Breaking

November 23, 2019

ICC ရှေ့နေ စုံစမ်းစစ်ဆေးမှုဆိုင်ရာ ထုတ်ပြန်ကြေညာ


ICC ေရွ႕ေန Fatou Bensouda
(Unicode)
ICC ခေါ် နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ တရားရုံး ရှေ့နေ Fatou Bensouda က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ICC က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ အပတ်က ICC တရားသူကြီးတွေက သူ့ကိုအခွင့်အာဏာပေးအပ်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ရှေ့နေ Fatou Bensouda က သူ့ရဲ့ ကြေညာချက်မှာ ဘယ် ရာဇဝတ်မှုခင်း တွေအပေါ်မှာ ဘယ်လို စုံစမ်း စစ်ဆေးမလဲဆိုတာနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရဲမင်းထွန်းက ဆက်လက် ပြောပြမှာပါ။
ICC တရားရုံး ရှေ့နေ Fatou Bensouda က၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်အခြေအနေကို ICC က စတင် စစ်ဆေးနိုင်ဖို့အတွက် ICC တရားသူကြီးတွေဆီက ဥပဒေ အခွင့်အာဏာ တောင်းခံထားခဲ့ဲ့တာဖြစ်ပါတယ်။
တိတိကျကျ ပြောရရင်တော့ Rome Statute ရဲ့ စာချုပ်အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းနဲ့ စာချုပ် အဖွဲ့ဝင် မဟုတ်တဲ့ မြန်မာ နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှု အဖြစ် စွပ်စွဲခံထားရတဲ့ ပြစ်မှုတွေကို ICC က စတင် စစ်ဆေးနိုင်ဖို့ ဥ့ပဒေ အခွင့်အာဏာ တောင်းခံခဲ့ တာပါ။ စုံစမ်းစစ်ဆေးဖို့ သူတောင်းဆိုထားတဲ့ အခွင့်အာဏာကို နိုဝင်ဘာလ ၁၄ ရက်က ICC တရားသူကြီးတွေက ခွင့်ပြုခဲ့တာကို သူက ကြိုဆိုကြောင်း ပြောပါတယ်။
“မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်မြေအတွင်း ဖြစ်ပွားခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်မအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နိုင်တယ်လို့ဆိုတဲ့ ICC တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဒါဟာ ထူးခြားတဲ့ ဖြစ်ပေါ် တိုးတက်မှု တစ်ခုဖြစ်သလို မြန်မာနိုင်ငံအတွင်းနဲ့ တခြားနေရာတွေက ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ခံစားခဲ့ရသူတွေအတွက် သတင်းကောင်း တစ်ခုဖြစ်ပါတယ်။”
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်ပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်နိုင်ငံ ဖြစ်ကြောင်းနဲ့ အဖွဲ့ဝင်နိုင်ငံရဲ့ ပိုင်နက် နယ်မြေပေါ်မှာ ရက်စက်ကြမ်းကြုတ်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ရင် တရာရုံးအနေနဲ့ သူ့ရဲ့ အခွင့်အာဏာကို အသုံးပြုနိုင်တယ်ဆိုတဲ့ ICC တရားသူကြီးတွေ ရဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ဆုံးဖြတ်ချက်ကိုလည်း သူက ကိုးကား ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံက ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်ပါ။ အရပ်သားတွေကို မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သံသယရှိဖွယ် နှင်ထုတ်ခဲ့တာရယ်၊ အဲဒီ နှင်ထုတ်မှုထဲ ရက်စက်ကြမ်းကြုတ်မှုဒဏ် ခံစားခဲ့ရသူတွေ နယ်ခြားဖြတ်ကျော် ထွက်ပြေးခဲ့ရတာ တွေ ပါဝင်တာကြောင့် ပြစ်မှုမြောက်တယ်ဆိုတဲ့ အချက်ကို အခြေခံပြီး နယ်မြေ နှစ်ခုအကြား ဆက်စပ်မှု ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချထားခဲ့တာပါ။”
