Breaking

November 27, 2019

Mro History (မြို လူမျိုး သမိုင်း)

Mro History (မြို လူမျိုး သမိုင်း)
တိဗက်- မြန်မာ အစုမှ ချင်း လူမျိုးစု ဖြစ်သော တိုင်းရင်းသား လူမျိုးများအနက် မြိုလူမျိုးတို့သည်မြို့ ဟောင်း (မြောက်ဦး) မြို့နယ်ရှိ အကြီးတော်မ တိုက်နယ်နှင့် ရမ်းချောင်းတိုက်နယ်များတွင် နေထိုင်ကြသည်။ ကျောက်တော်မြို့ နယ်ရှိ သရီချောင်း၊ ပီချောင်း၊ ယိုးချောင်းနှင့် တောမိရွာတွင် လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စမ်းပတီ ချောင်း၊ တောဖျားချောင်း၊ ကြိမ်ချောင်းနှင့် မောင်းမချောင်း တွင်လည်းကောင်း၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဒေသနှင့် မောင်းတောမြို့နယ် အင်တူလာ  နှင့် ချင်းပြည်နယ် ပလ၀မြို့ နယ် မတူ ပီ မြို့နယ် ဒေသများတွင်ပြန့်ကြဲ နထိုင်လျက် ရှိကြပါသည် မြိုလူမျိုးများသည် သီးခြား ဘာသာ စကား ယှဉ်ကျေးမူ ထုံးတမ်းစဉ်လာဖြင့် တိုင်းရင်းသား လူမျိုးစုတစု အဖြစ် ရေ ကြည်ရြာ မက်နုရာ ဒေသများသို့ ယနေ့တိုင် ရပ်တည်နေထိုင် လျက်ရှိပါသည်။ ရခိုင်ရာဇ၀င်ကျမ်းများ၏ ဖော်ပြချက်အရ မြိုလူမျိုးများသည် ရှေ့ကျသောလူမျိုး တစ်မျိုးဖြစ် ပါသည်။
မြို လူမျိုးမှာ မျိုးနွယ်ကွဲ များပြားသော လူမျိုးဖြစ်သည်။ မြို ရှေ့ လူကြီးများက မြို အမျိုးကွဲပေါင်း (၁၀၀) ခန့် ရှိသည်ဟု ဆိုသည်။ သို့ရာတွင် ( ၅၇) မျိုး၏ အမည်များကိုသာ လေ့လာတွေ့ရှိရသည်။

Origin (မူလ)
(မြို) ဟူသော ဝေါဟာရကို ပေမူတင်၍ အစောဆုံးတွေ့နိုင်သောကျမ်းမှာ ခရစ်နှစ် ၁၄၅၈ ခုနှစ်တွင် ရခိုင်ပညာရှိ အဒူမင်းညိုရေးသားသော (ဘစောဖြူသမီး ဧချင်း) တွင်
ဖြစ် ပါသည်
မြန်မာကျေက်စာများတွင်လည်း ခရစ်နှစ် ၁၄၄၂-ခုနှစ် နရသီဟပတေ့မင်း ရေးထိုးသော စစ်ကိုင်းထူပါရုံ ကျောက်စာ စာကြောင်းရေ (၂၀)တွင်လည်း တွေ့ရပါသည် ထို့နောက် ရခိုင် ရာဇ၀င်ကျမ်းများဖြစ်ကြသည့် ရခိုင်မဟာရာဇ၀င်တော်ကြီး ဓည၀တီရာဇ၀င်သစ် မာရာယုနှင့်ဗေဒါရှင်းတမ်းစသော ကျမ်းဂန်များ၌လည်းကောင်း အချို့သောစာအုပ် စာပေ များတွင် လည်းကောင်း မြိုလူမျိုးများ အကြောင်းကိုရေးသားရာ၌ မြို ဟူသောဝေါ ဟာရ အပြင် မြုံ ဟူ၍လည်းကောင်း မြုန် ဟူ၍လည်းကောင်း မြုပ် ဟူ၍လည်းကောင်း မြူ ဟူ၍ လည်းကောင်း မြို ဟူ၍လည်းကောင်း မူကွဲစာလုံးပေါင်း ဟန်များဖြင့် လည်း ရေးသား ထားပါသည်
မြုံ မြုန် မြုမ် မြူ ဟူသည့်စာလုံးပေါင်းဟန်များသည် မြို လူမျိုးများကိုပင် ရည်ညွန်းရေး သား ထားခြင်း ဖြစ်မည်ဟု ယူဆရပါသည် ထိုကြေင့် မရို မြို ဟူသောအသံထွက်နှင့် အခေါ်အဝေါ်များသည် တစ်ခြားသော တိုင်းရင်းသား( ရခိုင်) တို့ကခေါ်ဝေါ်သည့် အမည်ဖြစ်ပါသည် မြိုမျိုးတို့က မိမိတို့လူမျိုးကို ရည်ညွန်းခေါ်ဝေါ် လိုသောအခါ (ခမိ ) ဟူသော အမည်ကို သုံးစွဲကြပါသည် မြို (မရို )တို့သည် သူတို့ကိုသူတို့ ခမိ ဟုခေါ်သည် လူ ဟု အဓိပ္ပယ်ရသည် မီးချောင်းနှင့် သမိန်ချောင်းဖျား တ၀ိုက် တွင် နေထိုင်သူများ ကို တောင်မြို ဟုခေါ်၍ မီးချောင်း နှင့် သမိန်ချောင်းဝ တ၀ိုက်တွင်နေထိုင် သူများကို အ၀မြို ဟုခေါ်သည်
ကိုးကားချက် -အဒူမင်းညို၏ ရခိုင်မင်းသမီး ဧချင်း ရန်ကုန် ဟံသာဝတီ ပုံနိုပ်တိုက် ၁၉၆၅ ခု စာ ၇ နောင်ကိုးကားလျင် အဒူမင်းညို ဧချင်းစစ်ကိုင်းထူပါရုံကျောက်စာ စာကြောင်းရေ ၂၀-၂၃-၈၀၄ ခရစ်နှစ် ၁၄၄၂ ခု တွေ့စုံမေးမြန်းသူ ဉီးအင်္ဂါအောင် တရက်တပင်ကျေးရွာ ကျောက်တော်မြို့နယ် ၁၂ မတ်လ ၂၀၀၅ တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ (ရခိုင်) ရခိုင်မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ စည်းရုံးရေး ဗဟိုကော် မတီဌာနချိုပ် ရန်ကုန် ဇွန်န၀ါရီ ၁၉၇၆ စာ၃၁-၃၂(နောင်ကိုးကားလျင် တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစဉ်များ (ရခိုင်)ဟုဖော်ပြပါမည်
