Breaking

December 15, 2019

AA စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ ကလေးနှစ်ဦး UNHCR ထံ လွှဲပေးဖို့ တောင်းဆို

ကိုဉာဏ္ဝင္းေအာင္


AA စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ (လယ္)။ (ဧၿပီ ၁၆၊ ၂၀၁၉)
(Unicode)
AA စစ်ဦးစီးချုပ်ရဲ့ ဇနီးနဲ့ ကလေးနှစ်ဦး UNHCR ထံ လွှဲပေးဖို့ တောင်းဆို
ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ်ရဲ့ဇနီး မနှင်းဇာဖြူနဲ့ ကလေးနှစ်ဦးအမှုကို လူသားချင်း စာနာမှုအရ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ထံ လွှဲပြောင်းပြီး အကာအကွယ် ပေးသင့်တယ်လို့ အမေရိကန်အခြေစိုက် NAB ခေါ် တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါတယ်။ မနှင်းဇာဖြူနဲ့ ကလေးနှစ်ဦးကို ထိုင်းအာဏာပိုင်တွေ ဆက်လက်ထိန်းသိမ်းထားချိန်မှာ အခုလို တောင်းဆိုလိုက်ကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။
AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီး မနှင်းဇာဖြူနဲ့ ကလေးနှစ်ဦးတို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ လဝကရုံးမှာ ဗီဇာသက်တမ်းလာတိုးချိန် ထိုင်းရဲတွေက ဒီဇင်ဘာ ၆ ရက်နေ့က ဖမ်းဆီးခဲ့ပြီး မြန်မာအာဏာပိုင်တွေလက်ထဲ လွှဲပြောင်းပေးဖို့ အစောပိုင်းမှာ စီစဉ်ခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ ကြားဝင် ဖိအားပေးမှုကြောင့် အစီအစဉ် ပျက်သွားခဲ့ပြီး အခုချိန်ထိ ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။
ဒါကြောင့် မနှင်းဇာဖြူတို့ သုံးဦးအမှုကို ထိုင်းနိုင်ငံဆိုင်ရာ UNHCR ရုံးကို လွှဲပြောင်းပေးပြီး လုံခြုံမှုရှိအောင် အကာအကွယ်ပေးဖို့ အမေရိကန်အခြေစိုက် NAB ခေါ် တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ထိုင်းအစိုးရကို တောင်းဆိုထားကြောင်း NAB အဖွဲ့ အတွင်းရေးမှူးချုပ် ဦးအမ်တုအောင်က ဗွီအိုအေကို ပြောပါတယ်။
“မနှင်းဇာဖြူနဲ့ ကလေးတွေရဲ့ ကိစ္စပေါ့၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ထိုင်းအစိုးရကို Request လုပ်တာက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သားသမီးတွေကို ထိုင်းနိုင်ငံမှာပဲ အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန်နဲ့ နေနိုင်ဖို့ရာအတွက် တောင်းဆိုတယ်။ နောက်တခုကတော့ တကယ်လို့ သူတို့ ထိုင်းနိုင်ငံမှာ ဆက်ထားဖို့ အခက်အခဲရှိတယ် ဆိုရင်လည်း UNHCR နဲ့ ဆက်သွယ်ပြီးတော့မှ အဆင်ပြေတဲ့ အနေအထားမျိုးမှာ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင် အဲဒီအနေအထားမျိုးကို ကျနော်တို့ တောင်းဆိုခြင်း ဖြစ်ပါတယ်။”
