![wp-1573734092106 image](https://danyawadi.files.wordpress.com/2019/11/wp-1573734092106.jpg?w=413&h=276)
ရိုဟင်ဂျာကိစ္စ ကိုင်တွယ်မှု ညံ့ဖျင်းမှု ကြောင့် မြန်မာအစိုးရ ICJ တွင် တရားစွဲဆိုခံရသည်၊ ကမ္ဘာ့အလယ် နာမည်ဆိုးကို မျိုးဆက်နှင့် ချီ၍ ရှင်း ရမည်ဟုဆို တပ္ပဒီပအင်စတီကျူ ဒါရိုက်တာလည်းဖြစ်၊ နိုင်ငံတကာ ရေးရာ ကျွမ်းကျင်သူ လည်းဖြစ်သူ ဒေါက်တာခင်ဇော်ဝင်းနှင့် ဆက်သွယ် မေးမြန်းချက်
By အောင်သက်ဝိုင်း/ရန်ကုန်ခေတ်သစ်
ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်စလင်များ အပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက OIC ၅၇ နိုင်ငံကိုယ်စား မြန်မာနိုင်ငံကို ကုလသမဂ္ဂတရားရုံး ICJ တွင် တရားစွဲဆိုလိုက်သည်။
ယင်းတရားစွဲဆိုမှုကြောင့် ဖြစ်လာနိုင်သော နောက်ဆက်တွဲ အခြေအနေများကို ရန်ကုန် ခေတ်သစ်က တပ္ပဒီပအင်စတီကျူဒါရိုက်တာလည်းဖြစ်၊ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ လည်းဖြစ်သူ ဒေါက်တာ ခင်ဇော်ဝင်းကို ရန်ကုန် ခေတ်သစ်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့အခြေအနေကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ICJ ကိုယ့်အနေနဲ့က ဖြစ်မယ်ဆိုတာ သိနေပြီးသားပဲ။ ဂမ်ဘီယာက ဒါကို ပြင်ဆင်နေတယ်ဆိုတာ ပြီးခဲ့တဲ့ လပိုင်းအတွင်းကကို သိတယ်။ ICJ နဲ့ ICC ဆိုတာ မတူဘူးဆိုတာ သိဖို့လိုတယ်နော်။ ICC က Rome Statute ကို လက်မှတ်ထိုးမထားဘူး ဘာမှ လုပ်လို့ မရဘူးလို့ ထင်နေတာ ။ မဟုတ်ဘူး လုပ်လို့ရတယ်ထင်နေကြတာ။ လုပ်လို့လည်း ရတယ်။ သူတို့လည်း သတင်းအချက်အလက်စုနေပြီ။
ICJ ကတော့ UN တရားရုံးဖြစ်တဲ့အတွက် UN နိုင်ငံတွေအားလုံးဟာ အကျူံးဝင်တယ်။ အဲဒါက ရှောင်လို့မရဘူး။ သူရဲ့ Charter ထဲမှာ နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်နိုင်ငံကို အကြောင်းတစ်ခုခုနဲ့ တရားစွဲလို့ရတယ်ဆိုတာ ပါတယ်ဗျာ။
အဲဒီတော့ ICJ အနေနဲ့က ကိုယ်တို့ သိရသလောက် က ပထမဆုံးအကြိမ်ပဲ။ ဂမ်ဘီယာက လုပ်ပြီ။ တချို့ကလည်း ပြောကြတယ် ဂမ်ဘီယာကို မြှောက်ပေးတဲ့သူရှိလားတဲ့။ ရှိ ရှိ မရှိ မရှိလေ။ သူလည်း အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံလေးတစ်ခုပဲ။ သူ့အနေနဲ့ ဒီဥစ္စာကို ကောက်ယူပြီးတော့ လုပ်နေပြီ။ UN ဖြစ်တဲ့အတွက် မြန်မာပြည်ကလည်း ပါတဲ့အတွက် ဆိုတဲ့အခါကျတော့ ဒါကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ ပြောရတာ နည်းနည်းခက်တယ်။