မြိုဟုခေါ်တွင်ရခြင်းအကြောင်း
မြို ဆိုသည်မှာ ရခိုင် လူမျိုးများက ပေးထားသော နာမည်ဖြစ်သည် မြို လူမျိုးတို့ ၏ အကြေင်းကို ရေးသားမည်ဆိုလျင် မြို (၃)မျိုး ၄င်း (၃)မျိုးတို့သည် တစ်မျိုး နှင့် တစ်မျိုး သဘော သဘာဝအားဖြင့်ကောင်း ရိုးရာဓလေ့ထုံးစံ ယှဉ်ကျေးမူအားဖြင့်လည်းကောင်း ဆက်နွယ်လျက် အနည်းအများ တူညီမူရှိသောကြောင့် မြိုလူမျိုးတစ်မျိုးတည်း၏ သမိုင်းေ ကြာင်းကို ရေးသားလျင် မပီပြင် နားမလည် နိုင်မည်စိုး၍ မြို လူမျိုး (၃ ) မျိုးရှိကြောင်း တို့ ကို အောက်ပါအတိုင်း ဖော်ထုတ်ရေးသားလိုက်ပါသည်

(၁) မြို (ခမိ) mrokhami အ၀ခမိ ဟူ၍လည်းခေါ်သည် ၄င်းတို့ သည် ကျေက်တော်မြို့နယ် မြောက်ဉီးမြို့နယ်ပုဏ္ဏားကျွန်းမြို့နယ်ပေါက်တောမြို့နယ်ဘူသီးတောင်မြို့နယ်များ၌နေထိုင်ကြသည်
(၂) မရို (ခမိ ) khumi အရိုင်း(သို့)အဖျားခမိ ဟူ၍လည်းခေါ်သည် ၄င်းတို့သည် ပလ၀မြို့နယ် မတူပီမြို့နယ်များတွင်နေထိုင်လျက်ရှိကြသည်
(၃) တောင်မြို(ခမိ) မြို (ခမိ) နှင့် မရှူ (ခမိ)တို့က ( ဒါး) dhanna ဟူ၍ လည်းခေါ် ကြ သည် လွတ်လပ်ရေးမရမည်နှင့်ရပြီး တွင်လည်းအောက်ပါအတိုင်ခေါ်ကြလေသည်
ဖ ဆ ပ လ ခေတ် မူလတန်းပညာရေး ပထ၀ီဝင်စာပေတို့ ၌လည်း တောင်မြို ဟု ရေး သားခေါ်ဝေါ်ထားသည် ၄င်းတို့သည် ပုဏ္ဏားကျွမ်းမြို့နယ် ဘူးသီးတောင်မြို့ နယ် မောင်တောမြို့နယ် နှင့် ဘင်္ဂလားနယ်တို့၌ ရှိကြသည်
ဤလူမျိုး (၃)မျိုးတို့ကို နှောင်းခေတ် သမိုင်းဆရာတို့ကို ရခိုင်ပြည်နယ်ရှိ ရှေ့ကျသော လူမျိုး (၃)မျိုးတို့အား ပီပီပြင်ပြင် မရေးတော့ဘဲ အဆိုပါ မြို (၃) မျိုးလုံးတိုကို မြို ဟူသောဝေါဟာရ တစ်လုံးတည်းဖြင့် ရေးသားခေါ်ဝေါ်ခြင်း သာဖြစ်ပါသည်
မြိုခမိ လူမျိုးတို့၏ ဝေါဟာရမည်သို့ ဆက်စပ်မူရှိသည်ကို ဆက်လက်လေ့ လာတင်ပြ ပါမည် လူမျိုးတစ်မျိုးပင်ဖြစ်စေ လူပုဂ္ဂုလ်တစ်ဉီးဉီးပင်ဖြစ်စေ နေရာဒေသတစ်ခုခုတွင် အခြေချ နေထိုင်ခဲ့ဖူးသည့် အခါတို့၌လည်းကောင်း ပြောင်းရွေ့သွားလာသည့် အခါတို့၌ လည်းကောင်း ခရီးပြန်ထွက်သည့်အခါ ၌လည်းကောင်း ထိုနေရာဒေသတွင် မြို့ ကျေး ရွာသော် လည်းကောင်း အိမ်ရာမြေသော်လည်းကောင်း သမိုင်းအစနသော် လည်း ကောင်း သွေးစပ် သားစပ် ဆွေမျိုးသော်လည်းကောင်း ကျန်ရစ် စမြဲပင် ဖြစ်ပေ သည် ဤသည် တို့ကား လူမျိုးတိုင်းတို့၏ နောက်ခံသမိုင်းကို ရှာဖွေလွယ်ကူစေရန် အချက်ပင်ဖြစ်ပေသည်
မြို(ခမိ) လူမျိုးတို့တွင် ကမ္ဘာဉီးသမိုင် (ခေါ်မု ၀ထ္ထု ) ဟူ၍ရှိလေသည် ထို ခေါ်မု ၀ထ္ထုတွင် ကော်မရီ အမည်ရှိသော မိန်းမ နှင့် ကော်မရင် အမည် ရှိုသော ယောက်ျား တို့က မြို တို့၏ဘာသာ စကားဖြင့် ခေါ်မု ကမ္ဘာဉီး နေ လ မထွက်သေးသော အမှောင်လောက (သို့) ကျောက်ဂူအမှောင် တွင်နေကြရသော (ခေါ်မု အမှောင်)ပြည် သား လူ ဟူ၍ အမည်နာမအါဓိပ္ပာယ်ကို ရရှိလေသည် ထို ကော်မရီ ကော်မရင် တို့နှစ် ဉီး ပေါင်းသင်းဆက်ဆံ ကြရာမှ သားသမီး မြေး မြစ် စသော လူအပေါင်းတို့ ကို မွေး ထုတ် (မြို-ပြုပြင်) ဖန်တီးပေးသော ကြေင့် မြို ဟူသောအမျိုးအမည် နာမအါဓိပ္ပာယ်ကို ရရှိကြပြန်လေသည်