ရှေ့နေ Fatou Bensouda က သူရထားတဲ့ သတင်းအရင်းအမြစ်တွေအရ စွပ်စွဲခံထားရတဲ့ ပြစ်မှုတွေကို မြန်မာအစိုးရရဲ့ တပ်ဖွဲ့ဝင်တွေ ထဲထဲဝင်ဝင် ကျူးလွန်တယ်ဆို တဲ့အချက်ကို ဖော်ပြနေကြောင်း ထောက်ပြပြောဆိုသလို Arkan Rohingya Salvation Army – ARSA ကလည်း မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးလည်း အခုလို ပြောပါတယ်။
“ARSA အဖွဲ့က မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ရပ် တော်တော်များများကို ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ကျွန်မ သတိပြုမိပါတယ်။ အဲဒီ စွပ်စွဲချက်တွေကိုလည်း ကျွန်မ ဆက်ပြီး လေ့လာ သုံးသပ်သွားမှာဖြစ်ပါတယ်။ ပြီးတော့ အဲဒီလို ကျူးလွန်မှုတွေက Rome Statute အရ ရာဇဝတ်မှု မြောက်သလားဆိုတာနဲ့ အဖွဲ့ဝင်နိုင်ငံအတွင်း ကျူးလွန်ခဲ့သလား ဆိုတာတွေကိုလည်း လေ့လာ သုံးသပ်သွားမှာ ဖြစ်ပါတယ်။”
သူ စတင်လုပ်ဆောင်မယ့် စုံစမ်း စစ်ဆေးမှုအကြောင်းကိုလည်း ICC ရှေ့နေ Fatou Bensouda က အခုလို ပြောပါတယ်။
“ကျွန်မရဲ့ စုံစမ်း စစ်ဆေးမှုက အမှန်တရားကို ဖော်ထုတ်သွားမှာ ဖြစ်သလို လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှု ဖြစ်မြောက်ရေး အတွက်လည်း အလေးထား ဆောင်ရွက်သွားပါမယ်။ နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးမှာ ဖြစ်ပါတယ်။ ဒီစုံစမ်း စစ်ဆေးမှုက အဖွဲ့ဝင်နိုင်ငံတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ တခြား လက်တွဲလုပ်ဆောင်မယ့် အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှု တွေအပေါ် အားကိုးအားထား ပြုသွားမှာ ဖြစ်ပါတယ်။
ICC (ခေါ်) နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ တရားရုံးလက်အောက်က တရားလို အကျိုးဆောင် ရှေ့နေရုံးဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဆိုင်ရာ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ တစ်နိုင်ငံက တစ်နိုင်ငံကို ကျူးကျော်မှုတွေ အပေါ် စုံစမ်းစစ်ဆေးပါတယ်။ ၂၀၀၃ နှစ်က စပြီး ICC ရဲ့ အခွင့်အာဏာအောက်မှာ အဲဒီ ရုံးဟာ ယူဂန်ဒါ၊ ကွန်ဂို သမ္မတနိုင်ငံ၊ ဆူဒန်က ဒါဖော ဒေသ၊ ဗဟို အာဖရိကနိုင်ငံ၊ ကင်ညာ၊ လစ်ဗျား၊ ကုဒ်ဒီဗွား၊ မာလီ၊ ဂျော်ဂျီယာ၊ ဘူရွန်ဒီနဲ့ အခုအခါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းက ရာဇဝတ်မှုဆိုင်ရာ ကိစ္စတွေမှာ စုံစမ်း စစ်ဆေးမှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။