ဘာနဲ့သွားတူနေလဲဆိုတော့ ၁၉ ရာစုက မြန်မာပြည်ဟာ အင်္ဂလိပ်နဲ့ ၃ ကြိမ် စစ်ပွဲ ဆင်နွှဲခဲ့ရတယ်။ ၃ ကြိမ်စလုံး ရှုံးတယ်။ ဘာကြောင့်လဲ။ စစ်လက်နက် ပစ္စည်းတွေ လူအင်အားတွေ ကွာခြားတာ ထားဦး။
မြန်မာပြည်ရဲ့ ပင်လယ်ကြီး အလွန်မှာ ကမ္ဘာကြီးက ဘယ်လိုလည်ပတ်နေလဲဆိုတာ တကယ်နားလည်ရဲ့လား။ မန္တလေးနေပြည်တော်က ။အခု အဲဒီအတိုင်းကို ဖြစ်နေပြီ။ ပြောမယ်ဆိုလို့ရှိရင် ၂၁ ရာစုကျမှ ဒါမျိုး ဒီဥစ္စာ ဘာလို့ ဖြစ်ရတာလဲ။ ကြိုတင် ကာကွယ်လို့ မရဘူးလား။ ၁၉ ရာစုကတော့ ထားလိုက်ပါတော့။ ကိုယ်ကလည်း အမျိုးမျိုးနောက်ကျနေတာ။
ပြောမယ်ဆိုလို့ရှိရင် ထိုင်းတို့ဘာတို့က မြန်မာပြည် အမှားကို သိပြီးတော့ သူတို့ဟာ သူတို့ နိုင်ငံ ထူထောင်လိုက်တာ။ အခု ၂၁ ရာစုကျခါမှ တကျော့ပြန်ဘာလို့ ဖြစ်ရတာလဲ။ မြန်မာလူမျိုးအားလုံးအနေနဲ့က ရှက်စရာ တော်တော်ကောင်းတယ်နော်။ အဲဒီတော့ ICC ကလည်း လုပ်နေပြီ။ နေပြည်တော်က အကိုကြီးတွေ အမကြီးတွေနဲ့ တစ်ခုခုကိုသာ စဉ်းစားပေတော့ပဲ။
မေး။ ။ ICJ က တရားစီရင်မယ်ဆိုတော့ သက်ရောက်မှုအပိုင်းက ဘာတွေ စဖြစ်လာမလဲ။
ဖြေ။ ။ တရားစီရင်ခံရပြီဆိုကတည်းက ကိုယ်ပြောမယ်။ ICJ အနေနဲ့ ကြုံရတာက ပထမဆုံး အကြိမ်ပဲ။ အရင်တုန်းက ICJ က စီရင်ရတာက တိုင်းပြည်တစ်ခုနဲ့ တစ်ခု နယ်နမိတ်ပြဿနာတို့၊ အခုဟာက Genocide ပတ်သက်ပြီးတော့ တင်တာ ။
ICJ အနေနဲ့ကလည်း အချိန်ယူပြီးတော့ တုံ့ပြန်ရလိမ့်မယ်။ အခုတော့ရှိနေပါပြီလေ။ မြန်မာပြည်အနေနဲ့ ကမ္ဘာ့အလယ်မှာ ခေတ်အဆက်ဆက် တော်တော်လေးကို နာမည်ဆိုးနဲ့ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတစ်ခုပါ။ စစ်အစိုးရမို့ုလို့ပေါ့ကွာ။ အခု ဒီမိုကရေစီ အစိုးရမှာလည်း ထိုနည်းလည်းကောင်း ဖြစ်နေတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာပဲပြောမလား။ ကမ္ဘာမှာလည်း မကြုံစဖူးကိစ္စတွေ ဖြစ်လာတယ်။
UN Charter တွေ အဖွဲ့အစည်းတွေအနေနဲ့လည်း ကြည့်မယ်ဆိုလို့ရှိရင်လည်း ဒါတွေက ဘောင်ဝင်တယ်နော်။ ကျော်ပြီးလုပ်တာမဟုတ်ဘူး။ အရင်တုန်းက မရှိပါဘူး။ မဖြစ်ပါဘူး။ ဒါတွေက အလကားပါ။ မဟုတ်က ဟုတ်က တွေ သတင်းလွှင့်နေပါတယ်။ အခုပေါ်လာပြီလေ။ ICJ ကိစ္စ၊ ဂမ်ဘီယာကိစ္စကို မဟုတ်တမ်းတရားလို့ပြောမလား။ ဘယ်သူပြောရဲလဲ။ နေပြည်တော်က ICJ ကိစ္စ ဘယ်သူပြောရဲလဲ။ ဒါဟာ Fake News ပါလို့ ဘယ်သူပြောရဲလဲ။
