Breaking

November 27, 2019

ရခိုင်ဒေသမှ ချင်းတိုင်းရင်းသားတို့အကြောင်း

ရခိုင်ဒေသမှ ချင်းတိုင်းရင်းသားတို့အကြောင်း

သမိုင်းပညာရှင်များ၏ ရေးသားဖော်ပြ ချက်အရ ချင်းတို့သည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသော လူမျိုးအုပ်စုသုံးစုအနက် တိဗက်မြန်မာအုပ်စုဝင်ဖြစ်သည်။ တိဗက် မြန်မာအုပ်စုသည် (၁)ချင်း၊ ကချင်အုပ်စု (၂) မြန်မာနှင့် ရှေးမြန်မာအနွယ်အုပ်စု (၃) လိုလိုမုဆိုးအုပ်စုဟူ၍ သုံမျိုးကွဲကာ လမ်းကြောင်းသုံးသွယ်မှ မြန်မာ နိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်လာကြသည်။ ချင်းတို့သည် အနောက်မြောက်ဘက်မှ ဝင်လာကြပြီး နောက်ထပ် ဝင်ရောက်လာသူများအား နေရာပေးရင်း အနောက်ရိုးမနှင့် ရခိုင်ရိုးမ တစ်လျှောက် ပြောင်းရွှေ့ နေထိုင်လာကြသည်။
ချင်းဆိုသောဝေါဟာရသည် “ရှို”ဆိုသော စကားရပ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ချင်းဟူသောဝေါဟာရကို အခြေခံအားဖြင့် ၁)ရှို၊ (၂)ယို၊ (၃)ဇိုဟူ၍ တွေ့ရပေသည်။ ရှေးဦးစွာ  ‘ရှို’လူမျိုးတို့သည် ချင်းတွင်းမြစ်ကို မြစ်ဖျားခံလျက် တောကြီးတောင်ကြီးများကို တစ်စတစ်စဖြတ်ကျော်ကာ ရေကြည်ရာ မြက်နုရာသို့ ပြောင်း ရွှေ့လာကြရင်း တောင်ဘက်အရပ်သို့ စုန်ဆင်းလာခဲ့ခြင်းဖြစ်ပြီး ရခိုင်ရိုးမအရှေ့အနောက် ဆင်ခြေလျှောသို့ တိုင် ပြောင်းရွှေ့ခဲ့ကြသည်။ ယို၊ ဇိုလူမျိုးများ မှာမူ ဒုတိယအသုတ်အနေဖြင့် ချင်းတွင်းမြစ်ကို မြစ်ဖျားခံ၍ စုန်ဆင်း ခဲ့သူများဖြစ်ကာအနောက်ဘက် တောင်ကုန်းတောင်တန်း (ယခုချင်းတောင်တန်း)များသို့ တစ်ဖန် ဆန်တက်ကာ မိမိကိုယ်ပိုင်နေရာ အတိုင်း အတာနှင့် နေထိုင်ခဲ့မှုမှသည် ချင်းလူမျိုး၊ ချင်းပြည်နယ်ဟူ၍ ယနေ့ တိုင်ရပ်တည် လာခဲ့ခြင်းဖြစ်သည်။ 
သမိုင်းဦးကာလတစ်ခေတ်က ချင်းတို့သည် ယခုချင်းတွင်းမြစ်ခေါ်မြစ်ကြီးတစ်ဝန်းတွင် နေထိုင်ခဲ့ကြသဖြင့် ချင်းများ၏တွင်းမှချင်းတွင်းဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ချင်းတွင်းဟူသောဝေါဟာရသည် ချင်းဟူသော ဝေါဟာရ ကိုအစွဲပြု၍ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု သမိုင်းသုသေသီတို့က ဆိုသည်။ ထို့ကြောင့် ချင်းတွင်းအစ ချင်းကဟု ဆိုစမှတ်ပြုခဲ့ကြပေသည်။ ချင်းတို့တွင် မျိုးနွယ်စြွုကယ်ဝလှ၏။