ICC ေရွ႕ေန စံုစမ္းစစ္ေဆးမႈဆိုင္ရာ ထုတ္ျပန္ေၾကညာ 
ICC ေရွ႕ေန Fatou Bensouda

ICC ရှေ့နေ စုံစမ်းစစ်ဆေးမှုဆိုင်ရာ ထုတ်ပြန်ကြေညာ
(Zawgyi/Unicode)
ICC ေခၚ ႏုိင္ငံတကာ ရာဇ၀တ္မႈခင္းဆိုင္ရာ တရားရုံး ေရွ႕ေန Fatou Bensouda က ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီး ICC က စုံစမ္းစစ္ေဆးမႈေတြ စတင္လုပ္ေဆာင္ဖို႔ ၿပီးခဲ့တဲ့ အပတ္က ICC တရားသူႀကီးေတြက သူ႔ကိုအခြင့္အာဏာေပးအပ္ခဲ့ျပီျဖစ္ေၾကာင္း ႏုိ္၀င္ဘာလ ၂၂ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။ ေရွ႕ေန Fatou Bensouda က သူ႔ရဲ႕ ေၾကညာခ်က္မွာ ဘယ္ ရာဇ၀တ္မႈခင္း ေတြအေပၚမွာ ဘယ္လို စုံစမ္း စစ္ေဆးမလဲဆိုတာနဲ႔ ပတ္သက္ျပီး အျပည့္အစုံကို ကိုရဲမင္းထြန္းက ဆက္လက္ ေျပာျပမွာပါ။
ICC တရားရုံး ေရွ႕ေန Fatou Bensouda က၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၄ ရက္ေန႔မွာ ျမန္မာ-ဘဂၤလားေဒ့ရွ္အေျခအေနကို ICC က စတင္ စစ္ေဆးႏုိင္ဖို႔အတြက္ ICC တရားသူၾကီးေတြဆီက ဥပေဒ အခြင့္အာဏာ ေတာင္းခံထားခဲ့ဲ့တာျဖစ္ပါတယ္။
တိတိက်က် ေျပာရရင္ေတာ့ Rome Statute ရဲ႕ စာခ်ဳပ္အဖြဲ႔၀င္ ႏုိင္ငံျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံ အတြင္းနဲ႔ စာခ်ဳပ္ အဖြဲ႔၀င္ မဟုတ္တဲ့ ျမန္မာ ႏုိ္င္ငံအတြင္း ျဖစ္ပြားခဲ့တဲ့ ရာဇ၀တ္မႈ အျဖစ္ စြပ္စြဲခံထားရတဲ့ ျပစ္မႈေတြကို ICC က စတင္ စစ္ေဆးႏုိင္ဖို႔ ဥ႔ပေဒ အခြင့္အာဏာ ေတာင္းခံခဲ့ တာပါ။ စုံစမ္းစစ္ေဆးဖို႔ သူေတာင္းဆိုထားတဲ့ အခြင့္အာဏာကို ႏို၀င္ဘာလ ၁၄ ရက္က ICC တရားသူႀကီးေတြက ခြင့္ျပဳခဲ့တာကို သူက ၾကိဳဆိုေၾကာင္း ေျပာပါတယ္။
“ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံ နယ္ေျမအတြင္း ျဖစ္ပြားခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ကၽြန္မအေနနဲ႔ စုံစမ္း စစ္ေဆးမႈေတြ စတင္လုပ္ေဆာင္ႏိုင္တယ္လို႔ဆိုတဲ့ ICC တရားသူႀကီးေတြရဲ႕ ဆုံးျဖတ္ခ်က္ကို ၾကိဳဆိုပါတယ္။ ဒါဟာ ထူးျခားတဲ့ ျဖစ္ေပၚ တိုးတက္မႈ တစ္ခုျဖစ္သလို ျမန္မာႏုိ္င္ငံအတြင္းနဲ႔ တျခားေနရာေတြက ရက္စက္ၾကမ္းၾကဳတ္မႈဒဏ္ကို ခံစားခဲ့ရသူေတြအတြက္ သတင္းေကာင္း တစ္ခုျဖစ္ပါတယ္။”
ျမန္မာႏုိင္ငံဟာ ICC အဖြဲ႔၀င္ မဟုတ္ေပမဲ့လည္း ဘဂၤလားေဒ့ရွ္ႏုိင္ငံက အဖြဲ႕၀င္ႏုိင္ငံ ျဖစ္ေၾကာင္းနဲ႔ အဖြဲ႔၀င္ႏုိင္ငံရဲ႕ ပိုင္နက္ နယ္ေျမေပၚမွာ ရက္စက္ၾကမ္းၾကဳတ္မႈရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ခဲ့ရင္ တရာရုံးအေနနဲ႔ သူ႔ရဲ႕ အခြင့္အာဏာကို အသုံးျပဳႏိုင္တယ္ဆိုတဲ့ ICC တရားသူၾကီးေတြ ရဲ႕ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ ၆ ရက္ေန႔ ဆုံးျဖတ္ခ်က္ကိုလည္း သူက ကိုးကား ေျပာၾကားခဲ့ပါတယ္။