ထိုနောက်တွင် နေ လ ထွက်ပြီးအလင်းရောင်ရကာ (သို့) ဂူနေမှ အိမ်နေ လူ ဖြစ်လာ ကာ ကာလကြလေသော် ခေါ်မုမှ ခမိ သို့ ပြောင်းလဲခေါ်ဝေါ်လာကာ (မြို ခမိ)ဟူသော အမျိုးအမည် နာမ် အခေါ်အဝေါ် ဖြစ်လာကြတောသည်ဟု မြိုလူမျိုးတို့၏ ရိုးရာသီချင်း များတွင် လေ့လာသိရှိရပေသည်
ကိုးကားချက် တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစဉ်များ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ စည်းရုံးရေးဗဟို ကော်မတီဌာနချိုပ် ရန်ကု ဖေဖောါ်ဝရီလ ၁၉၆၈ စာ-၆၂ (နောက်ကိုး ကားလျင် တိုင်ရင်းရိုးရာ ဓလေ့ထုံးစဉ်များ (ချင်း)ဟုဖေါ်ပြပါမည်
U Ba Myaning The N orthern Hill of Ponnagyun Township Journal of Burma Research sorcery vol.xxiv,yangon ,1933 p,125 U Ba Thein ,Sensus of India 1931 ,vol xi part -1 Burma Report ,P 254
အထက်ပါ(ခေါ်မု ၀ထ္ထု)အတိုင်း သက်လူမျိုး ဒိုင်းနက်လူမျိုး ရာဇ၀င်တို့တွင်လည်း မြို ခမိ လူမျိုးတို့၏ ရိုးရာသီချင်းကို မှတ်းတင်ရေးသားထားသော ရှေးဟောင်းပေမူ ဂီ-ချပ် ရေး ကိုလည်း လေ့လာနိုင်ပေသည် မြို ဟူသော ဝေါ်ဟာရ၏ ရင်းမြစ်ကို ထပ်မံရှာဖွေ ကြည့်သောအခါ အောက်ပါအချက်များကို တွေ့ရှိနိုင်ပါသည်
(၁) မောင်တောမြို့နယ် ဘူးတီးတောင်မြို့နယ် ပုဏ္ဏားကျွမ်းမြို့ရှိ မြို လူမျိုးတို့သည် မိမိတို့လူမျိုးကို မြိုစာ ဟုခေါ်ဝေါ်ကြကြောင်း သိရှိရပါသည် မြိစာ ၏ အဓိပ္ပာယ်နှင့် ယင်း၏နီးစပ်သည့် အဓပ္ပာယ်များကိုမူ မသိရပါ။
လူဦးရေ
၂၀၁၂ SIL နှင့် Joshua Project လူဦးရေး စစ်တမ်းအရ လူဦးရေ ၁၂၅၀၀၀ ရှိသည်။ သို့သော် People Group စစ်တမ်းအရတွင် ၁၃၈၀၀၀ ရှိသည်ဟု ဆိုသည်။
ကိုးကွယ်မှု
မြို တို့ သည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ နှင် ရိုးရာ နက်စား ကိုးကွယ်မှုရှိသည်။ ၎င်း တို့မှာ ဗုဒ္ဓဘာသာ ၅၅% ခရစ်ယာန် ၁၂.၄၀% နှင့်  ရိုးရာ နက်စား ၃၂.၆% တို့ ဖြစ်သည်
ဘာသာစကား
မြို လူမျိုးတို့တွင် နေရာ ဒေသ နှင့် လိုက်၍ ဘာသာစကား အနည်းငယ် ကွဲပြားမှု ရှိပြီး ၎င်းကို သုံးအုပ်စု အနေဖြင့် ခွဲခြားနိုင်သည်။ ၎င်းတို့မှာ အရိုင်း (အရိုင်းခမိ၊ အရိုင်း၊ အရို), ခတ္တနာ (ခတ်နာ), ခက္တာ, ဝါကုန် (ဝါကုန်း၊ ဝါကင်း) ဟူ၍ ဖြစ်သည်။ မျိုးနွယ်စုကြားတွင် ဝါကုန်းစကား အပြော များဆုံး ဖြသည်။ စာပေတွင်ဝါကုန်းစကားကို အဓိက ထားသုံးသည်။ မြို တို့တွင် ကိုယ်ပိုင်စာပေ ရှိသည်။ အင်္ဂလိပ်အက္ခရာ ဖြင့် အသုံးပြုသည်။

အပျိုလူပျိုဘဝ
…အလုံတွီဟြုံ မဟြုံဝိတဂါ။ ခပ်ပွီတွီဟြုံ မဟြုံဝိတဂါ။ တဟှာအူဒီ မခါအဖောင့် ဝိတဂါ။ မက်အုံနအွေအိုရ်။ မခိပ်နအွေအိုရ်…။
အုံအင်း အုံအင်းနှင့် ကိုရွှေဖားတို့လည်း အော်မြည်နေကြပြီ။ ဂျိုးဂျိုး ဂျိမ်းဂျိမ်းနှင့် နဂါးပျိုမတို့လည်း မိုးသံကိုပေးနေကြပြီ။ သြော်…ရွက်ဟောင်းများကြွေ၍ ရွက်သစ်ဝေသော မိုးရာသီသို့ရောက်လာခဲ့ပေပြီ။ ခုနေခါများ ကိုယ့်ရပ်ဌာနေဆီသို့ မောင်တစ်ယောက်ပြန်ရတော့မည်။ ကိုယ်ချစ်ရသူနှင့် တဒင်္ဂခွဲနေရတော့မည်ပါလား အချစ်ရယ်..။
ဟုတ်ပါသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် အမြင်အားဖြင့် ဘာသာစကား၊ ဝတ်စားဆင်ယင်မှုများ၊ ယဉ်ကျေးမှုများ ကွဲပြားခြားနားကြသော်လည်း ရသခံစားခြင်း၌ တူညီကြပါတကား။ ရခိုင်ပြည်ဖွါးတိုင်းရင်းသား မြိုခမိလူပျိုလေးများသည် တစ်မိုး၊ တစ်ဆောင်းလုံး လယ်ယာလုပ်ငန်းခွင်၌ ပင်ပန်းကြသလောက် လက်ပံငုံဖူးများ နီတျာတျာဖူးပွင့်ကြချိန်၊ ဆက်ရက်ငှက်များ မြူးပျော်ကြချိန်တွင် အလုပ်ခွင်မှအနားယူကာ မိမိတို့ မြိုခမိ ဒေသ တောတောင်၊ ချောင်း၊ မြောင်းဒေသကျေးရွာများ၌ တစ်ရွာဝင် တစ်ရွာထွက်ကာ နဖူးစာရွာလည်သွားလေ့ရှိကြပေသည်။