မနှင်းဇာဖြူရဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မြန်မာအာဏာပိုင်တွေက ထိုင်းတာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးကို ကိုးကားပြီး ဒီဇင်ဘာ ၁၄ ရက် စနေနေ့မှာ ထုတ်ပြန်တဲ့ NAB အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါဟာ နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့် ဆုံးရှုံးမှုဖြစ်တယ်လို့ NAB က ထောက်ပြပါတယ်။ AA တပ်ဖွဲ့ဟာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ ဒီလို တိုက်ပွဲတွေကြား အမျိုးသမီးနဲ့ ကလေးငယ်တွေ ဓားစားခံ မဖြစ်သင့်ဘူးလို့ ဦးအမ်တုအောင်က ပြောပါတယ်။
“နောက်နောင် ဒါမျိုးတွေမဖြစ်အောင် ဆိုပြီးမှ ကျနော်တို့က ဒီ Statement ကို ထုတ်ရခြင်းဖြစ်တယ်။ နောက်တချက်ကတော့ တကယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တော်လှန်ရေးလုပ်တယ်ဆို သူ့ကိုပဲ တိုက်ရိုက်ရောက်အောင် ဖမ်းရင်ဖမ်း၊ သို့မဟုတ် ရအောင် နိုင်အောင် တိုက်ရင်တိုက်ပေါ့နော်။ သူ့ကိုပဲ လုပ်စေချင်တယ်။ ဆိုတဲ့အခါကျတော့ ဒီ ရခိုင်ကိုမှ ပြောတာမဟုတ်ဘူး၊ တခြားတိုင်းရင်းသားတွေလည်း ထိုနည်းတူပဲ။ တော်လှန်ရေးလုပ်တဲ့သူတွေရဲ့ ကလေးတွေ ဇနီးတွေ မယားတွေကို ပစ်မှတ်မထားဖို့ပေ့ါ။ အဲဒါကို ကျနော်တို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။”
ဒီအဖြစ်အပျက် မတိုင်ခင်တုန်းကလည်း AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရခိုင်အသင်း (စင်ကာပူ) ဥက္ကဋ္ဌနဲ့ လူတချို့ကို ပြီးခဲ့တဲ့ ဇူလိုင်လထဲ စင်ကာပူအစိုးရက ဖမ်းဆီး ပြည်နှင်ဒဏ် ပေးခဲ့ပြီးနောက် မြန်မာပြည်ပြန်အရောက်မှာ ဘယ်ရောက်နေမှန်းမသိ ပျောက်နေခဲ့တာပါ။ နောက်ပိုင်းမှာမှ ရခိုင်အသင်းဥက္ကဋ္ဌနဲ့ လူ ၉ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခဲ့ပါတယ်။ ဒါကြောင့်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ ကလေးတွေ မြန်မာပြည် ပြန်ရောက်သွားခဲ့မယ်ဆိုရင် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဦးအမ်တုအောင်က သုံးသပ်ပါတယ်။