“ျမန္မာႏိုင္ငံက ICC အဖြဲ႕၀င္ႏုိင္ငံ မဟုတ္ေပမဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံက အဖြဲ႔၀င္ပါ။ အရပ္သားေတြကို ျမန္မာ- ဘဂၤလားေဒ့ရွ္နယ္စပ္ကို သံသယရွိဖြယ္ ႏွင္ထုတ္ခဲ့တာရယ္၊ အဲဒီ ႏွင္ထုတ္မႈထဲ ရက္စက္ၾကမ္းၾကဳတ္မႈဒဏ္ ခံစားခဲ့ရသူေတြ နယ္ျခားျဖတ္ေက်ာ္ ထြက္ေျပးခဲ့ရတာ ေတြ ပါ၀င္တာေၾကာင့္ ျပစ္မႈေျမာက္တယ္ဆိုတဲ့ အခ်က္ကို အေျခခံျပီး နယ္ေျမ ႏွစ္ခုအၾကား ဆက္စပ္မႈ ရွိတယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ကို ခ်ထားခဲ့တာပါ။”
ေရွ႕ေန Fatou Bensouda က သူရထားတဲ့ သတင္းအရင္းအျမစ္ေတြအရ စြပ္စြဲခံထားရတဲ့ ျပစ္မႈေတြကို ျမန္မာအစိုးရရဲ႕ တပ္ဖြဲ႔၀င္ေတြ ထဲထဲ၀င္၀င္ က်ဴးလြန္တယ္ဆို တဲ့အခ်က္ကို ေဖာ္ျပေနေၾကာင္း ေထာက္ျပေျပာဆိုသလို Arkan Rohingya Salvation Army – ARSA ကလည္း ျမန္မာႏုိင္ငံအတြင္း အၾကမ္းဖက္ လုပ္ရပ္ေတြ က်ဴးလြန္ခဲ့တယ္္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပတ္သက္ၿပီးလည္း အခုလို ေျပာပါတယ္။
“ARSA အဖြဲ႕က ျမန္မာႏုိင္ငံအတြင္း အၾကမ္းဖက္ လုပ္ရပ္ ေတာ္ေတာ္မ်ားမ်ားကို က်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကိုလည္း ကၽြန္မ သတိျပဳမိပါတယ္။ အဲဒီ စြပ္စြဲခ်က္ေတြကိုလည္း ကၽြန္မ ဆက္ျပီး ေလ့လာ သုံးသပ္သြားမွာျဖစ္ပါတယ္။ ျပီးေတာ့ အဲဒီလို က်ဴးလြန္မႈေတြက Rome Statute အရ ရာဇ၀တ္မႈ ေျမာက္သလားဆိုတာနဲ႔ အဖြဲ႕၀င္ႏိုင္ငံအတြင္း က်ဴးလြန္ခဲ့သလား ဆိုတာေတြကိုလည္း ေလ့လာ သုံးသပ္သြားမွာ ျဖစ္ပါတယ္။”
သူ စတင္လုပ္ေဆာင္မယ့္ စုံစမ္း စစ္ေဆးမႈအေၾကာင္းကိုလည္း ICC ေရွ႕ေန Fatou Bensouda က အခုလို ေျပာပါတယ္။
“ကၽြန္မရဲ႕ စုံစမ္း စစ္ေဆးမႈက အမွန္တရားကို ေဖာ္ထုတ္သြားမွာ ျဖစ္သလို လြတ္လပ္ျပီး ဘက္မလိုက္တဲ့ စုံစမ္းစစ္ေဆးမႈ ျဖစ္ေျမာက္ေရး အတြက္လည္း အေလးထား ေဆာင္ရြက္သြားပါမယ္။ နစ္နာခဲ့ရသူေတြအတြက္ တရားမွ်တမႈကို ေဆာင္က်ဥ္းေပးမွာ ျဖစ္ပါတယ္။ ဒီစုံစမ္း စစ္ေဆးမႈက အဖြဲ႔၀င္ႏိုင္ငံေတြ၊ အရပ္ဖက္ လူ႕အဖြဲ႕အစည္းေတြနဲ႔ တျခား လက္တြဲလုပ္ေဆာင္မယ့္ အဖြဲ႕အစည္းေတြရဲ႕ ေထာက္ခံမႈ ေတြအေပၚ အားကိုးအားထား ျပဳသြားမွာ ျဖစ္ပါတယ္။
ICC (ေခၚ) ႏုိင္ငံတကာ ရာဇ၀တ္မႈခင္းဆိုင္ရာ တရားရုံးလက္ေအာက္က တရားလို အက်ိဳးေဆာင္ ေရွ႕ေနရုံးဟာ လူမ်ိဳးတုန္း သတ္ျဖတ္မႈ ဆိုင္ရာ ရာဇ၀တ္မႈ၊ စစ္ရာဇ၀တ္မႈေတြနဲ႔ တစ္ႏုိင္ငံက တစ္ႏိုင္ငံကို က်ဴးေက်ာ္မႈေတြ အေပၚ စုံစမ္းစစ္ေဆးပါတယ္။ ၂၀၀၃ ႏွစ္က စျပီး ICC ရဲ႕ အခြင့္အာဏာေအာက္မွာ အဲဒီ ရုံးဟာ ယူဂန္ဒါ၊ ကြန္ဂို သမၼတႏိုင္ငံ၊ ဆူဒန္က ဒါေဖာ ေဒသ၊ ဗဟို အာဖရိကႏုိင္ငံ၊ ကင္ညာ၊ လစ္ဗ်ား၊ ကုဒ္ဒီဗြား၊ မာလီ၊ ေဂ်ာ္ဂ်ီယာ၊ ဘူရြန္ဒီနဲ႔ အခုအခါ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏိုင္ငံအတြင္းက ရာဇ၀တ္မႈဆိုင္ရာ ကိစၥေတြမွာ စုံစမ္း စစ္ေဆးမႈေတြ ေဆာင္ရြက္လ်က္ ရွိပါတယ္။
https://burmese.voanews.com/a/icc-lawyer-fatou-bensouda-statement-/5177784.html?fbclid=IwAR2gUQb0nlUG6PRUrzliyJ0zR5Iq8eincnGdPTnUeaQzMpwZeKtJGUsoUV

No comments:

Post a Comment

Note: Only a member of this blog may post a comment.