ဤသို့ဖြင့် တစ်ရွာရွာတွင် အပျိုလူပျိုတို့ဘဝ ချစ်သူများရှိတတ်ကြသည်။ ဤသို့ဤနှယ် ချစ်သူတို့ဘဝ ပျော်၍မဆုံးခင် မိုးရာသီရောက်လာခဲ့ပေပြီ။ လုပ်ငန်းခွင်ဝင်ရောက်ကြရတော့မည်။ မတတ်သာ၍ ချစ်သူနှင့်ခွဲခွါရတော့မည်။ ဤအချိန်အခါတွင် မြိုခမိတိုင်းရင်းသားလူပျိုကလေး၏ နှလုံးသားမှ စာပေမတင်၊ အက္ခရာ မထင်ဘဲ အလွမ်းဘွဲ့ကဗျာများကို ရင်မှ ဖွင့်ဟဆိုခဲ့မိလေတော့သည်။
မြိုခမိတိုင်းရင်းသား လူပျိုအပျိုဘဝသည် အလွတ်လပ်ဆုံး၊ အပျော်ဆုံးဖြစ်သည်။ အသက်အားဖြင့် ၁၆၊ ၁ရ နှစ်အရွယ်ဖြစ်သည်။ မြိုခမိလူပျိုလေးများသည် အိမ်များနှင့်ဆက်၍ ဆောက်ထားသော ဧည့်ခန်းကြီးများတွင် စု၍အိပ်ကြသည်။ အမျိုးသမီးများမှာ ၁၄၊ ၁၅ နှစ် အရွယ်တွင် အပျိုဖြစ်ပြီဟု ယေဘုယျအသိအမှတ်ပြုကြသည်။ မြိုခမိအပျိုလေးများသည် မိမိတို့သင့်ရာ သုံး၊ လေးယောက်စုပြီး အိပ်လေ့ရှိကြသည်။ အထူးသဖြင့် မုဆိုးမအိမ်တွင် သွားအိပ်ကြသည်။
ညဥ့်ငှက်ကလေးများအိပ်သော တိပ်ဆိပ်ချိန်တွင် လူပျိုများသည် အပျိုများရှိရာအိမ်သို့ အပျိုလှည့်သွားကြသည်။ ဤသို့သွားရာ၌ မိမိတို့ညီအစ်ကိုဆွေမျိုးစု အပျိုဆိုလျှင်ရှောင်ကြသည်။ အာဂန္တုလူပျိုဆိုလျှင် ရွာလူပျိုကလေးများက အပျိုအိမ်သို့ မိတ်ဆက်ပို့ရသည်။ လူပျိုသည် တစ်ဦးတည်းဖြစ်စေ၊ နှစ်ဦးသုံးဦးဖြစ်စေ အပျိုအိမ်ပေါ်သို့တက်ပြီး တံခါးဝမှနေ၍ တေးကဗျာဖြင့် အသံပေးကာ ချစ်ရေးဆိုခွင့်တောင်းရလေသည်။
အပျိုများကလည်း တံခါးကို ဖွင့်မပေးသေးဘဲ အမောင်တို့သည် အဘယ်ရွာကနည်း၊ အဘယ်အမျိုးအနွယ်ကနည်း စုံစမ်းရသည်။ အကယ်၍ မမှန်မကန်ပြောသူ၊ နောက်ပြောင်သူ၊ မရိုးသားသူဟု ယူဆလျှင် ခွင်မပြုကြချေ။ ထိုသို့ စုံစမ်းပြီးမှ တံခါးကို ဖွင့်ပေးပြီး လူပျိုလေးတို့အား နေရာပေးကြသည်။
တီတင် (ခေါ်) ဝါးစောင်းကို အပျိုလူပျိုတို့ ရှေ့ဆိုင်ထိုင်ကာ အတိုင်အဖောက် စည်းချက်ညီညီနှင့် တီးခတ်ရင်း တေးကဗျာများကို အနက်ဖော်၍ အချီအချ ဆိုကြသည်။ တနည်းအားဖြင့် ချစ်ရေးဆိုကြသည်။ ဤသို့ တစ်ည နှစ်ည သုံးည စသည်ဖြင့်လူပျိုတို့က ဇွဲရှိရှိ ချစ်ရေးဆိုသောအခါ ချစ်သူတို့ဘဝသို့ရောက်လာကြသည်။
ယင်းကဲ့သို့ ချစ်သူတို့ဘဝသို့ရောင်လာကြသောအခါ ပစ္စည်းလက်ဆောင် အချင်းချင်းဖလှယ်၍ သစ္စာဆိုခဲ့ကြသည်။ အချို့မှာ မိမိတို့ဆံပင်ကို နုတ်၍ အချင်းချင်းအပ်နှံကြသည်ဟုဆိုကြသည်။ မည်သို့ဆိုစေ မြိုခမိတိုင်းရင်းသားအပျိုလူပျိုဘဝမှာ သစ္စာရှိကြလေသည်။
အိမ်ထောင်ဖက်ရွေးချယ်ခြင်း

မြိုခမိတိုင်းရင်းသားများတွင် တရားဝင် လက်ထပ်ထိမ်းမြားခြင်းမပြုဘဲ အိမ်ထောင်ပြုခြင်း ထုံးစံမရှိချေ။ အချင်းချင်းမေတ္တာမျှ၍ဖြစ်စေ၊ လူကြီးမိဘချင်းသဘောတူစေ့စပ်၍ဖြစ်စေ တရားဝင်လက်ထပ်ထိမ်းမြားပေးလေ့ရှိ၏။ မိခင်၏ မောင်ဘွားသမီးတော်စပ်သူ သားအတွက်စေ့စပ်တောင်းဆိုလေ့ ရှိသည်။ (မြိုခမိတိုင်းရင်းသားတို့တွင် မောင်ဘွားတို့၏ သားက ညီမ၊ အစ်မတော်စပ်သူတို့၏ သမီးပျိုများကို ထိမ်းမြားခြင်း မပြုရချေ။) မည်သို့ဆိုစေ မြိုခမိအပျိုလူပျိုများသည် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသည်။
မိမိတို့ အချင်းချင်း မေတ္တာရှိက ယောကျာ်းလေးသည် မိဘဆွေမျိုးကို အသိပေး၍ တောင်းဆိုခိုင်းရသည်။ မိဘတို့ကလည်း လူငယ်တို့သဘောကို မေးမြန်းနားချပြီးမှ ဆောင်ရွက်လေ့ရှိကြသည်။ သို့သော် ညီအစ်ကိုဆွေမျိုးအုပ်စု အချင်းချင်းဖြစ်စေ၊ တူမတော်အုပ်စု ဖြစ်စေ ထုံးစံအရ သဘောမတူနိုင်ကြချေ။ အကယ်၍ လွန်ကျူးမိပါက မိန်းကလေးဘက်က မရမကဖျက်ယူကြသည်။ ဖျက်မရက ဆွေပြတ် မျိုးပြတ် ပြုကြသည်များ ရှိကြသည်။ သို့သော် ယခုခေတ်တွင်ကား မရှိကြတော့ချေ။
