
အစ္စတန်ဘူ၊ ဒီဇင်ဘာ(၂၁)
တရုတ်နိုင်ငံ ရှင်းကျန်းဒေသရှိ ဝီဂါလူမျိုးများ၏ သွေးနမူနာများကို တရုတ်အာဏာပိုင်များက အင်တိုက်အားတိုက်စုဆောင်းနေသည်။ အချို့က မွတ်စလင်လူနည်းစုအပေါ်လူမျိုးရေးခွဲခြားမှုကို တရားမျှတရေး ပိုမိုအားကောင်းအောင် ကြိုးစားနေသည်။
Yenisafak.com
က ဝီဂါအရေးတက်ကြွလှုပ်ရှားသူ နှင့် သတင်းစာဆရာဖြစ်သူ
တာဟာအီမာမ်နှင့်သီးသန့် တွေ့ဆုံမေးမြန်းရာတွင် DNA နမူနာများကို
စုဆောင်းရန် တရုတ်၏စီမံကိန်းသစ်သည် ဝီဂါများအား ပစ်မှတ်ထားသည့်
ဘေဂျင်းအစိုးရ၏ လူမျိုးတုံးသတ်ဖြတ်မှုမူဝါဒအစွန်းထွက် ပမာဏသာဖြစ်ကြောင်း
ပြောကြားခဲ့သည်။
ကွန်မြူနစ်အစိုးရအပေါ်
ကမ္ဘ္ဘာလုံးဆိုင်ရာတုံ့ပြန်မှုလိုအပ်ချက်ကို မီးမောင်းထိုးပြခဲ့သူအီမာမ်က“
၂၀၂၂ ခုနှစ် ဘေဂျင်းမှာကျင်းပမယ့် ဆောင်းရာသီအိုလံပစ်အကို
ကမ္ဘာတစ်ခုလုံးသပိတ်မှောက်ဖို့လိုတယ်"ဟု ဆိုသည်။
DNA နမူနာများကို
စုဆောင်းခြင်းအားဖြင့်တရုတ်သည်
မွတ်စ်လင်မ်လူနည်းစုများ၏စိတ်ပိုင်းဆိုင်ရာများ၊ စကားပြောဆိုမှုများနှင့်
လှုပ်ရှားမှုများကိုစောင့်ကြည့်ထိန်းချုပ်ရန် ရည်ရွယ်သည်။ သူတို့
၏နောက်ဆုံးရည်ရွယ်ချက်မှာ ဝီဂါတိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ဘာသာတရားနှင့်
သူတို့ဝီဂါဟု သက်သေခံမှုများကို အစဖျောက်ရန် ဖြစ်သည်ဟု ဆိုသည်။
"တရုတ်အစိုးရက အဲဒီကမွတ်စလင်တွေကို အခြေခံအားဖြင့် အမဲလိုက်တဲ့နေရာမှာ
အသုံးပြုတဲ့ နည်းပညာများ တည်ဆောက်နေတယ်"
ဟုအွန်တာရီယိုတက္ကသိုလ်ရှိလက်ထောက်ပါမောက္ခ မခ်မွန်စတာဂျင်မ်က New York Times
သို့ပြောကြားခဲ့သည်။
တူရကီရဲ့အကူအညီကို မျှော်လင့်ထား
''တူရကီနိုင်ငံက စီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စများစွာနဲ့
ရုန်းကန်နေရတယ်။ ကျနော်တို့က နိုင်ငံတကာနယ်ပယ်မှာ တူရကီက
အရေးစိုက်လုပ်ပေးစေချင်တယ်။ တူရကီနဲ့တရုတ်စစ်ဖြစ်မာကို
ကျနော်တို့မလိုလားဘူး။ တရားမျှတမှုအတွက်တူရကီကို ကျနော်တို့ဘက်မှာ
ရှိနေစေချင်တာလေးပါ"ဟု သူကရှင်းပြသည်။
တရုတ်၏ DNA စုဆောင်းမှု ဘာအန္တရာယ်ရှိလဲ
DNA phenotyping ဟုခေါ်သည့် လုပ်ငန်းစဉ်သည
်လက်ရှိတွင်တရုတ်သိပ္ပံပညာရှင်များက အရေပြား၊
မျက်လုံးအရောင်နှင့်တစ်ဦးတစ်ယောက်၏ မျိုးရိုးကိုဖော်ထုတ်သော
မျိုးဗီဇများကိုခွဲခြမ်းစိတ်ဖြာမှုတွင် အသုံးပြုလျက်ရှိသည်။ နောက်ဆုံးတွင်
တရုတ်နိုင်ငံ၏ အတိုက်အခံများ
နှင့်ရာဇ၀တ်သားများကိုဖော်ထုတ်ရန်အတွက်မျက်နှာပုံမှတ်သားခြင်းကိုဖန်တီးရန်
ဖြစ်သည်သည်။ တရုတ်တို့က အတိုက်အခံများအပေါ် တင်းကျပ်စွာချုပ်ကိုင်ထားသည်။
သို့သော် နည်းပညာသည် အစောပိုင်းအဆင့်တွင်ရှိနေဆဲဖြစ်ပြီး သံသယရှိသူများ၏
ပုံရိပ်အကြမ်းများကိုသာထုတ်လုပ်နိုင်ပြီး ၎င်းတို့ကို
ရှာဖွေနိုင်ခြင်းမရှိသေးပေ။
DNA နည်းပညာသည်
လူတစ်ဦး၏လိင်နှင့်မျိုးရိုးကိုဖော်ပြနိုင်သော်လည်း
စုံလင်သောမျက်နှာပုံရိပ်ကိုထုတ်လုပ်ခြင်းမှ တွေ့ရှိချက်များသည်
ဒိဟသံသယဖြစ်စရာ ရှိသည်။
ရှင်ကျန်းဒေသရှိ လူဦးရေ၏ ၄၅ ရာနှုန်းသော
တူရကီလူမျိုးစုဝီဂါမွတ်စလင်များဖြစ်ပြီး တရုတ်အစိုးရက ဘာသာရေး၊
စီးပွားရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုများအားတားဆီးဖိနှိပ်သော
မူဝါဒများချမှတ် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။
“နိုင်ငံရေးရာ
ပြန်လည်လေ့ကျင့်သင်ကြားခြင်း” အတွက်ဟုဆိုကာ တည်ထောင်ထားသောတရုတ်တို့၏
မွတ်စ်လင်မ်များထားရှိသည့် အကျဉ်းစခန်းများကို နိုင်ငံတ
ကာအသိုင်းအဝိုင်းထံမှ ပြင်းထန်သောဝေဖန်မှုများကိုခံနေရပြီး ဘေဂျင်းအစိုးရသည်
ဝီဂါတို့၏တည်ရှိမှုကိုအစဉ်အမြဲငြင်းဆန်ခဲ့ရာ နှစ်ပေါင်းများစွာ
ဝီဂါလူနည်းစုအပေါ် ကျူးလွန်မှုစွပ်စွဲချက်များကို ထပ်ခါတလဲလဲပယ်ချခဲ့သည်။
Ref: Yenisafak News
-KSM/MMGazette ဘာသာပြန်သည်
-KSM/MMGazette ဘာသာပြန်သည်
No comments:
Post a Comment
Note: Only a member of this blog may post a comment.