“အဓိကတော့ သူတို့တွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တယ်။ အမျိုးသမီးတွေ ကလေးတွေ ဒါကတော့ စစ်နဲ့ ဘာမှမဆိုင်တဲ့ အရာတွေပေါ့နော်။ ကျနော်တို့ မြန်မာပြည် ပြန်မယ်ဆိုရင်တော့ မြန်မာအစိုးရပဲဖြစ်စေ ဗမာ့တပ်မတော်ကပဲဖြစ်စေ ဘယ်လိုမျိုး သူတို့ကို ဆက်ပြီး ဆောင်ရွက်မယ်ဆိုတာ ကျနော်တို့ မသိရဘူးပေါ့နော်။ လွန်ခဲ့တဲ့ အချိန်တွေမှာလည်း သာဓကတွေ အများကြီး ဖြစ်ခဲ့ဖူးတယ်။ ဆိုတော့ သူတို့ အသက်အန္တရာယ်ကိုပဲ ကျနော်တို့ ကာကွယ်ချင်တဲ့အနေနဲ့ ဒါကို တောင်းဆိုခြင်း ဖြစ်ပါတယ်။”
ဒီနှစ် အောက်တိုဘာလတုန်းကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကနေ ပြန်လာတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက်ဖ ကိုကျော်နိုင်နဲ့ ညီမ မမိုးနှင်းဖြူတို့ကို ရန်ကုန်လေဆိပ်မှာ ရဲကဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုပုဒ်မ ၅၂(က)(ခ)(ဂ) တို့နဲ့ အမှုဖွင့် တရားစွဲထားပါတယ်။
NAB အဖွဲ့ရဲ့ ကြေညာချက်မှာတော့ NLD အစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချတာ ဆက်ရှိနေပြီး လူနည်းစု တိုင်းရင်းသားတွေ အခွင့်အရေး ချိုးဖောက်ခံနေရသလို သူတို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေ ပျောက်ဆုံးနေရတယ်လို့ ဖော်ပြထားပါတယ်။


(Zawgyi / Unicode)
ထိုင္းႏိုင္ငံမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ AA ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ စစ္ဦးစီးခ်ဳပ္ရဲ႕ဇနီး မႏွင္းဇာျဖဴနဲ႔ ကေလးႏွစ္ဦးအမႈကို လူသားခ်င္း စာနာမႈအရ ကုလသမဂၢ မဟာမင္းႀကီး႐ုံး UNHCR ထံ လႊဲေျပာင္းၿပီး အကာအကြယ္ ေပးသင့္တယ္လို႔ အေမရိကန္အေျခစိုက္ NAB ေခၚ တိုင္းရင္းသားလူမ်ဳိးမ်ား မဟာမိတ္အဖြဲ႔က ထုိင္းအစိုးရကို ေတာင္းဆိုလိုက္ပါတယ္။ မႏွင္းဇာျဖဴနဲ႔ ကေလးႏွစ္ဦးကို ထိုင္းအာဏာပုိင္ေတြ ဆက္လက္ထိန္းသိမ္းထားခ်ိန္မွာ အခုလို ေတာင္းဆိုလိုက္ၾကတာပါ။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က ေျပာျပပါမယ္။
AA ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕ဇနီး မႏွင္းဇာျဖဴနဲ႔ ကေလးႏွစ္ဦးတို႔ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမဳိ႕ လဝက႐ုံးမွာ ဗီဇာသက္တမ္းလာတိုးခ်ိန္ ထိုင္းရဲေတြက ဒီဇင္ဘာ ၆ ရက္ေန႔က ဖမ္းဆီးခဲ့ၿပီး ျမန္မာအာဏာပုိင္ေတြလက္ထဲ လႊဲေျပာင္းေပးဖို႔ အေစာပိုင္းမွာ စီစဥ္ခဲ့ေပမယ့္ တ႐ုတ္ႏုိင္ငံရဲ႕ ၾကားဝင္ ဖိအားေပးမႈေၾကာင့္ အစီအစဥ္ ပ်က္သြားခဲ့ၿပီး အခုခ်ိန္ထိ ထိုင္းႏိုင္ငံမွာ ထိန္းသိမ္းခံေနရဆဲ ျဖစ္ပါတယ္။