ချွေးမရှာသွားခြင်း
ချွေးမရှာသွားရာ၌ သူငယ်ချင်းများနှင့် လူလတ်ပိုင်း အိမ်ထောင်ရှိသူ တစ်ဦး, ဦးကိုခေါ်ဆောင်သွားရသည်။ ဤသို့သွားရာ၌ ‘စုံ’ မသွားရပေ။ ‘စုံ’ သွားလျှင် ‘မ’ မရနိုင်ဘဲ ‘မ’ သွားလျှင် ‘စုံ’ ရနိုင်သည်ဟု အယူရှိကြသည်။ ကျေးရွာသို့ရောင်လျှင် မိမိတို့ဆွေမျိုး သို့မဟုတ် အသိမိတ်ဆွေအိမ်၌ တည်းခိုပြီး ရွာလူပျိုခေါင်းကို အကူအညီတောင်းရသည်။ ရွာလူပျိုခေါင်းကလည်း တော်စပ်သည့်အမျိုးအနွယ်မှ သမီးပျိုများကို ပြပေးသည်။ ရွာလူပျိုခေါင်းက လမျိုးဓလေ့၊ ရွာဓလေ့ထုံစံအရ တာဝန်ကျေအောင်ဆောင်ရွက်ပေးသည်။ မိမိတို့စိတ်ကြိုက်မိန်းကလေးကိုတွေ့လျှင် အမူအကျင့်တို့ကို လေ့လာပြီး သက်ဆိုင်ရာမိဘများသို့ အသိပေးတောင်းဆိုရသည်။ မိန်းကလေး၏ဆန္ဒကိုလည်း အောင်သွယ်၍ မေးမြန်းရလေသည်။
မိန်းကလေးကို ယောကျာ်းကလေးအိမ်သို့ ခေါ်ယူရာ၌ မိန်းကလေးသည် အော်ဟစ်ငိုကြွေးလေ့ရှိသည်။ ဤသည်မှာ သဘောမတူ၍ မဟုတ်ဘဲ မိဘအိမ်မှထွက်ခါနီး မျက်ရည်ကျမှ လင်သားအိမ်ရောက်သောအခါ ဆန်ရေစပါး ဥစ္စာရွှေငွေ ပေါများကြလိမ့်မည်ဟု အယူအဆရှိကြသည်။ အမှန်တွင် မိဘမောင်ဘွားများနှင့် မခွဲစဖူးခွဲရတော့မည်အသိဝင်၍ ဝမ်းနည်းရခြင်းဖြစ်ပေလိမ့်မည်။
အဘုံရွှီ
မိန်းကလေးကို ယောကျာ်းအိမ်သို့ ခေါ်ဆောင်လာပြီး သုံးလေးရက်အကြာတွင် မိန်းကလေး၏ မိဘဆွေမျိုးများက သမီးကိုယူရန်သွားရသည်။ ၄င်းကို ‘အဘုံရွှီ’ ဟုခေါ်သည်။
အဘုံရွှီရန်အတွက် မိဘက အရင်းနှီးဆုံးဆွေမျိုး တစ်ဦး,ဦးကို အဆုံးအဖြတ်ပေး၍ အခြားနီးစပ်ရာတို့နှင့်သွားစေသည်။ သမက်ရှင်ဘက်မှ သမီးရှင်ကို အဘုံရွှီရန်လာသည့်အခါ ကျွေးမွေးဧည့်ခံရန် ကြက်ငှက်နှင့် ခေါင်ရည်အရက်တို့ကို အဆင်သင့်ထားရသည်။ ချွေးမအသွင်းအတွက် ငွေဒင်္ဂါး၊ ကြေးမောင်း၊ ဟင်းရံ (တူရိယာတစ်မျိုး)၊ ဓား၊ လှံ၊ တောင်နွား စသည်တို့ကို စုဆောင်းထားရသည်။ ယခုခေတ်တွင်ကား ပစ္စည်းများရှားပါးပြီဖြစ်၍ ငွေဒင်္ဂါးအစား ငွေစက္ကူများကို တန်ဖိုးကိုက်၍ ပေးကြရသည်။
အသွင်းငွေများ အားလုံးကို စုံစုံလင်လင် မပေးနိုင်သော်လည်း နှစ်ချို့တစ်ချို့ကို မင်္ဂလာနေ့တွင် ပေးရသည်။ ကျန်သောအသွင်းငွေများကို ကာယကံရှင် ဇနီးမောင်နှံက တဖြည်းဖြည်းပေးဆောင်ကလည်း ရသည်။ အကယ်၍ ဇနီးမောင်နှံသည် အသွင်းငွေကို စုံစုံလင်လင် မပေးနိုင်သည့်အကြားက သေဆုံးခဲ့လျှင် ကျန်ရစ်သူ သားစဉ်မြေးဆက် ပေးကြရသည်။ သားသမီးများမကျန်ခဲ့လျှင် အမွေဆက်ခံသူက ပေးရသည်။
ထိုအသွင်းငွေအပြင် ချွေးမ၏ ဦးရီးတော်သူကို ‘အဘေကဒင်’ ခေါ် အသွင်းငွေအဖြစ် နွားတစ်ကောင် သို့မဟုတ် ငွေဒင်္ဂါး ၃၀ ကို ပေးရသည်။ အကယ်၍ မိဘများသေဆုံးသည့် နောက်ပိုင်းတွင် မိဘများကိုယ်စား အရေးတယူ ကြည့်ရှုစောင်မရန် ဖြစ်သည်။
အသွင်းငွေကိစ္စကို အဘုံရွှီမင်္ဂလာတွင် မစားမသောက်မီ ဆွေးနွေးကြရလေသည်။ နှစ်ဦးနှစ်ဖက် ပြေလည်ပြီးမှသာလျှင် ပွဲတော်ကိုကျင်းပကာ စားသောက်ကြသည်။ အကယ်၍ မပြေလည်က သမီးကိုခေါ်ယူပြီး ပြန်သွားကြသည်။ မင်္ဂလာပွဲလည်း မကျတော့ချေ။
မင်္ဂလာပွဲစာခြင်း
သမီးရှင်နှင့် သမက်ရှင်တို့ ပြေလည်ကြသည်နှင့် ချက်ချင်းခေါင်ရည်ဖွင့်ကာ သောက်စားကြသည်။ ထမင်းဝိုင်းပြင်သည့် အခါ ဧည့်သည်များကို ဦးစွာကျွေးမွေးရသည်။ သားရှင်တို့က ဝက်သားစားရပြီး သမီးရှင်တို့က ကြက်သားစားကြရသည်။ ရောနှောစားမိက အမှားခံပြီး လျော်ကြေးပေးရသည်။
