချက်ကို ပူးတွဲအဆိုပြုခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်တာပါ။
မနေ့တုန်းက ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းထဲမှာတော့ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေ အပါအဝင် မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ရရှိအောင် အကာအကွယ်ပေးဖို့နဲ့ လွတ်လပ်ခွင့်တွေ ရရှိရေး တိုက်တွန်းခဲ့တာပါ။ တချိန်တည်းမှာပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ပြီး၊ တာဝန်ရှိသူတွေကို အရေးယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ နိုင်ငံတခုချင်းအလိုက် ဆုံးဖြတ်ချက်ချမှတ်ဖို့ ကြိုးပမ်းချက်ကို လက်မခံနိုင်ကြောင်း ကန့်ကွက်ခဲ့တာပါ။
ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့လည်း ရှုတ်ထွေးတဲ့ အခြေအနေတွေကို ဆုံးဖြတ်ချက် မူကြမ်းထဲမှာ လွဲမှားပြီး ပုံဖော်ထားတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ၂၀၁၇ သြဂုတ်လထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာအစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပြီး၊ ကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖို့လည်း တိုက်တွန်းနေကြတာပါ။
မနေ့တုန်းကပဲ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကလည်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စတင်စုံစမ်းဖို့ ခွင့်ပြုလိုက်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကျုးလွန်ခဲ့ကြောင်း ပြောဆိုထားသလို၊ ကျုးလွန်ခဲ့တာတွေကို စုံစမ်းဖော်ထုတ် အရေးယူတာတွေ ရှိခဲ့ကြောင်း ပြောဆိုထားကြပါတယ်။

(Zawgyi/ Unicode)
ျမန္မာႏုိင္ငံက တုိင္းရင္းသားေဒသေတြမွာ ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ေနတယ္ဆုိတဲ့ စြပ္စဲြခ်က္နဲ႔ ဆုံးျဖတ္ခ်က္တရပ္ ခ်မွတ္ေရး ကုလသမဂၢမွာ အဆုိျပဳလုိက္ပါတယ္။
ကုလသမဂၢ အပါအ၀င္ ခုိင္လုံတဲ့ စုံစမ္းမႈေတြက ရရွိထားတဲ့ သတင္းအခ်က္အလက္ အစီရင္ခံစာေတြအရ ရခုိင္၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္ေတြ အပါအ၀င္ ႏုိင္ငံအ၀န္းမွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အႀကီးအက်ယ္ ဆက္လက္ျဖစ္ပြားေနတဲ့အေပၚ ႐ႈတ္ခ်ေၾကာင္းလည္း ဆုံးျဖတ္ခ်က္ကုိ ပူးတဲြအဆုိျပဳခဲ့တဲ့ အေမရိကန္ ျပည္ေထာင္စုက ေျပာဆုိလုိက္တာပါ။
မေန႔တုန္းက ကုလသမဂၢ အေထြေထြညီလာခံရဲ႕ တတိယေကာ္မတီမွာ တင္သြင္းခဲ့တဲ့ ဆုံးျဖတ္ခ်က္မူၾကမ္းထဲမွာေတာ့ ႐ုိဟင္ဂ်ာ မြတ္ဆလင္ေတြနဲ႔ တျခားလူနည္းစုေတြ အပါအ၀င္ ျမန္မာႏုိင္ငံတြင္းမွာ လူ႔အခြင့္အေရး ရရွိေအာင္ အကာအကြယ္ေပးဖုိ႔နဲ႔ လြတ္လပ္ခြင့္ေတြ ရရွိေရး တုိက္တြန္းခဲ့တာပါ။ တခ်ိန္တည္းမွာပဲ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကုိ စုံစမ္းေဖာ္ထုတ္ၿပီး၊ တာ၀န္ရွိသူေတြကုိ အေရးယူဖုိ႔လည္း တုိက္တြန္းခဲ့ပါတယ္။ ျမန္မာႏုိင္ငံဘက္ကေတာ့ ႏုိင္ငံတခုခ်င္းအလုိက္ ဆုံးျဖတ္ခ်က္ခ်မွတ္ဖုိ႔ ႀကိဳးပမ္းခ်က္ကုိ လက္မခံႏုိင္ေၾကာင္း ကန္႔ကြက္ခဲ့တာပါ။
ရခုိင္ျပည္နယ္ အက်ပ္အတည္းနဲ႔ ပတ္သက္လုိ႔လည္း ႐ႈတ္ေထြးတဲ့ အေျခအေနေတြကုိ ဆုံးျဖတ္ခ်က္ မူၾကမ္းထဲမွာ လဲြမွားၿပီး ပုံေဖာ္ထားတယ္လုိ႔လည္း ေျပာဆုိခဲ့ပါတယ္။ ၂၀၁၇ ၾသဂုတ္လထဲ ရခုိင္ျပည္နယ္ ေျမာက္ပုိင္းမွာရွိတဲ့ လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာအစြန္းေရာက္အုပ္စုကုိ လုိက္လံရွင္းလင္းရာမွာ ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြက လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ဆုိးဆုိးရြားရြား က်ဳးလြန္ခဲ့ေၾကာင္း ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းက စြပ္စဲြထားၿပီး၊ က်ဳးလြန္သူေတြကုိ စုံစမ္းေဖာ္ထုတ္ဖုိ႔လည္း တုိက္တြန္းေနၾကတာပါ။
မေန႔တုန္းကပဲ ႏုိင္ငံတကာ ရာဇ၀တ္ခုံ႐ုံး (ICC) ကလည္း သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာေတြ ျမန္မာႏုိင္ငံကေန ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္ ထြက္ေျပးခဲ့ရတဲ့ ကိစၥနဲ႔ ပတ္သက္လုိ႔ စတင္စုံစမ္းဖုိ႔ ခြင့္ျပဳလုိက္ပါတယ္။ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ အသိအမွတ္မျပဳတဲ့ ျမန္မာအစုိးရကေတာ့ ႏုိင္ငံတကာနဲ႔ လူ႔အခြင့္အေရး အဖဲြ႔ေတြက စြပ္စဲြေနသေလာက္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ မက်ဳးလြန္ခဲ့ေၾကာင္း ေျပာဆုိထားသလုိ၊ က်ဳးလြန္ခဲ့တာေတြကုိ စုံစမ္းေဖာ္ထုတ္ အေရးယူတာေတြ ရွိခဲ့ေၾကာင္း ေျပာဆုိထားၾကပါတယ္။
…………………
https://burmese.voanews.com/a/myanmar-un-draft-us-agree-/5167477.html?fbclid=IwAR0-C8FglY5Z2DhrBCgNjc6e-kXSY7XcGmEDsF8EkF13a8BZgdZWjuCFcVI

No comments:

Post a Comment

Note: Only a member of this blog may post a comment.