ရီယဒ်၊ ဒီဇင်ဘာ(၂၃)
ဆော်ဒီအာရေဗျ အစိုးရရှေ့နေချုပ်က ပြီးခဲ့သည့်နှစ်အောက်တိုဘာလ ဆော်ဒီဂျာနယ်လစ် ဂျမဲလ်ခါရှိုဂျီကို သတ်မှုဖြင့် ဆော်ဒီနိုင်ငံသား ၅ ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း သတ်ဖြတ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေသည့် ထိပ်တန်းပုဂ္ဂိုလ်နှစ်ဦး လွတ်မြောက်ခဲ့သည်။
"ဒီသတ်ဖြတ်မှုမှာ တိုက်ရိုက်ပါဝင်ခဲ့တဲ့လူငါးယောက်ကို တရားရုံးကသေဒဏ်ချမှတ်ခဲ့ပါတယ်"ဟု ရှေ့နေချုပ်က ထုတ်ပြန်သည်။
ဆော်ဒီအစိုးရရှေ့နေများက ထောက်လှမ်းရေးဋ္ဌာန လက်ထောက်အကြီးအကဲ အဟ်မဒ်အလ်အဆီရီသည် ၂၀၁၈ ခုနှစ်အောက်တိုဘာလတွင် ဝါရှင်တန်ပို့စ်သတင်းစာဆရာ ဂျမဲလ်ခါရိုဂျီ အသတ်ခံရမှုကိုကြီးကြပ်ကွပ်ကဲကြောင်း တော်ဝင်တရားရုံးမီဒီယာ Czar မှ ဆော့ဒ်အလ်ကာတာနီက အကြံပေးခဲ့သည်ဟု ဖော်ပြသည်။ သို့သော် ကာတာနီကို စုံစမ်းစစ်ဆေးမှုများရှိသော်လည်း သက်သေအထောက်အထားမခိုင်သောကြောင့်ဟုဆိုကာ စွဲချက်တင်ခြင်းမခံရပေ။
တရားရုံးက လူသတ်မှုဖြစ်ချိန် အစ္စတန်ဘူလ်ရှိဆော်ဒီကောင်စစ်ဝန် မုဟမ္မဒ်အလ်အုတိုင်ဘီလည်း အပြစ်မရှိဟုဆုံးဖြတ်ခဲ့သည်။ နိုင်ငံပိုင်တီဗီအရ အုတိုင်ဘီသည်လည်း တရားရုံးစီရင်ချက်များကြေငြာပြီးနောက် အကျဉ်းထောင်မှ pလွတ်မြောက်ခဲ့သည်။
နိုင်ငံပိုင်တီဗီအရ တရားရုံးကြာနာမှုကိုးခုပြီးနောက် လူသတ်မှုတွင် အပြစ်ရှိကြောင်းတွေ့ရှိသူများမှာ စောစောပိုင်းကတည်းက လူသတ်မည့်ရည်ရွယ်ချက်မရှိဟုတရားခွင်က ကောက်ချက်ချခဲ့သည်။
အမှု၌စွဲချက်တင်ထားသော အမည်မဖော်လိုသူ ၁၁ ဦး အနက် ၅ ဦး သည် သေဒဏ်ချမှတ်ခြင်းခံရပြီး ၃ ဦး မှာထောင်ဒဏ် ၂၄ နှစ်ကျခံရကာ အခြားသူများကိုမူတရားသေလွတ်ခဲ့သည်။ အားလုံးသည် စီရင်ချက်များကို အယူခံဝင်နိုင်သည်ဟု ထုတ်ပြန်ထားသည်။
စွပ်စွဲခံရသူများ၏ အမှုစစ်ဆေးမှုများကိုလျှို့ဝှက်စွာပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း တူရကီအပါအဝင်သံတမန်အနည်းငယ်နှင့် ခါရိုဂျီ၏မိသားစုဝင်များ တရားခွင်သို့ တက်ရောက်ခွင့်ရခဲ့သည်။
၂၀၁၇ ခုနှစ် ကတည်းက အမေရိကန်ပြည်ထောင်စုသို့ သွားရောက်နေထိုင်ခဲ့သူ သတင်းထောက် ခါရှိုဂျီက လက်ထပ်ထိမ်းမြားရန် အတွက် စာရွက်စာတမ်းရရှိရန် ၂၀၁၈ အောက်တိုဘာလ ၂ ရက်နေ့ကကောင်စစ်ဝန်ရုံးသို့ ဝင်ရောက်ပြီးနောက် ပျောက်နေခဲ့သည်။
သတင်းများအရ ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက်ဘင် စလ်မန်ကို ဝေဖန်ခဲ့သောဝါရှင်တန်ပို့စ်ပင်တိုင်ဆောင်းပါးရှင် ခါရှိုဂျီကို နှုတ်ပိတ်ရန် ဆော်ဒီအာရေဗီးယားမှ ထောက်လှမ်းရေးအဖွဲ့က ခါရှိုဂျီကို သတ်ဖြတ်ပြီး အလောင်းကို တစစီခွဲစိတ်ဖျောက်ဖျက်ခဲ့ကြောင်း စွပ်စွဲထားသည်။
ဆော်ဒီသတင်းထောက်သတ်မှုအတွက် ဆော်ဒီနိုင်ငံသား ၁၈ ဦးလွှဲအပ်ပေးရန် တူရကီ၏ တောင်းဆိုမှုကို ဆော်ဒီက ထိုစဉ်က ပယ်ချခဲ့သည်။
Ref ; Aljazeera English
- KSM/MMGazette

No comments:
Post a Comment
Note: Only a member of this blog may post a comment.