ဒါေၾကာင့္ မႏွင္းဇာျဖဴတို႔ သုံးဦးအမႈကို ထိုင္းႏိုင္ငံဆိုင္ရာ UNHCR ႐ုံးကို လႊဲေျပာင္းေပးၿပီး လုံၿခဳံမႈရွိေအာင္ အကာအကြယ္ေပးဖို႔ အေမရိကန္အေျခစိုက္ NAB ေခၚ တိုင္းရင္းသားလူမ်ဳိးမ်ား မဟာမိတ္အဖြဲ႔က ထုိင္းအစိုးရကို ေတာင္းဆိုထားေၾကာင္း NAB အဖြဲ႔ အတြင္းေရးမွဴးခ်ဳပ္ ဦးအမ္တုေအာင္က ဗြီအိုေအကို ေျပာပါတယ္။
“မႏွင္းဇာျဖဴနဲ႔ ကေလးေတြရဲ႕ ကိစၥေပါ့၊ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ ထုိင္းအစုိးရကို Request လုပ္တာက ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ရဲ႕ ဇနီးနဲ႔ သားသမီးေတြကို ထုိင္းႏုိင္ငံမွာပဲ ေအးေအးေဆးေဆး ေကာင္းေကာင္းမြန္မြန္နဲ႔ ေနႏုိင္ဖုိ႔ရာအတြက္ ေတာင္းဆုိတယ္။ ေနာက္တခုကေတာ့ တကယ္လို႔ သူတို႔ ထုိင္းႏုိင္ငံမွာ ဆက္ထားဖို႔ အခက္အခဲရွိတယ္ ဆုိရင္လည္း UNHCR နဲ႔ ဆက္သြယ္ၿပီးေတာ့မွ အဆင္ေျပတဲ့ အေနအထားမ်ဳိးမွာ ေကာင္းေကာင္းမြန္မြန္ ေနထုိင္ႏုိင္ေအာင္ အဲဒီအေနအထားမ်ဳိးကုိ က်ေနာ္တုိ႔ ေတာင္းဆုိျခင္း ျဖစ္ပါတယ္။”
မႏွင္းဇာျဖဴရဲ႕ ျမန္မာႏုိင္ငံကူးလက္မွတ္ကို ပယ္ဖ်က္လိုက္ၿပီျဖစ္ေၾကာင္း ျမန္မာအာဏာပုိင္ေတြက ထုိင္းတာဝန္ရွိသူေတြကို အေၾကာင္းၾကားခဲ့တယ္လို႔ ထိုင္းလူဝင္မႈႀကီးၾကပ္ေရးကို ကိုးကားၿပီး ဒီဇင္ဘာ ၁၄ ရက္ စေနေန႔မွာ ထုတ္ျပန္တဲ့ NAB အဖြဲ႔ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ ဒါဟာ ႏိုင္ငံသားတဦးရဲ႕ ရပိုင္ခြင့္ ဆုံး႐ႈံးမႈျဖစ္တယ္လို႔ NAB က ေထာက္ျပပါတယ္။ AA တပ္ဖြဲ႔ဟာ ျမန္မာ့တပ္မေတာ္နဲ႔ တိုက္ပြဲေတြ ဆက္ျဖစ္ေနတာပါ။ ဒီလို တိုက္ပြဲေတြၾကား အမ်ဳိးသမီးနဲ႔ ကေလးငယ္ေတြ ဓားစားခံ မျဖစ္သင့္ဘူးလို႔ ဦးအမ္တုေအာင္က ေျပာပါတယ္။
“ေနာက္ေနာင္ ဒါမ်ဳိးေတြမျဖစ္ေအာင္ ဆုိၿပီးမွ က်ေနာ္တုိ႔က ဒီ Statement ကုိ ထုတ္ရျခင္းျဖစ္တယ္။ ေနာက္တခ်က္ကေတာ့ တကယ္လို႔ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏုိင္က ေတာ္လွန္ေရးလုပ္တယ္ဆုိ သူ႔ကိုပဲ တိုက္႐ိုက္ေရာက္ေအာင္ ဖမ္းရင္ဖမ္း၊ သုိ႔မဟုတ္ ရေအာင္ ႏုိင္ေအာင္ တုိက္ရင္တုိက္ေပါ့ေနာ္။ သူ႔ကိုပဲ လုပ္ေစခ်င္တယ္။ ဆုိတဲ့အခါက်ေတာ့ ဒီ ရခုိင္ကိုမွ ေျပာတာမဟုတ္ဘူး၊ တျခားတုိင္းရင္းသားေတြလည္း ထုိနည္းတူပဲ။ ေတာ္လွန္ေရးလုပ္တဲ့သူေတြရဲ႕ ကေလးေတြ ဇနီးေတြ မယားေတြကို ပစ္မွတ္မထားဖုိ႔ေပ့ါ။ အဲဒါကို က်ေနာ္တုိ႔ ရည္ရြယ္ျခင္းျဖစ္ပါတယ္။”