မင်္ဂလာဆောင်ပွဲတွင် ရွာသားများက ‘လောင်ကက်’ ခေါ် သစ်သားဗန်းကြီးများဖြင့် ထမင်းလာပို့ကြသည်။ အိမ်တစ်အိမ်မှ ကြက်တစ်ကောင် အရက်တစ်ပုလင်းစီ လာရောက်ကုညီကြသည်။
ဤသည်မှာ မြိုခမိတိုင်းရင်းသားတို့၏ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီတတ်သော ဓလေ့ဖြစ်သည်။ ထမင်းကို နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်နှင့် ညနေစာတစ်ကြိမ် စသည်ဖြင့် တစ်နေ့ သုံးကြိမ် ကျွေးမွေးကြသည်။
အဘုံလာ
မိန်းကလေးမိဘများမှ ‘အဘုံရွှီ’ မင်္ဂလာပွဲပြုလုပ်ပြီး ချွေးမဖြစ်သူကိုအိမ်သို့ ပြန်ခေါ်သွားသည်။ ဤသို့ ပြန်ခေါ်သွားရခြင်းမှာ သမီးကို ပေးသင့်ပေးထိုက်သော ပစ္စည်းများကို အမွေပေးရန်နှင့် သမက်ရှင်ဆွေမျိုးတို့အား မိမိတို့က တဖန်ပြန်လည်ဧည့်ခံကျွေးမွေးရန် ဖြစ်လေသည်။ ထိုသို့ ချွေးမဖြစ်သူအား မိဘတို့ခေါ်သွားပြီး လေးငါးရက်အကြာတွင် ယောကျာ်း ဖြစ်သူက ဇနီးဖြစ်သူအား ခေါ်ယူရန် ဆွေမျိုးအပေါင်းအသင်းတို့အား ဖိတ်ခေါ်၍ လာကြသည်။ ၄င်းကို ‘အဘုံလာ’ ဟုခေါ်သည်။
အဘုံလာ သွားရာ၌ သမက်ဖြစ်သူက ယောက္ခမအတွက် ခေါင်ရည်ငင်ပြီး ယူသွားရသည်။ ယခုခေတ်တွင် အချို့က နို့ဆီများ ယူဆောင်သွားကြသည်။ ငယ်စဉ်တောင်ကျေးက တိုက်ကျွေးသော မိခင်နို့ရည်ကို ပေးဆပ်ခြင်းအဓိပ္ပါယ်ဟု ဆိုကြသည်။ ပေးရန်ကျန်သော အသွင်းငွေနှင့် ကြက်များကိုလည်း ယူသွားရသည်။ ကြက်များကို ယောက္ခမဆွေမျိုး ညီအစ်ကိုများကို တစ်ကောင်စီ အသေသတ်၍ ပို့ကြရသည်။
ယောက္ခမအိမ်သို့ ရောက်သောအခါ ယောက္ခမက သမက်ဆွေမျိုးများနှင့် မိမိတို့ဆွေမျိုးသားသမီးများကို မိတ်ဆက်ပေးသည်။ သမီးနှင့် သမက်အတွက် မိမိတို့ကိုတိုင်ရက်သော ‘ပဂျင်း’ ခေါ် မြိုခမိ စောင်ထူကြီးကို ငါးထည်မှ ခုနှစ်ထည်ကိုလည်းကောင်း၊ ‘အိမ်လိုင်း’ ခေါ် ရင်ခံများကိုလည်းကောင်း၊ ‘အိမ်နက်’ ခေါ်ထဘီများကိုလည်းကောင်း လက်ဖွဲ့ပေးကြသည်။ တချို့တတ်နိုင်သောသူတို့က သမီးနှင့် သမက်တို့အတွက် ကျွဲ၊ နွားများကို အမွေပေးကြသည်။
‘အဘုံလာ’ မင်္ဂလာပွဲအပြီး ပြန်ကြမည့် နံနက်တွင် သမီးသမက်တို့အတွက် ‘အောက်လာ’ ခေါ် စွယ်စုံဝက်ကောင်ကြီးကြီးကို သတ်၍ ထက်ဝက်ကိုချက်ပြုတ်ကျွေးမွေးပြီး ထက်ဝက်ကိုအိမ်ပြန်လက်ဆောင် ထည့်ပေးလေသည်။
ဤသို့ဖြင့် မြိုခမိတိုင်းရင်းသားတို့ မင်္ဂလာဆောင်သည် အလွယ်တကူမပြီးမြောက်နိုင်သကဲ့သို့ လင်မယားကွာရှင်းရန်လည်း လွယ်လွယ်တော့မရချေ။ တစ်လင်တစ်မယား ရာသက်ပန် ခိုင်မြဲကြသည်ကများပါသည်။
ကလေးမွေးဖွားခြင်း
မြို တို့တွင် ကလေး မွေးဖွား သန့်စင်သော မိခင်သည် ယောက်ျားလေး မွေးသည် ဖြစ်စေ ၊ မိန်ကလေး မွေးသည် ဖြစ်စေ ရက်ပေါင်း (၃၀) ခန့် ထ္မင်းနှင့် ရေ ကိုသာ သုံးဆောင်ရသည်။ ၎င်းသည် ဖက်ရွက်ပေါ် ထ္မင်းနှင့် ရေသာဖြစ်သည်။
မွေးဖွားမိခင်သည်အတွက်နေအိမ်၏နောက်ဖေးခန်းတွင် သိသန့်မွေးဖွားခန့်ကိုဆောက်လုပ်ပေးရသည်။
၎င်းသည် သန့်စေခြင်း ဖြစ်သည်ဟု ဆိုသည်။
ရက်ပေါင်း (၃၀)ခန့် ထ္မင်းဖြူ နှင့် ရေ တစ်ခုသာ သုံးဆောင်ပြီးသည် နောက်တွင်၊ နောက် ထက် (၁၀) ရက်ထက်မံပြီး
ဟင်းသီးဟင်းရွင် ဖြင့် ရေလုံ ပြု တ် ဆားအနည်းငယ် ထည့် သာ စားရပြန်သည်။ ထို့နောက်မှ ပုံ မှန် သုံးဆောင် နိုင်သည် ဟု ဆိုသည်။ ၎င်း သည် ရိုးရာ ဖြစ်သည်။ ၎င်းသည် သန့်စင်ခြင်းဟု ယူဆကြသည်။
မွေးဖွားပြီ ကလေးသည် ရက်တစ်ပတ် ပြည့်ပြီး ချက် ကြွေပြီ ဆိုပါက လူကြီးများကို ခေါ်ပြီ ကွန်ပွန်းတပ် ခေါင်းကြီး တောင်းခံရသည်။
သေခြင်း သင်းဂြိုဟ်ခြင်း