ယခုအခါ ချင်းမျိုးနွယ်စု ၅၃မျိုးရှိကြောင်းတွေ့ရသည်။ ချင်းတိုင်းရင်းသားတို့သည်တောင်ပေါ်တွင် နေထိုင် သည်ဖြစ်စေ မြေပြန့်တွင်နေထိုင်သည်ဖြစ်စေ ချင်းသည် တစ်ခုတည်းသောချင်းဟူ၍ပင် တစ်စိတ်တည်း၊ တစ်သံတည်း လက်ခံယုံကြည်ကြသည်။ ချင်းတိုင်းရင်းသားတို့၏ စည်းလုံး ညီညွတ်မှုကို တည်ဆောက် နိုင်ခဲ့သည့် အနှစ်သာရတစ်ခုမှာ ရှေးပဝေသဏီက “ရှို”ဘိုးဘေးဘီဘင်တို့ ယုံကြည်လက်ခံကျင့်သုံးခဲ့ သော မိသား စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ပင်ဖြစ်သည်။ ယခုအခါ ဆလိုင်း၊ မိုင်၊ စိတ်ဓာတ်ဟူ၍ ခံယူကျင့် သုံးလျက်ရှိကြသည်။
ကျောက်စာမှတ်တမ်းများတွင် ကျာက်စာမှတ်တမ်းများတွင် တွေ့ရသော ချင်
ပုဂံခေတ် မြန်မာသက္ကရာဇ် ၅၉၅တွင် အစောဆုံးရေးထိုးခဲ့သည့် လေးမျက်နှာ ကျောက်စာ စာကြောင်းရေ(၆)တွင် လည်းကောင်း၊ မင်းနန္ဒသူကျောက်စာ ၃၂၊ ၃၃တွင်လည်းကောင်း ချင်း ဝေါဟာရကို ထူးခြားစွာ တွေ့ရသည်။ အေဒီ ၁၄၄၂ တွင် ရေးထိုးခဲ့သော ၈၀၆ ခုစွဲ၊ စစ်ကိုင်းထူပါရုံကျောက်စာ၂၁၊၂၂တွင် ဘုရင်နရပတိ၏ဘိသိက်ပွဲ အခမ်းအနားတွင် သက်၊ မြို(မြုမ်)၊ ချင်းလူမျိုးတို့ကို အစိုးရသော ရခိုင်မင်းသည်လည်ပါဝင်သည်။
၈၀၈ ခုစွဲ စစ်ကိုင်းမြို့ သစ်ဆိမ့်ကတော်ကျောင်း ကျောက်စာ၂၁၊ ၂၂ တွင် ချင်းလင်းအပြိုင်၊ ရခိုင်သံတွဲ၊ သက်ခပဲဟူ၍ လည်ကောင်း၊ အမရပူရ မဟာမုနိကျောက်စာတွင်သက်၊ မြုမ်၊ ကမ်းရံ၊ ချင်းလင်းသိန်းပေါ စသည်ဖြင့် တွေ့ရှိရသည်။
ရခိုင်ဒေသမှ ချင်း
ရခိုင်ဒေသမှချင်းတို့သည် တောင်ပေါ်နေမျိုးနွယ်စုဖြစ်သော်လည်း ရခိုင်မင်းနေပြည်တော်နှင့် ကူးလူးဆက်ဆံ မှုရှိခဲ့ကြ၏။ရှေးရခိုင်မင်းပဒေသရာဇ်အဆက်ဆက်တွင်ရခိုင်မင်းပဒေသရာဇ်တို့ အသုံးပြုခဲ့သည့် လှေဖောင် တော်တို့ကို ချင်းလူမျိုး ကိုဆယ်ဆိုသူက ဦးစီးစတင်တည်ဆောက်ခဲ့ဖူးမှုကြောင့် ကိုဆယ်၊ ကိုးလံ၊ ကိုးပင်းဂံ၊ ကျင်သန်တစ်ပြီး၊ စည်တစ်တီးဟူ၍ စာချိုးဖြင့် ရခိုင်သမိုင်းတွင် မှတ်သားတည်ရှိကြောင်း တွေ့ရသည်။