ဒီကိစ္စက စပြီး ကိုယ်တွယ်ကတည်းကကို စလွဲတယ်။ ကိုယ်က အတန်တန်ကိုယ့်ကို အင်တာဗျူး လုပ်ကတည်းက ပြောတယ်။ ကုလသမဂ္ဂကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပါ။ ထွက်ပေါက်က ဒါပဲရှိတယ်ဆိုတာကို။ မဟုတ်ဘူးဗျာ။ ရန်ဟီလီလည်း မလာရဘူး။ Independent Fact Finding Mission လည်းမလာရဘူး။ ဟိုလူလည်းမလာရ၊ ဒီလူလည်းမလာရ။ပြီးတော့ ဂျနီဗာတို့ ဘာတို့ သွားပြီးတော့ တောင်ပြော မြောက်ပြောနဲ့ အင်မတန်ကို ရှက်စရာ ကောင်းတယ်နော်။
ကိုယ်တို့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ ဒီမိုကရေစီအစိုးရ၊ ကိုယ်တို့ အသက်ပေါင်းများစွာ စတေးပြီးမှ ရခဲ့ရတဲ့ ဒီမိုကရေစီအစိုးရ Really Fool ပဲ။ ဘယ်လိုမှ ယုံကြည်အားကိုးပြီးတော့ မျှော်လင့်စရာအကြောင်းမရှိဘူး။ ရှက်စရာကောင်းတယ်။ အဲဒီတော့ ကိုယ်ပြောမယ် မီဒီယာတို့ CSO တို့ ရှေ့နေတို့ Human Rights Activist တို့က ဝင်ရတော့မယ် ဒီကိစ္စမှာ။ မြေးတွေ မြစ်တွေကို ဘယ်လို မျက်နှာပြမလဲ။ အခုက အစိုးရနဲ့ စစ်တပ်ဆိုတဲ့ ကိစ္စမဟုတ်တော့ဘူး။
မြန်မာပြည်၊ မြန်မာလူမျိုးဆိုတဲ့ဟာကြီး တစ်ခုလုံးကို ထိခိုက်နေပြီ။ တော်တော်လေး လေးနက်ပါတယ်။ အရင်ကကိုက လွဲခဲ့ပြီ။ ကုလသမဂ္ဂကိုလည်း မဟုတ်ပါဘူးဆိုပြီး ငြင်းခဲ့တယ်။ ၁၉ ရာစုက မန္တလေး နန်းတော်ကြီးမှာနေပြီးတော့ ကမ္ဘာကြီးအကြောင်းမသိလို့ မျက်စိတ်မှိတ် နားပိတ်နေခဲ့တာ တစ်မျိုးပေါ့ကွာ။ အခုက ၂၁ ရာစုနော်။ နေပြည်တော်မှာ ။ နိုင်ငံခြားသွားပြီးတော့ အင်္ဂလန်ပြန်တွေ တပုံကြီးပဲလေ။ သံအမတ်တွေ အကြံပေးတွေ ဝန်ကြီးတွေ ခန့်ထားတာလေ။ ဒီလူတွေက လခယူပြီး ဘာလုပ်နေတာလဲ။
နောက်လာမယ့် မျိုးဆက်သစ်တွေကို ကိုယ်တို့ ဘယ်လို မျက်နှာပြမလဲ။ ဒီလိုခေတ်မှာ ဒါဖြစ်ရတာ အင်မတန်ကို ရုပ်ဆိုးပါတယ်။
မေး။ ။ ICJ ဘက်က ဘယ်လိုကိုင်တွယ်မှုတွေ ရှိလာနိုင်လဲ။ မြန်မာနိုင်ငံအပေါ်မှာ။
ဖြေ။ ။ အရင်တုန်းကတော့ မြန်မာပြည်ကိစ္စကို လူ့အခွင့်အရေးကောင်စီက ကိုင်တယ်ပေါ့။ လွတ်လပ်တဲ့ အချက်အလက်စုဆောင်းရေး အဖွဲ့လည်းလုပ်ခဲ့တယ် ။ အဲဒါကို မြန်မာပြည်က ငြင်းလိုက်တယ်။ အခုက ICJ ထိ ရောက်သွားပြီ။
ICJ မှာ မြန်မာပြည်ကလည်း ပါနေပြီ။ သူတို့လာပြီးတော့ ဘာကိစ္စ ပဲဖြစ်ဖြစ်ေ ဆာင်ရွက်မယ်ဆိုရင် နေပြည်တော်မှာ ရှိတဲ့ အစိုးရက ဒါကို ငြင်းမလား။ အရင်က ငြင်းခဲ့ပြီ။ ငြင်းခဲ့လို့ တစ်ဆင့်တက်ခဲ့ပြီ။ ICJ ကို ငြင်းမလား။ ICJ ကတော့ လုပ်စရာရှိတာ လုပ်လိမ့်မယ်။ ရပ်ကွက်ထဲမှာ ရိုက်မှု ဖြစ်တာမဟုတ်ဘူး။ ကျေအေးလို့မရဘူး။ မြန်မာပြည်မှာ လွတ်လပ်တဲ့ တရားစီရင်ရေးမရှိဘူး။ အပေါ်က ပြောလိုက်လို့ရှိရင် Yes No ဖြစ်တယ်။
