ရန်ကုန်၊ နိုဝင်ဘာ ၂၆။ ။ မြန်မာနိုင်ငံသည် ဓာတုလက်နက်တားမြစ်ရေး
တစ်ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ထားပြီး ၁၉၈၀
ခုနှစ်များမှစ၍ ဓာတုလက်နက်များ သိုလှောင်ထားဖွယ် ရှိသည်ဟု အမေရိကန် က
နိုဝင်ဘာ ၂၅ ရက်၌ ပြောသည်။
အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် အရေပြားကို လောင်ကျွမ်းစေတတ်သော ဓာတ်ငွေ့များ ထုတ်လုပ်ရာ သမိုင်းဝင် အဆောက်အအုံနေရာတစ်ခု၌ ဓာတုလက်နက်များ ဆက်လက်ရှိနေဆဲ ဖြစ်ဖွယ်ရှိသည်ဟု ဓာတုလက်နက် တားမြစ်ရေးဆိုင်ရာ အဖွဲ့အစည်း၏ နှစ်ပတ်လည်အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် ဓာတုလက်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်သော ဓာတုလက်နက်သဘောတူညီချက် CWC တွင် ၂၀၁၅ ခုနှစ်က ပါဝင်လက်မှတ်ထိုးခဲ့သည်။
“မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ဓာတုလက်နက် ထားသိုရာ နေရာမှာ ဓာတုလက်နက်တွေ
ဆက်လက် သိမ်းဆည်းထားသိုထားနိုင်တယ်လို့ အမေရိကန်နိုင်ငံဟာ တော်တော်လေး
ပူပန်နေပါတယ်။”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူ
သောမတ်စ်ဒီနန်နိုက ပြောသည်။
မြန်မာနိုင်ငံသည် အရေပြားကို လောင်ကျွမ်းစေသော ဆာလဖျူရစ်အက်စစ် ဓာတ်ငွေ့စီမံကိန်းနှင့် ဓာတုလက်နက် ထုတ်လုပ်ရေး အဆောက်အအုံအပါအဝင် ၁၉၈၀ ခုနှစ်များ၌ ဓာတုလက်နက် စီမံကိန်းတစ်ရပ် လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်က သတင်းရရှိထားကြောင်းလည်း ၎င်းက ပြောသည်။
“ရနိုင်သမျှ သတင်းအချက်အလက်တွေကို အခြေတည်ပြီး မြန်မာနိုင်ငံဟာ CWC သဘောတူညီချက်ကို လိုက်နာခြင်း ရှိမနေဘူးလို့ အမေရိကန်အနေနဲ့ ကောက်ချက်ချတယ်။ မြန်မာနိုင်ငံဟာ အရင်က ဓာတုလက်နက်စီမံကိန်းအကြောင်းကို ထုတ်ဖော်ကြေညာတာ မရှိသလို ဓာတုလက်နက်ဆိုင်ရာ အဆောက်အအုံကိုလည်း ဖျက်ဆီးခြင်း မရှိတာကြောင့် ခုလို သတ်မှတ်ရတာပဲ ဖြစ်တယ်။”ဟု သောမတ်စ်ဒီနန်နိုက ပြောခဲ့သည်။
မြန်မာနိုင်ငံသည် ဓာတုလက်နက်ကဲ့သို့ လက်နက်များ အသုံးပြုခြင်းနှင့် သိုလှောင်ခြင်းများ ရှိနေသည်ဟု ယခင်က စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
နိုင်ငံမြောက်ပိုင်းရှိ ကြေးနီသတ္ထုတွင်းတွင် ဆန္ဒပြသူမျာကို ရဲတပ်ဖွဲ့က ဖော့စဖရတ် မီးစုန်းဓာတ် အသုံးပြုပြီး ဖြိုခွင်းခဲ့ခြင်းကြောင်း အသားအရေ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို ၂၀၁၃ ခုနှစ်က လွှတ်တော်တွင် မှတ်တမ်းတင်ထားသည်။
http://www.mizzimaburmese.com/article/63501?fbclid=IwAR2jyoI0ZefBY8c3Kkj96ix3RXQs-IN2J_eTrd2f0STAftK7fNoXcSAhoZw
အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် အရေပြားကို လောင်ကျွမ်းစေတတ်သော ဓာတ်ငွေ့များ ထုတ်လုပ်ရာ သမိုင်းဝင် အဆောက်အအုံနေရာတစ်ခု၌ ဓာတုလက်နက်များ ဆက်လက်ရှိနေဆဲ ဖြစ်ဖွယ်ရှိသည်ဟု ဓာတုလက်နက် တားမြစ်ရေးဆိုင်ရာ အဖွဲ့အစည်း၏ နှစ်ပတ်လည်အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် ဓာတုလက်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်သော ဓာတုလက်နက်သဘောတူညီချက် CWC တွင် ၂၀၁၅ ခုနှစ်က ပါဝင်လက်မှတ်ထိုးခဲ့သည်။
မြန်မာနိုင်ငံသည် အရေပြားကို လောင်ကျွမ်းစေသော ဆာလဖျူရစ်အက်စစ် ဓာတ်ငွေ့စီမံကိန်းနှင့် ဓာတုလက်နက် ထုတ်လုပ်ရေး အဆောက်အအုံအပါအဝင် ၁၉၈၀ ခုနှစ်များ၌ ဓာတုလက်နက် စီမံကိန်းတစ်ရပ် လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်က သတင်းရရှိထားကြောင်းလည်း ၎င်းက ပြောသည်။
“ရနိုင်သမျှ သတင်းအချက်အလက်တွေကို အခြေတည်ပြီး မြန်မာနိုင်ငံဟာ CWC သဘောတူညီချက်ကို လိုက်နာခြင်း ရှိမနေဘူးလို့ အမေရိကန်အနေနဲ့ ကောက်ချက်ချတယ်။ မြန်မာနိုင်ငံဟာ အရင်က ဓာတုလက်နက်စီမံကိန်းအကြောင်းကို ထုတ်ဖော်ကြေညာတာ မရှိသလို ဓာတုလက်နက်ဆိုင်ရာ အဆောက်အအုံကိုလည်း ဖျက်ဆီးခြင်း မရှိတာကြောင့် ခုလို သတ်မှတ်ရတာပဲ ဖြစ်တယ်။”ဟု သောမတ်စ်ဒီနန်နိုက ပြောခဲ့သည်။
မြန်မာနိုင်ငံသည် ဓာတုလက်နက်ကဲ့သို့ လက်နက်များ အသုံးပြုခြင်းနှင့် သိုလှောင်ခြင်းများ ရှိနေသည်ဟု ယခင်က စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
နိုင်ငံမြောက်ပိုင်းရှိ ကြေးနီသတ္ထုတွင်းတွင် ဆန္ဒပြသူမျာကို ရဲတပ်ဖွဲ့က ဖော့စဖရတ် မီးစုန်းဓာတ် အသုံးပြုပြီး ဖြိုခွင်းခဲ့ခြင်းကြောင်း အသားအရေ လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို ၂၀၁၃ ခုနှစ်က လွှတ်တော်တွင် မှတ်တမ်းတင်ထားသည်။
http://www.mizzimaburmese.com/article/63501?fbclid=IwAR2jyoI0ZefBY8c3Kkj96ix3RXQs-IN2J_eTrd2f0STAftK7fNoXcSAhoZw
No comments:
Post a Comment
Note: Only a member of this blog may post a comment.