မြို လူမျိုးတို့တွင် လူသေလျှင် သေလူကို စောင် အသစ်ဖြင့် အမြိတ်စ ဘက်ကို ခေါင်းရင်းဘက်၌ထားကာ အလောင်းပေါ်တွင် ခြေရင်းဘက်မှ ခေါက်၍ လွှားတင်ထားရသည်။ ခေါင်းအောက်မှ ဖျာ၊ ဖျာ အောက်မှ ဝါခြမ်းပြား ခင်းရသည်။
မသာကို အိမ်၏ ဧည့်ခန်းတောင့်တစ်နေရတွင် ထားရသည်။ မသာအိမ်ရှင်က ခေါင်ဖွင့်ကာ နွား၊ ဝက်၊ ကြက် တစ်ခုခု ကို သတ်၍ အသုဘ ရှုလာသူများကို ကျွေးမွေးရသည်။ အသုဘရှု လာသူများကလည်း အကူပစ္စည်းများကို ယူလာကာ ထောက်ပံ့ပေးရသည်။
မသာကို အများဆုံး (၇)ရက်သာ အမိားဆုံး ထားလေ့ရှိကြသည်။ အကြောင်း မှ ရပ်ဝေးမှ ဆွေမျိုး များအလာကို စောင့် နေခြင်းလည်း ဖြစ်သည်။ မသာကို ခြေရင်းဘက်မှ စ၍ ချရသည်။ အရှေ့တစ်ယောက် အနောက် တစ်ယောက် ထမ်းရသည်။ ထရံကို ဖြိုပစ်ရသည်။ ကိုယ်ဝန်ဖြင့်သေက အိမ်နောက်က ချရသည်။ မသာချချိန်သည် မနက်ပိုင် ၈ နာရီ ၉ နာရီ ခန့် ဖြစ်သည် ၁၂ နာရီ မကျော်ရပေ။ သင်္ချိုင်းကို ချောင်းနားတွင် ထားလေ့ရှိသည်။ မသာပို့သူများက ထင်း တစ်ချောင်းစီ ယူသွားရသည်။ မိသားစုမှဆွေမျိုးတစ်ဦးဦးက စပြီး မီးရှိုးရသည်။ အလောင်းကောင် မီးကျွမ်းပြီးနောက် အနီးရှိ ချောင်းရေဖြင့် မီးငြိမ်းသတ်ရသည်။ ထို့ကြောင့် အသု့ဘ အိမ်မှ မြေ အိုးတစ်လုံးယူလာရသည်။ အရိုးစုများကို စုကာ ၎င်းထဲ့တွင်စုကာ မြုပ်နှံရသည်။ တချို့ နေရာများတွင်၎င်း အိုးအား ရိုက်ခွဲထားရသည်ဟုဆိုသည်။ မျက်နာ မူပုံမှာ ယောက်ျားဖြစ်က အရှေ့အရပ်၊ မိန်းမဖြစ်က အနောက်အရပ်ဖြစ်သည်။ အကြောင်းမှာ အမျိုးသားများသည် နေထွက်က အလုပ်ခွင်ဝင်ရမည့် တာဝန်ရှိသကဲ့သို့ အမျိုးသမီးများသည် နေဝင်ချိန်၌ ထမင်းချက်ရမည့် တာဝန် ရှိသဖြင့် ဤကဲ့သို့ လှည့်ထားရခြင်း ဖြစ်သည်။
အစိမ်းသေ၊ရေနှစ်စေ၊ ကိုယ်ဝန် နှင့်သေက မြုပ်ရသည်။
ကလေးငယ်သေလျှင်လသားငယ်မဟုပ်ကသို့မဟုပ်တပတ်အသွင်းဆုံးသူဖြစ်ကသင်္ချိုင်းတွင်မသင်္ဂြိင်္ဟရပေ။အလောင်းကိုဖျာဖြင့်လိပ်ကာရွာအနီးရှိဆိပ်ငြိမ်နေရာ၌ကြိုးဖြင့်ချည်ကာသစ်ပင်၌တွဲလောင်းထားရသည်။၎င်းကိုအသက်ကြီးသောလူကြီးတွေသာလုပ်ရသည်။၎င်းကိုမြို(ခမီ)စကားဖြင့် #Narbaubon နာဘာ့ဘင် ဟူခေါ်သည်။

မှီငြမ်းကိုးကားစာအုပ်များ
မြန်မာစာအဖွဲ့၊ မြန်မာအဘိဓာန်၊ ၁၉၉၁
မြန်မာစာအဖွဲ့၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ ၁၉၇၈
မြန်မာစာလုံးပေါင်သတ်ပုံကျမ်းများ
မဟာပညာကျော်လျှေက်ထုံး
ဘိုးရာဇာလျှောက်ထုံး
မှော်ဘီဆရာသိန်း၊ ပါးစပ်ရာဇဝင်
ဦဘသန်း၊ မြန်မာရာဇဝင်
ဦးကြည်၊ မြန်မာရာဇဝင်သိအပ်ဖွယ်ရာအဖြာဖြာ
ဒေါက်တာထင်အောင်၊ ညောင်ရမ်းအလွန် အင်္ဂလိပ်-မြန်မာ ဆက်ဆံရေးသမိုင်း
ဦးကုလားရာဇဝင်
မှန်နန်းရာဇဝင်
တက္ကသိုလ်စာပေးစာယူပို့ချချက် (မြန်မာစာ) နောက်ဆုံးနှစ်
ကလျာမဂ္ဂဇင်း(၈/၉၄)
ဦးရာဇ်မြေမဂ္ဂဇင်း၊ အမှတ် (၃)
ရခိုင်ညွှန့်ဖူးမဂ္ဂဇင်း
ဒေါက်တာသန်းထွန်း၊ အသစ်မြင်ဗမာ့သမိုင်း
ဦးထွန်းရွှေခိုင်၊ ရခိုင်မဟာမုနိ ဘုရားသမိုင်း
မန္တလေးမဟာမြတ်မုနိဘုရားသမိုင်း (မန်းရာပြည့်)
ဦးသာထွန်းအောင်၊ ရခိုင်မဟာရာဇဝင်တော်ကြီး
ဦးဖေမောင်တင်၊ မြန်မာဝတ္ထုအစနှင့် သုတေသနစာတမ်းများ
ဦးညွန့်ဟန်၊ ဝေသာလီမြို့ဟောင်းလေ့လာချက် (၁၉၈၆) ရှေးဟောင်းသုတေသနဦးစီးဌာန
ဇေယျ၊ မှတ်တမ်း၌ ဗမာ့အရေးအခင်းများ
မြောက်ဦးလမ်းညွှန်
မြန်မာ့စွယ်စုံကျမ်း (အမှတ် ၁/၉)
မြန်မာနိုင်ငံသုတေသနဂျာနယ် (၁၂/၅၉)၊ ၄၂ (၂)၊ (၁၂/၇၈)၊ ၅၃(၃)
ဦးသိန်းမောင်၊ စစ်သူကြီးမဟာဗန္ဓုလ
ကျဉ်းကန်ရှင်ကြီး၊ စွယ်စုံကျော်ထင်ကျမ်း
မြန်မာမင်းလွတ်တော်သုံးသတ်ပုံကျမ်း၊ စာစဉ်(၁)
ကျော်အောင်စံထား၊ ဝေါဟာရရတ္ထပကာသနီ
ဦးတင်ဧ၊ ဝဏ္ဏဘောဓနသတ်အင်း