မြန်မာပြည်မှာ လွတ်လပ်တဲ့ တရားစီရင်ရေးမရှိဘူး။ ICJ မှာ ရှိတယ်။ Legal proceeding က သွားမှာပဲ။ သူတို့ အချိန်တွေ အများကြီးပေးထားတယ်နော်။ အခုဟာ နေပြည်တော်အစိုးရ မိုက်ကမ်းတာ ။ ကိုယ့်နိုင်ငံနဲ့ ပတ်သက်နေလို့ ရှင်းရှင်းလင်းလင်းပြောရမယ်လေ။ ထိပ်မှာနေပြီးတော့ ညံ့ဖျင်းတယ်ဆိုရင် ပြောရမှာပဲ။
ICJ အနေနဲ့ က စုံစမ်းမှာပဲ။ တွဲပြီးလုပ်မလား။ ခွဲပြီးလုပ်မလား။ သက်သေတွေကလည်းရှိပြီးပြီ။ မြန်မာပြည်မှာရှိတဲ့ ဟို Report ဒီReport နဲ့ ယှဉ်လို့ရမလား။ နောက်ဆုံးတော့ ICJ ဥပဒေကြောင်းအရ မစခင် စုံစမ်းမှာပဲ။ အဲဒါက အနည်းဆုံး ကြမ်းခင်းဈေးပဲ။
မေး။ ။ မြန်မာဘက်က ရင်ဆိုင်မယ်လို့ ပြောထားတော့ ဒီအခြေအနေက ICC လို ဘူးခံ မငြင်းတော့တာမဟုတ်ဘူးလား။
ဖြေ ။ ။မရှောင်သာ မလွှဲသာလေ။ ICC က ငြင်းလို့ရတယ်။ လက်မှတ်ထိုးမထားဘူး။ ဘယ်တော့မှလည်း ထိုးမှာမဟုတ်ဘူး။ ICJ မှာပါနေတယ်။ ငြင်းလို့မရဘူး။ ဟိုဘက်ကလည်း သေချာ စူးစမ်းလေ့လာပြီးတင်ရတာပါ။ သူတို့ကို မြန်မာပြည်ကို မကောင်းကြံတယ်လို့ မမြင်နဲ့။
မြန်မာပြည်ရဲ့ အနာဂတ် ပွင့်လင်းလာဖို့ ဆောင်ရွက်နေတာ ကျေးဇူးတောင် တင်ရဦးမယ်။ စီးပွားရေးတွေ၊ တက္ကသိုလ်တွေ၊ ပေါ်လစီတွေ ညံ့တာထားဦး။ ဒီလိုနေရာမှာ မကိုင်တွယ် တတ်ဘူး။ မကိုင်တွင်ချင်ဘူး။ အဲဒါကို သူများက လုပ်ပေးတာ ကျေးဇူးတင်ရမယ်။ မြန်မာပြည် အနေနဲ့ ရင်မဆိုင်လို့ မရဘူးလေ။ ICJ မှာ ပါနေတာကိုး။ ICC ပဲ မဲနေတာ။ ICJ ကတော့ ငြိနေပြီ။ မရင်ဆိုင်လို့လည်း မရဘူး။
မေး။ ။ ICJ မှာ တရားစွဲခံရတဲ့ သက်ရောက်မှုနဲ့ နောက်ဆုံး ဘယ်လိုအထိ ဖြစ်လာနိုင်လဲ။
ဖြေ။ ။ အခုတောင်မြင်နေရပါပြီ။ တရုတ်ဘက်ကို ပါသွားပြီ။ အနောက်နိုင်ငံတွေက ဖယ်ထားလို့ တရုတ်ဘက်ကို ရောက်သွားတယ် ဘာညာပေါ့လေ။ Reputation အနေနဲ့က ခံနေရပြီ။ လူတစ်ယောက်က ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ အမှုတစ်ခုဖြစ်လို့ တရားရင်ဆိုင်ရပြီဆိုကတည်းက ဘယ်သူက ပတ်သက်ချင်မှာလဲ။ ဒါက ဖြစ်နေပြီ။
နောက်ပိုင်း ဥပဒေ ပိုင်းအရ လာဦးမယ်။ UN က ဘာလုပ်မယ် ညာလုပ်မယ်။ ICC က ပုဂ္ဂိုလ်တွေကို ဦးတည်တာနော်။ ICJ က အစိုးရကို ဦးတည်တာ။ တပ်နဲ့ အရပ်ဘက် မခွဲတော့ဘူး။ အဲဒီမှာသွားပြီးတော့ ရင်ဆိုင်ရပြီဆိုကတည်းက သွားပြီ။ သိက္ခာဆိုတာ မရှိတော့ဘူး။ ခေတ်အဆက်ဆက် ကံဆိုးမိုးမှောင်ကျခဲ့ရတယ်။ ဒီမိုကရေစီအစိုးရဆိုတာ တခဲနက် ထောက်ခံမဲနဲ့ တက်ခဲ့တဲ့ အစိုးရပေမယ့် ဒီကိစ္စကို ကိုင်တွယ်တာ အင်မတန် အင်မတန်ကို ညံ့ဖျင်းပါတယ်။