ရခိုင်ဒေသမှချင်းတို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း စသည့် နေထိုင်ရာ အရပ်ဒေသကိုအခြေခံ၍ စုန်းတူ၊အရှို၊ စိုင်းဘောင်၊ ခမော၊ လောက်တူ၊ လဲတူ၊လပ်စောဟူ၍ မိမိတို့ အုပ်စု အမည်စွဲဖြင့်လည်းခေါ်ဝေါ်ခဲ့ကြသည်။ ထိုမှတစ်ဖန် ရခိုင်ရိုးမအနောက်ဘက်ရှိ ချင်းများကို သံတွဲချင်း၊ ဂွချင်း၊ တောင်ကုတ်ချင်း၊ အမ်းချင်း၊ မြေပုံချင်း၊မင်းပြားချင်း၊ ကျောက်ဖြူချင်း၊ မြောက်ဦး မြို့နယ်တွင် လေးမြို့ချင်းဟု ခေါ်ဆိုလာကြပြန်သည်။
ထို့အတူ ရခိုင်ရိုးမအရှေ့ဘက်ရှိချင်းများကိုလည်း ကြံခင်းချင်း၊ ပန်းတောင်းချင်း၊ ပြည်ချင်း၊ အောင်လံချင်း၊ ပျဉ်းမနားချင်း၊ လယ်ဝေးချင်း၊ တောင်တွင်းကြီးချင်း၊ တောင်ငူချင်း၊သရက်ချင်း၊ မင်းတုန်းချင်း၊ ငဖဲချင်း (ကုန်းတူ)၊စေတုတ္တရာချင်းဟူ၍ နေထိုင်ရာမြို့နယ်စွဲဖြင့် ခေါ်ဆိုခဲ့ကြကြောင်း တွေ့ရသည်။
ထိုသို့ခေါ်ဆိုနေချိန်မှာပင် ချင်း(ရှို)တို့သည် တစ်မြို့နယ်နှင့်တစ်မြို့နယ် ပေါင်းသင်းဆက်ဆံမှု၊ ချစ်ခင်ရင်းနှီးမှု၊ ဘိုးဘွားစဉ်ဆက်အမည်နာမကို ပြန်လည်စပ်ဟပ်မိကြမှုကြောင့်မိမိတို့၏ဆွေမျိုးစုစွဲ၊ ဒေသစွဲ၊ မြို့နယ်စွဲ အမည် တို့ဖြင့် ခေါ်ဝေါ်နေမှုမှသည် ရှေးဘိုးဘွားဘီဘင်လက်ထက်ကတည်းက သုံးနှုန်းခဲ့သည့်(ရှို)ဟူသော ဝေါဟာရကိုအခြေတည်ကာအရင်းခံမိသားစုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်တို့ပေါင်းစည်း၍ ချင်းဟူ၍သာ တစ်စိတ်တည်း၊ တစ်သံတည်းဖြင့် ခေါ်ဝေါ်ကျင့်သုံးကြရန် စည်းလုံးတည်ဆောက်နိုင်ခဲ့ပေသည်။ ထိုသို့စည်း လုံးတည်ဆောက်မှု၏အောင်မြင်မှုရလဒ်မှသည် ဆလိုင်း၊ မိုင်၊စိတ်ဓာတ်ကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ပေသည်။
အရှိုချင်းကို အချို့ကမြေပြန့်ချင်းဟုလည်းခေါ်ကြသည်။ ဆလိုင်းဆိုသည်မှာ မျိုးနွယ်စုတစ်ခုမဟုတ်၊ မောင်ဘစိန် ကို ဆလိုင်းဘစိန်ဟုခေါ်ရာမှ ဆလိုင်းချင်းဟုခေါ်ဆိုမှုဖြစ်ခဲ့ခြင်းပင်။ အရှိုတို့သည် ယောကျာ်းလေး ကို ဆလိုင်း၊ မိန်းကလေးကို မိုင်ဟု ခေါ်လေ့ရှိပြီး မိုင်ခင်မေနှင်းမှာ မခင်မေနှင်းပင်ဖြစ်ပေသည်။ချင်းတို့သည် နယ်ချဲ့ တို့ကို တော်လှန်တိုက်ခိုက်ရင်း အချို့မှာ အနောက်ဘက်တောင်ကုန်းဒေသမှ ပဲခူးရိုးမတောင်ခြေနှင့် တောင်ပေါ် ဒေသများသို့ ရောက်ရှိသွားခဲ့ရာ ထိုဒေသများတွင်ပင် ရပ်ရွာတည်ထောင်လာခဲ့မှုတို့ရှိလာခဲ့၏။ ထိုမှသည် မြေပြန့်ချင်းဟူသော မျိုးနွယ်စုအသွင်သဏ္ဌာန်ဖြစ်ခဲ့ရပြန်သည်။ ယင်းတို့သည် အရှိုချင်းတို့ပင် ဖြစ်သည်။ ထို့အတူနယ်ချဲ့ တော်လှန်ရေးခေါင်းဆောင် ဗိုလ်ငတာသည်လည်း နယ်ချဲ့တို့ကို ရခိုင်ရိုးမ အနောက်ဘက်သို့တိုင် သွားရောက်တိုက်ခိုက်ခဲ့မှုမှသည်ထိုအရပ်ဒေသတွင် ငတာရွာဟူ၍ ဖြစ်လာခဲ့၏။ ထိုကျေးရွာမှာ မင်းပြားမြို့နယ် တွင်ရှိပြီးယနေ့တိုင် ချင်းတိုင်းရင်းသားများနေထိုင်လျက်ရှိကြောင်း တွေ့ရသည်။
ရခိုင်ပြည်နယ်အတွင်း ခိုင်ပြည်နယ်အတွင်းချင်းတို့နေထိုင်ရာဒေသများ ချင်းတို့နေထိုင်ရာဒေသများ ရခိုင် ပြည်နယ် တောင်ကုတ်မြို့နယ်တွင်ကျေးရွာပေါင်း ၃၁ ရွာ၊ သံတွဲမြို့နယ်တွင်မြို့ပေါ်နှင့်ကျေးရွာပေါင်း ၁၈ ရွာ၊ ဂွမြို့နယ်တွင် မြို့ပေါ်နှင့်ကျေးရွာပေါင်း ၁၀ ရွာ၊ အမ်းမြို့နယ်တွင် မြို့ပေါ်နှင့်ကျေးရွာပေါင်း ၇၉ရွာ၊ မင်းပြား မြို့နယ်တွင် မြို့ပေါ်နှင့်ကျေးရွာပေါင်း ၇၇ ရွာ၊ မြောက်ဦးမြို့နယ်တွင် မြို့ပေါ်နှင့်ကျေးရွာပေါင်း ၁၃ ရွာ၊ ရသေ့တောင်မြို့နယ်တွင် ကျေးရွာနှစ်ရွာတို့တွင် ဖြန့်ခွဲနေထိုင်လျက်ရှိကြပြီး အိမ်ခြေပေါင်း ၇၀ဝဝ ကျော် လူဦးရေ သုံးသိန်းကျော်ရှိကြောင်းသိရသည်။
ချင်းတိုင်းရင်းသားတို့ အများစုနေထိုင်သော မြို့နယ်များမှာ တောင်ကုတ်၊သံတွဲ၊ အမ်း၊ မြေပုံ၊ မင်းပြားမြို့နယ် တို့ပင်ဖြစ်သည်။ ယခုအခါ ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတွင် တိုင်းရင်းသားရေးရာ ဝန်ကြီး တစ်နေရာရွေးချယ်ခွင့်ရရှိပြီး ယင်းဝန်ကြီးက ရခိုင်ပြည်နယ်တွင်းရှိ ချင်းလူမျိုးတို့၏ စာပေ၊ ဘာသာစကား၊ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်လာစေရန်ဆောင်ရွက်ပေးလျက်ရှိသည်။
စာပေ၊ဘာသာစကား
ရခိုင်ဒေသချင်းတို့တွင် စာပေရှိဖူးကြောင်းအဆိုရှိ၏။ စာကိုနွားသားရေပေါ်၌ ရေးမှတ်ထားကာ ကျောက်ဖျာ တစ်ခုပေါ်တွင် နေလှန်းခဲ့ရာ သားရေကိုခွေးစားသဖြင့် စာပေများပျောက်ခဲ့ရသည်ဟု အဆိုရှိလေသည်။ ဤအဆို သည် ခေတ်အမြင်အရ ဒဏ္ဍာရီဆန်သည်ဟုယူဆဖွယ်ရာရှိနိုင်သည်။ သို့သော်မျိုးချစ် စိတ်ဓာတ် အခြေခံ ရင်းမြစ် ကို ရရှိစေနိုင်သည့်အပြင် အမည်မှည့်ခေါ်ပုံစနစ်၏ ကောက်ချက်တစ်ရပ်ကို ရေးဆွဲနိုင်သည်။ 
