Breaking

November 28, 2019

ပဲခူး (ဟံသာဝတီ) သို့ မွတ်စလင်(မ်)များ ရောက်ရှိ လာပုံ

  Image result for ပဲခူး (ဟံသာဝတီ)သို့ မွတ်စလင်(မ်)များ
အစ္စလာမ်သာသနာ အရှေ့အလယ်ပိုင်းတွင် ထွန်းကားလာပြီး အလျှင်အဟုန် မြန်ဆန်စွာနှင့် ပြန့်ပွားသွားခဲ့ရာက ဥရောပနှင့် အရှေ့ဖျားဒေသအကြား ထိတွေ့မှုကရှိလာခဲ့သည်။ ဤတွင် အနောက်တိုင်းနှင့် အာရှကုန်သွယ်မှုတွင် မွတ်စလင်(မ်)တို့က လက်ဝါးကြီး အုပ်ထား ခဲ့ကြ သည်။ မွတ်စလင်(မ်) အာရဗ်နှင့် ပါရှင်းအစုအဝေးတို့မှာ အရှေ့ဖက်သို့ လျင်မြန်စွာပြန့်နှံ လာခဲ့ကြသည်။ (၈)ရာစု အလယ်အဦးပိုင်းကျကျတွင် တရုတ်ပြည်တောင်ပိုင်း ကမ်းရိုး တန်း ဒေသ၌ မွတ်စလင်(မ်)ဦးရေမှာ အတော်ပင် ကြီးထွားနေပြီဖြစ်သည်။ အာရှတလွှား မွတ် စလင်(မ်) သင်္ဘောခရီးလွှင့်မှုက (၄)ရာစုမှ (၁၅)ရာစု အဆုံးထိ တိုင် တည်ရှိခဲ့သည်။ မွတ်စ လင်(မ်) ကုန်သည်တို့မှ အိန္ဒိယပင်လယ် ကမ်းရိုးတန်းဒေသများနှင့် အရှေ့တိုင်းမှ နိုင်ငံများ အထိ ရောက် ရှိခဲ့ကြ သည်။   နေရာများစွာတွင် အခြေချခဲ့ကြရုံမက ကုန်သွယ်မှုကို ကိုလိုနီ များကို ဖန်တီးခဲ့ကြသည်။ ဘင်္ဂလားတွင် ဗဟိုပြုပြီး ဗမာပြည် နှင့်လည်းကောင်း၊ မာလ တာမြို့များနှင့်လည်းကောင်း၊ သီရိလင်္ကာနှင့် လည်းကောင်း၊ မာလက္ကားနှင့် လည်းကောင်း ကုန် သွယ်မှုပြုခဲ့ကြသည်။
ကြည့် ။        ။ သမိုင်းသုတေသီကြီး မိုရှေးယာရ်ရေးသားခဲ့သည့် “The Muslim of Burma” စာအုပ် စာမျက်နှာ (၁) ၄င်းစာအုပ်ကို ဘာသာပြန်ဆိုသူ ဝါးခယ်မမောင် မင်း နိုင် “မြန်မာ့ မြေမှ မွတ် စလင် များ” စာအုပ် စာမျက်နှာ(၁-၂) တွင်ဖော်ပြထားသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.