အကျိုးဆက်တွေတေ့ ရင်ဆိုင်ရမှာပဲ။ ကံ ကံ၏ အကျိုးပဲ။ ဘယ်သူ့သွား ခြေထောက် ဖက်မလဲ။ ကိုယ့်မှာ အရည်အချင်းမရှိတော့ ခြေထောက်ဖက်ဖို့ ဝန်မလေးဘူး။
http://www.khitthitnews.com
Zawgyi
ရုိဟင္ဂ်ာကိစၥ ကုိင္တြယ္မႈ ညံ့ဖ်င္းမႈ
ေၾကာင့္ ျမန္မာအစုိးရ ICJ တြင္ တရားစြဲဆုိခံရသည္၊ ကမၻာ့အလယ္ နာမည္ဆုိးကို
မ်ဳိးဆက္ႏွင့္ ခ်ီ၍ ရွင္း ရမည္ဟုဆို တပၸဒီပအင္စတီက်ဴ ဒါရုိက္တာလည္းျဖစ္၊
ႏုိင္ငံတကာ ေရးရာ ကၽြမ္းက်င္သူ လည္းျဖစ္သူ ေဒါက္တာခင္ေဇာ္၀င္းႏွင့္
ဆက္သြယ္ ေမးျမန္းခ်က္
By ေအာင္သက္၀ုိင္း/ရန္ကုန္ေခတ္သစ္
ရခုိင္ျပည္နယ္မွ လူနည္းစု မြတ္စလင္မ်ား
အေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈႏွင့္ လူ႕အခြင့္အေရးခ်ဳိးေဖာက္မႈမ်ား
က်ဴးလြန္သည္ဟုဆုိကာ ဂမ္ဘီယာႏုိင္ငံက OIC ၅၇ ႏုိင္ငံကုိယ္စား
ျမန္မာႏုိင္ငံကို ကုလသမဂၢတရားရုံး ICJ တြင္ တရားစြဲဆုိလုိက္သည္။
ယင္းတရားစြဲဆုိမႈေၾကာင့္ ျဖစ္လာႏုိင္ေသာ
ေနာက္ဆက္တြဲ အေျခအေနမ်ားကို ရန္ကုန္ေခတ္သစ္က
တပၸဒီပအင္စတီက်ဴဒါရုိက္တာလည္းျဖစ္၊ ႏုိင္ငံတကာေရးရာ ကၽြမ္းက်င္သူလည္းျဖစ္သူ
ေဒါက္တာခင္ေဇာ္၀င္းကို ရန္ကုန္ေခတ္သစ္က ဆက္သြယ္ေမးျမန္းထားပါသည္။
ေမး။ ။ ICJ မွာ ဂမ္ဘီယာႏုိင္ငံက ျမန္မာႏုိင္ငံကို တရားစြဲဆုိထားတဲ့အေျခအေနကုိ ဘယ္လိုျမင္ပါသလဲ။
ေျဖ။ ။ ICJ ကုိယ့္အေနနဲ႔က
ျဖစ္မယ္ဆုိတာ သိေနၿပီးသားပဲ။ ဂမ္ဘီယာက ဒါကုိ ျပင္ဆင္ေနတယ္ဆုိတာ ၿပီးခဲ့တဲ့
လပုိင္းအတြင္းကကုိ သိတယ္။ ICJ နဲ႔ ICC ဆုိတာ မတူဘူးဆုိတာ သိဖို႔လိုတယ္ေနာ္။
ICC က Rome Statute ကုိ လက္မွတ္ထုိးမထားဘူး ဘာမွ လုပ္လုိ႔ မရဘူးလို႔
ထင္ေနတာ ။ မဟုတ္ဘူး လုပ္လုိ႔ရတယ္ထင္ေနၾကတာ။ လုပ္လုိ႔လည္း ရတယ္။ သူတို႔လည္း
သတင္းအခ်က္အလက္စုေနၿပီ။
ICJ ကေတာ့ UN တရားရုံးျဖစ္တဲ့အတြက္ UN
ႏုိင္ငံေတြအားလုံးဟာ အက်ဴံး၀င္တယ္။ အဲဒါက ေရွာင္လုိ႔မရဘူး။ သူရဲ႕ Charter
ထဲမွာ ႏုိင္ငံတစ္ႏုိင္ငံက အျခားႏုိင္ငံတစ္ႏုိင္ငံကို အေၾကာင္းတစ္ခုခုနဲ႔
တရားစြဲလုိ႔ရတယ္ဆုိတာ ပါတယ္ဗ်ာ။
အဲဒီေတာ့ ICJ အေနနဲ႔က ကုိယ္တုိ႔ သိရသေလာက္ က
ပထမဆုံးအႀကိမ္ပဲ။ ဂမ္ဘီယာက လုပ္ၿပီ။ တခ်ဳိ႕ကလည္း ေျပာၾကတယ္ ဂမ္ဘီယာကုိ
ေျမွာက္ေပးတဲ့သူရွိလားတဲ့။ ရွိ ရွိ မရွိ မရွိေလ။ သူလည္း
အခ်ဳပ္အျခာအာဏာပိုင္တဲ့ ႏုိင္ငံေလးတစ္ခုပဲ။ သူ႕အေနနဲ႔ ဒီဥစၥာကို
ေကာက္ယူၿပီးေတာ့ လုပ္ေနၿပီ။ UN ျဖစ္တဲ့အတြက္ ျမန္မာျပည္ကလည္း ပါတဲ့အတြက္
ဆုိတဲ့အခါက်ေတာ့ ဒါကုိ ဘယ္လုိတု႔ံျပန္မလဲဆုိတာကေတာ့ ေျပာရတာ
နည္းနည္းခက္တယ္။
ဘာနဲ႔သြားတူေနလဲဆုိေတာ့ ၁၉ ရာစုက