သို့တစေ(င၊ပ) ဟူသော စာလုံးနှစ်လုံးကျန်နေသေးရာ ထိုအက္ခရာပေါ်မူတည်ပြီး ကျန်နေရစ်သည့် အက္ခရာနှစ်လုံး မပျောက်ပျက်ရလေအောင်ယောကျာ်း၊ မိန်းမ၊ တစ်လုံးစီခွဲဝေ၍ ယောကျာ်းက(င)၊ မိန်းမက (ပ)စာလုံးကို အမည်မှည့်ခေါ်ရာရှေ့တွင်ထားကာ သုံးနှုန်းထိန်းသိမ်းလာခဲ့ခြင်းဖြစ်သည်ဟု ရှေးလူကြီးများ ပြောကြားချက်အရ သိရသည်။ ဥပမာ-ငတာ၊ ငပြား၊ ပတွန်၊ ပနုံစသည်ဖြင့် မှည့်ခေါ်ကြကြောင်း လေ့လာတွေ့ရှိရသည်။
စာရေးသူ၏ အဘိုး၊အဘွား၊ အဖေတို့၏အမည်မှည့်ခေါ်ပုံအထိပင် လက်ဆင့်ကမ်း ကျင့်သုံးခဲ့ကြကြောင်း တွေ့ရသည်။ ဤသို့ထိန်းသိမ်းနိုင်စွမ်းရှိခဲ့မှုသည် ယနေ့ခေတ်ဆလိုင်း၊ မိုင်ဟု သုံးစွဲနေမှုနှင့်ထပ်တူထပ်မျှ ပင်ဖြစ်ပေသည်။ ယင်းသို့ သုံးနှုန်းခဲ့မှုသည်(ရှို)ဘိုးဘွားဘီဘင်တို့ ယုံကြည်လက်ခံကျင့်သုံးခဲ့သော မိသားစုစိတ် ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့၏ အခြေခံအရင်းအမြစ်ပင်ဖြစ်ပေသည်။ယနေ့ခေတ်တွင် ချင်းတို့က ဆလိုင်း၊ မိုင်၊ စိတ်ဓာတ်ဟု မှတ်ယူကာ လက်ခံကျင့်သုံးနေခြင်းဟု ဆိုရပေမည်။ အရှိုချင်းတို့ မြန်မာအက္ခရာဖြင့် တီထွင် အသုံးပြုနေသည့်စာပေသည်ပင် ရခိုင်ဒေသချင်းတို့၌ ကျန်ရစ်ခဲ့ သည့် (င၊ပ)ကိုအခြေခံကာ ဆလိုင်း၊ မိုင်၊ စိတ်ဓာတ်ဖြင့် ပြန်လည်အစားထိုး ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဟုလည်း မှတ်ယူနိုင်ပေသည်။
အရှိုချင်းစာပေတွင် အက္ခရာ ၂၆ လုံးရှိသည်။ အရှိုချင်းစာပေတွင် ကကြီး၊ ခခွေး၊ဂငယ် ဟူ၍ အသံမထွက်ပါ။ က၊ ခ၊ ဂဟုသာအသံထွက်သည်။ င၊ ပစောက်ကိုလည်းရခိုင်ဒေသချင်းတို့၌ ကျန်နေရစ်သော စာလုံးအသံ အတိုင်း င၊ ပ ဟုသာ အသံထွက်သည်။
အရှိုချင်းစာတွင် (သ)အက္ခရာမပါရှိပေ။ဘကုန်းအသံကို ဗ အသံမယူဘဲ ဗနှင့်ဟကြားသံကိုယူသည်။ ဥပမာ- ထမင်းကိုအရှိုချင်းတို့က ဘူဟုအသံထွက်ခြင်းမျိုးဖြစ်သည်။ ရခိုင်ဒေသချင်းတို့သည်လည်း ထမင်း စားပြီးပြီ လားဟု ဆိုသောစကားကိုဘူနအေ့ပိုနီဟူ၍ ပြောဆိုကြပေသည်။ထို့ကြောင့် ရခိုင်ဒေသချင်းဘာသာစကားမှာ အရှိုချင်းဘာသာစကားနှင့် ဘာသာဗေဒအရတူညီမှုရှိသကဲ့သို့ ပြောပုံဆိုပုံမှာလည်း များစွာကွာခြားမှုမရှိချေ။ 