ဒီအျဖစ္အပ်က္ မတုိင္ခင္တုန္းကလည္း AA ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔ကို ေငြေၾကးေထာက္ပံ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ရခိုင္အသင္း (စင္ကာပူ) ဥကၠ႒နဲ႔ လူတခ်ဳိ႕ကို ၿပီးခဲ့တဲ့ ဇူလိုင္လထဲ စင္ကာပူအစိုးရက ဖမ္းဆီး ျပည္ႏွင္ဒဏ္ ေပးခဲ့ၿပီးေနာက္ ျမန္မာျပည္ျပန္အေရာက္မွာ ဘယ္ေရာက္ေနမွန္းမသိ ေပ်ာက္ေနခဲ့တာပါ။ ေနာက္ပိုင္းမွာမွ ရခိုင္အသင္းဥကၠ႒နဲ႔ လူ ၉ ဦးကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ တရားစြဲခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕ ဇနီးနဲ႔ ကေလးေတြ ျမန္မာျပည္ ျပန္ေရာက္သြားခဲ့မယ္ဆုိရင္ အသက္အႏၱရာယ္ စုိးရိမ္ရတယ္လို႔ ဦးအမ္တုေအာင္က သုံးသပ္ပါတယ္။
“အဓိကေတာ့ သူတုိ႔ေတြရဲ႕ အသက္အႏၱရာယ္ကို စုိးရိမ္တယ္။ အမ်ဳိးသမီးေတြ ကေလးေတြ ဒါကေတာ့ စစ္နဲ႔ ဘာမွမဆုိင္တဲ့ အရာေတြေပါ့ေနာ္။ က်ေနာ္တုိ႔ ျမန္မာျပည္ ျပန္မယ္ဆုိရင္ေတာ့ ျမန္မာအစုိးရပဲျဖစ္ေစ ဗမာ့တပ္မေတာ္ကပဲျဖစ္ေစ ဘယ္လိုမ်ဳိး သူတို႔ကုိ ဆက္ၿပီး ေဆာင္ရြက္မယ္ဆုိတာ က်ေနာ္တုိ႔ မသိရဘူးေပါ့ေနာ္။ လြန္ခဲ့တဲ့ အခ်ိန္ေတြမွာလည္း သာဓကေတြ အမ်ားႀကီး ျဖစ္ခဲ့ဖူးတယ္။ ဆုိေတာ့ သူတုိ႔ အသက္အႏၱရာယ္ကုိပဲ က်ေနာ္တုိ႔ ကာကြယ္ခ်င္တဲ့အေနနဲ႔ ဒါကို ေတာင္းဆုိျခင္း ျဖစ္ပါတယ္။”
ဒီႏွစ္ ေအာက္တိုဘာလတုန္းကလည္း ထုိင္းႏိုင္ငံ ခ်င္းမိုင္ၿမဳိ႕ကေန ျပန္လာတဲ့ ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ရဲ႕ ေယာက္ဖ ကိုေက်ာ္ႏိုင္နဲ႔ ညီမ မမိုးႏွင္းျဖဴတို႔ကို ရန္ကုန္ေလဆိပ္မွာ ရဲကဖမ္းဆီးခဲ့ၿပီး အၾကမ္းဖက္မႈပုဒ္မ ၅၂(က)(ခ)(ဂ) တို႔နဲ႔ အမႈဖြင့္ တရားစြဲထားပါတယ္။
NAB အဖြဲ႔ရဲ႕ ေၾကညာခ်က္မွာေတာ့ NLD အစိုးရလက္ထက္မွာ ႏိုင္ငံေရးလႈပ္ရွားသူေတြကို ဖမ္းဆီးေထာင္ခ်တာ ဆက္ရွိေနၿပီး လူနည္းစု တိုင္းရင္းသားေတြ အခြင့္အေရး ခ်ဳိးေဖာက္ခံေနရသလို သူတို႔ရဲ႕ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ ၿငိမ္းခ်မ္းစြာ စုေဝးခြင့္ေတြ ေပ်ာက္ဆုံးေနရတယ္လို႔ ေဖာ္ျပထားပါတယ္။
————————————
https://burmese.voanews.com/a/aa-leader-wife-and-children-thailand-unhcr/5206117.html?fbclid=IwAR0Y0hlC2MBiE4FVVj9omlpOICL4c4AGsfsI4II1Fsb_Is1V7dDAufW

No comments:

Post a Comment

Note: Only a member of this blog may post a comment.