ျမန္မာျပည္ဟာ အဂၤလိပ္နဲ႔ ၃ ႀကိမ္ စစ္ပြဲ ဆင္ႏႊဲခဲ့ရတယ္။ ၃ ႀကိမ္စလုံး
ရႈံးတယ္။ ဘာေၾကာင့္လဲ။ စစ္လက္နက္ ပစၥည္းေတြ လူအင္အားေတြကြာျခားတာ ထားဦး။
ျမန္မာျပည္ရဲ႕ ပင္လယ္ႀကီး အလြန္မွာ
ကမၻာႀကီးက ဘယ္လိုလည္ပတ္ေနလဲဆုိတာ တကယ္နားလည္ရဲ႕လား။ မႏၱေလးေနျပည္ေတာ္က ။အခု
အဲဒီအတုိင္းကုိ ျဖစ္ေနၿပီ။ ေျပာမယ္ဆိုလို႔ရွိရင္ ၂၁ ရာစုက်မွ ဒါမ်ဳိး
ဒီဥစၥာ ဘာလို႔ ျဖစ္ရတာလဲ။ ႀကိဳတင္ကာကြယ္လုိ႔မရဘူးလား။ ၁၉ ရာစုကေတာ့
ထားလုိက္ပါေတာ့။ ကုိယ္ကလည္း အမ်ဳိးမ်ဳိးေနာက္က်ေနတာ။
ေျပာမယ္ဆုိလို႔ရွိရင္ ထုိင္းတုိ႔ဘာတုိ႔က
ျမန္မာျပည္ အမွားကုိ သိၿပီးေတာ့ သူတို႔ဟာ သူတို႔ ႏုိင္ငံ ထူေထာင္လုိက္တာ။
အခု ၂၁ ရာစုက်ခါမွ တေက်ာ့ျပန္ဘာလုိ႔ ျဖစ္ရတာလဲ။
ျမန္မာလူမ်ဳိးအားလုံးအေနနဲ႔က ရွက္စရာ ေတာ္ေတာ္ေကာင္းတယ္ေနာ္။ အဲဒီေတာ့ ICC
ကလည္း လုပ္ေနၿပီ။ ေနျပည္ေတာ္က အကုိႀကီးေတြ အမႀကီးေတြနဲ႔ တစ္ခုခုကိုသာ
စဥ္းစားေပေတာ့ပဲ။
ေမး။ ။ ICJ က တရားစီရင္မယ္ဆုိေတာ့ သက္ေရာက္မႈအပုိင္းက ဘာေတြ စျဖစ္လာမလဲ။
ေျဖ။ ။ တရားစီရင္ခံရၿပီဆုိကတည္းက
ကုိယ္ေျပာမယ္။ ICJ အေနနဲ႔ ႀကဳံရတာက ပထမဆုံးအႀကိမ္ပဲ။ အရင္တုန္းက ICJ က
စီရင္ရတာက တုိင္းျပည္တစ္ခုနဲ႔ တစ္ခု နယ္နမိတ္ျပႆနာတို႔၊ အခုဟာက Genocide
ပတ္သက္ၿပီးေတာ့ တင္တာ ။
ICJ အေနနဲ႔ကလည္း အခ်ိန္ယူၿပီးေတာ့
တုံ႔ျပန္ရလိမ့္မယ္။ အခုေတာ့ရွိေနပါၿပီေလ။ ျမန္မာျပည္အေနနဲ႔ ကမၻာ့အလယ္မွာ
ေခတ္အဆက္ဆက္ ေတာ္ေတာ္ေလးကို နာမည္ဆိုးနဲ႔ ျဖတ္သန္းခဲ့ရတဲ့ ႏုိင္ငံတစ္ခုပါ။
စစ္အစုိးရမုိ႔ုလို႔ေပါ့ကြာ။ အခု ဒီမုိကေရစီ အစိုးရမွာလည္း
ထုိနည္းလည္းေကာင္း ျဖစ္ေနတယ္။ တုိင္းျပည္ရဲ႕ ကံၾကမၼာပဲေျပာမလား။
ကမၻာမွာလည္း မႀကဳံစဖူးကိစၥေတြ ျဖစ္လာတယ္။
UN Charter ေတြ အဖြဲ႕အစည္းေတြအေနနဲ႔လည္း
ၾကည့္မယ္ဆိုလို႔ရွိရင္လည္း ဒါေတြက ေဘာင္၀င္တယ္ေနာ္။
ေက်ာ္ၿပီးလုပ္တာမဟုတ္ဘူး။ အရင္တုန္းက မရွိပါဘူး။ မျဖစ္ပါဘူး။ ဒါေတြက
အလကားပါ။ မဟုတ္က ဟုတ္က ေတြ သတင္းလႊင့္ေနပါတယ္။ အခုေပၚလာၿပီေလ။ ICJ ကိစၥ၊
ဂမ္ဘီယာကိစၥကုိ မဟုတ္တမ္းတရားလုိ႔ေျပာမလား။ ဘယ္သူေျပာရဲလဲ။ ေနျပည္ေတာ္က ICJ
ကိစၥ ဘယ္သူေျပာရဲလဲ။ ဒါဟာ Fake News ပါလို႔ ဘယ္သူေျပာရဲလဲ။
ဒီကိစၥက စၿပီး ကုိယ္တြယ္ကတည္းကကုိ စလြဲတယ္။
ကုိယ္က အတန္တန္ကုိယ့္ကုိ အင္တာဗ်ဴးလုပ္ကတည္းက ေျပာတယ္။ ကုလသမဂၢကို
အတတ္ႏုိင္ဆုံး ပူးေပါင္းေဆာင္ရြက္ပါ။ ထြက္ေပါက္က ဒါပဲရွိတယ္ဆုိတာကို။
မဟုတ္ဘူးဗ်ာ။ ရန္ဟီလီလည္း မလာရဘူး။ Independent Fact Finding Mission