ယခုအချိန်တွင် အရှိုချင်းစာပေကဲ့သို့ စုန်းတူချင်း၊ စိုင်းဘောင်ချင်း၊ ခမောချင်း၊ လေးတူချင်း စာပေတို့ကို ချင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ကူညီပံ့ပိုးမှုဖြင့် စာပေတီထွင်ကာ သင်ကြားပေးနေကြပြီဖြစ်ကြောင်း သိရသည်။
ပါးရဲထိုးဓလေ့ 
ရှေးအခါက ချင်းပျိုမေအချို့သည်အလွန်လှပချောမွေ့ခဲ့သည်ဆို၏။ မင်းဧကရာဇ် တို့ပင်လျှင် ယင်းတို့၏ လှပချောမောမှုကိုစုံမက်မိ၍ ကောက်ယူသိမ်းပိုက်ခဲ့မှုများရှိခဲ့ဖူး သည်ဟု ဆိုသည်။ သို့နှင့်လူကြီးမိဘတို့က မိမိတို့၏ သမီးပျိုများလှပချောမောမှုကို စုံမက် ခြင်းမရှိရလေအောင် မျက်နှာပေါ်တွင်ပါးမည်း (ပါးရဲ) ထိုးသည့် အလေ့အထဖြင့် ကာကွယ်ခြင်းပြုခြင်းမှသည် ဤဓလေ့ဖြစ်ပေါ်ခဲ့ရသည်ဟုအဆိုရှိလေသည်။
ဆရာတော်သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝရ လင်္ကာရက ဘုန်းကြီးတို့အမ်းဒေသမှာ ပါးမည်း (ပါးရဲ) ထိုးထားသူဆိုလို့ လေးဦးသာကျန်တော့ ကြောင်း၊ နောင်မြင်တွေ့ရဖို့ ခဲယဉ်းကြောင်း၊ ဒကာတို့မမြင်ဖူးသေးရင် ကြည့်ထားကြလို့ အမိန့်ရှိခဲ့ဖူးလေသည်။ ထိုတိုင်းရင်းသူကြီးတို့ အသက်တော်တော်ရနေကြပေပြီ။ သူတို့ကို တွေ့မြင်ရသည်မှာ အရိုးဆုံးနှင့်အဆန်းဆုံးမြင်ကွင်းတစ်ခုလိုဖြစ်နေ၏။ ယခုအခါခေတ်စနစ်၏ တောင်းဆိုမှုကြောင့် ဤဓလေ့ လုံးဝချုပ်ငြိမ်းသွားခဲ့ပေပြီ။
မင်းပြားမြို့ (၇၉)နှစ်မြောက် ဦးဥတ္တမနေ့ အခမ်းအနားသို့ တက်ရောက်သည့် ချင်းတိုင်းရင်းသူများ။ င်းပြားမြို့ (၇၉)နှစ်မြောက် ဦးဥတ္တမနေ့ အခမ်းအနားသို့ တက်ရောက်သည့် ချင်းတိုင်းရင်းသူများ။ ဆရာသိန်းဖေမြင့်၏ ဝိသေသတိုင်း၊ သမိုင်းအစ စာအုပ်တွင် သူ၏အညွှန်းမှာ မျက်နှာ တစ်ပြင်လုံးအမည်းပြောက်များထိုးထားသော ပါးမည်းများကို မတွေ့ရ။ (၁)အချို့ ပါးမည်းများမှာမူ ပါးပြင်၊ နဖူးပြင်၊ မေးပေါ်မှာ လခြမ်းပုံသဏ္ဌာန်လေးများ တစ်ခုနှင့်တစ်ခု အရေးကြောင်းကလေးများနှင့် ဆက်စပ်ကာထိုးထားခြင်းဖြစ်သည်။ (၂)မကန်းတို့ကမူ ရုပ်လုံး ပျက်သွားအောင်ထိုးလေ့ရှိ၏။ (၃)နောက်တစ်မျိုးမှာ မျက်နှာတွင် ကောက်ကြောင်း ကလေးများ ထိုးခြယ် ထားခြင်းဖြစ်သည်။ နဖူးမှာ ကောက်ကြောင်း၊ ပါးပြင်မှာကောက် ကြောင်း၊ ထို့အပြင် ပါးစပ်ဘေး တစ်ဝိုက်မှာ လည်း ကောက်ကြောင်းများထိုးထားရာမုတ်ဆိတ်ကျင်စွယ်နှင့် တူသေးတော့သည်။