ဦးကျော်ထွန်း၊ ကဝိမျက်မှန်သတ်ပုံကျမ်း
ဦးသာမြတ်၊ မြန်မာစာရေးထုံးကျမ်း
ဦးဝန်၊ တက္ကသိုလ်သတ်ညွှန်းကျမ်း
ရှင်မဟာရဋ္ဌသာရ၊ ကိုးခန်းပျို့
ဒုတိယနဝဒေး၊ ရခိုင်နိုင်မော်ကွန်း
ရှင်မြတ်ခေါင်၊ သခင်ကြီးဧချင်း
ရှင်မဂ္ဂသမာဓိ၊ နေမိဘုံခန်းပျို့
ရှင်အုန်းညို၊ ဂါထာခြောက်ဆယ်ပျို့
နဝဒေးကြီး၊ မနော်ဟာရီပျို့
မြန်မာအဘိဓာန်ဝေါဟာရများ၊ အတွဲ (၃)
တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများ (ရခိုင်/ချင်း)
သခင်ကိုယ်တော်မှိုင်း၊ သခင်ဋိကာ
ဦးပဏ္ဍိတ၊ ရမ်းဗြဲ တောင်ကျောင်းဆရာတော်၊ ဓညဝတီရာဇဝင်သစ်
ဦးအောင်သာဦး၊ ရခိုင်ရာဇဝင်
မြဝတီမဂ္ဂဇင်း (၄/၆၇)
အရှင်စက္ကိန္ဒ၊ ရခိုင်ယဉ်ကျေးမှုများ
ပီယမာန်အောင်၊ ရခိုင်သာစွလေ
အရှင်ကေသရ၊ မာရယုနှင့် ဗေဒါရာဇဝင်ရှင်းတမ်း
ဗန်းမော်တင်အောင်၊ ပုဂံရွှေပြည်
မင်းတပ်ဘူနိန်၊ ချင်းတောင်သမိုင်း
မောင်စာခေါင် “မြိုဘာသာစကား၏ စကားသံများကို အသုံးချ သဒ္ဒဗေဒအမြင်နှင့် လေ့လာချက်” ရန်ကုန်တက္ကသိုလ်၊ မဟာဝိဇ္ဇာဘွဲ့အတွက်တင်သွင်းသောကျမ်း (၁၉၉၁)
ရခိုင်မင်းသမီးဧချင်း (အဒုမင်းညို)
တပ်မတော်သမိုင်း (ဒု) တွဲ
တိုင်းကျိုးပြရပ်ပြုမှတ်တမ်း (ပ/ဒု) တွဲ
စွယ်စုံနှစ်ချုပ် (၁၉၉၃)
- ကေသာရ ၊ ဗေဒါရှင်းတမ်း၊ စာ-၂၀၊ ၂၂
2- ယင်း ၊ စာ-၂၃၊ ၂၄
3- အဒူမင်းညို၊ ရခိုင်မင်းသမီး ဧချင်း ၊ စာ-၁၈
4- စာခေါင်၊ မြိုဘာသာစကား၊ စာ-၂၅
5- မာရယုနှင့် ဗေဒါရှင်းတမ်း၌ “မာရယု” ဟု အမည်မှည့်ပုံ မပါ။ “ဓညဝတီ ရာဇဝင်သစ်” ၌မူ ဣန္ဒမာယုနတ်မတွင် ဖွားမြင်သောကြောင့် နတ်တို့ပူးဝင်၍ ပြောသဖြင့် “မာရယု” ဟုအမည်မှည့်ကြောင်း ဖော်ပြသည်။ “ရက္ခပူရ ကြေးမုံကျမ်း” စာအုပ်တွင် ဣန္ဒမာယု သကျအမျိုးသမီးမှ ဖွားမြင်သော သားဖြစ်သောကြောင့် (မာရယု) ဟူသော အမည်ကို မှည့်ခေါ်ကြလေကုန်၏ဟု ဖော်ပြထားသည်။ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ရွာမှ ဦးအင်္ဂါအောင် ပြောပြချက်အရမှု မရာ-သောင်၊ ယု-ခေါင်၊ သောင်စပ်ချုံတွင် ကောက်ရသဖြင့် အထိမ်းအမှတ်အဖြစ် ခေါင်ဖွင့်၍ သောက်ကြရသည်ကို အစွဲပြု၍ “မာရယု” ဟူ၍ “မြို” ထုံးစံနှင့်အညီ အမည်မှည့်သည်ဟု ဆိုပါသည်။ မရာ-သောင်၊ ယု-ခေါင် (သို့) ခေါင်ရည်
6- (က) ကေသာရ၊ ဗေဒါရှင်းတမ်း၊ စာ-၁၁-၁၄
(ခ)ဓညဝတီ ဦအောင်ဇေယျ (မြောက်ဦး)၊ ရက္ခပူရ ကြေးမုံကျမ်း၊ စာ-၅၁
7- (က) ထွန်းရွှေခိုင်၊ ရခိုင်ရှေးဟောင်း မြို့တော်များ၊ ရန်ကုန်၊ သိဒ္ဓိမြိုင်စာပေ၊ ၁၉၈၅၊ စာ-၂၇
(ခ) ညိုမြ၊ ကုန်ဘောင်ရှာပုံတော်၊ စာ-၁၅၉
(ဂ) San Shwe Bu, A Brief Note on the old capitals of Arakan, p.3
8- အဒူမင်းညို၊ ရခိုင်မင်းသမီ ဧချင်း၊ စာ-၁၈
9- လှထွန်းဖြူ၊ ရခိုင်ပြည်နယ်ရှိ လူမျိုးစုများအကြောင်း စာတမ်းတွင် တင်းမ၊ တောင်ဘွေဒေသဟု ဖော်ပြပါသည်။ တင်းမ ဘုရင်အောင်လာဟုလည်း ဖော်ပြပါသည်။ စာ-၂၈
10- ညဏ၊ ဓညဝတီသစ်၊ စာ- ၄၁-၄၇
11- (က) မှန်နန်းရာဇဝင်တော်ကြီး၊ ပထမတွဲ၊ မျိုးချစ်စိတ်ဓါတ် ထက်သန်ရေး ပညာပြန့်ပွါး လှုံ့ဆော်ရေးအဖွဲ့၏ စာနယ်ဇင်းအဖွဲ့၊ ပထမအကြိမ်၊ ရန်ကုန်၊ ၂၀၀၃၊ စာ-၁၅၄၊ ၁၅၅
(ခ) ဓညဝတီ ဦးအောင်ဇေယျ၊ ရက္ခပူရ ကြေးမုံကျမ်း၊ စာ-၆၁
12- (က) ထွန်းရွှေခိုင်၊ ရခိုင်ရှေးဟောင်း မြို့တော်များ၊ စာ-၂၉
(ခ) အချို့ကမူ ကျောက်ပန်းတောင်းနှင့် နီလာပန်းတောင်းမှာ တူဟန် ယူဆကြ သည်။ ဒေသခံ “မြို” လူမျိုးများက အဖိုတောင်နှင့် အမတောင် ဟု ခေါ်စမှတ်ပြုကြသည်။

ဦးကုလားမြေး

No comments:

Post a Comment

Note: Only a member of this blog may post a comment.