လည္းမလာရဘူး။ ဟုိလူလည္းမလာရ၊ ဒီလူလည္းမလာရ။ၿပီးေတာ့ ဂ်နီဗာတုိ႔ ဘာတုိ႔
သြားၿပီးေတာ့ ေတာင္ေျပာ ေျမာက္ေျပာနဲ႔ အင္မတန္ကုိ ရွက္စရာေကာင္းတယ္ေနာ္။
ကုိယ္တုိ႔ ႏွစ္ေပါင္းမ်ားစြာ
ေမ်ွာ္လင့္ခဲ့ရတဲ့ ဒီမုိကေရစီအစုိးရ၊ ကုိယ္တုိ႔ အသက္ေပါင္းမ်ားစြာ
စေတးၿပီးမွ ရခဲ့ရတဲ့ ဒီမုိကေရစီအစုိးရ Really Fool ပဲ။ ဘယ္လိုမွ
ယုံၾကည္အားကိုးၿပီးေတာ့ ေမ်ွာ္လင့္စရာအေၾကာင္းမရွိဘူး။ ရွက္စရာေကာင္းတယ္။
အဲဒီေတာ့ ကုိယ္ေျပာမယ္ မီဒီယာတုိ႔ CSO တုိ႔ ေရွ႕ေနတုိ႔ Human Rights
Activist တို႔က ၀င္ရေတာ့မယ္ ဒီကိစၥမွာ။ ေျမးေတြ ျမစ္ေတြကုိ ဘယ္လုိ
မ်က္ႏွာျပမလဲ။ အခုက အစိုးရနဲ႔ စစ္တပ္ဆုိတဲ့ ကိစၥမဟုတ္ေတာ့ဘူး။
ျမန္မာျပည္၊ ျမန္မာလူမ်ဳိးဆိုတဲ့ဟာႀကီး
တစ္ခုလုံးကုိ ထိခိုက္ေနၿပီ။ ေတာ္ေတာ္ေလး ေလးနက္ပါတယ္။ အရင္ကကုိက လြဲခဲ့ၿပီ။
ကုလသမဂၢကိုလည္း မဟုတ္ပါဘူးဆုိၿပီး ျငင္းခဲ့တယ္။ ၁၉ ရာစုက မႏၱေလး
နန္းေတာ္ႀကီးမွာေနၿပီးေတာ့ ကမၻာႀကီးအေၾကာင္းမသိလို႔ မ်က္စိတ္မွိတ္
နားပိတ္ေနခဲ့တာ တစ္မ်ဳိးေပါ့ကြာ။ အခုက ၂၁ ရာစုေနာ္။ ေနျပည္ေတာ္မွာ ။
ႏုိင္ငံျခားသြားၿပီးေတာ့ အဂၤလန္ျပန္ေတြ တပုံႀကီးပဲေလ။ သံအမတ္ေတြ အႀကံေပးေတြ
၀န္ႀကီးေတြ ခန္႔ထားတာေလ။ ဒီလူေတြက လခယူၿပီး ဘာလုပ္ေနတာလဲ။
ေနာက္လာမယ့္ မ်ဳိးဆက္သစ္ေတြကို ကုိယ္တုိ႔ ဘယ္လို မ်က္ႏွာျပမလဲ။ ဒီလိုေခတ္မွာ ဒါျဖစ္ရတာ အင္မတန္ကုိ ရုပ္ဆုိးပါတယ္။
ေမး။ ။ ICJ ဘက္က ဘယ္လိုကုိင္တြယ္မႈေတြ ရွိလာႏုိင္လဲ။ ျမန္မာႏုိင္ငံအေပၚမွာ။
ေျဖ။ ။ အရင္တုန္းကေတာ့
ျမန္မာျပည္ကိစၥကုိ လူ႕အခြင့္အေရးေကာင္စီက ကုိင္တယ္ေပါ့။ လြတ္လပ္တဲ့
အခ်က္အလက္စုေဆာင္းေရး အဖြဲ႕လည္းလုပ္ခဲ့တယ္ ။ အဲဒါကုိ ျမန္မာျပည္က
ျငင္းလုိက္တယ္။ အခုက ICJ ထိ ေရာက္သြားၿပီ။
ICJ မွာ ျမန္မာျပည္ကလည္း ပါေနၿပီ။
သူတို႔လာၿပီးေတာ့ ဘာကိစၥ ပဲျဖစ္ျဖစ္ေ ဆာင္ရြက္မယ္ဆုိရင္ ေနျပည္ေတာ္မွာ
ရွိတဲ့ အစုိးရက ဒါကုိ ျငင္းမလား။ အရင္က ျငင္းခဲ့ၿပီ။ ျငင္းခဲ့လုိ႔
တစ္ဆင့္တက္ခဲ့ၿပီ။ ICJ ကုိ ျငင္းမလား။ ICJ ကေတာ့ လုပ္စရာရွိတာ
လုပ္လိမ့္မယ္။ ရပ္ကြြက္ထဲမွာ ရုိက္မႈ ျဖစ္တာမဟုတ္ဘူး။ ေက်ေအးလုိ႔မရဘူး။
ျမန္မာျပည္မွာ လြတ္လပ္တဲ့ တရားစီရင္ေရးမရွိဘူး။ အေပၚက ေျပာလုိက္လို႔ရွိရင္
Yes No ျဖစ္တယ္။
ျမန္မာျပည္မွာ လြတ္လပ္တဲ့
တရားစီရင္ေရးမရွိဘူး။ ICJ မွာ ရွိတယ္။ Legal proceeding က သြားမွာပဲ။
သူတို႔ အခ်ိန္ေတြ အမ်ားႀကီးေပးထားတယ္ေနာ္။ အခုဟာ ေနျပည္ေတာ္အစုိးရ
မုိက္ကမ္းတာ ။ ကုိယ့္ႏုိင္ငံနဲ႔ ပတ္သက္ေနလို႔