(၄) စတုတ္ထကောက်ကြောင်းမှာ နှာရောင်ကလေးဖော်၍ ထိုးထားခြင်းဖြစ်သည်။ အံ့ဩစရာကောင်းသည်မှာ ပါးမည်းလခြမ်းနှင့်ကောက်ကြောင်းတို့အောက်မှ အရောင်ထိုးထွက် ဝင်းလက်လာသော ချင်းပျိုမေ အချို့ ၏အလှအပပေတည်း။ မင်းတပ်၊ ကန်ပက်လက်နှင့် ယောချောင်းဒေသတို့မှ ချင်းပျိုမေတို့ သည် ထူးထူးခြား ခြားလှပကြသည်။ ပါးမည်း(လခြမ်းနှင့်ကောက်ကြောင်း) ထိုးထားသော်လည်း သူတို့၏အသားအရေကို မဖုံးလွှမ်းနိုင်ချေဟု ရေးသားထားသည်။
ရှေးအခါက ရခိုင်ဒေသချင်းတို့ (င၊ပ)စာလုံးကို အမည်ရှေ့ထားသုံးစွဲမှုနှင့် ယနေ့ခေတ် ဆလိုင်း၊ မိုင်ဟူ၍ သုံးစွဲလာမှုတို့သည်သာမန်အားဖြင့် ချင်းတို့၏အမည်ရှေ့တွင်သုံးစွဲသည့်စကားလုံးဟု တွေးထင်စရာဖြစ် သော်လည်း ကိုယ့်အမျိုးအနွယ်ကို စောင့်ထိန်းတတ်သောစိတ်ဓာတ်၊ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့စရိုက်တွေကို လေးစားမြတ်နိုးတတ်သောစိတ်ဓာတ်၊ အမျိုးသားအကျိုးစီးပွားကိုစောင့်ထိန်းတတ်သောစိတ်ဓာတ်နှင့် အမျိုး ဂုဏ်၊ ဇာတိဂုဏ်၊ ထိပါးစော်ကားမခံတတ်သောစိတ်ဓာတ်တို့ရှင်သန်စေမည့် အခြေခံကောင်းတွေကို အတိုင်း အတာတစ်ခုထိ တည်ဆောက်နိုင်ခဲ့ပေသည်။ ချင်းတို့သည် မျိုးနွယ်စုအသွင် သဏ္ဌာန် အမျိုးမျိုးကွဲ နေကြသော်လည်းချင်းသည် တစ်ခုတည်းသော ချင်းသာဖြစ်သည် ဟု ခံယူကျင့်သုံးနေကြခြင်းပင်ဖြစ်ပေသည်။
မှီငြမ်းကိုးကား
-တိုင်းရင်းသားယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံ
(ချင်း)၊ ရခိုင်ပုံသေဝတ္ထုများ(ပထမတွဲ) ချင်း)၊
ဦးစက္ကိန္ဒ၊ ဝိသေသတိုင်းသမိုင်းအစ
သိန်းဖေမြင့်၊ အရှိုချင်း(သို့)မြေပြန့်ချင်း
နီငြိမ်း(အညာတက္ကသိုလ်)၊
(၈၂/ဝ၆)၊ ရခိုင်ဒေသမှတောင်ဇလပ်ပန်း ၈၂/ဝ၆)၊ ခရိုင်ဒေသမှ တောင်တန်းဇလပ်ပန်းရနံ့ သင်းတဲ့ မောင်မောင်ကျော့ (ပလပ်ဝ)၊ နိုင်ငံဂုဏ်ရည် (၁၀ဝ/ဝ၇)၊ ချင်းတိုင်းရင်းသားတို့၏ လူ့အမူအရာအချို့၊ အရှိုချင်းလူမျိုးသမိုင်း ဆိုလိုင်းဒါဝိလိဒ်။


http://myanmardigital.news/mm/content/37795

No comments:

Post a Comment

Note: Only a member of this blog may post a comment.