ရွင္းရွင္းလင္းလင္းေျပာရမယ္ေလ။ ထိပ္မွာေနၿပီးေတာ့ ညံ့ဖ်င္းတယ္ဆုိရင္
ေျပာရမွာပဲ။
ICJ အေနနဲ႔ က စုံစမ္းမွာပဲ။
တြဲၿပီးလုပ္မလား။ ခြဲၿပီးလုပ္မလား။ သက္ေသေတြကလည္းရွိၿပီးၿပီ။
ျမန္မာျပည္မွာရွိတဲ့ ဟုိ Report ဒီReport နဲ႔ ယွဥ္လို႔ရမလား။ ေနာက္ဆုံးေတာ့
ICJ ဥပေဒေၾကာင္းအရ မစခင္ စုံစမ္းမွာပဲ။ အဲဒါက အနည္းဆုံး ၾကမ္းခင္းေစ်းပဲ။
ေမး။ ။ ျမန္မာဘက္က ရင္ဆုိင္မယ္လုိ႔ ေျပာထားေတာ့ ဒီအေျခအေနက ICC လို ဘူးခံ မျငင္းေတာ့တာမဟုတ္ဘူးလား။
ေျဖ ။ ။မေရွာင္သာ မလႊဲသာေလ။ ICC က
ျငင္းလုိ႔ရတယ္။ လက္မွတ္ထုိးမထားဘူး။ ဘယ္ေတာ့မွလည္း ထုိးမွာမဟုတ္ဘူး။ ICJ
မွာပါေနတယ္။ ျငင္းလို႔မရဘူး။ ဟုိဘက္ကလည္း ေသခ်ာ စူးစမ္းေလ့လာၿပီးတင္ရတာပါ။
သူတို႔ကို ျမန္မာျပည္ကုိ မေကာင္းႀကံတယ္လုိ႔ မျမင္နဲ႔။
ျမန္မာျပည္ရဲ႕ အနာဂတ္ ပြင့္လင္းလာဖုိ႔
ေဆာင္ရြက္ေနတာ ေက်းဇူးေတာင္ တင္ရဦးမယ္။ စီးပြားေရးေတြ၊ တကၠသုိလ္ေတြ၊
ေပၚလစီေတြ ညံ့တာထားဦး။ ဒီလိုေနရာမွာ မကုိင္တြယ္တတ္ဘူး။ မကုိင္တြင္ခ်င္ဘူး။
အဲဒါကုိ သူမ်ားက လုပ္ေပးတာ ေက်းဇူးတင္ရမယ္။ ျမန္မာျပည္အေနနဲ႔
ရင္မဆုိင္လို႔ မရဘူးေလ။ ICJ မွာ ပါေနတာကိုး။ ICC ပဲ မဲေနတာ။ ICJ ကေတာ့
ၿငိေနၿပီ။ မရင္ဆုိင္လုိ႔လည္း မရဘူး။
ေမး။ ။ ICJ မွာ တရားစြဲခံရတဲ့ သက္ေရာက္မႈနဲ႔ ေနာက္ဆုံး ဘယ္လိုအထိ ျဖစ္လာႏုိင္လဲ။
ေျဖ။ ။ အခုေတာင္ျမင္ေနရပါၿပီ။
တရုတ္ဘက္ကုိ ပါသြားၿပီ။ အေနာက္ႏုိင္ငံေတြက ဖယ္ထားလုိ႔ တရုတ္ဘက္ကုိ
ေရာက္သြားတယ္ ဘာညာေပါ့ေလ။ Reputation အေနနဲ႔က ခံေနရၿပီ။ လူတစ္ေယာက္က
ဘယ္ေလာက္ပဲ ခ်မ္းသာ ခ်မ္းသာ အမႈတစ္ခုျဖစ္လုိ႔ တရားရင္ဆုိင္ရၿပီဆုိကတည္းက
ဘယ္သူက ပတ္သက္ခ်င္မွာလဲ။ ဒါက ျဖစ္ေနၿပီ။
ေနာက္ပုိင္း ဥပေဒ ပုိင္းအရ လာဦးမယ္။ UN က
ဘာလုပ္မယ္ ညာလုပ္မယ္။ ICC က ပုဂၢဳိလ္ေတြကုိ ဦးတည္တာေနာ္။ ICJ က အစုိးရကို
ဦးတည္တာ။ တပ္နဲ႔ အရပ္ဘက္ မခြဲေတာ့ဘူး။ အဲဒီမွာသြားၿပီးေတာ့
ရင္ဆုိင္ရၿပီဆုိကတည္းက သြားၿပီ။ သိကၡာဆုိတာ မရွိေတာ့ဘူး။ ေခတ္အဆက္ဆက္
ကံဆုိးမုိးေမွာင္က်ခဲ့ရတယ္။ ဒီမုိကေရစီအစုိးရဆုိတာ တခဲနက္ ေထာက္ခံမဲနဲ႔
တက္ခဲ့တဲ့ အစုိးရေပမယ့္ ဒီကိစၥကုိ ကိုင္တြယ္တာ အင္မတန္ အင္မတန္ကို
ည့ံဖ်င္းပါတယ္။
အက်ဳိးဆက္ေတြေတ့ ရင္ဆုိင္ရမွာပဲ။ ကံ ကံ၏
အက်ဳိးပဲ။ ဘယ္သူ႕သြား ေျခေထာက္ ဖက္မလဲ။ ကုိယ့္မွာ အရည္အခ်င္းမရွိေတာ့
ေျခေထာက္ဖက္ဖုိ႔ ၀န္မေလးဘူး။
No comments:
Post a Comment
Note: Only a member of this blog may post a comment.